အသိပေး အကြောင်းကြားခြင်း
ဒီကနေ့ ကိုရင်ရှူံးတစ်ယောက် အတော်လေး လတ်လျား၊ လတ်လျားရှိနေသည်နှင့် ယခုတစ်လော အတော်လေးနာမည်ကြီးနေသော မြန်မာပြည်အနောက်ခြမ်းမှ အကယ်ဒမီဘာဘာတို့၏ ဇာတ်ဝင်ခန်းများကိုကြည့်ခြင်း၊ ငိုက်တော်အတွင်းမှ ထူးမခြားနားပါတ်ပျိုး၊ ဘုန်းတော်ဘွဲ့ချီးမွမ်းခန်းများ၊ အနုပညာရှင်များ၏ အဆိုလေးကြည့်လိုက်၊ အတီးလေးကြည့်လိုက်၊ ကမ္ဘာကျော် မုတ်ဆိတ်မွှေး မြန်မာအတင်းဌာနများ၏ ပြဇာတ်များကိုကြည့်လိုက်၊ တတိယအကြိမ်မြောက် ချစ်ခွင့်ပန်နေရခြင်းအစရှိသည်များနှင့် မအားမလပ်အောင် ရှိနေရာမှ ယနေ့တွင်မတော့ ဖွဘုတ်အတွင်းမှ ရှယ်ယာထားသည့် သတင်းတစ်ပုဒ်ကို ဝင်ဖတ်ရာမှ အတော်လေး မျက်လုံးပြူးသွားရလေသည်။ ရေးမည်၊ မရေးဘူး အကြိမ်ကြိမ်စဉ်းစားနေရာမှ နောက်ဆုံးတွင်မတော့ ကိုရင်ရှူံးအား သိရှိကြသူများမှ သို့လော သို့လော ထင်မည်လောဟု ထင်သည့်အတွက် ယခုရွာအတွင်းမှပင် ရှင်းပြလိုက်ရပါကြောင်း။
ပြောရလျင် လိုရင်းမရောက်သေးဟုထင်ပါသည်။ ယခုလို အိမ်သာပျက်ခေတ်ကြီးတွင် ကွန်ပျူတာသုံးတတ်သူတိုင်း အိမ်သာပျက်ထဲမှ မြင်မြင်သမျှ၊ တွေ့သမျှကို စိတ်ကြိုက်ဒေါင်းပြီး လုပ်ချင်ရာ လုပ်နိုင်ပါသော်ငြား ကျင့်ဝတ်လေးများတော့ စောင့်ထိန်းဖို့ လိုမည်ထင်ပါသည်။ ယခုဆိုက်တွင် ကိုရင်ရှူံးမှာ ကလောင်အမည်ရော၊ Profile Picture ပါ မပြောင်းပဲ အတည်အတန့်ရေးလာသည်မှာ ကြာပြီဖြစ်သည်။ ယနေ့မျက်လုံးပြူးရသည့်အကြောင်းရင်းမှာ ကိုရင်ရှူံးအသုံးပြုနေသော Profile ပုံနှင့် ဖွဘွတ်အကောင့်တစ်ခုကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။ ထိုသူမှာ ပြင်ပမှ တစ်ခြားသူတစ်ဦးဖြစ်သည်ဆိုလျင် မည်သို့မျှ မနေပါ၊ သို့သော်ထိုသူမှာ ရွာထဲမှသူတစ်ယောက်ဖြစ်ကြောင်းကို သိလိုက်ရသည့်နောက်တစ်ကြောင်း၊ ၎င်း၏ နိုင်ငံရေးအာဘော်များကို မကြိုက်နှစ်သက်သည့်အတွက်တစ်ကြောင်း၊ ကိုရင်ရှူံးအား ကောင်းကောင်းမသိကြသူများမှ သို့လော၊ သို့လော ထင်မည်ကိုစိုးသည့်အတွက်ကြောင့်တစ်ကြောင်း၊ ယနေ့မှစပြီး Profile Picture ကို အောက်ပါအတိုင်း ပြောင်းလိုက်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည် အိုဘယ့်.. ရွာသူ၊ ရွာသားအပေါင်းတို့။
အမျှ… အမျှ… အမျှ
ဒီလင့်ကလေးကတော့ ကိုရင်ရှူံးရည်ညွှန်းတဲ့သူ ဖြစ်ပါကြောင်း (http://www.facebook.com/min.khantkyaw)
ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)
အော် ဂလိုအဖြစ်မျိုးလည်း ရှိသဂိုး
ိကိုရှုံးရယ်..
