ဖားဥစွဲခြင်း

ငါ့တစ်ကိုယ်လုံး ဖားဥစွဲနေတယ်
အသွေးအသားထဲ အကြောအချဉ်ထဲ
လုံးသားထဲ ဦးနှောက်ထဲ
အိပ်မက်ထဲ အတွေးတွေထဲ
အရာအားလုံးမှာပါ………………………………..
ငရဲကိုဖက်တွယ်ထားတဲ့
တက်ကြွမှုအားမာန်နဲ့
ပျက်စီးနေတဲ့ဘဝ
တစိမ့်စိမ့်သွေးထွက်ဆဲ
နှလုံးသားဒဏ်ရာ
ငါ မိုး ရွာထဲ ရောက်ခဲ့တာလား
မိုး ငါ့ကိုခလုပ်တိုက်လိုက်လား
ထန်းသီးကြွေခိုက် ကျီးနင်းလိုက်လား
တွးကြည့်ဖို့ စိတ်ကူးမိမှ
စဉ်းစားဥာဏ်ပါ
ဖားဥစွဲနေတယ်။ ။

About yanaye

Yan Aye has written 6 post in this Website..

   Send article as PDF