စိတ်ကူးမိတာလေးပါ။

ခင္ခAugust 16, 20121min9610

ကိုကြီးဏှောက် – ဟေ့မောင်လုံး ဒီနေ့ကော ရေပူစမ်းမှာ ရေသွားချိုးအုံးမှာလား။

မောင်လုံး – ချိုးရအုံးမှာပေါ့ဗျာ။

ကိုကြီးဏှောက် – မင်းကလည်းကွာ တစ်ခါလာလည်း အဖွဲ့လိုက် တစ်ခါလာလည်း အဖွဲ့လိုက်ပါလား၊

မောင်လုံး – ကျွန်တော်က အဖွဲ့လိုက်မှ သွားတတ်တာ ကိုကြီးဏှောက်လည်းသိသားနဲ့ ဒါမှလည်းမြိုင်မှာပေါ့လေ။

ကိုကြီးဏှောက်-ထားပါတော့ ထားပါတော့ ကျုပ်ကတော့ တကိုယ်တည်းသမား အေးဆေးဘဲဗျာ။

အူလေး – ဟေ့ ရောက်နေကြပြီလား

မောင်လုံး – ရေပူစမ်းသွားဖို့အဆင့်သင့်ဘဲလေ၊ ဒါနဲ့ အူလေး တစ်ယောက်ထဲလား၊

အူလေး – ဟုတ်ဘူး၊ အဖော် ၃ ယောက်ပါသေးတယ်၊ ဟော ပြောရင်နဲ့တောင် ဖြူဥ တို့စုံတွဲရောက်လာပြီ

ဖြူဥ – တယ်လည်းဝိရီယ ရှိကြပါလားဗျ ရောက်နေကြပြီကိုး၊ ဒါနဲ့ ငကပ် တယေက်မမြင်ပါလား၊

ကိုကြီးဏှောက် – မမြင်ဆို သူကလာရတာ ဝေးတယ်လေကွာ၊

မောင်လုံး – လာကောလာပါအုံးမလားဗျာ။

ဖြူဥ – လာမှပါ မင်းတို့ကလည်း ဆန္ဒစောလိုက်တာ သူကထုံးစံအတိုင်း နောက်မှမောကြီးသော ကြီးရောက်လာတတ်တာလေ။

မောင်လုံး – ဟောပြောရင်း ဆိုရင်းသဲသဲတို့ မိသားစုလာတယ်ဟေ့။

ဖြူဥ – သူတို့က လာပေမယ့် ဒီရောက်မှ သူ့ကလေးအငယ်ဘာဖြစ်လို့ အလတ်ဘာဖြစ်လို့နဲ့ တစ်ခါတလေ ရေပူစမ်းထဲလိုက်ချင်မှလိုက်တာနော်။

အူလေး – ဟုတ်ပ၊ တစ်ခါတလေ ကျုပ်ပါအဖေါ်နေခဲ့ဖို့ ဆွဲထားသေးဗျ

သဲသဲ – ငါ့အတင်းတုတ်နေကြတယ်ပေါ့၊

ကိုကြီးဏှောက် – အတင်းတုတ်တာ မဟုတ်ပါဘူး၊ အမှန်ပြောတာပါ ဘာလဲမင်းကစိတ်ဆိုးတယ်ပေါ့၊

သဲသဲ – မဆိုးရဲပါဘူးဗျာ။

မောင်လုံး၊အူလေး – ဟေး ငကပ် ရောက်ပြီကွ။

ငကပ် – နောက်ကျဆုံးက ငါဖြစ်နေလို့လား ၊ ငါ့နောက်မှာ ကြာလေး ၊ ညှပ်ကြီး နဲ့ ပန်းဂျုံတို့ ရှိပါ့နော်။

ကြာလေး – အောင်မှာ ငါတို့က ရောက်တာကြာပေါ့၊ မဝင်ချင်သေးလို့ နေနေကြတာ။

ပန်းဂျုံ – ငါကတော့ မင်းတို့ရေပူစမ်းဆင်းသွားရင် ကျန်စောင့်ပါဘဲ လိုက်ရတဲ့အကြိမ်ကနည်းပါ့။

ညှပ်ကြီး – ဟဲဟဲ ဒါကတော့ ကိုယ့်ကုသိုလ် နဲ့ ကိုလ်ပေါ့။

( ရှီ ရှီ ရှီ ———–)

မောင်လုံး – ရေပူစမ်းဖွင့်သံကြားပြီး ဒိုင်ပင်နဲ့ ဝင်ဖို့တာပြင်ပေတော့။

ဖြူဥ – စိတ်လည်းထိန်းပါအုံး မောင်လုံးရာ။

အဲဒီနောက်မှာတော့-

မောင်လုံးတို့အဖွဲ့ ကန်ထဲကို ကနဦးဆင်းသွားပြီး၊ သူနောက်က အူလေးတို့ ၄ ယောက် ၊ ပြီးတော့ ငကပ် နဲ့ သဲသဲတို့ မိသားစု အဲဒီနောက်မှာ ဖြူဥတို့ စုံတွဲတို့ က ဒိုင်ပင်နဲ့ဆင်းကြသော်လည်း ကိုကြီးဏှောက်ကတော့ ဖြေးဖြေးချင်းလျှောဆင်းလိုက်တယ်လေ။ အဲဒီနောက်မှာတော့ ကြာလေးနဲ့ညှပ်ကြီးက လက်ချင်းချိတ် ဆက်ဆင်းကြတာပေါ့၊ အားလုံးရေပူစမ်းထဲဆင်းပြီးသွားပေမယ့် ပန်ဂျုံကတော့ ထုံးစံအတိုင်း ကျန်စောင့်အဖြစ်နေခဲ့ရပါတော့တယ်လေ။

