အမှတ်တမဲ့တွေဟာ အမှတ်တရဖြစ်နေဆဲပါ

manawphyulayAugust 15, 20121min26618

ကျွန်မ ခုတစ်လော ငယ်ငယ်ကအကြောင်းလေးတွေ ပြန်စဉ်းစားနေမိတယ်။ အပြစ်ကင်းစင်တဲ့ ကလေးဘဝကို ပြန်ရောက်ချင်တယ်လည်း မဟုတ်ပါဘူး။ ကျွန်မရဲ့ဝါသနာက ငယ်ငယ်ကတော့ နေ့စဉ် မှတ်တမ်းလေးတွေ ရေးတတ်တယ်။
ဒိုင်ယာရီရေးတယ်လို့တော့ မသိခဲ့ပါဘူး။ ဗလာစာအုပ်ထဲ ဒီနေ့မနက်ဘယ်အချိန်တို့၊ ဘာတို့ စပြီး နေဝင်မိုးချုပ်အိပ်တဲ့အထိဆိုပါတော့။ တစ်နေ့တာ အဖြစ်အပျက်တွေ နောက်မြင်တာ တွေ့တာတွေ စိတ်ထဲခံစားမိတာတွေ ချရေးတော့တာပဲ။

နောက်တော့လည်း ခုကြီးလာချိန်ကြတော့ ဒီစာအုပ်တွေဘယ်ရောက်သွားမှန်း မသိတော့ပါဘူး။ ငယ်ငယ်တုန်းကတော့ ဘယ်နေ့က ဘယ်သူက ငါ့ကို ဘာပြောတယ် ဘယ်သူက စကားမပြောဘူး။ ပြုံးမပြဘူး စသည့်ဖင့်ပေါ့လေ ပြီးရင်

နောက်ရက်တွေကျရင်ပြန်ပြန်ဖတ်ကြည့်တတ်တဲ့ အကျင့်က ရှိပြန်သေးတယ်။ ခုချိန်တော့ ရေးပါဆိုတာတောင် ရေးချင်စိတ်က ဘယ်လိုမှ မကြီးစိုးတော့တာ အရွယ်ကြောင့်လားတော့ မပြောတတ်တော့ဘူး။
ဒါပေမယ့် ခုချိန်ထိ မပြောင်းလဲတဲ့ စိတ်တစ်ခုကတော့ ရှိသေးတယ်။ ဘာလဲဆိုတော့ ကျောင်းအခန်းထဲမှာ သူငယ်ချင်းတွေကို အော်တိုရေးခိုင်းတတ်တဲ့အကျင့်လေးတစ်ခုပါပဲ။ အဲဒီအကျင့်ကတော့ မိတ်ဆွေတွေ၊ ခင်မင်တဲ့သူတွေနဲ့တွေ့လည်း

ရေးခိုင်းတတ်သေးတယ်။ ခုချိန်ထိတော့ သင်တန်းတွေ တက်လည်း ရေးခိုင်းနေတုန်းပဲ။ သူတို့ရေးပေးတဲ့ အော်တိုထဲက အမှတ်တရတွေကလည်း ဘယ်အချိန်ပဲ ပြန်ဖတ် ပြန်ဖတ်၊ ဖတ်လိုက်တဲ့အချိန် ခဏလေးအတွင်းမှာပဲ အဲဒီအမှတ်တရရေးပေးတဲ့

အချိန်ကာလလေးကို ပြန်ရောက်ရှိသွားသလို ခံစားရတယ်။ အဲလိုအချိန်ဆို ဘေးမှာ သူငယ်ချင်းတွေ၊ ခင်တဲ့မိတ်ဆွေတွေ ပျော်တပြုံးပြုံးနဲ့ စိတ်ကြည်နူးမှုကို လှိုက်လှဲစွာ ခံစားမိတယ်။ အင်း… အဲဒီလိုအခါမှာ ကိုယ့်ဘာသာ ကောက်ချက်ချမိတယ်။ ငါ

စိတ်ကူးယဉ်သမားတွေထဲမှာ တစ်ယောက်အပါအဝင်ပါလားလို့လေ။ တစ်ခါတလေ စိတ်ညစ်စရာတွေနဲ့ ကြုံလာတဲ့အခါ သူငယ်ချင်းနဲ့ ကိုယ့်ပေါ်ကောင်းတဲ့သူတွေ အနားမှာ မရှိခဲ့ဖူးဆိုရင် ဒီအမှတ်တရစာအုပ်လေးတွေကတော့ ကျွန်မရဲ့

