ဃ = ဃနာ နို ့ဆွမ်း.လှူခွင့်ရသလိုမျိုး….

alinsettAugust 15, 20121min27113

ဥရုဝေဠတော၏ အနီး ‘သေနာ’မည်သော နိဂုံး ရှိ၏။ ထိုနိဂုံးသဌေး၏ သမီးသည် ‘သုဇာတာ’ မည်၏။ ထိုသတို့သမီးသည် အပျိုဘဝတုန်းက ညောင်ပင်ကြီးသို့ ချဉ်းကပ်၍ ‘အမျိုးတူ

သဌေးသားနှင့် လက်ထပ်ရအောင်, သားဦးရတနာရအောင် စောင်မပါ။ တောင့်တတိုင်း ပြည့်စုံလျှင် နှစ်စဉ် ပူဇော်ပါမည်’ဟု နတ်ကို တောင်းပန်ဖူး၏။ထို တောင့်တတိုင်း ပြည့်စုံသောကြောင့်

ကဆုန်လပြည့်နေ့၌ ရုက္ခစိုးနတ်မင်းကို နှစ်စဉ် ပူဇော်မြဲ ဖြစ်၏။

ထိုနေ့၌ကား ကျွန်မတစ်ယောက်နှင့်အတူ နံနက်စောစော အပူဇော်လာသောအခါ ညောင်ပင်အောက်၌ ထိုင်နေတော်မူသော အလွန်သပ္ပာယ်လှပသော ဘုရားအလောင်းကိုပင်

သူ့ကို စောင်မသော နတ်ဟု ထင်မှတ်၍ အလွန်ကြည်ညိုရကား နို့ဃနာဆွမ်းကို ရွှေခွက်ပါ လှူဒါန်း ဆက်ကပ်လေသည်။

(နို့ထမင်းပျစ်ပျစ်ကို ‘ဃနာနို့ထမင်း’ဟု ခေါ်၏။ ဃန = ပျစ်သော။)။ ။

သုဇာတာ၏ ဃနာနို့ဆွမ်းကို နေရဉ္ဇရာမြစ်ကမ်း၌ လေးဆယ့်ကိုးလုတ် ဘုဉ်းပေးတော်မူလေ၏။

ထိုသို့ ဘုဉ်းပေးပြီးလျှင် ‘ယနေ့ ဘုရားဖြစ်မည် မှန်လျှင် ဤရွှေခွက်သည် ရေညာသို့ ဆန်တက်ပါစေသတည်း’ဟု ဓိဋ္ဌာန်၍ မြစ်ရေမှာ မျှောလေ၏။

ရွှေခွက်လည်း ရေညာသို့ ဆန်တက်လေတော့သည်ထို့နောက် ထိုမြစ်ကမ်းနှင့် မလှမ်းမကမ်းဝယ် အင်ကြင်းတော၌နေ့သန့်စင်တော်မူ၏။

(နေ့အခါ၌ တရားဖြင့် စိတ်သန့်ရှင်းအောင် နေခြင်းကို

‘နေ့သန့်စင်’ဟု ခေါ်၏။)

ညနေချမ်း၌ကား ထိုနေရာမှ ဗောဓိညောင်ပင်သို့ ကြွတော်မူ၏။

ထိုသို့ ကြွတော်မူရာ၌ လမ်း၌ မြက်ရိတ်၍ ပြန်လာသော ပုဏ္ဏားတစ်ယောက်က ဘုရားအလောင်းအား မြက်စည်းကလေး ရှစ်စည်းကို လှူလိုက်လေသည်။့

ဘုရားအလောင်းတော်သည် ဗောဓိညောင်ပင်သို့ ရောက်သောအခါ အရှေ့ဖက်မှ ဗောဓိပင်သို့ ကပ်ဝင်၍ အသင့်ယူလာသော မြက်ရှစ်စည်းကို ဖြန့်ခင်းတော်မူ၏။

ထို့နောက် ဗောဓိပင်ကို နောက်ကျောပြုလျက် အရှေ့ဖက်သို့ မျက်နှာမူ၍ တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေတော်မူသည်။ထိုသို့ ထိုင်နေခြင်းကား အခြားအခါ ထိုင်နေခြင်းနှင့် မတူ။

