ဆည်းဆာအချိန်

ခင္ခAugust 15, 20121min8010

ဆည်းဆာအချိန်

တစ်နေ့ကညနေဖက် ရုံးဆင်းတော့ရန်ကုန်က ကျောင်းနေဖက်သူငယ်ချင်းရောက်နေပြီး မန္တလေးတောင်သွားချင်တယ်ဆိုလို့ လိုက်ပို့ပေးဖြစ်တယ်လေ။

တောင်ပေါ်ရောက်တော့ နေဝင်ချိန် ( Sun Sit ) ဖြစ်တဲ့ ဆည်းဆာအလှကို ကြည့်မယ့်သူတွေ၊ ဆည်းဆာအလှရှုခင်းကို ဓာတ်ပုံရိုက်ဖို့စောင့်တဲ့သူတွေ အများကြီးနေရာယူရောက်နေတာတွေ့လိုက်ရတယ်၊ ခရီးသွားဧည့်သည် နိုင်ငံခြားသားတွေက ပိုများတာပေါ့။ ပြီးခဲ့တဲ့နှစ် ပုဂံရောက်ခဲ့စဉ်တုံးကလည်း ဆည်းဆာအလှနဲ့ပုဂံရှုခင်းကို တန်ဖိုးထားဓာတ်ပုံရိုက်မယ့် ခရီးသွားတွေအများကြီးတွေ့ခဲ့ရတယ်။

မနက်အာရုံတက်အလင်းပြပြဖြာလို့ အရှေ့ဆီကနေ ထွက်ပေါ်လာတဲ့ ရှင်နေမင်းကြီးသည် စွမ်းသမျှအပူ၊ အလင်းအားနဲ့ တစ်နေ့တာခရီးကိုဖြတ်သန်းခဲ့ရလို့   မောလျှသောအသွင်သဏ္ဍန်နဲ့ အားပျော့စွာဖြင့် တဖြေးဖြေးမှေးမှိန်ပျောက်ကွယ်သွားတော့မယ့်စဲစဲ ကျန်သေးတဲ့အင်အားလေးနဲ့ အလင်းပေးလို့ဖြစ်လာ တဲ့ ရှုခင်းလေးတွေကိုတောင် ဆည်းဆာအလှရယ်လို့ တယုတယ အမြတ်တနိုး ဓာတ်ပုံရိုက်ကြတဲ့ သူတွေမဟုတ်ပါလားဗျာ။

အဲဒီမှာ အတွေးလေးတစ်ခုဖြစ်မိတယ် လူရယ်လို့မွေးဖွားခဲ့ပြီး ဘဝတစ်လျှောက်လုံး အမျိူးမျိုးအဖုံဖုံ တစ်ချို့လည်းကံကောင်းစွာနဲ့ တစ်ချို့လည်း ရုန်းကန်လှုပ် ရှားရင်း အသက်အရွယ်တွေကြီးရင့်ခဲ့ပြီး ဘဝနေဝင်ချိန်မရောက်သေးခင် ကာလဖြစ်တဲ့ ဆည်းဆာဘဝ အချိန်လေးကို ဖြတ်သန်းနေကြရသော အဖိုး၊အဖွားတွေ မှာ အဆင်ပြေလှပပြည့်စုံစွာ ဖြတ်သန်းနေကြရတာတွေရှိသလို တစ်ချို့မှာ မပြည့်မစုံနဲ့ဖြတ်သန်းနေကြရတာတွေ အမှီအခိုမဲ့စွာ ဖြတ်သန်းနေကြရတာတွေ ရှိနေကြတာမို့  နေဝင်ဆည်းဆာ ( Sun Sit ) ကို လှပအောင်ကြည့်တတ်သလိုမျိုး ကြည့်တတ်၍ သူတို့ဆည်းဆာ ဘဝအချိန်လေးကိုလည်း အလှပဆုံး   ဖြတ်သန်းသွားစေနိုင်မယ်ဆိုရင်ဖြင့်—–လို့။

လူသားတိုင်း ဘဝဆည်းဆာအချိန်လေး လှပပါစေလို့ဆန္ဒမွန်ဖြင့်——။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

