မန်းဂေဇက်ချစ်သူများစာပေဆု ပေးပွဲ တဲ့ မပဒုမ္မာကလိုက်ပြီးဖိတ်နေတာကို နားစွန်နားဖျားကြားလိုက်မိသဗျ.. ဒီတစ်ခေါက်ဖြင့်ကော်ပီလို့တွက်လိုက်တယ်ဗျို့ မန်းဂေဇက်မှာ မန်ဘာ ပေါင်း ၇၀၀၀ လောက်ရှိတယ်ဆိုဘဲ ဟိုနေ့က ဟို.. အဲဘယ်သူပါလိမ့် ..သူ့နာမယ် အံစာတုံးလား.. သုံးကောင်ဂျင်လား သူ့ပြောတာကြားထားသဗျို့ ဒါဆိုရင်တော့ ဆြာအုပ်တို့ ပွပေါက်တိုးတယ်ဆိုရမလားဘဲ ဒီပွဲမှာသာ ရိုက်စားလုပ်လိုက်ရရင်.. အားဟား.. မန်ဘာ ခုနစ်ထောင် တောင်ဆိုတော့ အားပါးပါး မင်္ဂလာဆောင် ပွဲ၂၀ စာလောက်တောင်ရှိသဗျို့.. အင်းပွတာပဲ.. သို့သော်လည်း ဒီပွဲမှာ  ကိုစိန်သော့၊ရွှေမင်းသား၊ Mလုလင်၊ရွှေထီး၊ ညလေး၊ သကြားလုံးကြော်၊We R One ဆိုတဲ့ ဒါ့ ပုံဆြာတွေလဲရှိတယ်ကြားတယ်ဗျ.. ဒီတော့ သူတို့နဲ့ ဂျေဗီ လုပ်ရင်ကောင်းမလား ကျွန်ုပ်က လူသစ်ဆိုတော့ နဲနဲတော့စဉ်းစားရမယ်ဗျို့ အိုတော်ပါပြီစဉ်းစားနေရင် အချိန်ကုန်သဗျို့ တကိုယ်တော်ပဲ ဒိုးလိုက်တော့မယ် ဘယ်သူမှခွဲမပေး ရဘူးပေါ့

ဟာဟုတ်သဗျို့ ကျိတ်ကျိတ်တိုးပါလား အင်းမှတ်တမ်းလေးတော့ ယူလိုက်ဦးမှ ပြီးမှ အော်ဂနိုက်ဇာကို မျက်နှာလုပ်ရမယ်..  ချပ်

အာပါး ဆုပေးမယ့် အခမ်းအနား အပြင်အဆင်ကလဲ တယ်လှပါကလား မှတ်တမ်းလေးနောက် တစ်ပုံပေါ့

ချပ်

ရွာတော်ရှင်ဆူး၊နန်းမတော်မယ်ပု၊ဆရာမလေးမိုးစက်၊ပန်ပန်၊မွန်မွန်၊မိုက်လေး၊မဂွက်ထော်၊မမအညာသူ၊စနိုးဝှိုက်၊ကိုရင်မောင့်ညီမ  ရွှေကြည်၊ရွေအိ၊ရွေပုံ့၊ချယ်ရီနွယ်၊ငြိမ်းငြိမ်း၊မနောဖြူလေး၊မမအုံ၊ ကြေးမုံ၊WOW၊မွန်ကစ်၊မေဂျူလိုင် ဆိုတဲ့ ကောင်မလေးတွေ တယ်လှပါလား  အိုဒီလိုအလှပဂေးလေးတွေ ရိုက်ချင်တယ်ဆိုမှ ဖြင့် ဖရီး ဖရီး ရိုက်ပေးနော်ညီမငေးတို့ ငှဲ ငှဲ ငှဲ

ပြုံး ပြုံး လေးနော် ၇ိုက်ပြီ ချပ်. ချပ်. ချပ်. ချပ်

တဖြေးဖြေးနဲ့ လူတော်တော်များလာတာနဲ့ ခုံတွေတောင်မ၇ှိတော့ပါလား .. အလို အကျွန်ုပ်လိုပဲ စီးပွားရေး အကွက်မြင်သူတစ်ယောက်ပါကလား .. ခုံတွေမ၇ှိတော့လို့ ဆာလာအိတ် ခင်းထိုင်ဖို့ရောင်းနေတာ ဘယ်သူလဲတော့မသိဘူးဗျို့ သိတဲ့သူပြောပေးကြပါဦး

ကိုရင်စည်သူတို့ကတော့ အပေါ်ထပ်ပြတင်းပေါက်ကနေပြီး ဟုတ်နေသဗျို့

အော်ဟိုမှာ ကြောင်ကြီး၊ကြောင်လတ်၊ကြောင်လေး တို့က သူ့အမေနဲ့လာတာကိုး ရိုက်ပေးထားလိုက်ပါဦးမယ် ချပ်