“အရေ အကြော အရိုးတို့သာ ကြွင်းကျန်၍ အသားနှင့် အသွေးတွေ ခြောက်ခန်းသွားစေကာမူ ဘုရားမဖြစ်လျှင် ဤတင်ပလ္လင်ခွေကို မဖျက်တော့အံ့”ဟု အလွန် စွဲမြဲသော ဇွဲဝိရိယဖြင့်

ဓိဋ္ဌာန်၍ ထိုင်နေတော်မူခြင်း ဖြစ်သည်။ထိုသို့ ထိုင်နေပြီးလျှင် အာနာပါနကမ္မဋ္ဌာန်း ဘာဝနာကို စီးဖြန်းပွားများနေတော်မူသည်။ထိုအချိန်၌ နေ မဝင်သေး။ဗောဓိပင်မှ အရွက်ဟောင်းများသည်

တဖြောက်ဖြောက် ကြွေကျ၍ အရွက်သစ် အညွန့်ကလေးတွေ သန္တာနီကလေးများကဲ့သို့ ထွက်နေကာ လွန်စွာ ကြည်နူးဖွယ်ရာ အချိန်ပါပေတည်း။

ထိုသို့ ထိုင်နေပုံကို မြင်ရသော မာရ်နတ်သည် အနှောင့်အယှက် ပေးလိုသောသဘောဖြင့် သူ၏ အာဏာ ပျံ့နှံ့ရာဖြစ်သော နတ်စစ်သည်အပေါင်းကို ဆင့်ခေါ်၍ သူကိုယ်တိုင်လည်း

ဂိရိမေခလာ ဆင်ပြောင်ကြီးကို တက်စီးကာ စစ်တပ်ကြီး ချီ၍ လာလေသည်။ထိုသို့ စစ်တပ်ချီ၍ လက်နက်မျိုးစုံ ခြိမ်းခြောက်သံ မျိုးစုံတို့ဖြင့် အနှောင့်အယှက်ပေးနေသော မာရ်နတ်ကို

ဘုရားအလောင်းတော်သည် လေးသချေင်္နှင့် ကမ္ဘာတစ်သိန်းပတ်လုံး ဖြည့်ကျင့်တော်မူခဲ့သော ပါရမီတော်စစ်တပ်ဖြင့် ခုခံတော်မူလေ၏။

နောက်ဆုံး၌ ‘ဝေဿန္တရာမင်းဘဝတုန်းက ဒါနပါရမီဖြည့်တော်မူစဉ် အသင်မြေကြီးသည် ပြင်းထန်စွာ တုန်လှုပ်ဖူးသည် မဟုတ်လော’ဟု မိန့်တော်မူ၍

လက်တော်ဖြင့် မြေကြီးကို ညွှန်ပြတော်မူလိုက်ရာ သွက်သွက်ခါအောင် ပြင်းထန်စွာ တုန်လှုပ်လေသည်။ထိုအခါ ဂိရိမေခလာဆင်ပြောင်ကြီးသည် ဒူးတုပ်၍ ဝပ်နေရ၏။စစ်တပ်တို့လည်း

လန့်ပြေးကြ၏။

ဤသို့ နေမဝင်မီ မာရ်နတ်ရန်ကို အောင်တော်မူပြီးနောက် တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေမြဲ ထိုင်နေကာ ကမ္မဋ္ဌာန်းဘာဝနာကို ဆက်လက်၍ ပွားများတော်မူလေသည်။

ကမ္မဋ္ဌာန်းဘာဝနာတို့ကို ဆက်လက်၍ ကြိုးစားတော်မူသော ငါတို့ ဘုရားအလောင်းတော်သည် ညဉ့်ဦးယာမ်အချိန်မှာ ‘ပု’=ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူ၏။ ထိုဉာဏ်၏

အစွမ်းဖြင့် ရှေးရှေး ဘဝများစွာ၌ ဖြစ်ခဲ့သမျှအားလုံးကို သိတော်မူသည်။

(ပုဗ္ဗေ=ရှေးရှေးဘဝ၌ + နိဝါသ=နေထိုင်ခဲ့သမျှကို + အနုဿတိ=အောက်မေ့နိုင်ခြင်း)

