ကက်ဖိန်း သုံးစွဲခြင်း

ကက်ဖိန်းစွဲခြင်းသည် ကက်ဖိန်းဓာတ်ပါသော ကော်ဖီ၊လဘက်ရည်တို့ကို စွဲစွဲလမ်းလမ်းအားထား သောက်လေ့ ရှိခြင်းဖြစ်သည်။ ကော်ဖီ၊ လဘက်ရည် သည် တစ်ကမ္ဘာလုံး အများစု နေ့စဉ်သုံးစွဲနေသော စားသောက်ကုန်ဖြစ်ပါသည်။ ဆေးဝါး(Drug) တစ်မျိုးဟူ၍လည်း စာရင်းဝင်နေသည်။ ကက်ဖိန်း အစွမ်းမှာ ကိုယ်ထဲရောက်သွားလျှင် နိုးနိုးကြားကြား ဖြစ်လာပြီးတွေးသောစိတ်ကူးပုံတွင် သဲသဲကွဲကွဲဖြစ်လာခြင်းဖြစ်သည်။ ကက်ဖိန်းတွင်လှုံ့ဆော်သော အက်ဒရီနာလင် ဓာတ်များ၏ အစွမ်းဖြစ်သည်။

သို့သော် ကက်ဖိန်းသည် ကြာမြင့်စွာမှီဝဲကျင့်ရှိသွားလျှင် မှန်မှန်မသုံးစွဲပါက နေမထိထိုင်မသာ ဖြစ်ရလေ့ရှိသည်။ ကက်ဖိန်း မသုံးစွဲခြင်းကြောင့် ဖြစ်လေ့ရှိသည်ကို သတိမထားမိကြပေ။ ကက်ဖိန်းကို များများစားသောက်ခဲ့ပြီး လုံးဝမသောက်ပါ ဘူးဆိုပြီး တိကနဲဖြတ်လိုက်လျှင် ထိုသို့   ဖြစ်တတ်လေ့ရှိသည်။ ဖြစ်တတ်သည့်လက္ခဏာအများစုမှာ ခေါင်းကိုက်တာရယ်၊ မလှုပ်ချင်မကိုင်ချင်ဖြစ်တာရယ်၊ ပင်ပန်းနွမ်းနယ် နေတာရယ်၊ တချို့ဆို ပျို့တာ၊ အော်ကလီဆန်တာ၊ စိတ်ဓာတ်ကျ တုတ်ကွေးဖြစ်ချင်သလိုတောင် တွေ့ရပါတယ်လို့ ဂျွန်ဟော့ပကင်းစ်တက္ကသိုလ်ဆေးသိပံ္ပမှ ဇီဝဗေဒနှင့် အမူအကျင့်ဆိုင်ရာ စိတ္တဗေဒ နှင့် အာရုံကြောသိပ္ပံဆိုင်ရာ ပါမောက္ခဒေါက်တာရိုလန်ဂရစ်ဖစ်( Roland Griffith ) ရှင်းပြခဲ့ပါတယ်။ ကက်ဖိန်းစွဲလန်းမှု့ကို ဖြတ်တောက်လိုက်လျှင် ကသိကအောက်ဖြစ်သော လက္ခဏာမှာ ပထမရက်နှင့်ဒုတိယရက်တို့တွင် အခံရခက်ပြီး တစ်ပတ်ခန့်ကြာလျှင် ပျောက်ကင်းသွားနိုင်သည်ဟုသိရပါသည်။ သောက်နေကြကော်ဖီမသောက်ရလို့ ခေါင်းကိုက်လာတယ်ဆိုပြီး အကိုက်အခဲ ပျောက်ဆေးများကို သောက်လိုက်တယ်၊ အကိုက်အခဲ ပျောက်ဆေးထဲက အက်စီဒရင်း ( Excedrine ) တို့၊ အနာစင် ( Anacin ) တို့ မှာကက်ဖိန်းပါနေပါတယ်၊ တစ်ခါသောက်ရင် ၁၀၀ ကနေ ၁၅၀ မီလီဂရမ်အတွင်း ပါလေ့ရှိပါတယ်၊ ထိုဆေးများနှင့် ကက်ဖိန်းပါဝင်မှု နှို်င်းယှဉ်လျှင်   ကော်ဖီတခွက်၌ ကက်ဖိန်း ၈၅ မီလီဂရမ်သာပါကြောင်း တွေ့ရပါတယ်၊အခုနောက်ပိုင်း ကက်ဖိန်းမပါသော အကိုက်အခဲပျောက်ဆေးများလည်း ထုတ်လုပ်ရောင်းချလာပြီဖြစ်၍ ဆေးအမယ်အညွန်းများ ဖတ်ကြည့်သင့်ပါသည်။ အချို့ အချိုရည်များတွင်လည်း ကက်ဖိန်း ပါဝင်တတ် ပါတယ်၊ သံဘူးတစ်ဘူး၌ ကက်ဖိန်းဓာတ် ၃၃ မှ ၆၇ မီလီထိပါလေ့ရှိ၏။ ချောကလက်ပြားများတွင် ၁၅ မီလီ ဂရမ်မျှ ပါရှိတတ်၏။ ကိုယ်အလေးချိန်ထိန်းဆေး၌ ဆေးတစ်ပြားတွင် ၂၀၀ မီလီဂရမ်နှင့် အထက်ပါရှိတတ်ပါသည်။ အချို့ အအေးမိနှာ စေးပျောက်ဆေးများတွင်လည်း ကက်ဖိန်းအနည်းငယ်ပါတတ်ပါသည်။

