ရည်းစားစာ

ချစ်သူ…

မင်းရဲ့မျက်ဝန်းက ရွှေသမင်လိုလှတယ်

လမ်းလျှောက်သွားပုံက ကြောင်ကတောင်အရှုံးပေးရမယ်

မင်းရဲ့တွန့်လိမ်တဲ့အလှက မြွှေတွေကတောင်မှီမယ်မထင်ဘူး

စူးရှတဲ့မင်းအကြည့်တွေကို သိမ်းငှက်က ဆရာတင်ရမယ်

မင်းရဲ့ကိုယ်သင်းရနံ့ကို အနံ့ခံကောင်းတဲ့ခွေးတွေက ဆလံသရတယ်

မင်းစကားပြောရင်လဲ မိုးဆွေငှက်လိုအသံသာတယ်

လျှင်မြန်တဲ့ရှောင်တိမ်းတတ်မှုမှာ တောယုန်တွေက အမေခေါ်ရမယ်

မင်းရဲ့အပြုံးကို `လင်းတတွေက မနာလိုတော့ဘူး

တိုးညည်းတဲ့စကားသံမိန့်ဆိုရင် ပုရစ်အော်သံလို တဆစ်ဆစ်

မင်းကိုချစ်မိသွားရင် ခါချဉ်ကိုက်ခံရသလို ဆန့်ငင် ဆန့်ငင်

မင်းရဲ့ပါးဖောင်းဖောင်းလေးတွေကို ဝက်မကြီးက ကထိကတင်ရတယ်

မင်းနှာတံလေးတွေက ဆင်ကလေးမိုမို လိုက်မမှီဘူး

နှင်းဆီရောင် နှတ်ခမ်းလေးတွေကိုမြင်ရင် ကြက်တူရွေးငိုရလိမ့်မယ်

ရှေးကဗျာဆရာကြီးများမင်းကိုတွေ့သွားရင် စပါးကြီးလောက်ကလောင်တံကိုင်ဆွဲပြီး

မင်းကိုဒီလို ဧရာမ တင်စားခြင်းတွေနဲ့ အိပ်ရေးပျက်ကြလိမ့်မယ်

မင်းဟာမိုးပေါ်က လမင်းကြီးထက် အဆ ၄၆-ဆလောက်ကျက်သရေရှိတယ်

၁၄-ရက်လဝန်းကဲ့သို့ အံ့ဘွယ်ရှိတယ်

မင်းရဲ့မည်းနက်တဲ့ဆံနွယ်တွေက မြွှေဟောက်မများနဲ့တူတယ်

နုတ်ခမ်းများက သွေးရဲရဲထွက်နေတဲ့ ဓားရှရာနဲ့တူတယ်

အသားအရေက မွှေးကြိုင်တဲ့စံပယ်ပန်းနဲ့ နွေဦးပေါက်ရာသီလိုတင့်တယ်တယ်

မင်းဟာယောက်ျားများ၏ ချစ်ရေးအဆီအနှစ်နဲ့လဲတူတယ်လို့ စာဖွဲ့ကြလိမ့်မယ်

အို… ချစ်သူရယ် မင်းရဲ့ဂုဏ်ပုဒ်တွေက များလွန်းလှပါသကော့လားကွယ်

ရေထဲကငါး အအေးမိမှဘဲ ငါမင်းကိုမေ့နှိင်တော့မယ်ထင်ပါရဲ့

ဪ… ငါလဲမင်းကိုချစ်တဲ့နေရာမှာ မှုန်ယိုဆင်လိုဘဲဖြစ်နေပါပေါ့လားချစ်သူ….

 

ချစ်သူ…

မင်းငါ့ကိုမချစ်လို့ မျက်နှာသာမပေးရင် ငါမင်းကိုကြိတ်ပြီး

ကဗျာဆန်ဆန် ဆဲမိတော့မယ်

“ ဟဲ့…ဇီးကွက်မ၊ ဟဲ့… မြည်း၊ ဟဲ့… အသဲနှလုံးမရှိတဲ့ဝက်မ၊ ဟဲ့… အသားဝါတုံး “

ဒါကိုသာမင်းသိရင်ငါ့ကိုစိတ်ဆိုးပြီးပြန်ဆဲမှာမဟုတ်လား

“ဟဲ့… ခွေးတဆယ့်ရှစ်ကောင်အဖေ။ ဟဲ့… လင်းတအုပ်ရဲ့လမ်းညွှန်၊

ဟဲ့… နှောက်ချေးအိမ်၊ ဟဲ့… ဝက်ယောက်ျား၊ ဟဲ့… အီးတွင်းစောင့်ကောင်”

ငါ့ကိုဒီလိုဆဲရင်ငါကလဲမခံဘူး ပြန်တုတ်မှာပေါ့

“ဟဲ့… ဝက်အူချောင်းမကြီး၊ ဟဲ့… နင့်အဘိုးရဲ့အဘေးက နှာခေါင်းရှိလို့လား၊

ဟဲ့… နင်က အကောင်းတကွက်မှ မရှိတဲ့ပြည့်မှဲ့နေတဲ့ဝက်ခြံကြီး၊ ဟဲ့… နှံပြည်စုတ်မရဲ့ “

ဒီတော့နင်က ဒေါသချောင်းချောင်းထွက်လာပြီး

“ဟဲ့… ခွေးကောင်–မျောက်မျိုး၊ ဟဲ့… ချိုထောင်လှချည့်လား၊

ဟဲ့… နင့်အမှီးကုတ်ကြီးစည်းကမ်းရှိရှိနေပါလား၊ ဟဲ့… အပုပ်ကောင်၊ ဟဲ့… နင်ကမှဆိတ်ဟဲ့၊

