” နှင်းတောင်တန်းပေါ်က မျက်လုံးစိမ်းများ ”

YE YINT HLAINGAugust 17, 20121min22122

ဘယ်ဘက် မျက်လုံးနာနေခဲ့တာကြောင့် မျက်လုံးအာရုံ စူးစိုက် ရတဲ့ အလုပ် များများ မလုပ်မိအောင် ရှောင်နေခဲ့ရတာနဲ့ ရေးလက်စဖြစ်တဲ့ နေပါစေ ချစ်လို့ ကိုပြီးအောင်မရေးဖြစ်ခဲ့တဲ့ အတွက် ဖတ်ရှုအားပေးခဲ့တဲ့ ဖတ်လက်စ စာဖတ်သူ တွေကို ဒီနေရာကပဲ တောင်းပန်လိုက်ပါရစေ ။ ခုနေ ရေးဖို့ကလည်း မု( ဒ ) မရှိတော့ မရေးချင်ဘူးဖြစ်နေတာကြောင့် အမှန်ပဲ အားနာမိပါတယ် ။ ဒါကြောင့် နားလည် ခွင့်လွတ် ပေးကြပါလို့ မစ်တာရပ်ခံ လိုက်ပါတယ် ။

” နှင်းတောင်တန်းပေါ်က  မျက်လုံးစိမ်းများ ”

တတိယမြောက် လေယဉ်ကွင်းကို ဆင်းသက်ခါနီး လေယဉ်ပြတင်းကနေ ဖွေးဖွေးဖြူနေတဲ့ မြင့်မားတဲ့ နှင်းတောင်တန်း ကြီးတွေကိုကြည့်ရင်း စိတ်ထဲမှာ အလိုလိုအေးခဲသွားတယ်။ကျွန်တော်စီးလာတဲ့ လေယဉ်က ခပ်သေးသေးဖြစ်သလို ဆင်းသက်ရတဲ့ လေယဉ်ကွင်း ကလည်း ခပ်သေးသေးလေယဉ် ကွင်းဖြစ်နေတယ် ။ လေယဉ် ပေါ်ကဆင်းတာနဲ့ အေးစက်နေတဲ့ လေထု က ဆီးကြိုလိုက်တာမို့ သားရေ အနွေးအိင်ကျီ ဇစ်ကို လည်ပင်းနား အထိ ရောက်အောင် ဆွဲတင်လိုက်တယ် ။ ပြီးတော့ လေဆိပ်အဆောက်အဦးရှိရာကို တန်းစီလျှောက်နေတဲ့ လူတန်းထဲ ရောလျှောက်နေရင်း  အဆောက်အဦးထဲ ရောက်သွားတယ် ။ အဆောက်အဦးထဲမှာတော့ သင့်တင့်မျှတတဲ့ အနွေးဓာတ်ရှိနေတယ် ။ တနေရာ အရောက်မှာ ဟေး —လို့ မတိုးမကျယ် ခေါ်သံကို သတိပြုမိလို့ အကြည့်မှာ ငွေရောင် ဆံပင် မျက်လုံးပြာပြာ အနွေး အိင်ကျီထူထူကို ဝတ်ဆင်ထားတဲ့ အမျိုးသမီး တဦးဖြစ်နေတယ် ။ သူမ ခေါ်နေတဲ့ သူကလည်း ကျွန်တော် ဖြစ်နေတယ် ။ ပြီးတော့ သူမ လက်ထဲက စာရွက်ထပ် တွေထဲ က ကျွန်တော့ဓာတ်ပုံ ပါတဲ့ စာရွက် တရွက်ကို ရွေးထုတ်ပြီး ကျွန်တော့ မျက်နှာ ကို အသေအချာကြည့် တိုက်ဆိုင်စစ်ဆေး နေတယ် ။ကျွန်တော့ ပတ် ( စ )ပို့ ကို တစိတ်လောက်လို့ပြောပြီးတောင်းယူကြည့်တယ် ။ ပြီးမှ ပြုံးရွှင်ချိုသာတဲ့ မျက်နှာနဲ့” ဒတ်ဖလင်” ဆိုပြီးသူမ နာမည် ကို ပြောပြ နှုတ်ဆက်လာတယ် ။ သူမနဲ့ ကျွန်တော် လက်ဆွဲနှုတ်ဆက်အပြီးမှာ သူမ က ထိုင်ခုံ တနေရာကို ညွန်ပြပြီး ခဏလောက် ထိုင်စောင့်ပေးပါလို့ ပြောလာတယ် ။ ဒီလိုနဲ့ တယောက်ပြီး တယောက် ကျွန်တော့လိုပဲ ကျွန်တော့ ထိုင်ခုံဘေးမှာ ရောက်လာတယ် ။ ကျွန်တော် အပါအဝင် လူမည်း ( ၃ ) ယောက် လူဖြူ ( ၉ ) ယောက် စုစုပေါင်း ( ၁၃ ) ယောက် ဖြစ်လာတော့ အားလုံးကိုသူမက ဦးဆောင်ခေါ်သွားပြီး ကားရပ်နားရာ နေရာမှာရှိတဲ့ မီနီဘတ် ( စ ) တစီးပေါ်ကို တယောက်ချင်းတက် ခိုင်းတယ် ။ ကားပေါ်အားလုံး ရောက်သွားပြီဆိုမှ သူမ က ယဉ်မောင်းနေရာမှာ ဝင်ထိုင်ပြီး ကားကိုမောင်းထွက်သွားတယ် ။ လေယဉ် ပြေးလမ်းဘေး ကားလမ်း အတိုင်း မောင်းနှင်နေရင်း ဝင်ပေါက်ဂိတ်တခု နေရာအရောက်မှာ ကားကို စက်ရှိန်လျှော့ရပ်လိုက်ပြီး ဂိတ်စောင့် စစ်ဆေးသူကို သူမ လည်ပင်းမှာ ဆွဲထားတဲ့ ကဒ်ပြားလေး ေ.ရှထုတ်ပြရင်း — ဂိတ်ဖွင့် အပေးမှာတော့ လေယဉ်ပြေးလမ်းကို ဖြတ်မောင်းလိုက်တယ် ။ ေ.ရှဘက် နောက်ဘက်  အပိတ် မရှိတဲ့ ကေစပန် အဆောက်အဦး လုံးလုံး ကြီးနားမှာကားကိုရပ်လိုက်တယ် ။

