အင်းလေး တစ်ညအိပ် / နှစ်ရက် လူ ၂ဝ ဦးသတ်မှတ် ခရီးစဉ်

Myanmar DelightAugust 15, 20121min28920

Myanmar Delight Travels & Tours  ၏ စီစဉ်မှု ဖြင့် ယခုလာမည့် စက်တင်ဘာလ (၂၉  ) ရက်တွင် စိတ်ပါဝင်စားသူ ခရီးသွား (၂၀) ဦးအား အင်းလေး တစ်ညအိပ် / နှစ်ရက် ခရီးစဉ် အား သင့်တင့်သော နှုန်းထား ဖြင့် စီစဉ်ပေးရန်ရှိပါသည်။ ကြယ်လေးပွင့် အဆင့်ရှိသော Inle Resort Hotel ( http://www.inleresort.com/)တွင် နံနက်စာအပါဝင်တည်းခိုရန်စီစဉ် ပေးပါမည်။ ခရီးစဉ် အား လေယာဉ် (သို့မဟုတ်) Express Bus ဖြင့် စီစဉ်ပေးနိုင်ပါသည်။

လေယာဉ်ခရီးစဉ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

၂၉ စက်တင်ဘာ – ရန်ကုန်- အင်းလေး (နံနက် လေယာဉ်)

၃ဝ စက်တင်ဘာ – အင်းလေး – ရန်ကုန် (ညနေခင်းလေယာဉ်)

လေယာဉ် ဖြင့်သွားမည့် ခရီးစဉ် နှုန်းထား မှာ တစ်ဦးလျှင် ၂၅၀၀၀ဝ ကျပ် ( လူ ၂ဝ ဦး နှုန်း)

အထက်ပါခရီးစဉ် နှုန်းထား တွင် ပို့ဆောင်ရေးအနေဖြင့် လေယာဉ်၊ ဟဲဟိုးလေ ဆိပ်မှကားအကြိုအပို့၊ အင်းလေးကန်တွင်း မော်တော်စီစဉ်မှု တို့ပါဝင်ပါသည်။

အင်းလေးကန်တွင်းရှိ Inle Resort Hotel တွင် နံနက်စာ အပါအဝင် တစ်ညတာ တည်းခိုရန် စီစဉ်ပေးပါမည်။

နေ့လည်စာနှင့်၊ ညစာကို ဧည့်သည်မှ ကိုယ်ပိုင် စားရိတ်ဖြင့် ကျခံရပါမည်။

Express Bus ဖြင့်ခရီးစဉ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

၂၈ စက်တင်ဘာည – ရန်ကုန် – အင်းလေး ခရီးစဉ်အားစတင်ကာ ၂၉ စက်တင်ဘာ နံနက်တွင် အင်းလေး ရောက်ရှိလည်ပတ်ရမည်ဖြစ်ပါသည်။

၃ဝ စက်တင်ဘာ နံနက်ခင်း (သို့မဟုတ်) မွန်းလွဲတွင် အင်းလေးမှရန်ကုန်သို့ပြန်လည်ထွက်ခွာပါမည်။

Express Bus ခရီးစဉ်အား တစ်ဦးလျှင် ၁၀၀၀၀ဝ ကျပ် (လူ ၂ဝ ဦးနှုန်း) ဖြင့် စီစဉ်ပေးပါမည်။

အထက်ပါခရီးစဉ်နှုန်းထားမှာ ရန်ကုန်-အင်းလေး-ရန်ကုန် ကားခ နှင့်  အင်းလေးကန်တွင်းရှိ Inle Resort Hotel တွင် နံနက်စာ အပါအဝင် တစ်ညတာ တည်းခိုရန် စီစဉ်ပေးပါမည်။တစ်ရက်လျှင် ရေသန့်တစ်ဘူး နှင့် snow tower တစ်ခု ပါဝင်ပါသည်။ နေ့လည်စာနှင့် ညစာအား ဧည့်သည်မှ ကိုယ်ပိုင်စားရိတ်ဖြင့်ကျခံရပါမည်။

စိတ်ပါဝင်စားသူများ အောက်ပါလိပ်စာသို့ အမည်၊ မှတ်ပုံတင်နံပါတ် နှင့်တကွ အောက်ပါဖုန်းနံပါတ်နှင့် လိပ်စာသို့ ဆက်သွယ်နိုင်ပါသည်။

 

Dr. မြင့်ရွှေစင် (Managing Director)

Myanmar Delight Travels & Tours

mobile – 09-5012519, office phone – 01-651833

              အမှတ် – ၈၉၉၊  အောင်စေတီ ကျောင်းလမ်း (၁၀) မိုင် (၇) ရပ်ကွက်၊စော်ဘွားကြီးကုန်း၊ အင်းစိန်။

