ချစ်စရာ ပင်အပ်မှို၊တို့ဟူးကြော်…

Ma EiAugust 14, 20122min27431

ချစ်စရာ ပင်အပ်မှို၊တို့ဟူးကြော်…

 

ပင်အပ်မှိုလို့ အလွယ်တကူခေါ်လိုက်တဲ့ မှိုကလေးတွေကတော့(  Enoki Mushroom ) ဖြစ်ပါတယ်…

ပင်အပ်မှို၏ အစိမ်းအရသာမှာ ချိုအေးမွှေးနေပြီး၊ချက်ပြုတ်ကြော်သုပ် စားပါက နူးညံ့၍ချိုသောအရသာ ရှိပါသည်။

ပင်အပ်မှိုကို နည်းမျိုးစုံ နှင့် စားစရာ အမယ်စုံ အတော်များများ ချက်ပြုတ်ကြော်သုပ် ပြုလုပ် စားသုံးနိုင်ပါတယ်…

Enoki Mushroom ပငိအပ်မှိုကလေးများသည် ချစ်စရာကောင်း ၊ စားကောင်းရုံမျှမက ကျန်းမာရေးအရလည်း ကိုယ်ခံစွမ်းအားကို

မြှင့်စေ၍ ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း၊ အသဲနှင့် အစာအိမ်အတွက် ကောင်းမွန်ကြောင်း သိရှိရပါသည်။

 

ယခု အစီအစဉ်မှာ တင်ပြပေးမှာကတော့ ချစ်စရာ ပင်အပ်မှို၊တို့ဟူးကြော်…ကလေးဖြစ်ပါတယ်…

ပါဝင်ပစ္စည်းများမှာ…

  1. enoki ပင်အပ်မှို တစ်ထုပ်…အမြီးပိုင်းဖြတ်၊တစ်ဝက်ဖြတ်ပြီး ရေဆေးထားလိုက်ပါတယ်…
  2. တို့ဟူး            တစ်ထုပ်…အဝိုင်းလေးများလှီးထားလိုက်ပါတယ်…
  3. ဂေါ်ဖီထုပ်၊ပန်းပွင့်၊မုန်လာဥနီ၊ငရုတ်စိမ်း၊ကြက်သွန်ဖြူ အနည်းငယ်စီ ဖြစ်ပါတယ်…

 

မှိုကလေးများမှာ နူးညံ့လှသဖြင့် ဝါးစရာရှိရန် ဂေါ်ဖီထုပ်၊ပန်းပွင့် တို့ကိုထည့်ခြင်းဖြစ်ပါသည်။

ငရုတ်စိမ်း၊မုန်လာဥနီ စသည်များကတော့ အရောင်စုံ အမြင်လှ အရသာပို စသည်ဖြင့်ပေါ့လေ…

1… Enoki Mushroom ပင်အပ်မှို
2…ပါဝင်ပစ္စည်းများ…
3…ဒီလိုပြင်ထားတယ်…

ကြော်နည်းကလေးမှာ…

ပထမဦးဆုံး တို့ဟူးဝိုင်းကလေးတွေကို ရွှေညိုရောင် အကြောတင်းလာသည်ထိ တစ်ဖက်စီလှန်ကြော်ပြီး ဆယ်ထားလိုက်ပါတယ်…

ကျူလစ်ကြက်သွန်ဖြူလေးတွေ ဆီသတ်၍ ဂေါ်ဖီထုပ်၊ပန်းပွင့်၊မုန်လာဥနီ များ ထည့်ကြော်ပါ။ဆား၊ရေ အနည်းငယ်ထည့်ပါ။

အနေတော်ရောက်ခါနီးတွင် မှိုနှင့် ငရုတ်စိမ်း များထည့်ပါ။မှိုနွမ်းသည်နှင့် စားသုံးရန် အဆင့်သို့ရောက်ပြီဖြစ်၍ ပန်းကန်ထဲ အလှဆင်ထည့်ကာ