အဖော်မွန်တစ်ဦးပါပဲ။ ကိုယ်တိုင်ကပဲ အပေါင်းအသင်းမင်တတ်တဲ့ လူစားမို့လို့လား မသိဘူး။ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ဘယ်သူငယ်ချင်းက လာခေါ်ခေါ် မအားဘူးဆိုတဲ့ အသုံးအနှုန်း တစ်ခါဖူးမှ မပြောမိခဲ့ဘူး။ အမြဲအဆင့်သင့်လိုက်ပေးခဲ့တယ်။

ဒါကြောင့်လည်း သူငယ်ချင်းကောင်းတွေ ရရှိခဲ့တာလား မစဉ်းစားကြည့်မိပါဘူး။ ဒါနဲ့ ကျွန်မလိုဘဲ ခံစားကြည့်ချင်လား။ ပတ်လိုက်တဲ့အချိန်မှာ ရေးပေးတဲ့သူတွေနဲ့ တွေ့ဆုံတဲ့ အချိန်ကလေးကို ပြန်ရောက်သွားတယ်လို့ ပြောတာ မယုံဘူးမလား။

အမှတ်တမဲ့ကနေ အမှတ်တရလေးတွေ အများကြီး ပေးစွမ်းပါတယ်။ ခုလောလောဆယ်တော့ ကျွန်မနဲ့ ခင်မင်သိကျွမ်းပြီး ရင်းနှီးမှုလေးတွေ ရရှိထားတဲ့သူတွေ ရေးပေးထားတာလေးတွေ ပြန်ဖတ်ပြီး အဲဒီအချိန်ကာလကို သွားနေတယ်ဆိုတာကို

ပြန်ရေးပြမယ်နော်။ တကယ်လို့သာ ကျွန်မလို ရင်ထဲက ခင်မင်မှုတွေနဲ့ ရှင်သန်နေတဲ့ ဝန်းကျင်လေးရှိခဲ့ရင် ပြန်လည်သတိရ အောင်းမေ့ လွမ်းဆွတ်နေစေဖို့ပေါ့။ သူတို့တွေက ဒီလိုလေးတွေ ပြောထားတယ်။

ခါတစ်ရံ
နံနက်ခင်း
အပြုံးတွေ
လင်းလို့
ခင်မင်လေးစာစွာ
(ကမ်းဝေး)

———————————————————

လွတ်လပ်စွာ
ပျံသန်းနိုင်တဲ့တစ်နေ့
ကောင်းကင်မှာ တွေ့ကြမယ်
BLACKCHAW

————————————————–
ခင်မင်တတ်တဲ့
အဘ FR

ပျော်စရာကြီး… နော
nozomi

——————————————————-

ကံကောင်းခြင်းများ
ခဏ ခဏကြုံပါစေ

Char too Lan

——————————————————-

မနောဖြူလေး
မင်္ဂလာရှိသော
နေ့များစွာကို
ပိုင်ဆိုင်နိုင်ပါစေ
Sue

——————————————————

ဘဝရဲ့ ကောင်းကျိုးဆိုးကျိုးတွေဆိုတာ
ကိုယ်လုပ်တဲ့ အကြောင်းတရားက
ရရှိလာတဲ့ အကျိုးတရားပါပဲ
nature
————————————————
နံနက်ခင်းတိုင်း
အပြုံး
ဝတ်ရုံတစ်စုံနဲ့
နိုးထနိုင်ပါစေ
အာဂ

ပျော်ရွှင်ခြင်း
မနက်ဖြန်များစွာကို
ပိုင်ဆိုင်နိုင်ပါစေ
နွယ်ပင်

—————————————————–
အမြဲပျော်ရွှင်နိုင်ပါစေ
Pan Pan Chit
—————————————————-

ချမ်းမြေ့ပျော်ရွှင် အောင်မြင်သောဘဝကို
ရရှိပိုင်ဆိုင်နိုင်ပါစေ
Ma Ma

—————————————————-
ဘဝနှင့် ဆန္ဒ တစ်ထပ်တည်း ကျနိုင်ပါစေ
ရင်ငြိမ်းနွေး (နွေးသီး)

—————————————————-
Merry Christmas and
happy new year!
Wei Wei
—————————————————-

စိတ်ထားကောင်းရင်
ကံကောင်းတယ်တဲ့
နဂိုထဲက မနောဖြူဆိုလို့
ကံကောင်းစေဖို့
ဆုတောင်းပေးစရာ
မလိုတော့ဘူး ထင်ပါတယ်
မှော်ဆရာ
——————————————————