20 comments

  • Mလုလင်

    August 15, 2012 at 5:16 pm

    ကြေညာ ကြီး ကို ပိုစ့်တင်တယ်.. ဟုတ်လား .. နောက်ပြီး ဈေးကလဲ များနေသေးတယ်။

    • အရီးခင်လတ်

      August 15, 2012 at 6:28 pm

      မောင်လုလင် ရေ့

      သူကြီး က ကြော်ငြာ ခွင့် ပေးထားတယ် လို့ ထင်တာပါဘဲ။ 🙂

      ရွာ့ အလှူတွေမှာ ပါဝင်ဖို့ အင်အား တိုးလာလို့လဲ ဝမ်းသာပါတယ်။ 😉

      • Mလုလင်

        August 16, 2012 at 5:31 am

        11. ပုဂ္ဂိုလ်ရေးထိခိုက်စေသော ပို့စ်၊ကော်မန့်များကို ကာယကံရှင်မှ အယ်ဒီတာထံ ကန့်ကွက်စာအီးမေးလ်ပေးပို့ပြီး ဖျက်ပေးရန် တောင်းဆိုစေလိုသည်။ ထိုကဲ့သို့သော ပို့စ်တင်သူအား ပွိုင့်၁၀၀ဝ နှုတ်ပါမည်။
        – မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ
        – တောင်းပန်စာ၊ ကျေးဇူးတင်လွှာ ကြော်ငြာ တိုင်စာများ ကိုဖိုရမ်တွင် ရေးကြပါရန်။

        ညာဘက်က စည်းကမ်း မှာတော့ အထက်ကလို ရေးထားပါကြောင်း …။

        • Mလုလင်

          August 16, 2012 at 5:36 am

          အဲလို သာ ကြေညာတွေကို လက်ခံ နေမယ်ဆိုရင် .. (WEB UI မပြောင်းသေးသရွေ ့တော့) အားရပါးရ ပိုစ့် ရေး နေကြတဲ့ ဆြာသမား တွေ အတွက် အားနာ စရာပါပဲ..။ သူတို့ရေးထားတဲ့ ပိုစ့် တွေ ခဏလေး နဲ့ First Page က ပျောက်သွားကြမှာကိုတော့ မလိုချင်တာ အမှန်ပါ…။
          မှတ်ချက်။ ။ ကျွန်တော် တို့ connection က စိတ်ကောင်းဝင်မှ Second Page ကို သွားလို့ရတာ နော် … အဲဒါလေး ပါ အရီးခင်လတ် ရေ ….။

        • Myanmar Delight

          August 16, 2012 at 11:51 am

          M လုလင်ရဲ့ comment တွေများနေပါတယ်… manawphyulay ပြောပုံကလည်းတစ်မျိုးလေးပါဘဲ..ကဏ္ဍစုံလင်တဲ့ မန်း ဂေဇက်လို့မြင်မိလို့….အများပြည်သူကို..သိစေချင်လို့…တင်လိုက်မိတဲ့ပို့စ်ပါ…
          ပို့စ်အတွက်..ထိခို်က်နစ်နာစရာတွေ ဖြစ်သွားပါလျှင်….နောက်နောင် log in မဝင်မိစေရန်ဆင်ခြင်ရပါတော့မည်။ စိတ်အနှောင့်ယှက် ဖြစ်သူအားလုံးကို..အနူးအညွတ်တောင်းပန်ပါသည်။

      • kai

        August 16, 2012 at 2:27 pm

        ကိုရင်Mလုလင် ကို .. respect ပေးတဲ့အနေနဲ့..ဘာပြောမှန်းမသိဘူးဖြစ်သွားပါတယ်..
        ဟုတ်ပါတယ်..။
        တကယ်တော့.. ကျော်ငြာက.. ဖိုရမ်မှာရေးရမှာပါ..
        ဒါပေမဲ့.. ကိုရွှေဖိုရမ်က.. လူစိတ်မဝင်စား..မဖတ်ကြတဲ့အပြင်.. ဘာကြောင်နေမှန်းမသိတာမို့..စည်းကမ်းကျော်ပြီး ဒီထဲပေးတင်တယ်လို့..ကျုပ်ကပဲ.. ပြောဖူးပါတယ်..။ အရီးလတ်က.. အဲဒါကိုပြောတာဖြစ်ပါလိမ့်မယ်..။
        ကိုရင်Mလုလင် ပြောသလို.. First Page ကပေါ်လာတာခက်တာမို့.. အဲဒီထဲကြာကြာရှိနေအောင်.. ကြိုးစားစားပန်းစားရေးထားသူတွေကို.. စာနာတဲ့အနေနဲ့.. ကျော်ငြာတွေချည်းလည်း..မတင်ကြစေလိုပါဘူး..။ ကြားထဲက..ကျုပ်ကပဲ.. ချိန်ဆကြည့်နေပါ့မယ်..။
        ကျော်ငြာများလာရင်.. ကျော်ငြာတွေကို..First Page ကဖြူတ်ချပါ့မယ်..။

        အဲဒီအတွက်လည်း.. Category ခွဲလုပ်ပေးထားပါတယ်..။
        အခု.. Copy/Paste ဖြစ်နေတာကို..classifieds, Personal Ad. ပြင်ပေးလိုက်ပါတယ်..