ထို့နောက် သန်းခေါင်ယာမ်ခေါ် ညဉ့်လယ်ယာမ်၌ ‘ဒိ’=ဒိဗ္ဗစက္ခုကို ရတော်မူ၏။ထိုဉာဏ်၏အစွမ်းဖြင့်

နတ်မျက်စိကဲ့သို့ အလွန်ဝေးကွာသောအရပ်မှာ ရှိသော သတ္တဝါတို့ကိုလည်းကောင်း၊အလွန်သေးငယ်စွာသော သတ္တဝါတို့ကိုလည်းကောင်းမြင်တော်မူရသည်။

(ဒိဗ္ဗ=နတ်မျက်စိနှင့်တူသော + စက္ခု=ဉာဏ်အမြင်)

ထို့နောက် မိုးသောက်ယာမ်ခေါ် နောက်ဆုံးယာမ် အရုဏ်တက်အချိန်၌ ‘အာ’=အာသဝက္ခယဉာဏ်ခေါ် အရဟတ္တမဂ်ဉာဏ်ကို ရတော်မူ၏။

ထိုဉာဏ်၏အစွမ်းဖြင့် စိတ်အစဉ်မှာ

ကိန်းဝပ်နေသော ကိလေသာတွေ အကြွင်းအကျန် မရှိ ကုန်ခန်းသွားလေသည်။ထိုသို့ အရဟတ္တမဂ်ဉာဏ် ရလျှင်ပင် သဗ္ဗညုတာဉာဏ်ဟု ခေါ်သော ဉာဏ်တော်ကြီးကိုလည်း တခါတည်း

ရပြီး ဖြစ်လေတော့၏။

ဥပမာ – ရှင်ဘုရင်ဖြစ်ဖို့ ဘိသိက်မြှောက်လိုက်သည်နှင့်တပြိုင်နက် ဆိုင်ရာတိုင်းပြည်ကိုလည်း အပိုင်ရတော့သကဲ့သို့တည်း။

ထိုသဗ္ဗညုတာဉာဏ်တော်၏အစွမ်းဖြင့် သိစရာဟူသမျှ

မကျန်ရအောင် အလုံးစုံကို အကုန်အစင် သိမြင်တော်မူသည်။

(သဗ္ဗ=အလုံးစုံကို + ညုတာ=သိနိုင်သူ၏ဖြစ်ကြောင်း ဉာဏ်တော်)ထိုသဗ္ဗညုတာဉာဏ်တော်ကို ရသောကြောင့်ပင် ဘုရားရှင်ကို

“ဗုဒ္ဓ = အလုံးစုံသိသော ဘုရား”ဟု ကိုယ်တော်တိုင်လည်း ဝန်ခံတော်မူ၏။စုံစမ်း စိစစ်သောအခါ ပညာရှိ ပါမောက္ခကြီးတို့ကလည်း အသိအမှတ် ပြုကြရလေသည်။ထိုအချိန်မှာ “ဧကန်

ဘုရားဖြစ်တော့မည်”ဟု ယုံကြည်နေကြသော တန်ခိုးကြီးသော နတ်မင်း ဗြဟ္မာမင်းတို့သည် ဗုဒ္ဓမြတ်စွာ၏ အလွန် တည်ငြိမ်၍ အထူး ကြည်လင်သော မျက်နှာတော်ကို မြင်ရသောအခါ

လွန်စွာ အားရ “ဘုရားဖြစ်ပြီ”ဟု ယူဆ၍ ပန်းမျိုးစုံတို့ဖြင့် ပူဇော်ကြလေ၏။

ကမ္ဘာမြေကြီးလည်း ဝမ်းသာ အားရသကဲ့သို့ ဘုရားရှင်၏ ဉာဏ်တော်တန်ခိုးကြောင့် အမျိုးမျိုး ယိမ်းထိုးကာ ပြင်းထန်စွာ တုန်လှုပ်ပါလေသည်။ထို ဗုဒ္ဓမြတ်စွာ ဖြစ်တော်မူသည့်နေ့သည်