Was this answer helpful?
LikeDislikeအဲဒီ Avatar ကို အဘ လည်း သတိထားမိတယ် ။
အဘက ကိုရှုံးလို့ပဲ ထင်နေတာလေ ။
Was this answer helpful?
LikeDislike” ဒီမို ပါပါကြီး (Min Khant Kyaw) ”
ဆိုတာ ရွာသား ဆိုတာတော့ ကိုရှုံး ပြောမှသိရတယ် ။
Was this answer helpful?
LikeDislikeဘယ်သူပါရယ်လို့တော့ မသိပေမယ့် ကြိုရှင်းထားတာ နောင်မရှုပ်အောင်လို့ပါ အဘဖောရေ
ပြောရရင် ဒီဆိုက်မှာ ကျွန်တော်ဘာမန့်မန့် လိုက်နီနေတဲ့သူရှိတာ သတိထားမိတယ်..
Was this answer helpful?
LikeDislikeကျုပ်လဲတွေ ့ဖူးတယ်
အရေးအသားအာဘော်ခြင်းကွာလို ့မထင်ပါဘူး
ရှင်းထားတာတော ့ကောင်းပါတယ်
Was this answer helpful?
LikeDislikeအင်း… နာမည်ကြီးတဲ့သူများကျတော့လည်း ရုပ်ရှင်မင်းသား မင်းသမီးတွေလို အဖြစ်မျိုးလည်း ကြုံရတာပါလားနော်….
လေးစားပါတယ်
လေးစားပါတယ်။
Was this answer helpful?
LikeDislikeအဟီး ကိုရှုံး …. အဖွားကြီးမလှချင်ပုံနဲ့ ဖေ့စ်ဘွခ်မှာတွေ့နေတာ … အစစ်မဟုတ်ဘူးလား … ။

အခုပြောင်းလိုက်တဲ့ပုံက တခြမ်းခုတ်ထားတာများလား … အုပ်ထိန်းသူ မပွင့်ပျောက်နေလို ့ …….. ခွိခွိ ။
Was this answer helpful?
LikeDislikeအုပ်ထိန်းသူဆီက ခွင့်ပြုချက်မယူရသေးလို့ပါဗျို့
ခုတစ်လော စစ်အေးတိုက်ပွဲတွေဖြစ်နေတာနဲ့ လူကို သိပ်မကြည်လို့ သိပ်မတောင်းဆိုရဲသေးဘူး
အမှန်ဆို ထုတ်ကြွားပစ်လိုက်ချင်တာ
Was this answer helpful?
LikeDislikeဟယ်အံ့ရော…ရှမ်းကြီး စွံလှချီလား
အဲ့ပုံနဲ့ မိန်းမတွေကို လိုက်ကြူရင် ဟီဟိ
Was this answer helpful?
LikeDislikeခုလက်ရှိတစ်ယောက်လေးကိုပဲ စွံအောင်လို့ လုပ်ပေးကြစမ်းပါဦးဗျာ
Was this answer helpful?
LikeDislikeနောက်တစ်ခါပြောင်းဖို့ ပုံလေးလည်းထပ်ရှာထားလိုက်အုံးနော်။
ဒီလိုမျိုး ထပ်ကြုံရင်ဖြင့်—–။
Was this answer helpful?
LikeDislikeခုလိုပြောင်းလိုက်တာ ကိုရင့်ပုံလားဗျ။ခန် ့ခန် ့ကြီးးးးးးးး
Was this answer helpful?
LikeDislikeကိုနာဂမေးတာ ၂ ခါရှိသွားပြီမို့ ခုဖြေလိုက်ပါတယ်
ဟုတ်ပါတယ်… ခန့်ခန့်ကြီးတော့မဟုတ်ပါ၊ စပ်ဖြဲဖြဲကြီးပါ၊ သေချာကြည့်စေလိုပါတယ်
Was this answer helpful?
LikeDislikeဩ…..ကိုယ့်ဆြာရဲ့
ဘူမိနက်သန် ရုပ်အမှန်က
ဂလိုကိုး….
ဒါ့ရှင် မင်းသား ရုပ်မျိုးပဲ….
Was this answer helpful?
LikeDislikeမျက်မှန်ခြင်းတော့ တူသားပဲကွ…။ မြေးအဖိုးဆို ယုံကြမှာ…။
Was this answer helpful?
LikeDislike