အရသာရှိစွာ စားသုံးနိုင်ပါပြီ…

4… ချစ်စရာ ပင်အပ်မှို၊တို့ဟူးကြော် ဂေါ်ဖီထုပ်နှင့်…
5…ပန်းပွင့်နှင့်လည်း ကြော်ထားတယ်…

 

အဆင်းအချင်းနှင့် ပြည့်စုံသော ပင်အပ်မှို ကလေးများကို အလျှဉ်းသင့်သလို ချက်ပြုတ်ကြော်သုပ် စားသုံးသင့်ပါကြောင်း

အကြံပြုလိုက်ပါတယ်နော်…

ခင်တဲ့

မအိ

31 comments

  • Khaing Khaing

    August 14, 2012 at 1:45 pm

    သူများတွေချက်တာပြုတ်တာ ကြော်တာလှော်တာမြင်ရင် ….. ကိုယ့်ဘာသာကိုယ် ရှက်မိပါတယ် ….
    အိမ်ထောင်ရှင်မမပီသတဲ့ …..

  • Ma Ei

    August 14, 2012 at 1:52 pm

    ခိုင်ခိုင်ရေ…
    မချက်တတ်တော့ မပင်ပန်းဘူးပေါ့ကွယ်…
    အားမငယ်နဲ့နော်…ရှက်စရာလဲမဟုတ်ပါဘူး…
    ဝါသနာပါနေတော့ ပင်ပန်းမှန်းမသိဖြစ်နေတာ…

  • ko khin kha

    August 14, 2012 at 2:04 pm

    မှတ်သွားပြီး ရုံးပိတ်ရက်ကြ အိမ်ကမဟေသီကိုချက်ခိုင်းအုံးမှ။

    • Ma Ei

      August 14, 2012 at 2:59 pm

      ပုဇွန်လေး အခွံချွတ်လှော်
      ပင်အပ်မှိုလေး ရေနွေးဖျော
      ငရုတ်စိမ်းပါးပါးလှီး၊
      ငံပြာရည်နဲနဲ၊သံပုရာရည်လေးညှစ်ပြီး
      သုပ်စားလဲ ကောင်းမှကောင်းတဲ့…
      နောက်တစ်နည်း ထပ်ပေးလိုက်ပါတယ်…

  • ရွာစားကျော်

    August 14, 2012 at 2:31 pm

    အသည်းနဲ့ အစာအိမ်အတွက်ကောင်းတယ်ဆိုတော့
    အင်း.. ဒီည အမြည်းသစ် စမ်းကြည့်အုံးမှ..

    • Ma Ei

      August 14, 2012 at 2:39 pm

      အသည်းနဲ့ အစာအိမ်အတွက်ကောင်းပေမဲ့
      အမြည်းဆိုတော့ မပြောတတ်တော့ပါဘူး
      ရွာစားရယ်…

