***မိခင်မြတ်သို ့… ဖတ်ဖို ့စာ***

maung khinminAugust 15, 20121min944

***မိခင်မြတ်သို ့.. ဖတ်ဖို ့စာ***

 

 

မိခင် ကျေးဇူး

ဂုဏ်ရည်ထူးအား
ကဗျာ ဦးဖြင့်
စာရူး အကျွန်
လွန်တာ ရှိသော်
ကော်ရော် ဦးခိုက်
သားလူမိုက် အား
ခွင့်လွှတ် ငြားစေ
မွေးမေမေ သို ့
ဖတ်ဖို ့ကဗျာ
စာတစ်ထွာ နှင့်
အမှာ ပါးလိုက်
ပါတယ် အမေ …၊

သားလှလိမ္မာ
ကဗျာ တွင်ရူး
စာတွင် မူးသူ
ထူးပြီး မလာ
စာပေနယ် ၌
ပျော်ပိုက် မေ့သား
အားအား လျားလျား
စကား များသူ
နားများ ပူအောင်
မတူ တာညှိ
တူတာ ရှိယူ
အထိမခံ
အမှန် ဘက်ရပ်
ပေါက်ကွဲ တတ်သူ
ညံဆူဆူ ပေါ့ ….၊

နည်းမှန် လမ်းမှန်
သည်းခံ တတ်အောင်
ရှေ့ဆောင် လမ်းပြ
ဆုံးမ ပဲ့ပြင်
မာတာ ရှင်ငဲ့ ….
အိုဘယ့် ကျေးဇူး
ဆပ်လို ့ ဖူးချင်
ဘုရားရှင် နှင့်
တစ်ဂိုဏ်း ထဲထား
သား အဝေးက
လွမ်းရတိုင်းရေး
ကဗျာ တေးသွား
အတွေး အားထက်
အလေးထား လျက်
ကလေးကလား လက်နဲ ့
ဖတ်ဖို ့စာလွှာ
ကဗျာ သီကုံး
ပန်းတစ်ကုံး မဖြစ်
ခွင့်လွှတ် ခံစား
မေ့သား ကဗျာ
အမှား ပါလျှင်
အားနာ ပါရဲ့
အို … မိခင် ….၊

မိခင်မြတ် သို ့
ရက်ဆက် နေ ့စဉ်
သွင်သွင် မေတ္တာ
ပို ့လွှတ်ပါ ၏
လွမ်းတာ ဆွေးတာ
ကျန်းမာ ပါစ
သတိရ ကြောင်း
နောက်ကြောင်း ပြန်တွေး
ကလေးလေး ဘဝ
ပြန်လို ့ တမ်းတ …
ဘဝ ဆိုတာ
ခါးတယ် အမေ …၊

အနားမှာ မနေ ..
သားစာ တွေရေး
အနာဂတ် ကိုတွေး
အဝေးဆုံး သွား
လမ်းများ စွာလျှောက်
သားခြေထောက် မှာ
ဗွေ ပါခဲ့သလား
ငွေ စ နောက်လိုက်
ရလိုက် ကုန်လိုက်
ကုန်လိုက် ရှာလိုက်
လုံးချာလိုက် တုန်း
သီကုံး ကဗျာ
စာမဆုံး ခင်
အမေ ပြုံးနေ မလား ဘဲ ….၊

ဘာပဲ ဖြစ်ဖြစ်
သားချစ် တာ အမေ
မမှားသင့် တာတွေ
စကား မချင့် တာတွေ
မသွားသင့် တာတွေ
တွေဝေ ခြင်းမဲ့
ဆုံးမ ပဲ့ပြင်
အားအင်  ပေးသနား
လောကီ သားအတွက်
အမြတ်ထွက် အောင်
မေတ္တာ ဂုဏ်ရောင်
ပြောင်မြောက်  ကျေးဇူး
မြင့်မိုရ်ဦး ကို
ဦးနှိမ် ချိုးချ
မာန်ကို ချလျှက်
ဖူးလိုက် ပါ၏
မိခင် ကျေးဇူး
ဂုဏ်ထူး ကို ..။။။

4 comments

  • Khaing Khaing

    August 15, 2012 at 11:58 am

    သားတစ်ယောက်က မိခင်ကို ဂုဏ်ပြုထားတဲ့ ကဗျာလေးပါပဲ ……… ကိုယ်တိုင်ကမိခင်ဖြစ်တော့ ဒီလိုစာလေးတွေဖတ်ရတိုင်း မိခင်ဘက်ကခံစားချက်နဲ့ပျော်ရွှင်မိတယ် ….. သို့ပေမယ့် လိုချင်တာသာရှိတာ ကိုယ်ကတော့ ကိုယ်ချင်းစာတတ်တဲ့နှလုံးသားမရှိဘူး ……. သူများသားကို ကိုယ်တစ်ဦးတည်းပိုင် အနိုင်လို ချင်တဲ့ အတ္တစိတ်ရှိနေတယ် ………. မိန်းမတစ်ယောက်ရဲ့အတ္တပေ့ါ …..

  • shwe kyi

    August 15, 2012 at 12:23 pm

    မိခင်မြတ်သို့ဖတ်ဖို့စာကို
    ကဗျာသီကုံး
    ရေးဖွဲ့ထုံးကို
    လွန်စွာအားကျမိပါသည်။

  • မောင်ပေ

    August 15, 2012 at 9:24 pm

    ဂွတ်တယ်ဗျား
    ဒါမျိုးလေး ရေးတတ်ချင်စမ်းပါဘိ

Leave a Reply