အမှန်တရားကို ရှာဖွေရင်း
အမှားမှား အယွင်းယွင်းတွေကိုမှ
ချဉ်ချင်းတပ်မိတဲ့ဘဝ
နက်ဖြန်ရှိရင် လှမှာပါ
ထက်ဝေး

ကဲ… မိတ်ဆွေတို့လည်း ခုလို အမှတ်တရလေးတွေ ရှိခဲ့ရင် ပြန်လည်ရောက်ရှိ ခံစားလိုက်ပါနော်။ မနောကို ခင်မင်ကြတဲ့ အပေါင်းအသင်း မိတ်ဆွေတွေ ခုချိန်မှာ ရှိခဲ့ရင်လည်း သူတို့လိုပဲ အမှတ်တရ စကားလေးတွေ ရေးပေးခဲ့ပါဦးလို့

ပြောလိုက်ပါရစေနော်။

အားလုံးရဲ့
မနော

18 comments

  • P chogyi

    August 15, 2012 at 11:36 am

    “ဟိတ် အားလုံးကိုခင်တယ်နော်” ဆိုတော
    ဟိတ် အားလုံးကလည်းခင်ပါတယ်။

  • Khaing Khaing

    August 15, 2012 at 11:42 am

    မမနောရေ …. ညီမလည်း မမနောလိုပဲ သူများက ကိုယ့်ကို နွေးထွေးစွာရေးထားတဲ့ စာသားလေးတွေကို ဖြတ်ပြီးကြည်နူးတတ်တယ် …… ကိုယ်ကတော့ သူများကို ဘယ်လိုရေးပေးရမှန်းမသိဘူး …… ဘာလို့လဲဆိုတော့ ကိုယ်ခင်တဲ့သူအပေါ်ကို အရမ်းအကောင်းမြင် အကောင်းစိတ်တွေထားတော့ ကောင်းတာတွေများတော့ ကောင်းတဲ့စကားလုံးစာသားတွေစဉ်းစားမရဖြစ်သွားရတယ် …. မမနောလည်း ဘဝမှာ အခုလိုသူငယ်ချင်းပေါင်းမြောက်များစွာနဲ့ ဘဝတစ်လျှောက်ပျော်ရွှင်ကြည်နူးစွာ ဖြတ်သန်းသွားနိုင်ပါ စေလို့ …… ဆုတောင်းပေးရင် …..

    ခင်မင်စွာဖြင့်
    Khaing Khaing

  • yadanar nwe

    August 15, 2012 at 11:52 am

    နေမင်းကြီးက အနောက်ရပ်ကထွက်ပြီး အရှေ့ရပ်က ဝင်မှ
    ကမာ္ဘမြေကြီးပြောင်းပြန်ဖြစ်မှ မမ ကို ခင်တာရပ်ပါ့မယ်နော် း)))
    (ငယ်ငယ်က ရေးခဲ့တဲ့ပုံစံလေးတွေလေ ) း))))

  • shwe kyi

    August 15, 2012 at 12:02 pm

    မ မနောဖြူ
    စာချစ်သူ
    မ မနောလေး
    စာတွေရေး
    မ မနောရေ
    ပြောချင်ပေ
    ခင်မင်ချင်တာထာဝရ
    လုံးဝမမေ့ရ။ 🙂

  • manawphyulay

    August 15, 2012 at 12:28 pm

    အားလုံးအမှတ်တမဲ့ဝင်ဖတ်ရင်းနဲ့ အမှတ်တရစကားလေးတွေ ရေးပေးတာကို နောင်အနှစ်၅ဝ ကြရင် ပြန်ပြမယ်နော်… မရေးတဲ့သူတွေတော့ စိတ်ဓာတ်လေးတွေ သိရတာပေါ့နော်.. မခင်လို့ မရေးပါတာလို့ မှတ်ထားလိုက်မယ်။ မနောက မပျောက်ပျက်အောင်သိမ်းထားပါမယ်လို့….

  • ko khin kha

    August 15, 2012 at 12:37 pm

    တစ်ရွာတည်းနေပေမယ့်
    တစ်မြေတည်းမဟုတ်တဲ့
    ဂေဇတ်အဖွဲ့တွေနဲ့
    ခင်မင်လျှက်ပါ။
    ကိုခင်ခ

  • ko khin kha

    August 15, 2012 at 12:44 pm

    အားလုံးအမှတ်တမဲ့ဝင်ဖတ်ရင်းနဲ့ အမှတ်တရစကားလေးတွေ ရေးပေးတာကို နောင်အနှစ်၅ဝ ကြရင် ပြန်ပြမယ်နော်…တဲ့။