ဒီမှာလဲ သကြားလုံးကြော် တစ်ယောက် စိန်ပြေနပြေကို ထိုင်စားနေတော့ပါကလား အောက် မှာလဲဖွထားတယ်ကြည့်စမ်း သဂျီးသမီးချာတူး ကိုသွားတိုင်ပြောဖို့ သက်သေယူရမယ်ဟင်း ချပ်

အော် ခုံမရတဲ့သူတွေ ပြသနာရှာကြလို့ထင်တယ် ဗလာဒီမာရဲစည် ငိုနေရရှာတယ် သနားပါတယ် ချပ်

ညာဖက်က ရွာ့ကာလသားတွေကတော့ မထိုင်နိုင်ကြသေးဘဲ ဘယ်ဖက်က ရွာ့ကွမ်းတောင်ကိုင်တွေ ကို ပါဝါတစ်သောင်း မျက်ကပ်မှန်လုပ်ပြီးကြည့်ရင်း ဖွက်ယူလာတဲု့ ဘီဘီများမော့နေကြပါလား

ဟော ဘီလူးကြီး၊မောင်သန်းထွဋ်ဦး၊ကက်ပတိန်အမေရိကား၊ကမ်းကြီး၊သာလိကာ၊ ရဲရင့်လှိုင်၊ပိုင်လေး၊မောင်ဘလှိုင်၊ ကိုဝင်း တို့ ယောင်္ကျားလေးသုံးရေမွှေးတွေကို လုဖြန်းနေကြပါလား…  ဟောဟော အံစာတုံး လက်ထဲရောက်သွားတာကို သူရဿဝါက ကအတင်းလုနေပါလား ဒီလူတော့ မဟုတ်သေးဘူး ဓါတ်ပုံရိုက်ပြီး နက်ဂိုက်ထဲမှာ ပြန်ထည့်မှ ရော့

 

အဲ ကိုဆာမိ၊ကိုခင်ခ၊ကိုစံလှကြီး၊ကိုငြိမ်းချမ်း၊ဦးကျောက်ခဲ၊မောင်ခင်မင်၊ဦးဖက်တီး၊ဆရာထက် တို့ပါပါလာပြီး တစ်ယောက်ပြီးတစ်ယောက် များလာပါလား မှတ်တမ်းလေးတော့ရိုက်ထားလိုက်မှ

ဒီတိုင်းဆိုရင်တော့ မဖြစ်တော့ဘူးထင်တယ်ဗျို့ စည်းကမ်းထိမ်းသိမ်းရေးလှမ်းခေါ်လိုက်မှပဲ.. ဟောဟော လာပါပြီဗျာ ကိုအမတ်မင်း ရိုက်ဖို့ကြိမ်လုံးတွေတောက် သယ်လာသဗျ

ကိုအမတ်မင်းရောက်လာတော့မှ အချင်းချင်းပြန် အိုကေသွားကြပါလား တော်ပါသေားရဲ့ ပွဲတစ်ခုခုဖြစ်သွားရင် ဒုက္ခ..

ဟောဟော ပွဲစတော့မယ်ထင်တယ် ဇာတ်ခုံရှေ့ ဆိုင်းဝိုင်း စန္ဒယားက ကမ္ဘာမကြေတီးလုံးစတီးနေပါလား ဒါဆို စင်ဖက်ကိုပြေးလိုက် ဦးမယ်ဗျို့

တီးလုံးဆုံးသွားတော့ ကြက်သွေးရောင် ကတ္တီပါကားလိပ်ကြီးက တရွေ့ရွေ့ တက်သွားပြီး ဇာတ်ခုံ လယ်မှာ

ပန်းရောင်ထိုင်မသိမ်းဝတ်စုံဆင်မြန်းထားတဲ့  အသက်၁၅ နှစ်လောက် အသားဖြူဖြူ၊မျက်ဝန်းကျယ်ကျယ်၊နှာတံပေါ်ပေါ် မင်းသမီးလေး တွေ့ပါပြီဗျို့ ဒါကျွှန်တော်တို့ရဲ့ မပဒုမ္မာဖြစ်ရမယ် ၇ိုက်လိုက်ဦးမှပဲ ချပ်

လူရွှင်တော်ကြီးတွေဖြစ်တဲ့ ဘဘ မန္တလာ ကိုပေါက်၊ ဘဘ ချိုပေါ့ကျ ကိုဘလက်၊ဘဘ ဂျာပွန်ပြန် ဗရမ်းသပွတ် ကိုလင်းဝေ၊ဘဘ ဘူတန်ပြန် အမြန်ရထားကြီး ကိုနိုဇိုမီ ၊ဘဘ စီဂျေကြီး ကထူးဆန်း၊ဘဘ အကြော်သယ် ဦးကြီးမိုက်။ဘဘ အဆဲခံချင်တယ်ဦးဖေါ၊ ဘဘ ဖားမြွေဖွတ် အင်ဇာဂီ ဆိုပြီး မိတ်ဆက်ပေးနေပါလား မှတ်တမ်းလေးတင်လိုက်ဦးမှ
ချပ်