    • Mလုလင်

      August 14, 2012 at 8:11 pm

      မုန်ညင်းထုတ် (အဖြူ) ကောင်းတယ်ဗျ … ကွက်တိပဲ ပေါ့။

  • shwe kyi

    August 14, 2012 at 2:32 pm

    မှိုအရမ်းကြိုက်တာ သားရည်ယိုလာပြီနော်။

    • Ma Ei

      August 14, 2012 at 2:41 pm

      ရွှေကြည်လေးရေ…
      ပင်အပ်မှို လေးကို Hot pot ထဲထည့်စားလဲကောင်းတယ်သိလား…

  • mocho

    August 14, 2012 at 3:00 pm

    အဲဒီ မှို လေးတွေ ကပင်အပ် မှိုလို့ ခေါ် တာလား။
    ကျမ ဒီရောက် မှ အဲဒီ မှို လေးတွေ ကို စတွေ့ ဖူးတာ။ မြန်မာပြည် မှာ တုန်း ကတော့ ဈေးတွေ ထဲ မှာ မတွေ့ မိဘူး။ စူပါမားကတ် တွေ မှာ ပဲ ရတယ် ထင်တယ် နော်။ ကျမလည်း ဒီ ရောက်မှ စ စားဖူးပြီး ကြိုက်လို့ မကြာ ခဏ စားဖြစ်တယ်။ မှို ဆိုတော့ လည်း ရှေးရိုး မပျက် ကန်စွန်း ရွက်နဲ့ ပဲ ကြော်ဖြစ်တယ်။ ဒီ တခါတော့ မအိ အကြံ ပေးတဲ့အတိုင်း အပြောင်း အလဲ လေးလုပ်စား အုံးမယ်။

    • Ma Ei

      August 14, 2012 at 3:08 pm

      ဈေးထဲမှာ မရှိဘူးရယ်…
      City mart မှာဘဲရတာ
      ကြက်ကင်ဘေးမှာ ဘရိုကိုလီ ရေနွေးဖျောရယ်
      ပင်အပ်မှို လေးတွေရယ် အလှဆင်လို့လဲ စားသုံးနိုင်ပါတယ်…
      လှလဲလှ စားလို့လဲကောင်းတာမို့ပါ…

  • manawphyulay

    August 14, 2012 at 3:01 pm

    စားလို့အတော်ကောင်းပြီး နည်းနည်းတော့ အလုပ်ရှုပ်မယ့်ပုံပဲနော်….
    ဟီး စားပဲ စားချင်တာ အကုန်သေသေချာချာလုပ်ဆို မလုပ်ချင်ဘူး။
    ဒီတော့ ခုပဲစားသွားလိုက်မယ်နော်။

    • Ma Ei

      August 14, 2012 at 4:15 pm

      မနောလေးရေ…
      အလုပ်ရှုပ်သက်သာအောင်
      ခေါက်ဆွဲပြုတ်ထဲထည့်စားလိုက်နော်…
      အဲ့ လိုလေးလဲ စားကောင်းတယ်…

  • Liquid_Sn@ke

    August 14, 2012 at 3:14 pm

    enoki-take က ဂျပန်က စပျံ့တယ် ဆိုလားပဲ …
    အဲ့ဒါကြောင့်ပဲ ..ဂျပန်နာမယ် ဖြစ်နေသလား မဆိုနိုင်…
    သည်မှာ စိုက်ပျိုးထုတ်လုပ်တာတော့ ..အနှစ်၃၀ဝ ကျော်ပြီ လို့ ဆိုတယ်..
    ကိုရီးယား ဘရန်းနဲ့ အထုပ်လေးတွေ့မိတော့ ..
    k-wave နဲ့ အတူ ပါလာတဲ့ ကောင်းတဲ့ အရာ တခုပါလားလို့
    မြင်မိပြန်သေးတယ်… (မာကတ္တာများ …ဒါပဲတွေးနေတယ်. .ဟီး..)

    ဝီကီတက်လှန်ကြည့်တော့ …

    The cultivated enokitake is grown in a plastic bottle or vinyl bag for 30 days. The environmental conditions for cultivation are 15 °C (59 °F) and 70% humidity, with the mushroom situated upon a substrate of sawdust or corncob that is mixed with other ingredients. Afterwards, the mushroom is grown for another 30 days in a slightly cooler but more humid environment, where the growth is constricted within a paper cone as a means to force the mushroom to grow long and thin. Mushrooms available in supermarkets often show a persistent impression of the bottle around the stem base.

