ကိုပေါက် အနောက်ကလိုက်ခြင်း

မောင် ပေAugust 15, 20121min23417

ခေါင်းစဉ်ကတော့ ကိုပေါက်အနောက်ကလိုက်ခြင်းပေါ့ဗျာ…
ဘာလို ့ဒီလိုခေါင်းစဉ်တပ်ထားလဲဆိုတော့ ကျွန်တော် ပြထားတဲ့ ဓါတ်ပုံက လမ်းပြောင်းပြန်ထွက်နေတဲ့ စစ်ကားတစ်စီးပုံကို ပြထားတာမို ့ပါ ။
“ လမ်းပြောင်းပြန်မောင်းတဲ့တစ်ခြားကားတွေကိုရိုက်ပြလဲ ရနေတာပဲဟာ… ဘာလို ့စစ်ကားကိုမှ ရိုက်ပြရလဲ ” လို ့မေးလာခဲ့ရင် ဒီလိုပါ

တစ်ရက်ကပေါ့ဗျာ
ပုံထဲပါ လမ်းကြားက မန်းတလေးမြို ့ဈေးချိုနာရီစင်အရှေ ့ဘက်က လမ်းကြားလေးထဲမှာပါ ဧရာဝတီဘဏ်ရှိတဲ့လမ်းကြားဗျ ။ ဒီလမ်းကြားထဲမှာ စက်ပစ္စည်းဆိုင်တွေ ၊ ကုန်မာဆိုင်တွေ ၊ အိမ်ဆောက်ပစ္စည်းဆိုင်တွေ ၊ ရေပိုက်ဆိုင်တွေ ၊ ငါးဖမ်းပိုက်ဆိုင်တွေ ၊ ဖိနပ်ဆိုင် ၊ ကြိုးဆိုင်… တော်တော်ကို စုံတဲ့လမ်းကြားလေးဗျ ။
အဲဒီလမ်းကြားက မြောက်ဘက်ကနေ တောင်ဘက်ကိုပဲ သွားရတဲ့ တစ်လမ်းမောင်းအဖြစ်သတ်မှတ်ထားတာ နှစ်ပေါင်း၁ဝနှစ်မက ကြာခဲ့ပါပြီတဲ့ ။ လမ်းထိပ်မှာလဲ တစ်လမ်းမောင်း ဆိုတဲ့ ဆိုင်းဘုတ်ရှိပါတယ် ။
ကျွန်တော် ရေပိုက်ဝယ်စရာရှိလို ့အဲ့လမ်းကြားထဲက ပိုက်ဆိုင်တစ်ဆိုင်ကိုရောက်တုန်း ပုံထဲက စစ်ကားဟာ လမ်းကြောင်းမှန်အတိုင်း မြောက်ကနေ တောင်ကို ဝင်လာပြီး ၊ ကျွန်တော်ရောက်နေတဲ့ ဆိုင်ရဲ ့မျက်စောင်းထိုးလောက်မှာ ရပ်ပါတယ် ။ ရာထူးကြီးကြီးပါလာတာတော့ မတွေ ့ရပဲ တပ်ကြပ်အဆင့်လောက် နှစ်ယောက်ဆင်းလာပြီး … သူရို ့လုပ်စရာရှိတာ ၊ ဝယ်စရာရှိတာ ဆင်းလုပ်ကြတာပေါ့ဗျာ… ။ သူရို ့ကိစ္စရှိတာတွေ ပြီးစီးသွားတဲ့အခါကြ ပြန်မယ်ပေါ့ ။ အဲဒီမှာ စစ်ကားကိုမောင်းတဲ့တစ်ယောက်က ဝင်လာတဲ့ဘက်ကို ပြန်ထွက်လို ့ရလားလို ့၊ အဲဒီနားက ဆိုင်ရှင်တစ်ယောက်ကို လှမ်းမေးပါတယ် ။
ဆိုင်ရှင်က ဘာပြန်ဖြေလဲ ဆိုတော့…
“ ဒီလမ်းက တစ်လမ်းမောင်းပါ ၊ ပုံမှန်ဆိုရင် ပြန်ထွက်လို ့မရဘူး.. မီးပွိုင့်က မော်တော်ပီကယ်လှမ်းမြင်ရင် ဖမ်းလေ့ရှိတယ် ၊ ဒါပေမယ့် ခင်ဗျားတို ့က စစ်ကားပဲ ၊ ဘာမှမဖြစ်ပါဘူး… မောင်းမောင်း…တဲ့ ”
ဒါနဲ ့ပုံထဲမှာမြင်ရတဲ့အတိုင်း စစ်ကားဟာ ပြောင်းပြန်ဘက်ကို ခေါင်းလှည့်ပြီးမောင်းထွက်တော့တာပေါ့။
အဲဒီ သူရို ့စကားအပြန်အလှန်ပြောနေကြချိန်မှာ ကျွန်တော်စဉ်းစားမိတာလေးတစ်ခုရှိလာလို ့၊ ကမန်းကတန်းနဲ ့ ဖုန်းနဲ ့လှမ်းရိုက်ထားလိုက်ပါတယ် ။
ဒီလိုဗျာ.. တစ်လမ်းမောင်းလို ့သတ်မှတ်ထားတဲ့လမ်းမျိုးကို ၊ စစ်ကားဆိုရင် ပြောင်းပြန်မောင်းလို ့ရတယ်ဆိုတဲ့ အတွေးက လူတော်တော်များများခေါင်းထဲမှာ ရှိနေကြတာရယ် ၊ စစ်ကားမောင်းတဲ့လူကလဲ ငါမောင်းနေတာ စစ်တပ်က ကားပဲဆိုပြီး ဒီနေ ့မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ပြောင်းနေတဲ့အချိန်မှာ ဘာမှသောက်ဂရုမစိုက်ပဲ မောင်းချင်သလို မောင်းတာရယ် ကို ကျွန်တော်က နှိုင်းယှဉ်တွေးမိပြီး ဒီပို ့စ်ကို ရေးတင်ဖြစ်ပါတယ် ။
……. အားလုံးကို ကျေးဇူးတင်ပါသည် …….