သက်တော်လည်း ၃၅ နှစ် တင်းတင်းပြည့်ရာ ကဆုန်လပြည့် (ဆင်မင်းဖြင့် မှတ်သားအပ်သော) ဗုဒ္ဓဟူးနေ့တည်း။

________________________

အထက်ပါ ဖြစ်စဉ်ကို အားလုံး..သိကြမှာပါ ။

ကျွန်တော်က အခုလို ပြန်တင်ပြတာဟာ…. ဆရာကြီး လုပ်ချင်လို ့..လုံးဝ မဟုတ်ပါဘူး။

ဂေါတမ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ရဲ ့ ဖြစ်စဉ်လေးကို…သတ်ိရပြီး….ပူဇော်ချင်လို့ပါ ။

__________

ကျွန်တော်ဟာ… ရ ခဲ လှတယ်..ဆိုတဲ ့

လူသားဘဝ ကို ရ ထားပါပြီ ။

၃၁ ဘုံ မှာ… တန်ဖိုး အရှိဆုံး..ဆိုတဲ ့…. လူ ဘဝ ကို ရ ထား..တာပါ။

လူ ့ဘဝမှာ… မှ…. ယောကျာ်း ဘ ဝ ။

ယောကျာ်း…ဘဝ မှာ မှ…. ဗုဒ္ဓ ဘာသာဝင် ယောကျာ်း ဖြစ် ခွင့်ရနေလို ့…

အတိုင်းမသိ ဝမ်းသာရပါတယ် ။ ကိုယ် ့ ဘဝ ကိုယ် လည်း… ကျေနပ်မိပါတယ် ။

ဒါပေမယ့် ဒီလောက်နဲ ့ကျေနပ်နေလို ့တော့မရသေးပါဘူး ။

ရ လာတဲ ့…လူ ့ဘဝမှာ… အချည်းနှိီး မဖြစ်ရအောင်… နေရဥိးမယ် ။

ကြွေး .ဟောင်းတွေ..ဆပ်မယ် ။ ကြွေး.သစ်တွေ..မယူ မိအောင်.လည်း…..နေမယ် ။

အဲင်္ဒီလိုလေး..စဉ်းစားမိပါတယ် ။

____________

စိတ်မကောင်း ဖြစ်မိတာကတော့………

ဘုရားရှင် ကို..ကိုယ်တိုင် ကိုယ်ကျ…. ထိတွေ ့ ဖူးမြှော်ခွင့်…. မရ တာပါ ။

ဘုရားရှင် ရှေ ့မှာ… ထိုင်ပြီး… ဘုရားရှင် ဟောကြားတော် မူမယ့် တရားတော်တွေက်ု…. ကိုယ်တိုင်.. နာ ယူ…၊

ဖူးမြှော် ကြည်ညိုခွင့်..လေး.ရချင်စိတ်..အလွန် ဖြစ်မိပါတယ် ။

_______

သုဇာတာ လို…. ဘုရားရှင် ကိုယ်တော်မြတ်ကြီး..ဘုန်းပေးတော်မူမယ့်….

ဆွမ်း အလှုူ ပြုခွင့် လည်း…အင်မတန်… ရ ချင်မိပါတယ် ။

ဘယ်သူမဆိုလည်း..ရ ချင်မှာပါပဲ..နော် ။

ဒါပေမယ့်…

အဲဒီလို ဖူးတွေ ့ လှူဒါန်းခွင့်ဟာ…..

အခုတော့… မရ ခဲ့ပါဘူး ။ ဝမ်းနည်းစရာပါ ။

_________________

ဒါပေမယ့် ဝမ်းသာ စရာ..လည်း ကျန်ပါသေးတယ် ။

သက်ရှိထင်ရှား ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို…. . ဖူးတွေ ့ ကြည်ညိုခွင့်… / ဆည်းကပ် ပူဇော်ခွင့်… တွေနဲ ့ ဝေးခဲ့ရပေမယ့်…

ဒီ ဘဝ လူ ဖြစ်ခိုက်မှာ………

.ဘုရားရှင်.. ဟောကြားတော် မူခဲ့တဲ ့ တရားတော်တွေ../ ဓမ္မ အမှန်တရား… ( သစ္စာ တရားတွေ ) ကို

လိုက်နာ ကျင့်သုံး… အားထုတ်… ခွင့်..ရနိုင်ပါသေးတယ် ။

ဘုရားရှင် .ပြသ ခဲ့တဲ ့..လမ်းတွေ ထဲက….