ဟဲ့… ခူကောင်မဲကြီးရဲ့၊”

ဒီလိုအရူးအနန်းစိတ်ကူးအတွေတွေနဲ့ အိပ်ရေးပျက်တတ်တာလဲ မင်းကိုချစ်တဲ့ စိတ်ကြောင့်ဘဲ

မဟုတ်ပါလားချစ်သူရယ်…     

 

7 comments

  • လေပြေ ရှိုင်း

    August 17, 2012 at 8:32 am

    တကယ့်ရည်းစားစာ ပါ ခင်ဂျာ… သူငယ်ချင်းတို့အားလုံး ဒီစာလေးနဲ့ ကိုယ့်ချစ်တဲ့သူကိုပေးနိုင်ပါပြီ။
    ပါးအရိုက်ခံနိုင်တယ်ဆိုရင်ပေါ့… ဒီစာလေးကို ပြီးခဲ့တဲ့ ၂၀၀ရ ခုနှစ်က သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ အမှတ်တရ ရေးပေးပြီး မေးလ်ပို့ခဲ့တာပါ။… မိန်းခလေး သူငယ်ချင်းတစ်ယောက်ကို ရည်စားစာဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ မေးလ်ပို့ခဲ့တာပါ။ နောက်ထပ် ရင်းနှီးတဲ့ သူငယ်ချင်းငါးယောက်ကိုလဲ ပို့ခဲ့ပါတယ်။
    ဒီထဲမှ ပါတဲ့ အခိုင်းအနှိုင်းတွေ တိရိစ္ဆာန်လေးတွေ တော်တော်များများ အဲဒီအချိန်က ကျွန်တော်ဖတ်နေတဲ့ စာအုပ်ထဲက ဆွဲထည့်ထားတာပါ။ အဲဒီစာအုပ်က ဆရာပါရဂူရဲ့ သိဓဒ ္ထလို့ထင်ပါတယ်။ အဲဒီစာအုပ်က ကျွန်တော့်ဆီမှာ မရှိတော့လို့ ဟုတ်မဟုတ်တော့ confirm မလုပ်နိုင်တော့ပါဘူး။ မှတ်မိသလောက်တော့ ဟိုးရှေ့ကြကြထင်ပါတယ် အဲဒီတုန်းက ဇာတ်လိုက် မင်းသားလေးက မင်းသမီးလေးနဲ့တွေ့တော့ ခံစားမိတဲ့ စာလုံးလေးတွေ သဘောကျမိလို့ အများကြီးယူသုံးထားတာပါ တချို့ တိရိစ္ဆာန်လေးတွေ ဖြည့်ပေါင်းထားတာပါ။ အားလုံး ရွင်လန်းချမ်းမြေ့ပါစေ….

  • shwe kyi

    August 17, 2012 at 9:54 am

    ကိုလေပြေရှိုင်း မိန်းကလေးသူငယ်ချင်းတဲ့ ဟုတ်လို့လား
    အဟဲ ပါးရိုက်ခံလိုက်ရတယ်လား။ ဟုတ်လား။

  • si tone

    August 17, 2012 at 5:08 pm

    aww…………………
    ကမာ္ဘပေါ်မှာ…. ရှိတဲ့ တိရိစာ္ဆန် တွေလဲ ကုန်ပါပီ……………
    ပီတော့ သူများ ချစ်သူ လင်းတ တွေလဲ ပါတယ်……. တိုင်ပြောမယ်…သူတို့ကို…ဇွတ်
    အဟိ… 🙂

  • ပင်လယ် ပျော်

    August 17, 2012 at 6:18 pm

    တိရိစာ္ဆန် ရုံထဲ ရောက်နေပြီ…

  • Smart Pyi Pyi

    August 17, 2012 at 6:48 pm

    အော်ရည်းစားဆိုတာ မရှိမကောင်းရှိမကောင်းပါဗှာ

  • မဟာရာဇာ အံစာတုံး

    August 17, 2012 at 7:55 pm

    ဒီလို …
    တိရစ္ဆာန်တွေနဲ့ ရည်စားစာတစ်ခုကို
    ဖတ်တော့ ဖတ်ဖူးတယ်ဗျ ..
    ဘယ်ထဲမှာလည်းတော့ မှတ်မိတော့ဘူး …

    ဒီဂဟာမျိုးတော့ဖြင့် ပေးရဲပါဘူးဂျာ ..
    တော်ကြာနေ တောင်မလေးဂ
    သူ့ ဘာကောင်မှတ်တုန်း ဆိုပြီး လိုက်ထုမှ ဟုတ်ပေ့ဖစ်နေဘာဦးမယ် … 😀

  • မိုး မင်းသား

    August 19, 2012 at 1:21 pm

    လေပြေရိုင်း…..

    ခင်ဗျားရဲ ့ရည်းစားစာကဂန္တဝင်…ဆန်မယ်လို ့ထင်ထားတာ…..

    ဟိ…..ဟိအဆင်ပြေပါစေလေ….ဟေ ့..ဟေဟေ ့….

    အရမ်းခင်မိပါတယ်လေ

Leave a Reply