ထိုနောက်မှာတော့“ ဝက် ကြေးအိုး အရော တစ်ပွဲ ရပြီ´´ ဆိုပြီး မီးဖိုပေါ်တယ်ထားတဲ့ ပွက်ပွက်ဆူနေတဲ့အိုးထဲကနေ  စာဖိုမှုးကြီးက ပုဂံကြီးထဲပြောင်းထဲ့လို့   ပေးလိုက်တယ်ဆိုရင်ဘဲ စားပွဲထိုးလေးက စားသောက်မည့်စားပွဲသို့ လိုတာလေးပြင်ဆင်ပြီး သယ်သွားပါတော့တယ်ခင်ဗျား။

မနေ့က ကြေးအိုးသွားစားတာ ကြေးအိုးချက်နေတာလေးကိုငေးနေမိရင် စိတ်ကူးမိတာလေးကို တောင်ရေးမြောက်ရေး ရေးလိုက်တာပါ။ ဖတ်လို့ပြီး အပျင်းပြေ မဲ့ပြုံးလေး ပြုံးသွားရုံလေး ဖြစ်ခဲ့ရင်တော့ ကျေနပ်ပါတယ်၊ ဘာတွေရေးတာလေမသိဘူး ဖတ်ရတာအချိန်တောင် ကုန်သွားတယ်လို့ထင်ခဲ့ရင်တော့ ဆဲလိုကဆဲ တာသွားတော့ဗျာ။

အော် ဇာတ်ကောင်တွေအမည်စာရင်းလေးတော့ ပြောပါရစေအုံးနော် မောင်လုံး – အသားလုံး၊ ကိုကြီးဏှောက် – ဦးဏှောက် ၊ ငကပ် – ကျောက်ကပ် ၊ သဲသဲ – အသည်း ၊ အူလေး – အူ ၊ ဖြူဥ –  ငုံးဥ ၊ ကြာလေး – ကြာဇံ၊ ညှပ်ကြီး – ညှပ်ခေါက်ဆွဲ ( မန်းအခေါ် ဆန်းပြား)၊ ပန်းဂျုံ – ဂျုံခေါက်ဆွဲ တို့ဖြစ်ပါတယ်။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

 

 

 

10 comments

  • Khaing Khaing

    August 16, 2012 at 1:24 pm

    မိုးအေးအေးနဲ့ဗိုက်တောင်ဆာလာတယ် ……… ဝက်ကြေးအိုးရှယ်တစ်ပွဲဗျို့ ……. ရောကြီးနော် ….

  • ko khin kha

    August 16, 2012 at 1:28 pm

    ပထမဆုံးကွန့်မန့်အတွက် ကျေးဇူးပါ။ ပို့ပေးလိုက်ပါ့မယ် ခဏလေးတော့စောင်ပေးပါ မခိုင်ရေ။

  • mocho

    August 16, 2012 at 1:53 pm

    အစား သောက် ထဲမှာ ကြေးအိုး အရည်က မကြိုက်ဆုံး ၊ သူနဲ့ပြောင်း ပြန် ကြေး အိုး ဆီချက် က ကြိုက် ဆုံး။

  • casper

    August 16, 2012 at 2:13 pm

    စိတ်ကူးကောင်းလေးပါ။ စားကောင်းမယ့်ပုံပဲ။ နောက်တခါဗိုက်ဆာရင် ကြေးအိုးတပွဲလောက်ပို့ပေးပါဗျာ။ ကြာလေးနဲ့ညှပ်ကြီး အရောလေးပေါ့။

  • မောင်ပေ

    August 16, 2012 at 2:15 pm

    ကျွန်တော့်အတွက် ကြေးအိုးဂျုံဆီချက် ရှယ်တစ်ပွဲပေးပါ
    ကြက်ဥ ၂လုံးထဲ့ပါရန်………

  • pooch

    August 16, 2012 at 3:45 pm

    ဦးနှောက်ပါရင် သိပ်မစားရဲ့လို့ အရင်ကတော့ မှာရင် ကလီစာ ရှောင်လို့ ပြောမိတယ် ။ ခုနောက်ပိုင်း စားမိရင်း ကြိုက်သွားလို့ ခုတော့ အကုန်စားဖြစ်နေပါပြီ။ 😀

  • မွန်မွန်

    August 16, 2012 at 4:04 pm

    သမီးဖျားနေတာ အဲဒါစားလိုက်ရင် ကောင်းသွားမယ် ထင်တယ်… ဆီချက်ကြိုက်ပေမယ့် နေမကောင်းတော့ အရည်လေးနဲ့ ပူပူလေးသောက်ရင်ကောင်းမယ်… ဝက်ကြေးအိုး ပွဲကြီးတစ်ပွဲဗျို့… 😛

  • TTNU

    August 16, 2012 at 10:54 pm

    ကိုခ ရေ…
    Spa မှာရေချိုးရတာကိုကြိုက်ပေမဲ့
    ကြေးအိုးက အရမ်းမကြိုက်ဘူးတော်။
    😀

  • ကျနော်ကတော့ကြေးအိုးကြိုက်တယ်။
    အဲဒီဆိုင်မှာလဲအလုပ်လုပ်ဘူးတယ်။
    စားလို့သာကောင်းတာ ဝက်သားစဥ်းရတာ အရမ်းပင်ပန်းတယ်။
    ကြေးအုးိဆိုင်ညနေလေးနာရီဖွင့်ဘို့အတွက် မနက်ငါးနာရီကတည်းက စပြီး ပြင်ဆင်ထားရတယ်ဆို
    ရင်ယုံမလားဘဲ။

Leave a Reply