    လို့ ရေးထားတော့ .. အလွယ်တကူ စိုက်ပျိုးထုတ်လုပ်နိုင်မယ်လို့ .. မြင်မိပြန်ရော…
    အိမ်တွင်း စီးပွားလုပ်ငန်းတွေအနေနဲ့ ..စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ပြီး
    စူပါမားကတ်တွေ ဈေးတွေကို သွင်းသင့်တယ် လို့ မြင်မိရင်း..
    မှိုစိုက်ဖို့အကြောင်း ရေးတဲ့ ဦးမှို.. အဲ .အဲ ..ဦးနို ကို သွားသတိရပြန်ပါသေးတယ်…

    • Ma Ei

      August 14, 2012 at 3:38 pm

      ဂျပန်နာမယ် ကိုရီးယား ဘရန်းနဲ့
      မလေးရှားက သွင်းတယ်တဲ့….
      အလွယ်တကူ စိုက်ပျိုးထုတ်လုပ်နိုင်တယ် ဆိုပေမဲ့ အခြားမှိုတွေထက်
      နုတဲ့အတွက် မျိုးစေ့ကောင်းနဲ့ နည်းပညာအတိကျ လိုအပ်မယ် ထင်ပါတယ်…
      စားသုံးသူနဲ့ဝယ်လိုအားဈေးကွက်အရ လက်ရှိအချိန်မှာတော့
      စိုက်ပျိုးထုတ်လုပ်လို့ စီးပွားဖြစ်မယ်မထင် လို့
      တင်သွင်းရောင်းချနေကြတာဖြစ်ပါတယ်လို့ မြင်မိပါတယ်…
      ပြည်တွင်းမှာစီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နိုင်ရင်တော့
      ပိုကောင်းတာပေါ့နော်…

  • etone

    August 14, 2012 at 3:52 pm

    အန်တီအိချက်တဲ့ ဟင်းက မြင်ရုံနဲ့ တင် ……. အရသာရှိမှာပဲလို့ တွေးပြီး .. … ဝင်ဂလုသွားပါတယ်နော် … ။ 😉 အဲ့ဒီမှိုလေးတွေ … ကိုရီးယားတွေ အရမ်းစားကြတာ တွေ့တယ် …. ။ ကိုယ်တိုင်တော့ … အစားရှောင်နေလျှက်နဲ့ …. ခဏခဏ ဖုဒ်ပွိုင်ဇင်ဖြစ်လေ့ဖြစ်ထရှိလို့ …. မှိုဆိုလျှင် …. ငွေနှင်းမှိုတို့ ၊ ကောက်ရိုးမှိုတို့တောင် …. ရှောင်ဖြစ်တယ် … ။ ဒါပေမယ့်လည်း ……. အိမ်ကလူတွေ ချက်စားချင်စားလို့ရအောင် ကူးသွားပါတယ်အန်တီအိရေ ။ ဟင်းအသစ်လေး ချက်နည်းအတွက် ကျေးဇူးပါ ။ 😛

    • Ma Ei

      August 14, 2012 at 4:12 pm

      မှို ချက်တယ် ဆိုတာနဲ့ …
      တက်စာစားပြန်ပြီ၊မတည့်တာတွေစားပြန်ပြီ၊မစားတာကောင်းတယ်…
      စသည်ဖြင့် မည်တွန်တောက်တီးတတ်တဲ့သူ အိမ်မှာရှိနေလို့လေ…
      ကြိုက်ပေမဲ့ သိပ်တော့မစားဖြစ်ပါဘူး အိတုန်လေးရယ်…

      • etone

        August 14, 2012 at 6:58 pm

        အဟီး … အန်တီအိရယ် …စိတ်ပူလို့ပါ …. ။ ဒီအသံလေးတွေမကြားရလျှင်ပဲ …. ဟာတာတာနဲ့နော် … ဟီး 😀