        ဆိုတော့…
        ယူအက်စ်ကမြန်မာပြည်လည်လည်ပြန်သူတွေ.. အခုကျော်ငြာဖတ်နိုင်ကြမှာပါ..။ ဖတ်ပြီးစိတ်ဝင်စားရင်ဆက်သွယ်ပါလိမ့်မယ်..

        လူရပါစေကြောင်း…
        ကျုပ်တောင်.. အင်းလေးမရောက်ဖူးလို့ စိတ်ဝင်စားမိပါကြောင်း…
        မင်းထင်ကိုကိုကြီးရဲ့.. အင်းသီးဆိုတဲ့ documentary ကားကြည့်ပြီး.. အဲဒီကခရမ်းချဉ်သီးတွေကို ..သေသေချာချာလေ့လာကြည့်ချင်မိကြောင်း… :mrgreen:

    • Myanmar Delight

      August 16, 2012 at 12:15 pm

      Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….

      • Mလုလင်

        August 16, 2012 at 1:15 pm

        ညာဘက် column မှာ Do & Don’t (Rules) ဆိုတာ ဖတ်ပြီး ကျေနပ် နိုင်ပါစေ လို့ ဆုတောင်း ပါတယ်။

        အဲဒါက သူကြီး ပြောရမယ့် ကိစ္စ . ကျုပ်က .. မနေနိုင် မထိုင်နိုင် (ကြီးဒေါ်နွားဝင်ကျောင်း) တာဝန်သိသိ နဲ့ သတိ ပေးတဲ့ သဘောပဲ …. အင်း ~~~~~ အနိစ္စ .. အနိစ္စ

        • အရီးခင်လတ်

          August 16, 2012 at 4:39 pm

          အမာခံ ရွာသား အနေ နဲ့ ပြောသာပြော ပါ မောင်လုလင် ရယ်။
          Problem မဟုတ်ပါဘူး။
          Solution ပါ။ 🙂

      • Mလုလင်

        August 16, 2012 at 8:36 pm

        Myanmar Delight ရေ .. ဒီလို ပဲ .. ဖြစ်တတ်ပါတယ်ဗျာ . ဒါက ရွာဓလေ့ပါ။ မာကက်တင်း သမား ဆိုတာ ..ဒီလောက်တော့အပျော့ … ဖြစ်နေသင့်တယ် မဟုတ်လားဗျာ …
        ကြိုဆိုပါတယ်နော့ … အဲဒါလေး …

  • manawphyulay

    August 15, 2012 at 5:38 pm

    အမယ်လေး ခရီးသွားလုပ်ငန်းတွေ ဘယ်တွေရောက်လာတာတုန်း… ကြေငြာကုန်ကြပြီ။ အလကားပို့ပေးမှာကြနေတာပဲ။ ဟွန်း မရောက်ဖူးလို့ ဝင်ကြည့်မိတာ။

  • မောင်ပေ

    August 15, 2012 at 9:30 pm

    ကျွန်တော်ကတော့ မြန်မာဒီလိုက် ရဲ ့ပို ့စ် ကို ကြိုဆိုပါတယ်
    ဒီလိုမျိုး ဈေးနှုန်းနဲ ့အနေအထားနဲ ့ပေးမယ့်ဝန်ဆောင်မှု အချက်အလက်အားလုံးကို တင်ပြပေးထားတဲ့အခါကြတော့ သွားချင်တဲ့သူတွေအတွက် သွားဖို ့ကြိုးစားနေသူတွေအတွက် ကောင်းတာပေါ့ဗျာ…
    နောက်ထပ် တစ်ခြားခရီးစဉ်ပို ့စ်တွေလဲ ရှိရင် ဆက်တင်ပေးပါဦး

  • ကိုရင်မောင်

    August 15, 2012 at 10:09 pm

    [:-bd][:-bd]

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • ကြောင်ကြီး

    August 16, 2012 at 10:50 am

    နှစ်သိန်းခွဲဆိုတော့ သွားဖို့အစီအစဉ်ရှိပြီး အချိန်သိပ်မပေးနိုင်သူ သိပ်အကုန်အကျ မခံလိုသူများ နှစ်သက်မယ်ထင်ပါတယ်။ ဒါနဲ့ ညအိပ်ရင် ဘယ်လိုအိပ်ရမှာလဲ၊ အနော်တို့က ရပ်ဝေးခရီးသွားရင် တယောက်ခန်း လိုချင်ပေမဲ့ သရဲကြောက်တတ်တယ်၊ ပြီးတော့ တစိမ်းတရံနဲ့လည်း အတူတူ မအိပ်တတ်ဘူး…။ တခုခုတော့ စီစဉ်ပေးပါ။ :mrgreen:

    • ဂန္ဓာရီ ဆြာအုပ်

      August 16, 2012 at 12:25 pm

      တရံနဲ့မအိပ်တတ်ရင် ၂ ရံယူဗျာ

      • etone

        August 16, 2012 at 12:58 pm

        ဦးကြောင် စိတ်မပူနဲ့ … ကားထဲမှာကြက် …. အဲ … ကြွက် ….ထည့်လာပေးမယ်တဲ့ ……. အထူး ဧည့်သည်တော်ဦးကြောင် အတွက်တဲ့ ……… ခွိခွိ ။ 😀 😀

  • etone

    August 16, 2012 at 12:55 pm

    အမှန်တိုင်းပြောရလျှင် package ခရီးစဉ်မို့ … ဈေးက .. သာမာန်ထက် သိသိသာသာကြီးများနေပါတယ် … ။
    ဒါပေမယ့်လည်း … ဘယ်သွားပြ၊ီး ဘယ်လို ချိတ်ဆက်တည်းခိုရမလဲ မသိသူတွေ အတွက်တော့ … ဒီလို package မျိုးချိတ်ပြီး သွားတာ … အဆင်ပြေပါလိမ့်မယ် … ။

  • ko khin kha

    August 16, 2012 at 1:18 pm

    နေ့လည်စာနှင့် ညစာအား ဧည့်သည်မှ ကိုယ်ပိုင်စားရိတ်ဖြင့်ကျခံရပါမည်။
    အဲဒီတစ်ချက်စဉ်းစားရမှာ တည်းခိုရတဲ့ ဟိုတယ်က US$ ဈေးနဲ့သတ်မှတ်ပြီး ပြင်ပပေါက်ဈေးနဲ့ ကျပ်ဖွဲ့ပြီး အစားအသောက်ကို ပေးရရင် တခါတလေ စားရတာမတန်ဖြစ်လိမ့်မယ်၊ သွားမယ့်သူများအနေနှင့် တည်းခိုမည့်ဟိုတယ်ကို ကြိုတင်မေးသင့်တယ်ထင်ပါတယ်။
    ပါရှိတဲ့ဈေးကတော့ များပေမယ့် စတိုင်ကျကျလေးတော့ သွားရမှာပေါ့ package ဆိုတော့—-။

  • အရီးခင်လတ်

    August 16, 2012 at 4:37 pm

    အရီး ဝင်ရှုပ် လိုက်လို့ ပိုပြီး နားလည်မှု တွေ လွဲ ကုန်တာ ပါ။
    စိတ်မရှိကြပါနဲ့။
    အရီး ဘဲ နှစ်ဖက်လုံးကို တောင်းပန်ပါတယ်။

    မြန်မာပြည် က ကိုးနတ်ရှင်ကြောင့်မို့ မောင်လုလင် ပြောတာ လို့ အရီး နားလည်ပါပြီ။
    ကိုယ်က အဲဒီနေရာ မှာ မရှိရင် အကြောင်းတစ်ခု ကို အမှန်မြင်ဖို့ ခက်ပါတာမို့ အရီး ဝင်ပြောမိတာ ကြောင်လွှတ် ပါဟေ့။ 😉

    ဒီလို ပွင့်ပွင့်လင်းလင်း ပြောလိုက်ကြတော့ စိတ်မရှင်း စရာ မရှိလောက်တော့ ပါဘူး။
    Myanmar Delight အနေ နဲ့ လဲ မောင်လုလင်ပြောတာ ဘာကြောင့် ဆိုတာ သဘောပေါက် မှာပါ။
    မြန်မာပြည် က ဝင်နေတာဖြစ်ရင်တော့ ပိုပြီး သိမှာပါ။
    ဒီတော့ သူကြီး မှ ဝင်ပြီး အကျိုးဆောင်မှာ ဖြစ်လို့ စိတ်ရှင်းရှင်း နဲ့ ကြော်ငြာ ကြပါ။
    မြန်မာပြည် ရဲ့ ကိုးနတ်ရှင် မြန်ဆန် စေဖို့ လဲ မေတ္တာပို့ ဆုတောင်းကြပါစို့။

    စကားချပ် –
    Myanmar Delight နဲ့ ကျွန်မ လုံးဝ မသိကြောင်း ကို လဲ ရှင်းပြလိုက် ပါသည်။
    ရွာမှာ အရသာ စုံအောင် မို့ပါ။ 🙂

Leave a Reply