***မိခင်မြတ်သို့ .. ဖတ်ဖို့ စာ***

 

 

မိခင် ကျေးဇူး

ဂုဏ်ရည်ထူးအား
ကဗျာ ဦးဖြင့်
စာရူး အကျွန်
လွန်တာ ရှိသော်
ကော်ရော် ဦးခိုက်
သားလူမိုက် အား
ခွင့်လွှတ် ငြားစေ
မွေးမေမေ သို့ 
ဖတ်ဖို့ ကဗျာ
စာတစ်ထွာ နှင့်
အမှာ ပါးလိုက်
ပါတယ် အမေ …၊

သားလှလိမ္မာ
ကဗျာ တွင်ရူး
စာတွင် မူးသူ
ထူးပြီး မလာ
စာပေနယ် ၌
ပျော်ပိုက် မေ့သား
အားအား လျားလျား
စကား များသူ
နားများ ပူအောင်
မတူ တာညှိ
တူတာ ရှိယူ
အထိမခံ
အမှန် ဘက်ရပ်
ပေါက်ကွဲ တတ်သူ
ညံဆူဆူ ပေါ့ ….၊

နည်းမှန် လမ်းမှန်
သည်းခံ တတ်အောင်
ရှေ့ဆောင် လမ်းပြ
ဆုံးမ ပဲ့ပြင်
မာတာ ရှင်ငဲ့ ….
အိုဘယ့် ကျေးဇူး
ဆပ်လို့  ဖူးချင်
ဘုရားရှင် နှင့်
တစ်ဂိုဏ်း ထဲထား
သား အဝေးက
လွမ်းရတိုင်းရေး
ကဗျာ တေးသွား
အတွေး အားထက်
အလေးထား လျက်
ကလေးကလား လက်နဲ့ 
ဖတ်ဖို့ စာလွှာ
ကဗျာ သီကုံး
ပန်းတစ်ကုံး မဖြစ်
ခွင့်လွှတ် ခံစား
မေ့သား ကဗျာ
အမှား ပါလျှင်
အားနာ ပါရဲ့
အို … မိခင် ….၊

မိခင်မြတ် သို့ 
ရက်ဆက် နေ့ စဉ်
သွင်သွင် မေတ္တာ
ပို့ လွှတ်ပါ ၏
လွမ်းတာ ဆွေးတာ
ကျန်းမာ ပါစ
သတိရ ကြောင်း
နောက်ကြောင်း ပြန်တွေး
ကလေးလေး ဘဝ
ပြန်လို့  တမ်းတ …
ဘ၀ ဆိုတာ
ခါးတယ် အမေ …၊

အနားမှာ မနေ ..
သားစာ တွေရေး
အနာဂတ် ကိုတွေး
အဝေးဆုံး သွား
လမ်းများ စွာလျှောက်
သားခြေထောက် မှာ
ဗွေ ပါခဲ့သလား
ငွေ စ နောက်လိုက်
ရလိုက် ကုန်လိုက်
ကုန်လိုက် ရှာလိုက်
လုံးချာလိုက် တုန်း
သီကုံး ကဗျာ
စာမဆုံး ခင်
အမေ ပြုံးနေ မလား ဘဲ ….၊

ဘာပဲ ဖြစ်ဖြစ်
သားချစ် တာ အမေ
မမှားသင့် တာတွေ
စကား မချင့် တာတွေ
မသွားသင့် တာတွေ
တွေဝေ ခြင်းမဲ့
ဆုံးမ ပဲ့ပြင်
အားအင်  ပေးသနား
လောကီ သားအတွက်
အမြတ်ထွက် အောင်
မေတ္တာ ဂုဏ်ရောင်
ပြောင်မြောက်  ကျေးဇူး
မြင့်မိုရ်ဦး ကို
ဦးနှိမ် ချိုးချ
မာန်ကို ချလျှက်
ဖူးလိုက် ပါ၏
မိခင် ကျေးဇူး
ဂုဏ်ထူး ကို ..။။။

About maung khinmin

maung khinmin has written 85 post in this Website..

   Send article as PDF