သံသရာ စက်ဝိုင်းထဲက လွတ်မြောက်နိုင်မယ့်..လမ်းကို..ရွေးချယ်ပြီး…

လျှောက်လှမ်း…ခွင့်…ရနေပါသေးတယ် ။ သီလ ၊ သမာဓ်ိ ၊ ပညာတွေ ဖြည့်ကျင့်..လို ့.. ရနိုင်ပါတယ် ။

ဘုရားရှင်ရဲ ့…. တရားတော်တွေက်ို…

ကျွန်တော် နားလည် နိုင်မယ့် နည်းတွေ နဲ ့… ကျွန်တော် နားလည် နိုင်အောာင်…. ပြန်လည် ဟောပြော ညွှန်ကြား ပြသပေးနေတဲ ့…

ဘုရားရှင်ရဲ ့သားတော် ..သံဃာတော်အရှင်သူမြတ်တွေ..နဲ ့လည်း.. ကြုံတွေ ့ ခွင့်လေး..ရနေပါသေးတယ် ။

ဒါတွေကို ပြန် ဆင်ခြင်မိပါတယ် ။

ကျွန်တော် စဉ်းစားမိတာလေးပါ ။ အဲဒါလေး.ချရေးဖြစ်တာပါ ။

____________________

သုဇာတာသတို ့သမီးက… ဘုရားရှင်ကို… သက်ရှိထင်ရှား..ဖူးမြှော်ခွင့် / ဆွမ်းအလှူ ပြု ခွင့်… ရခဲ့တာလေး…

အားကျမိပါတယ် ။

ကျွန်တော်လည်း………………

သက်ရှိ ထင်ရှား..ဘုရားရှင် ကိုယ်တော်မြတ်ကြီး… ကို… ဆွမ်းအလှုူ ပြု ခွင့်လေး….

ရချင်လိုက်တာဗျာ..။

ဘုရားရှင်ရဲ ့ …သာယာ အေးချမ်းသော…တရား အသံတော်…. ကို

နားနဲ ့ ဆက်ဆက် ကြားချင်လိုက်တာ..ဗျာ…။

______________

ဝန်ခံချက် ။။ ။။

ဃ = အက္ခရာ နဲ ့ စ..တာလေး ရေး မယ် ကြံတော့….

ဃနာ နို ့ဆွမ်း..ဆိုတဲ ့ စကားလုံးလေးပဲ.သွားတွေ ့တယ် ။

ဒါနဲ ့ပဲ… ကျွန်တော်..အင်မတန် ကြောက်ရွ ံ ့တဲ ့…. ဘုရာရှင်ရဲ ့ဖြစ်စဉ်တော် တစ်ခုကို..ချရေးရပါတော့တယ် ။

တကယ်တော့ ကျွန်တော်… ဗုဒ္ဓ ဘုရားရှင်ရဲ ့ တရားတော်တွေ…နဲ ့ ဘုရားဖြစ်စဉ်တော်တွေ../ အဆုံးအမ တွေကို…

မရေးရဲပါဘူး။ မရေး ဝံ ့ပါဘူး ။

ဘာလို ့မရေးရဲ / မရေး ဝံ ့သလဲ..ဆိုတော့….