        ချစ်လို့စတာနော် အန်တီအိ …. အဟီး 😉

  • casper

    August 14, 2012 at 4:34 pm

    မြင်ရတာနဲ့တင်စားချင်လာပြီဗျာ။ ချက်နည်းပြောပြတာလည်း ကျေးဇူးတင်ပါတယ်။ ချက်ကျွေးမယ့်အိမ်ရှင်မ မရှိလေတော့ ကိုယ်ကိုတိုင်ပဲချက်စားလိုက်ပါ့မယ်။ စားပြီးရင်တော့ ထမင်းလုံးစီလိုက်ဦးမယ်…နောက်ထပ်
    ပြီးစားကောင်းတာ လေးတွေရှိရင် မျှဝေပေးပါဦးလို့… ကျေးဇူးပါမအိ

  • nigimi77

    August 14, 2012 at 4:45 pm

    မအိရေ နည်းနည်းလောက် ဝင်ရှုပ်လိုက်ဦးမယ် ။

    ကျွန်တော်က အဲဒီ မှို သိပ်ကြိုက်တာဗျ ။

    Bean stew (된장 찌개) (味噌シチュー) အထဲမှာ ထည့်ချက်ရင်

    သိပ်အရသာရှိတာ ။ ဝါးလိုက်ရင် ဂျွိဂျွိ ဆိုတဲ့ အသံမည်ပြီး အရသာကလဲကောင်း ။

    အထုပ်မှာ ရေးထားတာက Enoki-take Mushroom (팽이 버섯) (こまきのこ)

    ပါတဲ့ ။ ကျွန်တော် ကိုရီးယားမှာနေတုန်းက အကြိုက်ဆုံး

    အထဲမှာ ပါတော့ အမြဲလိုလို စားဖြစ်တယ် ။ တနေ ့တော့ ကျွန်တော်တို ့ ရုံးက ထမင်းချက်

    ကိုရီးယားမ ဘွားတော်ကြီးက “ကောင်ကလေး မင်း အိမ်ထောင်ပြုပြီးပြီလား” ဆိုပြီး

    လာမေးရော ။ ကျွန်တော်လည်း မပြုရသေးပါဘူး ဘာဖြစ်လို ့လဲလို ့ ပြန်မေးတော့……..

    အိမ်ထောင်မပြုရသေးဘူး ဆိုရင် အဲဒီမှိုတွေကို အရမ်းမစားနဲ ့ဆိုပြီး ပြုံးပြီး

    ထွက်သွားပါတယ် ။ :mrgreen:

  • ko khin kha

    August 14, 2012 at 4:58 pm

    မအိရေ မှိုကတက်စာလို့ ဘာလို့ခံယူထားတာလဲ။
    အခုနောက်ပိုင်းစမ်းသပ်မှု့တွေအရ ကင်ဆာ၊နှလုံး၊သွေးတိုးနှင့် လည်ချောင်းရောဂါများကို တားဆီးပေးနိုင်စွမ်းရှိတယ်လို့တွေ့ရတယ်။တစ်နေ့မှိုနှစ်ကျပ်သားစားခြင်းနှင့် ခန္ဓာကိုယ်အတွင်းမလိုလားအပ်သော LDL ကိုလက်စထရောကိုကျဆင်းစေပါတယ်တဲ့။
    သွေးတိုးကျဲစေသောကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊လေဖြတ်ခြင်းနှင့် ကင်ဆာရောဂါကို တားဆီးပေးသည်။ Selenium ပါဝင်မှု့ကြောင့် သက်ကြီးရွယ်အိုများ ကတုန်ကလင်းဖြစ်ခြင်းကို တားဆီးပေးသည်။
    ဖတ်ဖူးတဲတိုလီမိုလီစာပေစုကနေရေးပေးတာပါ။

    • Ma Ei

      August 14, 2012 at 5:15 pm

      မြန်မာ အယူမှာ အစို့အညှောက်
      အပင်ပေါက် ဆိုရင်တက်စာတဲ့လေ…
      ဒီမှိုက ဒီလိုတွေကောင်းပါတယ်လို့
      ပြောမှပါဘဲ…

