ချစ်သူ…

မင်းရဲ့မျက်ဝန်းက ရွှေသမင်လိုလှတယ်

လမ်းလျှောက်သွားပုံက ကြောင်ကတောင်အရှုံးပေးရမယ်

မင်းရဲ့တွန့်လိမ်တဲ့အလှက မြွှေတွေကတောင်မှီမယ်မထင်ဘူး

စူးရှတဲ့မင်းအကြည့်တွေကို သိမ်းငှက်က ဆရာတင်ရမယ်

မင်းရဲ့ကိုယ်သင်းရနံ့ကို အနံ့ခံကောင်းတဲ့ခွေးတွေက ဆလံသရတယ်

မင်းစကားပြောရင်လဲ မိုးဆွေငှက်လိုအသံသာတယ်

လျှင်မြန်တဲ့ရှောင်တိမ်းတတ်မှုမှာ တောယုန်တွေက အမေခေါ်ရမယ်

မင်းရဲ့အပြုံးကို `လင်းတတွေက မနာလိုတော့ဘူး

တိုးညည်းတဲ့စကားသံမိန့်ဆိုရင် ပုရစ်အော်သံလို တဆစ်ဆစ်

မင်းကိုချစ်မိသွားရင် ခါချဉ်ကိုက်ခံရသလို ဆန့်ငင် ဆန့်ငင်

မင်းရဲ့ပါးဖောင်းဖောင်းလေးတွေကို ၀က်မကြီးက ကထိကတင်ရတယ်

မင်းနှာတံလေးတွေက ဆင်ကလေးမိုမို လိုက်မမှီဘူး

နှင်းဆီရောင် နှတ်ခမ်းလေးတွေကိုမြင်ရင် ကြက်တူရွေးငိုရလိမ့်မယ်

ရှေးကဗျာဆရာကြီးများမင်းကိုတွေ့သွားရင် စပါးကြီးလောက်ကလောင်တံကိုင်ဆွဲပြီး

မင်းကိုဒီလို ဧရာမ တင်စားခြင်းတွေနဲ့ အိပ်ရေးပျက်ကြလိမ့်မယ်

မင်းဟာမိုးပေါ်က လမင်းကြီးထက် အဆ ၄၆-ဆလောက်ကျက်သရေရှိတယ်

၁၄-ရက်လ၀န်းကဲ့သို့ အံ့ဘွယ်ရှိတယ်

မင်းရဲ့မည်းနက်တဲ့ဆံနွယ်တွေက မြွှေဟောက်မများနဲ့တူတယ်

နုတ်ခမ်းများက သွေးရဲရဲထွက်နေတဲ့ ဓားရှရာနဲ့တူတယ်

အသားအရေက မွှေးကြိုင်တဲ့စံပယ်ပန်းနဲ့ နွေဦးပေါက်ရာသီလိုတင့်တယ်တယ်

မင်းဟာယောက်ျားများ၏ ချစ်ရေးအဆီအနှစ်နဲ့လဲတူတယ်လို့ စာဖွဲ့ကြလိမ့်မယ်

အို… ချစ်သူရယ် မင်းရဲ့ဂုဏ်ပုဒ်တွေက များလွန်းလှပါသကော့လားကွယ်

ရေထဲကငါး အအေးမိမှဘဲ ငါမင်းကိုမေ့နှိင်တော့မယ်ထင်ပါရဲ့

ဪ… ငါလဲမင်းကိုချစ်တဲ့နေရာမှာ မှုန်ယိုဆင်လိုဘဲဖြစ်နေပါပေါ့လားချစ်သူ….

 

ချစ်သူ…

မင်းငါ့ကိုမချစ်လို့ မျက်နှာသာမပေးရင် ငါမင်းကိုကြိတ်ပြီး

ကဗျာဆန်ဆန် ဆဲမိတော့မယ်

“ ဟဲ့…ဇီးကွက်မ၊ ဟဲ့… မြည်း၊ ဟဲ့… အသဲနှလုံးမရှိတဲ့ဝက်မ၊ ဟဲ့… အသားဝါတုံး “

ဒါကိုသာမင်းသိရင်ငါ့ကိုစိတ်ဆိုးပြီးပြန်ဆဲမှာမဟုတ်လား

“ဟဲ့… ခွေးတဆယ့်ရှစ်ကောင်အဖေ။ ဟဲ့… လင်းတအုပ်ရဲ့လမ်းညွှန်၊

ဟဲ့… နှောက်ချေးအိမ်၊ ဟဲ့… ၀က်ယောက်ျား၊ ဟဲ့… အီးတွင်းစောင့်ကောင်”

ငါ့ကိုဒီလိုဆဲရင်ငါကလဲမခံဘူး ပြန်တုတ်မှာပေါ့

“ဟဲ့… ၀က်အူချောင်းမကြီး၊ ဟဲ့… နင့်အဘိုးရဲ့အဘေးက နှာခေါင်းရှိလို့လား၊

ဟဲ့… နင်က အကောင်းတကွက်မှ မရှိတဲ့ပြည့်မှဲ့နေတဲ့ဝက်ခြံကြီး၊ ဟဲ့… နှံပြည်စုတ်မရဲ့ “

ဒီတော့နင်က ဒေါသချောင်းချောင်းထွက်လာပြီး

“ဟဲ့… ခွေးကောင်–မျောက်မျိုး၊ ဟဲ့… ချိုထောင်လှချည့်လား၊

ဟဲ့… နင့်အမှီးကုတ်ကြီးစည်းကမ်းရှိရှိနေပါလား၊ ဟဲ့… အပုပ်ကောင်၊ ဟဲ့… နင်ကမှဆိတ်ဟဲ့၊

ဟဲ့… ခူကောင်မဲကြီးရဲ့၊”

ဒီလိုအရူးအနန်းစိတ်ကူးအတွေတွေနဲ့ အိပ်ရေးပျက်တတ်တာလဲ မင်းကိုချစ်တဲ့ စိတ်ကြောင့်ဘဲ

မဟုတ်ပါလားချစ်သူရယ်…     

 

About လေပြေ ရိုင်း

လေပြေ ရိုင်း has written 3 post in this Website..

   Send article as PDF