ကျွန်တော်ကိုယ်တိုင်က…. ( ဘာသာရေး.နယ်ပယ်မှာ..) ဘာမှ မသိသေးတဲ ့ သူ မို ့ပါ ။

သိ ဖို ့..ကြိုးစားဆဲ..အခြေအနေ..မှပဲ..ရှိနေသေးလို ့ပါ ။

ဒါကြောင့် တတ်နိုင်သမျှ ဘာသာရေး.အကြောင်း မရေး ဝံ့ ပါဘူး။

မဆွေးနွေးဝံ ့သေးပါဘူး ။

ဒါပေမယ့်… ဃ = အက္ခရာ ကို..ကျော် မသွားချင်လို ့…. ရေးတတ်သလောက်ကလေး…. ရေးလိုက်မိပါတယ် ။

ဒီ ပို ့စ်မှာ..ရေးမ်ိသမျှ…မှားယွင်း တဲ ့အချက်အလက် တစ်ခုခု ပါခဲ ့ရင်… ကျွန်တော့် မသိနားမလည်မှုသာဖြစ်ပါတယ် ။

ခွင့်လွတ်နားလည် ပေးကြပါလို ့… ။

စကားကျွံသွားတာ..မျို း / စကား လွန်..သွားတာမျိုး. ပါ…သွားရင်လည်း… အမျက်တော်… မရှ ကြပါနဲ ့လို ့…

_________________________

လေးစားစွာ.. ဖြင့်..

အလင်းဆက်

13 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 15, 2012 at 11:04 pm

    အဲ့သည်ဃနာနို့ဆွမ်းနဲ့ပတ်သက်ရင် အဘိဓမ္မယဆရာတို့ အဓိပ္ပါယ်ဖွင့်တာကတော့
    ဘုရားမဖြစ်သေးတဲ့ ဘုရားလောင်းဟာ အဲ့သည်ဃနာနို့ဆွမ်းကိုဖုံးပေးလို့
    အဟာရပြည့်စုံလို့ ( ကျမ္မာလာပြီး ) မှန်စွာတွေးနိုင်တယ်လို့ ဖွင့်ဆိုကြတယ် ( ကံ၊ စိတ် ၊ ဥတု ၊ အဟာရ )
    ဒါပေသိပျောက်နေတာက
    ဘုရားဖြစ်လောက်တဲ့ နို့ဆွမ်းကိုလှူတဲ့ အမျိုးသမီး ဘာကုသိုလ်ထူးများရတယ်လို့
    တစ်ယောက်ယောက်ဖြေကြည့်ပါလား

    • ကြောင်ကြီး

      August 16, 2012 at 10:38 am

      အဲဒီအမျိုးသမီး နတ်သားဖြစ်ပြီး နင် နတ်သမီးဖြစ်ရင် တော်ကောက်မလို့ စောင့်နေတယ်ဟေ့….

      • Mon Kit

        August 16, 2012 at 11:44 am

        ဟတ်ဟတ်ဟတ်… ဦးကြောင်ကြီးတို့ကတော့ လုပ်ပီ…. 😀

        • pooch

          August 16, 2012 at 3:58 pm

          ဟီး ဦးကြောင်တို့ကတော့ လုပ်ပြန်ပြီ ..

          လောလောဆယ် အဲ့ဒီ နတ်သား ဘဝမရောက်ခင် လူ့ပြည်မှာ ကြောင်ဖြစ်နေတယ် ပြောတာပဲ 😀

  • Khaing Khaing

    August 16, 2012 at 11:30 am

    ဘုရားရှင်ကို ဖူးမျှော်ကြုံတွေ့ခွင့်မရခဲ့ပေမယ့် ……. ကျွန်မကတော့ မြတ်စွာဘုရားချီးမြှင့်တော်မူခဲ့တဲ့ တရားတော်တွေရွတ်ဖတ်နေချိန်မှာ စိတ်ထဲတစ်ခုအာရုံထားထားတာကတော့ မြတ်စွာဘုရားလည်း ယခုအကျွန်ုပ်ရွတ်ဖတ်နေတဲ့ တရားတော်တွေကို ရွတ်ဖတ်ပေးခဲ့တာပဲဆိုတဲ့ စိတ်နဲ့ပိတီဖြစ်မိပါတယ် ……

  • kai

    August 16, 2012 at 11:33 am

    “ ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ” ဓမ္မကိုမြင်သူသည် ငါဘုရားကို မြင်၏။
    “ ယော မံ ပဿတိ၊ သော ဓမ္မံ ပဿတိ” ငါ့ကို မြင်သူလည်း ဓမ္မကိုမြင်၏။