  • weiwei

    August 14, 2012 at 7:57 pm

    တရုတ်ပြည်မှာတော့ အရမ်းပေါတဲ့ မှိုတစ်မျိုးပါပဲ … ဟင်းရည်တော်တော်များများမှာ ထည့်လေ့ရှိပါတယ် … ဟော့ပေါ့မှာ မပါမဖြစ်မှိုပေါ့ … မာလာဟင်းထဲမှာလဲ ထည့်ချက်တယ် …
    ဒါပေမယ့် ရန်ကုန်မှာတော့ ရှားပါးပစ္စည်းဖြစ်နေလို့ သိပ်မသိကြဘူး …

  • မောင်ပေ

    August 14, 2012 at 9:23 pm

    မအိရေ… သားသတ်လွတ်လဲ လုပ်စားလို ့ရတယ်ပေါ့နော်
    ပြန်ဝေမျှပေးလို ့ကျေးကျေးပါ

  • ကြောင်ကြီး

    August 15, 2012 at 8:43 am

    လုပ်ကြည့်မယ်ဗျာ.. ရိုးရိုးပဲပြားနဲ့ရော စားလို့ကောင်းသလာ ပြောပါအုံး…။

  • yadanar nwe

    August 15, 2012 at 10:22 am

    သတ်သတ်လွတ်စားတဲ့နေ့ကျရင် စားစရာ ဟင်းအသစ် တစ်မျိုးရပြီ း)
    စားကောင်းမယ့်ပုံလေးမို့ ကျေးဇူးအထူးပါရှင်

  • Ma Ei

    August 15, 2012 at 12:01 pm

    casper says: …
    …ချက်ကျွေးမယ့်အိမ်ရှင်မ မရှိကြောင်း
    ကိုယ်တိုင်ချက်တတ်ကြောင်း
    ထပ်ဆင့် ကြော်ငြာ ပေးလိုက်မယ်နော်…

    nigimi77 says: …
    အဲ့လိုရှိကြောင်း စာတွေ မဖတ်မိရပါလား…
    ကိုရီးယားမ ဘွားတော်ကြီး ဘာများအမှတ်မှားနေပါလိမ့်နော်…

    weiwei says: …
    ရန်ကုန်မှာလဲ အဲ့ဒီမှိုကလေးတွေ
    ပေါပေါများများဝယ်လို့ရနေရင်ကောင်းမှာနော်…

    မောင်ပေ says: …
    ဝါရှောင်တာအပြင် သတ်သတ်လွတ်ပါစား မှာလား…

    ကြောင်ကြီး says: …
    ပဲပြားနဲ့လည်း ကောင်းမှာပါ…
    ခတ်ပျော့ပျော့လေးကြော်ရမယ်ထင်တယ်နော်…

    yadanar nwe says: …
    အန်တီအိတို့လည်း မွေးနေ့တိုင်း သတ်သတ်လွတ်စားကြပါတယ်…
    ရတနာ ရေးမယ့် Post လေးတွေလဲ ဖတ်ချင်ပါတယ်…
    ကြိုဆိုပါတယ်နော်…

    • Ma Ei

      August 15, 2012 at 1:07 pm

      ပဲပင်ပေါက်ဆိုတာက ပဲတီစိမ်း အပင်ပေါက်ပါ…
      ခု ပုံမှာက ပင်အပ်မှို လို့ခေါ်တဲ့ မှိုလေးတွေပါ…
      ချစ်ဇနီးရလို့ ဈေးဝယ်ပေးရင် မမှားရအောင် မှတ်ထားနော်… …

  • si tone

    August 17, 2012 at 6:19 pm

    စားချင်လာပီနော်……………………………

  • ကြောင်လေး

    August 17, 2012 at 8:08 pm

    ကျနော်တို့နယ်မှာတော့ သိပ်မရှိဘူးထင်တယ်။ မမြင်ဖူးဘူး။

Leave a Reply