    ကျွန်တော် ဝဿုန္ဒေနတ်မင်းငိုတဲ့ပိုစ့်လေး ရေးခဲ့ဖူးပါတယ်။ အဲဒီပိုစ့်ထဲမှာ ဝဿုန္ဒေနတ်မင်းငိုရတဲ့ အကြောင်းလေးကို ဖတ်ခဲ့ဖူးရင်ဖြင့် မနှောသိပါလိမ့်မယ်၊ မဖတ်ရသေးရင်လည်း ဝင်ဖတ်ကြည့်ပေးပါ။
    http://myanmargazette.net/144048/creative-writing/short-story
    နောင်အနှစ်၅ဝ ကြရင် ပြန်ပြမယ်ဆိုတဲ့မနှောရေ ကျွန်တော်လည်း ငိုပြီဗျာ။

    • manawphyulay

      July 24, 2014 at 4:32 pm

      မနော စာမရေးဖြစ်ပေမယ့် အားတိုင်း ဝင်ဖတ်ကြည့်နေပါတယ် ဦးဦးခင်ခရေ…. ဂေဇက်ရွာတစ်ရွာလုံးကို လွမ်းမိပါတယ်။

  • lynn lynn

    August 15, 2012 at 1:00 pm

    မမနောရေ အမကို ညီမလေး ခင်ချက်ကတော့ 9လောက်ရှိတယ်။

  • mocho

    August 15, 2012 at 2:00 pm

    မနော ရေ
    မိုချို ကတော့ အော် တို စာအုပ် ထားလေ့ မရှိ သလို သူများ က ရေး ခိုင်း ရင် လည်း ဘာတွေ ရေး ပေး ရ ကောင်း မှန်း မသိဘူး ။ အခုတော့ စိတ်ထဲ ရှိ တဲ့ အတိုင်း ရေး ရင် ..စာအရေးကောင်းတဲ့ ရွာသူလေး မနော ကို အပြင် မှာလည်း ခင်ချင် ပါ သေးတယ်။ မနော မှ မဟုတ်ပါဘူး ကျန်တဲ့ ရွာသူား တွေ ကို လည်း တကယ် ကို ဆုံချင် ၊ ခင်ချင် ပါတယ်။

  • libra thinzar

    August 15, 2012 at 5:28 pm

    ချစ်စရာကောင်းတဲ့ မမ
    အမြဲတမ်းပျော်ရွှင်နေပါစေနော်…….

  • ကြောင်လေး

    August 15, 2012 at 9:19 pm

    မနောရေ နောင်အနှစ် ၅ဝ ဆိုရင် ဦးကြောင်လေးလဲရှိမှာမဟုတ်တော့ဘူး၊
    ဒါကြောင့် အော်တိုလေးမရေးတော့ဘူးနော် ………
    လို့ရေးလိုက်ပါရစေ။

  • padonmar

    August 15, 2012 at 10:30 pm

    မနောရေ
    နောင်အနှစ် ၅ဝ ဆို အန်တီလည်း မရှိလောက်တော့ဘူးထင်ပါရဲ့ကွယ်။
    အဲဒါပေမယ့် ပစ္စုပ္ပန် တည့်တည့်ရှုလို့ ဒီနေ့ Wisdom of the Buddha က ကြိုက်မိတာလေးရေးပေးမယ်ကွယ်။
    If a man’s mind becomes pure, his surroundings will also become pure.

    • manawphyulay

      August 16, 2012 at 11:12 am

      ဟုတ်ကဲ့ပါရှင်။ မနောလည်း ပြောမယ့်သာ ပြောတာ ရှိလောက်ဘူးထင်တယ်ပဲ အဟီး
      ခုလို တီတီရေးပေးတာလည်း အမှတ်တရပါပဲ။ သိမ်းထားတယ်နော်။

  • si tone

    August 16, 2012 at 11:05 am

    ဆရာမ မနောရေ…… သားသားSi Tone လဲ ဆရာမကိုခင် ပါတယ်……………

  • casper

    August 16, 2012 at 11:07 am

    မနောဖြူဆိုတာကိုအဓိပါယ်ဖွင့်ရရင် မနောဆိုတာက စိတ်၊ ဖြူဆိုတာတော့ ဖြူပါပဲ၊ အဲဒီတော့ မနောဖြူဆို
    တာ စိတ်ထားဖြူစင်သူပေါ့။ မနောဖြူဆိုတဲ့နာမည်နဲ့လိုက်အောင် ဘဝဆက်တိုင်း စိတ်ထားဖြူစင်တဲ့ သူဖြစ်ပါစေ။ စာတွေလည်းများများဆက်ရေးပေါ့။ comment တွေလည်းများများရေးပေးမယ်။

Leave a Reply