မိတ်ဆက်ပေးအပြီး မှာတော့ မင်းသမီးလေးက “ဘ၀ဇာတ်ဆရာအလိုကျ ဆိုခဲ့ရ ကျမဘ၀ပါရှင်…………………” ဆိုတဲ့သီချင်းနဲ့က နေပါလား ..အင်း မင်းသမီးလဲ ကနေပြီဆိုတော့ ၇ိုက်ရတာလဲမောပီ ဗျို့ မြောက်မြို့၇ိုးကြားမှာ ဖွက်ထားတဲ့ ဘီဘီလေးယူကစ်လိုက်ဦင်္းမှ

 

ဟော မင်းသမီးတောင်ကပြီးသွားလို့ ဦးပါပါက  မန်းဂေဇက်ချစ်သူများစာပေဆု အတွက် ဆန်ကာတင်စာရင်ကြေငြာပြီး ဆန်ကာတင်မှာပါတဲ့ .. ဦးပါပါကိုအမှတ်တရ တစ်ပုံလောက် ရိုက်ပေးထားဦးမှ

ချပ်

. ဦးပါပါ ကြောငြာတဲ့ စာရင်းအရ တစ်ချို့တွေ စင်ပေါ်တက်လာကြပါလား  TTNU ၊ ဧရာ လှိုင်း၊ ရှူံးနိမ့်မှုများနဲ့..လူ၊ စံလှကြီး၊ ဘုန်းကျော်၊ ၊ ကောင်းမြတ်ထွဋ် ။ surmi၊ ၊ သကြားလုံးကြော် ၊ ကြောင်ကြီး၊အံစာတုံး၊ Kyeemite၊ Blackchaw၊ ၊ Htet way တို့ တစ်ယောင်ချင်းဆီ တက်လာနေပါလား ရိုက်ထားမှ ရိုက်ထားမှ ချပ် ချပ် ချပ် ချပ် ချပ်

 

အော် တစ်ချို့ကလဲ မိသားစုနဲ့လာကြတာကိုး.. အင်း ကျွန်ုပ်က အားလုံးကို မသိသေး ဘူးဆိုတော့ ဘယ်သူတွေဆိုတာ သိတဲ့ သူများပဲ ပြောကြပါဗျာ..

 

အဲဆန်ကာတင်တော့ ကြေငြာပြီးသွားပြီး  အကောင်းဆုံးဆုရစာရေးသူအမည်နှင့် ပို့စ် အမည်ကို ကြေငြာပေး မယ့်   အထူးဧည့်သည်တော်ကြီးက လေယာဉ် ဒီလေးဖြစ်နေပြီး ရထားလမ်းရေကျော်ကာ ကားလမ်းများပိတ်နေပါသောကြောင့် နောက်နေ့မှ ဆိုလို့ ထပြန်ကုန်ကြပြီ

”ဟ့ ဟေ့ လူတွေ နေကြဦးလေဗျာ

ဒါ့ပုံ.. ဒါ့ပုံ တွေရိုက်ပေးထားတယ်လေ  အမတ်မင်း သကြားလုံးကြော် အန်စာတုံး လုပ်ပါဦး ”

ပိုက်ဆံ ရှင်းခဲ့ကြပါဦး

ဟာ ဟာ အကုန်ပြန်ကုန်ပြီ  ကုန်ပြီ ကုန်ပြီ တစ်ယောက်စီ ကမှ ဒါ့ပုံ ဖိုးမရသေးဘူး

သွားပြီ..သွားပြီ ဒီနေ့တော့ နေ့တွက်ရှုံးပြီးဗျ.. အီး ဟီး..ဟီး

အိမ် ကို ဒီတိုင်းပြန်ပြီး မိန်းမကို ဘယ်လိုပြောရပါ့

တော်ပီ တော်ပီ လူ့ဘ၀မှာ မနေတော့ဘူး

ကိုယ့် ကို ကိုယ် ဆူဆိုက် လုပ်ပြီး နတ်ဘ၀ပဲသွားတော့မယ် … တာ့တာ ဗျို့

ယားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

အော်  ပုံလေးတစ်ပုံတော့ ထားခဲ့မယ်နော်.. ဘယ်သူလဲမမေးနဲ့ ကျုပ်လေ ဆြာအုပ် .. ဂန္ဓာရီ ဆြာအုပ် ပေါ့ဗျာ…

…………

မှတ်ချက်.. မပဒုမ္မာ post မှာပါတဲ့ ရွာသားတစ်ချို့ကို ကျွန်ုပ်မရင်းနှီးပေမယ့် ချစ်ချင်းအားဖြစ် သုံးထားတာကြောင့် တောင်းပန်အပ်ပါဂျောင်း

 

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)

   Send article as PDF