သံတွဲမြို့နယ်၊ လင်းသာရွာက မြေယာအမှု

ko layAugust 16, 20121min580

လင်းသာရွာမှာဖြစ်နေတာကတော့ မြေယာအမှုတစ်ခုပါ။ ဒေါ်အုန်းတင်ဆိုသူက ၂၀၁၂ ဒီဇင်ဘာမှာ ဦးလှသောင်း ၊ ဒေါ်ခင်လှတို့ထံက တစ်ဆက်တည်းရှိနေတဲ့ မြေနှစ်ကွက်နဲ့ အိမ်ကိုဝယ်ယူခဲ့ပါတယ်။ ဦးပိုင်အမှတ် ၃၄၄ နဲ့ ၃၄၃ ပါ၊ ၃၄၄ ျမှာ အိမ်ရှိပါတယ်။ ဒေါ်အုန်းတင်မှာ စီးပွားရေးလုပ်ရင်းနဲ့ ငွေလိုတော့ အိမ် နဲ့ အိမ်ရှိမြေကွက်ကို ဘဏ်မှာပေါင်ရင်း မရွေးနိူင်တော့ နောက်ကမြေကွက် (ဦးပိုင်အမှတ် ၃၄၃) ကိုပြောင်းရွှေ့ ခဲ့ရပါတယ်။ အဲဒီမှာပဲ လင်းသာရွာနေ ဦးစိုးဝင်း (ဦးရွှေကို)က အဲဒီမြေကွက်ကို သူဝယ်ထားတာပါဆိုပြီး နောက်တစ်ယောက်ကို ရောင်းလိုက်ပါလေရော။ ဒေါ်အုန်းတင်က ဝယ်သူကို စာချုပ်တွေပြလို့ ဝယ်သူက ဦးစိုးဝင်းဆီက ငွေပြန်တောင်းပါတယ်။ ဒီနောက်မှာတော့ ဦးစိုးဝင်းနဲ့ ဒေါ်အုန်းတင်တို့ မြေကွက်ရလိုမှုနဲ့ ပတ်သက်ပြီး မြေယာရုံးအဆင့်ဆင့်မှာ သူတပြန် ကိုယ်တပြန် တရားရင်ဆိုင်နေရပါတယ်။
ဒီကိစ္စမှာ သတိထားမိတာကတော့ ယခင် ရ.ယ.က ဥက္ကဋ္ဌ (ယခု ကျေးရွာ အုပ်ချုပ်ရေးမှူး) ဟာ ဒီဖြစ်စဉ်တွေကို သိပါလျက်နဲ့ တစ်ဖက်သတ် ဘက်လိုက်ပြီး အားနည်းသူကို ဝါးကူထိုးနေသလားဆိုတာကိုပါ။ ကျေးရွာမှာ ပြီးရမယ့်ကိစ္စဟာ အခုတော့ နေပြည်တော် ညွှန်ချုပ်ထိ စာတင်ထားရတဲ့ အခြေအနေပါ။ ဒီတော့ နောင်များမှာ ရပ်ကွက်/ ကျေးရွာ ဥက္ကဋ္ဌ ရွေးကြမယ်ဆိုရင်တော့ ထိပ်ခေါက်ကြည့်၊ ခေါင်းခေါက်ကြည့် ၊ ဒေါင်ဒေါင်မြည်မှ ရွေးကြပါစို့လားဗျာ… … …။ ။
ရရှိထားတဲ့ အထောက်အထားများကို မူတည်ပြီး ရေးသားလိုက်ခြင်းဖြစ်ကြောင်း ဝန်ခံပါသည်။