  • shwe kyi

    August 16, 2012 at 12:13 pm

    ကောင်းပါ၏။ ဃနာ နို ့ဆွမ်းကိုဘုန်းပေးပြီးအာဟာရပြည့်သွားပြီး မှန်စွာတွေးနိုင်တယ်တဲ့။
    အဲလိုအကျိုးများလှတဲ့ဆွမ်းလှူခွင့်ရခဲ့တဲ့ သုဇာတာ ကုသိုလ်အတော်ထူးတာပဲနော်။

  • P chogyi

    August 16, 2012 at 1:27 pm

    “ဃ”အကြောင်းဘယ်လိုရေးမလဲလို့စိတ်ဝင်စားနေတာ
    ရအောင်ရေးသွားနိုင်လို့ ချီးကျူးပါတယ်။
    ဃဃနန မသိဘူးဆိုပေမဲ့၊ ကျကျနန ရေးသွားနိုင်ပါတယ်။

    • kai

      August 16, 2012 at 1:51 pm

      “ဂ”နဲ့”ဃ”
      “န”နဲ့”ဏ”

      ဂဃနဏ
      တကယ်ကို..မသိသေးဘူးလို့.. ယူဆမိကြောင်း…

  • မောင်ပေ

    August 16, 2012 at 1:54 pm

    ငယ်တုန်းကတော့ ဗုဒ္ဓဝင်ဇါတ်တော်များမှာ မြတ်စွာဘုရားသခင်အကြောင်း စာအုပ်များမှာ ဖတ်ခဲ့ဖူးပါတယ်
    အလင်းဆက်ရေးတော့ ပြန်ဖတ် ပြန်မှတ်ရပါတယ်
    သဂျီး ရဲ ့
    “ ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ” ဓမ္မကိုမြင်သူသည် ငါဘုရားကို မြင်၏။ ”
    “ ယော မံ ပဿတိ၊ သော ဓမ္မံ ပဿတိ” ငါ့ကို မြင်သူလည်း ဓမ္မကိုမြင်၏။ ” ဆိုတာကိုလဲ အရမ်းသဘောကျ နှစ်သက်မိတယ်
    စစ်မှန်တဲ့ဓမ္မကို ရှာဖွေကျင့်ကြံနိုင်မှ သံသရာမှ လွတ်မြောက်မှာမို ့ ၊ ရှာဖွေအားထုတ်ရပါဦးမည်။

  • အလင်းဆက်

    August 16, 2012 at 6:22 pm

    ………………………….
    ………………………….
    နောင် အခါတွင်-သုဇာတာ၏ ခင်ပွန်း သူဋ္ဌေးကြီးက-ပင့်ဖိတ်၍-ဗုဒ္ဓမြတ်စွာသည်-အရှင် ယသကို-နောက်ပါ ရဟန်းပြုကာ-သုဇာတာ သူဋ္ဌေးကတော် အိမ်သို့-ဆွမ်းဘုန်းပေးရန်- ကြွခဲ့၏။မြတ်ဗုဒ္ဓရဲ့-ဟောကြားတော်မူအပ်သော ဓမ္မဒေသနာ ဆုံးသောအခါ-သူဋ္ဌေးကတော်..သုဇာတာသည်-သောတာပတ္တိဖိုလ်၌ တည်၍-မဟာသောတာပန် အရိယာ ဖြစ်လေ၏။။

    ဗုဒ္ဓမြတ်စွာသည်..ရှေးဦးစွာ-ရတနာ ၃ပါးတို့ကို-ကိုးကွယ် ဆည်းကပ်တတ်သော သရဏဂုံသို့-ရောက်ကြသည့် ငါဘုရား တပည့်မ သာဝိကာ ဥပါသကာတို့တွင်-သေနိယ သူဋ္ဌေး၏ သမီး-သုဇာတာသည်–အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးဖြင့်-ချီးမြှင့် တော်မူ၏။။။

