ဆည်းဆာအချိန်

တစ်နေ့ကညနေဖက် ရုံးဆင်းတော့ရန်ကုန်က ကျောင်းနေဖက်သူငယ်ချင်းရောက်နေပြီး မန္တလေးတောင်သွားချင်တယ်ဆိုလို့ လိုက်ပို့ပေးဖြစ်တယ်လေ။

တောင်ပေါ်ရောက်တော့ နေ၀င်ချိန် ( Sun Sit ) ဖြစ်တဲ့ ဆည်းဆာအလှကို ကြည့်မယ့်သူတွေ၊ ဆည်းဆာအလှရှုခင်းကို ဓာတ်ပုံရိုက်ဖို့စောင့်တဲ့သူတွေ အများကြီးနေရာယူရောက်နေတာတွေ့လိုက်ရတယ်၊ ခရီးသွားဧည့်သည် နိုင်ငံခြားသားတွေက ပိုများတာပေါ့။ ပြီးခဲ့တဲ့နှစ် ပုဂံရောက်ခဲ့စဉ်တုံးကလည်း ဆည်းဆာအလှနဲ့ပုဂံရှုခင်းကို တန်ဖိုးထားဓာတ်ပုံရိုက်မယ့် ခရီးသွားတွေအများကြီးတွေ့ခဲ့ရတယ်။

မနက်အာရုံတက်အလင်းပြပြဖြာလို့ အရှေ့ဆီကနေ ထွက်ပေါ်လာတဲ့ ရှင်နေမင်းကြီးသည် စွမ်းသမျှအပူ၊ အလင်းအားနဲ့ တစ်နေ့တာခရီးကိုဖြတ်သန်းခဲ့ရလို့   မောလျှသောအသွင်သဏ္ဍန်နဲ့ အားပျော့စွာဖြင့် တဖြေးဖြေးမှေးမှိန်ပျောက်ကွယ်သွားတော့မယ့်စဲစဲ ကျန်သေးတဲ့အင်အားလေးနဲ့ အလင်းပေးလို့ဖြစ်လာ တဲ့ ရှုခင်းလေးတွေကိုတောင် ဆည်းဆာအလှရယ်လို့ တယုတယ အမြတ်တနိုး ဓာတ်ပုံရိုက်ကြတဲ့ သူတွေမဟုတ်ပါလားဗျာ။

အဲဒီမှာ အတွေးလေးတစ်ခုဖြစ်မိတယ် လူရယ်လို့မွေးဖွားခဲ့ပြီး ဘ၀တစ်လျှောက်လုံး အမျိုးမျိုးအဖုံဖုံ တစ်ချို့လည်းကံကောင်းစွာနဲ့ တစ်ချို့လည်း ရုန်းကန်လှုပ် ရှားရင်း အသက်အရွယ်တွေကြီးရင့်ခဲ့ပြီး ဘ၀နေ၀င်ချိန်မရောက်သေးခင် ကာလဖြစ်တဲ့ ဆည်းဆာဘ၀ အချိန်လေးကို ဖြတ်သန်းနေကြရသော အဖိုး၊အဖွားတွေ မှာ အဆင်ပြေလှပပြည့်စုံစွာ ဖြတ်သန်းနေကြရတာတွေရှိသလို တစ်ချို့မှာ မပြည့်မစုံနဲ့ဖြတ်သန်းနေကြရတာတွေ အမှီအခိုမဲ့စွာ ဖြတ်သန်းနေကြရတာတွေ ရှိနေကြတာမို့  နေ၀င်ဆည်းဆာ ( Sun Sit ) ကို လှပအောင်ကြည့်တတ်သလိုမျိုး ကြည့်တတ်၍ သူတို့ဆည်းဆာ ဘ၀အချိန်လေးကိုလည်း အလှပဆုံး   ဖြတ်သန်းသွားစေနိုင်မယ်ဆိုရင်ဖြင့်—–လို့။

လူသားတိုင်း ဘ၀ဆည်းဆာအချိန်လေး လှပပါစေလို့ဆန္ဒမွန်ဖြင့်——။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..

   Send article as PDF