ဒုသမတအသစ်စာရင်းကြေငြာမည်

Ko chogyiAugust 14, 20121min692

သစ်ထူးလွင်ဆိုက်ကတွေ့တာလေးတင်ပေးလိုက်တာပါ။

ဒုတိယ သမ္မတအဖြစ် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ရွေးချယ်ခံရ

ဒုသမ္မတအမည် မနက်ဖြန် ပြည်ထောင်စု လွှတ်တော်တွင် ကြေညာမည်

ရန်ကုန်၊ ဩဂုတ် ၁၄

ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ဒုတိယ သမ္မတ အဖြစ် ရွေးချယ်ထား  ကြောင်း တပ်မတော် သား လွှတ်တော် ကိုယ်စား လှယ်များနှင့် ပြည်သူ့ လွှတ်တော် ရေးရာ ကော်မတီ ဥက္ကဋ္ဌ များက ပြောကြားသည်။

လစ်လပ်နေသော ဒုတိယသမ္မတနေရာ အတွက် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့က တင်သွင်းသည့် ဒုတိယသမ္မတ အမည်ကို မနက်ဖြန် (ဩဂုတ်လ ၁၅ရက်) တွင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၌ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၏ အခမ်းအနားအစီအစဉ်တွင် ဖော်ပြထားချက်အရသိရသည်။

ယင်းနေ့တွင်ပင် အမည်စာရင်းတင်သွင်းခံရသော ပုဂ္ဂိုလ်က ဒုတိယသမ္မတ အဖြစ် ကတိသစ္စာပြုမည်ဖြစ်သည်။

စစ်တက္ကသိုလ် အမှတ်စဉ် (၁၆) ဆင်း ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ဒုသမ္မတလောင်း အဖြစ် ရွေးချယ်လိုက်သည်ဟု သတင်းများ ထွက်ပေါ်နေပြီး The Voice Weekly ကအတည်ပြုနိုင်ရေးကြိုးစားနေသည်။

ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း သည် ယခု စက်မှု့ဝန်ကြီး ဦးစိုးသိန်း နောက် ရေတပ် အကြီးအကဲ ဖြစ်လာသူဖြစ်သည်။

The Voice Weekly

2 comments

  • ကြောင်ကြီး

    August 15, 2012 at 7:49 am

    ဒုကာချုပ်၊ ကွပ်ညှိနဲ့ ကက(ကြည်း) ဗိုလ်ချုပ်များ စိတ်မဝင်စားကြတာကို ကြည့်ခြင်းအားဖြင့် ဒုတိယသမတရာထူး အနေအထားကို သိနိုင်မလားဘဲ…. သမဒဂျီးက တမင်ရွေးလိုက်တာဆိုရင်တော့ တမျိုးပေါ့…။ ကျုပ်တော့ မထင်မထင်… ဒုတိယ deputy ဆိုတဲ့ရာထူး သဘောသဘာဝကိုက အရာရောက်လေ့ မရှိဘူး။ မြန်မာပြည်မှာလို နှစ်ယောက်ရှိတဲ့ဟာမျိုးဆို သာဆိုးမယ်။ အလုပ်ဌာန ဖွဲ့စည်းပုံတွေမှဆိုလည်းကြည့်လိုက် ဒုဆိုတာတဲ့ လက်ထောက်ရာထူမျိုးတွေက အဆင့်နိမ့်ပေမဲ့ လုပ်ပိုင်ခွင့် ပိုရှိတယ်။ ဘာပဲဖြစ်ဖြစ် ရေချုပ်ကနေ ဒုသမဒဖြစ်တာဆိုတော့ အထက်ကန်တင်ခံရတယ် မပြောနိုင်ဘူး။ ဂုတ်ဆွဲအတင်ခံတယ်လို့တော့ ပြောနိုင်မလားဘဲ။ ဝမ်းမနည်းပါနဲ့ ရေချုပ်ကြီးရယ်၊ ရန်အခုဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရေတပ် သင်္ဘောတွေက အပုံကြီး ခေတ်မှီတယ်။ ရေချုပ်ကြီးတို့မှာက စက်လှေပေါ် အမြောက်တင်ပြီး စစ်သင်္ဘော လုပ်နေရတာ…..

Leave a Reply