10 comments

  • manawphyulay

    August 15, 2012 at 6:03 pm

    ငါ အိုသွားတဲ့အခါ ငါ့လက်ကို တွဲထားပေးပါ…
    ငါ ထမင်းစားတဲ့အခါ ဖိတ်သွားစင်သွားရင် မင်းကို ငယ်ငယ်က ကျွေးခဲ့တာကို မြင်ယောင်ပေးပါ…

  • ko khin kha

    August 15, 2012 at 7:15 pm

    ပထမဆုံးကွန်မန့်အတွက်ကျေးဇူးပါမနှောရေ။
    နာဂရချစ်သူရေ ချန်ထားခဲ့နိုင်ရင်ကောင်းဆုံးပေ့ါ ။

  • မောင်ပေ

    August 15, 2012 at 7:59 pm

    ကျွန်တော်ရဲ ့ကြားဖူးနားဝ သတင်းတစ်ခုကတော့ ၊ အစ္စရေးတွေဟာ ညနေ နေဝင်ပြီဆိုတာနဲ ့သူတို ့အတွက် မင်္ဂလာအချိန်ကို စရောက်တာပဲတဲ့ …။ မှန်လား မှားလား သိတဲ့သူတွေ ဖြေပေးကြပါဦး

  • ကိုခရေ
    အမြဲမရှောင်သာတွေ့ရမှာကတော့ ဘဝနေဝင်ချိန်ပါဘဲ။
    အဲဒီအချိန်မှာ ကြံ့ကြံ့ခံနိုင်အောင်ကြိုတင်ပြင်ဆင်ထားရမှာပါ။
    ဒါပေမယ့် နေဝင်ဆည်းဆာအချိန်တွေကတော့ အပြင်မှာ လွမ်းစရာကောင်းအောင်လှပါတယ်။

  • မမ အညာသူ

    August 16, 2012 at 9:40 am

    လူသားတိုင်းဟာနေဝင်ချိန်ကိုဖြတ်သန်းကြရမှာပါ
    နေဝင်ချိန်တွေလှပနိုင်ကျပါစေ…………………

  • laypai

    August 16, 2012 at 12:17 pm

    နေဝင်ဆည်းဆာအချိန်တွေကတော့ အပြင်မှာ လွမ်းစရာကောင်းအောင်လှသလို
    ဘဝ တိုင်းရဲ့ ဆည်းဆာ ချိန်ဟာ လဲ စာဖွဲ့ လို့ မကုန် နိုင် တဲ့ ရသ တွေ ပေးနေမယ် လို့ ထင် ပါတယ်။

  • အလင်းဆက်

    August 16, 2012 at 6:42 pm

    ကြည့်သောသူမြင် ၏ ။ ပေါ့လေ.။
    သို ့သော်..ကြည့်တတ်သောသူ ပို မြင် ၏ ပေါ့ နော် ။

    ပြတင်းပေါက် ကနေ…လူနှစ်ယောက် ..
    အပြင်ကို လှမ်းကြည့်လိုက်တယ်..တဲ ့
    တစ်ယောက်… အပြင်ဘက် က ရွှံ ့တွေကို မြင်တယ်…
    နောက်တစ်ယောက်ကတော့…
    ကောင်းကင်က ကြယ်တွေကို မြင်တယ်….တဲ ့ ။
    စိတ်ပညာ…ဘာသာရပ်ကို လေ့လာတုန်းက ဖတ်ခဲ့ရတာလေးပါ ။
    သတိရသွားလိ ု့…ပါ ။

    ခင်ခင် ခခ ရေ..

    အမြင် အယူအဆလေးတွေ..နဲ ့..ဆက်ပါဦးဗျ .။

    ခင်မင်စွာ

  • ko khin kha

    August 16, 2012 at 8:24 pm

    အလင်းဆက်ရေ ခခယယ နဲ့ အကူအညီတောင်းနေတဲ့ အဖိုး၊အဖွား တွေနဲ့ကြုံရင် ခင်ခင်မင်မင် လေး ကူညီပေးတတ်ရင် ရပါပြီဗျာ။

  • အလင်းဆက်

    August 16, 2012 at 9:09 pm

    ဟုတ်ကဲ ့ပါ.. ခင်ခင်ခခရေ…

    ခင်ခင်မင်မင်ဖြင့်..

    ဆက်ဆက်

Leave a Reply