17 comments

  • ko khin kha

    August 15, 2012 at 10:04 pm

    ့……မမေ့နိုင်ပြီ ခေတ်ပြောင်းချိန်ရောက်လုနီးပါပြီ။

  • mocho

    August 16, 2012 at 9:57 am

    လူတွေရဲ့ ခေါက်ရိုးကျိုး ၊ အသား ကျနေတဲ့ အတွေး မှားတွေ၊ အမြင် မှားတွေ၊အကြောက် တရား နဲ့ ဦး ကျိုး မှု တွေ ပြု ပြင် နိုင်ဖို့ အချိန် တခုတော့ လိုမယ် ထင်တယ်။

  • ကြောင်ကြီး

    August 16, 2012 at 10:07 am

    နောက်ကလိုက်
    အောက်စနှိုက်
    ယောက်ဖကြိုက်
    မျောက်မဗိုက်။

  • Khaing Khaing

    August 16, 2012 at 10:27 am

    အူးအူးပေ ……ပြောင်းပြန်တွေ ဇောက်ထိုးတွေကထားပါ …… ဓါ့ပုံမှာ ဖြူဖြူတွေခြစ်ထားတာဘာလို့လဲ … ကင်မလာမှာ အော်တိုပါတဲ့ ဒီဇိုင်းတွေလား ………

  • surmi

    August 16, 2012 at 12:51 pm

    ၂၄ နှစ်ဆိုတော ့ ခေါက်ရိုးကျိုးနေပုံရတယ်
    ဒီမှာလဲ မီးနီကိုဖြတ်မောင်းလို ့ မီးစိမ်းကရှောင်နေရတယ်
    ဥပဒေ တကယ်စိုးမိုးချင်တယ်ဆိုရင် လမ်းဘေးမှာ သမတသေးပေါက်နေလဲဖမ်းရမှာ

    • P chogyi

      August 16, 2012 at 1:36 pm

      ဒီပြင်ဥပမာပေးပါဗျာ
      ကျွန်တော်တို့ သမတကြီးက အလုပ်များလွန်းလို့
      လမ်းဘေးမှာသေးပေါက်ချိန်တောင်မရှိပါဘူး။

  • shwe kyi

    August 16, 2012 at 1:36 pm

    စည်းကမ်းဆိုတာလူ၏တန်ဖိုးတဲ့ စည်းကမ်းလိုက်နာမှသာပြည်သာယာမှာပါ။
    တရားဥပဒေအမှန်တကယ်စိုးမိုးပါစေ။

  • မောင်ပေ

    August 16, 2012 at 1:47 pm

    ကွန်မင့်ပေးကြပါကုန်သော
    ကိုခင်ခ
    မိုချို
    အူးကြောင်
    မခိုင်ခိုင်
    ကိုဆာမိ
    ဦးပီချိုကြီး
    မရွှေကြည် နဲ ့
    ကျွန်တော့်ပိုစ့်ကို ဝင်ဖတ်သွားသူများ အား ကျေးဇူးတင်ရှိပါတယ် ခင်ဗျား
    “““ သူ က အဲဒါမို ့လို ့ ဒါမျိုးလုပ်လို ့ရတယ် ””” ဆိုတဲ့ ၊ ကျွန်တော်တို ့နိုင်ငံကလူတွေ ခေါက်ရိုးကျိုးနေတဲ့ ၊ စိတ်ထဲမှာ စွဲနေတဲ့ အစွဲကြီးကို ဘယ်လိုဖျက်ကြရမလဲဆိုတာ ၊ နောက်ပြီး ဒါမျိုးလုပ်ခွင့်လုံးဝမရှိဘူး ဆိုတာကို လူတိုင်းစေ့သိအောင် ဝိုင်းဝန်းကြိုးစားကြပါစို ့