    _______________-
    အဲဒီ စာသားလေးတွေကတော့..
    လက်တလော အလှမ်းမီတဲ ့နေရာ..
    အပါဒါန်ကျမ်းစာ။မဟာဗုဒ္ဓဝင်ကျမ်းစာ ..တို ့ မှာ.ဖတ်မိ်တာလေးပါ ။ ပြန်လည် တင်ပြပေးလိုက်ပါတယ် ။
    ကျွန်တော် လည်း သိပ်မသိတော့..ဒီလောက်ကလေးပဲ.ပြောနိုင်ပါတယ်

    ဒါက သုဇာတာ ရဲ ့ နောက်ဇာတ်တွဲလေးတစ်ခုပါ ။
    ______________________
    ကိုကြီး.အောင်ပု..ပျောက်ချက်သား…တယ်ကောင်းနေပါ့လား။
    _____________________
    ဦးကြောင်..တို ့ကတော့..လုပ်ပြီ..။
    _____________________
    Mon Kit ..ရေ. ဥိးကြောင်ကိုပြောဖို ့..စကားလေး.ခဏ ယုူသုံးလိုက်တယ်နော် ။ အဟိ .
    ______________________-
    Khaing Khaing..ရေ..။
    ဒါတော ့ ဟုတ်တယ်ဗျ။ ကျွန်တော်လည်း..ပရိတ် ၁၁ သုတ်ကိုရွတ်ရင်..အဲဒီလိုလေး.အမြဲ..တွေးမိတယ် ။
    အဲဒီလို…ဘုရားရှင်ရဲ ့နှုတ်တော် နဲ ့ရွတ်ဖတ်ခဲ့တဲ ့ စကားလုံးတွေ ပါလား..လို ့တွေးလိုက်ရင်ကိုပဲ.
    တော်တော် …. လေး..လေးစား.မြတ်နိုးပြီး.. ကြည်နူးမိပါတယ် ။
    ________________________
    သူင်္ကြီးကတော့.. ဂဃနဏ… သိနေပုံ ပါပဲ.။

    မသိပဲ.နဲ ့ သူကြီး..ဘယ်လုပ်မလဲ..နော် ။
    အဟိ ။
    ________________________
    မရွှေကြည်ရေ..
    ဒီ ပိုစ့်မှာလဲ.. မပြတ်မကွက် ရောက်လာပြီး…အားပေး ဖတ်ရှု..လို ့ ကျေးဇူးတင်ရပါတယ် ။
    င = ?
    လာလည် ပါဦး..နော် ။
    ______________________

    P chogyi ..ရေ ။
    ဃ ..ကိုရေးမယ်..လုပ်တော့ အတော် ခေါင်း စား..သွားတာ ။
    ရေးစရာကလည်း..ဒါပဲ..လိုလို ရှိတာလေ.။
    ဒီတော့လည်း… တတ်သလောက်လေး.မှတ်ထားမိသလောက်လေး..ချရေးဖြစ်သွားတယ် ။
    စိတ်ဝင်တစား…အားပေး..ဖတ်ရှု.နေလို ့ ကျေးဇူးပါပဲ..ဗျာ.။
    _______________________-
    ဦးပေ..ရေ..။ သူကြီးပြောသွားတာလေးကလည်း…
    ထိထိမိမိ…နော် ။
    ဦးပေ..ရဲ ့စစ်မှန်တဲ့ဓမ္မကို ရှာဖွေကျင့်ကြံနိုင်မှ သံသရာမှ လွတ်မြောက်မှာမို ့ ၊ ရှာဖွေအားထုတ်ရပါဦးမည်။
    ဆိုတာလေးကလည်း…
    ထိမိပါတယ် ။

    အင်းးးးးးး ကျွန်တော်လည်း…….
    ဆိုးနေ မိုက်နေတာတွေ..ရပ်ချင်ပါပြီ။

    အဟိ ။
    _________________-
    စာချစ်သူများအားလုံးကို ခင်မင်လေးစားစွာ..
    အလင်းဆက်

  • အလင်းဆက်

    August 16, 2012 at 9:04 pm

    နာဂရ ချစ်သူ..ကြိးရေ…
    ဖတ်ရှု..ပေးလို ့ ကျေးဇူးနော် ။

Leave a Reply