ကော်ဖီ၊ လဘက်ရည်ဟာ တစ်နေ့ သုံးခွက်ထက်ပိုမသောက်သင့်ကြောင်း ဒေါက်တာခင်မောင်လွင်ရဲ့ ကျန်းမာသုတ မှာဆိုထားပါတယ်၊ ကော်ဖီမှာ Purine alkaloid တွေပါဝင်ပြီး များများသောက်ရင် Caffeine ဓာတ်တွေဟာ ဆီးကျောက် တည်ခြင်းကို အားပေးကြောင်းပြောထားတာတွေ့ရ ပါတယ်။

ကက်ဖိန်းအလွန်အကျွံသောက်ခြင်းသည် သွေးပေါင်ချိန်ကိုတက်စေပါတယ်။ ဂေါက်လို့ခေါ်တဲ့ ရိုးဆက်ရောင်ရမ်းနာ ရှိသူများသည်   ကော်ဖီ(ကက်ဖိန်း) မသောက်သုံးသင့်ကြောင်းသိရပါတယ်။ လက်ဖက်ရည်၊ ကော်ဖီ၊ ကိုလာနဲ့ အမြုပ်ထ တဲ့အချိုရည်တွေမှာ ကက်ဖိန်းပါပြီး သူတို့ဟာ ခန္ဓာကိုယ်ရဲ့ အကျိုးအာနိသင်ထက်မြက်တဲ့ အာဟာရစုပ်ယူမှု့ကို နှောင့်ယှက်ရုံမက သူတို့ရဲ့လှုံဆော်တတ်တဲ့ အစွမ်းသတ္တိဟာ စိုးရိမ်သောကကို ပိုမိုဆိုးဝါးစေပါတယ်။ ဆေးကို ကော်ဖီ၊ လဘက်ရည်နှင့်သောက်ခြင်းသည် ဆေး၏အကျိုးအာနိသင်ကို ကိုယ်ခန္ဓာမှစုတ်ယူနိုင်မှု တွင်အဟန့်အတားဖြစ်စေ ပါတယ်။ သည်းခြေကျောက်တည်သူများ ကော်ဖီသောက်သုံးခြင်းဖြတ်သောက်သင့်ပြီး ဆေးဘက်ဝင် ချာမိုမိုင်း လဘက် ရည်ဟာ ပိုသင့်လျော်ပါတယ်။ အစာမကြေဖြစ်နေသူများ ကဖင်းဓာတ်ဟာ အစာမကြေခြင်းကိုပိုဖြစ်စေလို့ ကော်ဖီ၊ လဘက်ရည်နဲ့   ချောကလက်တွေကို မစားသုံးသင့်ကြောင်း ဖတ်ဖူးတဲ့စာပေစုများမှ ဝေမျှလိုက်ပါတယ်။

ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။

 

 

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..

   Send article as PDF