ခေတ်

ဆုိးဆုိးAugust 14, 20121min1097

ခေတ်ကိုက လူကြမ်းတွေ ပျက်လုံးထုတ်နေရတဲ့ ခေတ်
ခေတ်ကိုက ဟာသ သရုပ်ဆောင်တွေရဲ့ ခေတ်
ခေတ်ကိုက ဟာသ ခေတ်။

ခေတ်ကိုက ကော်ပီ ခေတ်
စာသားကလည်း ကော်ပီ
သံစဉ်ကလည်း ကော်ပီ
ဒီဇိုင်းကလည်း ကော်ပီ
ကျွန်တော်လည်း ကော်ပီ ၊ သူလည်းကော်ပီ၊ အားလုံးကော်ပီ

ခေတ်ကိုက ကော်ပီ ခေတ်။

ခေတ်ကိုက ရေပေါ်ဆီ ခေတ်
ခေတ်ကိုက ကျီးအာသီးယဉ်ကျေးမှုနဲ့ ခေတ်
ခေတ်ကိုက ဘွဲ့ရပြီး ကွမ်းရောင်းရတဲ့ ခေတ်၊ ပန်းရောင်းရတဲ့ ခေတ်
ခေတ်ကိုက ပိုင်ဆိုင်မှုစာရင်းမထုတ်ပြန်ရဲတဲ့ ခေတ်
ခေတ်ကိုက ခရိုနီတို့ရဲ့ ခေတ်။
ခေတ်ကိုက ဗိုလ်ချုပ် ပြောသလို “xxx” ဖြစ်နေတဲ့ခေတ်။
ခေတ်ကိုက ပါဝါရှိသူတို့ရဲ့ ခေတ်………….။

7 comments

  • maung khinmin

    August 14, 2012 at 9:43 am

    ခေတ် ကိုက …. ဒီမိုးကရေစီးမသန်တဲ့ ခေတ်
    ခေတ်ကိုက …. လှစ်ခနဲ လှစ်ခနဲခေတ်
    ခေတ်ကိုက …. ပြစ်ပြစ်နှစ်နှစ်အဆဲ ခံနေရတဲ့ခေတ် …
    ငါတို ့လူဖြစ် ….. ခေတ်ညစ်ညစ်

  • ahnyartamar

    August 14, 2012 at 9:45 am

    ခေတ်ကိုက ခေတ်အကြောင်း မကောင်းပြောတဲ့ခေတ်……

  • ko khin kha

    August 14, 2012 at 9:49 am

    ဪ“ ခေတ်´´ ဆိုတဲ့“ခေတ် ´´ ပါလားနော်။

  • မောင်ပေ

    August 14, 2012 at 10:11 am

    ခေတ်ကတော့ ဝါးတားဖော်လိုး ဖစ်ဖောလိုး
    ခရိုနီတွေ မင်းမူနေတဲ့ခေတ်

  • နွေဦး

    August 14, 2012 at 1:02 pm

    ခေတ်ကိုက ခေတ်ပြောင်းနိုင်လောက်တဲ့ အရည်အချင်း မရှိတဲ့ခေတ်..။

  • shwe kyi

    August 14, 2012 at 4:03 pm

    ခေတ်ကိုက ဘေးထိုင်ဘုပြောခေတ်။
    ခေတ်ကိုက အဖြေမထွက်နိုင်ပဲဖင်ပိတ်ငြင်းကြတဲ့ခေတ်။
    အဟီး ဘာမှန်းတော့မသိဘူးပြောချင်တာနဲ့။

Leave a Reply