  • pooch

    August 16, 2012 at 2:18 pm

    ဟယ်.. ဖြူဖြူကြီးတွေက ဘယ်နှယ့်ဖြစ်နေတာတုန်း ။ အဲ့ဒီနားတဝိုက် လမ်းအမြဲရှုပ်နေတတ်တာတော့သိတယ်။ လူတွေက အကြောက်တရားကို မဖယ်နိုင်သေးသရွေ့ ဒီလို အတွေးတွေ အမြဲစိုးမိုးနေအုန်းမှာ။

  • မွန်မွန်

    August 16, 2012 at 2:26 pm

    ကြားဖူးတဲ့စကားတစ်ခွန်းပါ… “နင်တို့က ကြယ်ပွင့်နဲ့ကားကိုလည်း ဂိတ်ထိုးကြေး တောင်းတာပဲလား” တဲ့…

    • နေဝန်းနီ

      August 16, 2012 at 2:37 pm

      “နင်တို့က ကြယ်ပွင့်နဲ့ကားကိုလည်း ဂိတ်ထိုးကြေး တောင်းတာပဲလား” )) တောင်းသင့်ရင်တောင်းရမှာပဲ မမွန်မွန်ရေ့…။ ကျွန်တော်တို့ ဆီက ပြည်သူ့ဆေးရုံကတော့ ရဲစခန်းနဲ့ ပတ်သက်တဲ့ အမှုတွဲလည်းမရဘူးဆြာ…။ ထုံးစံအတိုင်းပေးမှ…။ လာထားပဲ…။

  • မမ အညာသူ

    August 16, 2012 at 3:24 pm

    ငါပြောသလိုုလုပ် ငါလုပ်သလိုလိုက်မလုပ်နဲ့…………….
    😛

  • etone

    August 16, 2012 at 4:24 pm

    ကိုပေ အဲ့ဒါလေ … အခွင့်ထူးခံ လူတန်းစားတွေလေ …. ။ ရှယ်တွေ …. ခေါင်းပေါ်မှာ ဇွန်းတပ်ထားတယ် … 👿
    ဟိုဖော်လံဖား ငကျွတ်တွေကလည်း တာဝန်နဲ့ ဝတ္တရားဆိုတာ သာမန်ပြည်သူတွေအပေါ်မှာပဲ သက်ရောက်တယ်ထင်သလားမသိဘူး ….. ။
    ဒီပုံစံအတိုင်းဆက်သွားလျှင် နောင် အနှစ်နှစ်ဆယ်လည်း ဒုံရင်းက ဒုံရင်းပဲ …အရိုးစွဲနေတဲ့ မကောင်းတဲ့ စိတ်ဓါတ်တွေလည်း တိုးတက်ပြောင်းလဲလာမယ် မထင်ဘူး .. ။

  • အလင်းဆက်

    August 16, 2012 at 6:38 pm

    တိ ု့ကတော့..ကိုပေါက်နောက်လည်း.လိုက်တယ် ။
    ကိုပေ.နောက်လည်း..လိုက်မှာပဲ..။

  • ကိုပေက လေးပေါက်အနောက်ကလိုက်တယ်ဆိုလို ့ဆိုင်ကယ်နောက်က လိုက်စီး
    သလို ့ပါဗျာ။ခုလို တရားမဲ့ကျူးလွန်နေတဲ့ စစ်ခွေးတွေက အတိတ်မေ့နေပုံရတယ်။

  • မဟာရာဇာ အံစာတုံး

    August 16, 2012 at 7:52 pm

    အဲ့ဂလို …
    မဟုတ်ဘဲ စွဲနေကြတဲ့ “ငါ” စွဲတွေကြောင့် ခက်နေတာပေါ့ဗျာ …
    အခွင့်ထူးခံ လူတန်းစား ဆိုတဲ့ စကားတွေ၊ အတွေးအခေါ်တွေ
    ခုလိုချိန်မျိုးမှာ ကျုပ်တို့ မြန်မာပြည်ကြီးမှာ ပျောက်ဖို့ သင့်နေပါပြီ …
    ( အထင် … ခက်ဒစ်တူ စိန်ဗိုက်ဗိုက် )

  • MaMa

    August 16, 2012 at 7:55 pm

    လမ်းကြောင်းမသိလို့ မေးတဲ့သူက မေးတယ်ဆိုတော့ သူတို့ဘက်က တာဝန်ကျေသားပဲ။
    စည်းကမ်းကို ပြောရုံနဲ့ ပြီးရမှာကို စည်းဖောက်နိုင်ကြောင်း ထောက်ခံချက်ပေးသွားသူက မှားနေတာ။
    မောင်ပေနောက်ကတော့ မလိုက်ရဲဘူး။
    စီဂျေသာလုပ်ချင်တာ ဒါမျိုးရိုက်ဖို့ကျတော့ ကြောက်ဒူးတုန်သားးးးးးးးးးးးးး :mrgreen:

Leave a Reply