ကျွန်တော်ကားပေါ်က ဆင်းပြီး အဆောက်အဦး အတွင်းဘက် ကြည့်လိုက်တော့ လေယဉ်ငယ်လေးတစင်းတွေ.လိုက်ရတယ် ။ ကျွန်တော်တို့ ခရီးဆက်ရဦးမယ်ပေါ့ ။” ဒတ်ဖလင်” နဲ့ လေယဉ်မှူး ကစကားပြောနေတယ် ။ ကျွန်တော်တို့ အားလုံးလည်း နီးရာလူနဲ့စကားပြောကြတယ် ။ အဲဒီမှာ ကျွန်တော့ ဘေးရပ်နေတဲ့ လူမည်း တဦးက” ကိ ( ဗ ) ” လို့ သူ့နာမည်ကို ပြောပြနှုတ်ဆက်လာတယ် ။ ကျွန်တော် လည်း ဆေးလိပ် တလိပ်အရင်ထုတ်ပြီး သူ့ကိုပေးလိုက်တယ် ။ ပြီးမှ ကျွန်တော် တလိပ်ထပ်ထုတ် မီးညှိ ရှိုက်ဖွာလိုက်တယ် ။ ဆေးလိပ် တလိပ်ရှိုက်ဖွာပြီးချိန်မှာတော့ လေယဉ်မှူးက အားလုံးကိုလေယဉ်လေးပေါ် တယောက်ပြီးမှ တယောက်တက်ခိုင်းတယ် ။ လေယဉ် လှေကားကလည်း သေးသေးလေးလေ ။” ဒတ်ဖလင်”က လေယဉ်ပေါ် တက်သမျှ လူအားလုံးကို နှုတ်ဆက်တယ် ။ အားလုံး လေယဉ်ပေါ် ရောက်ချိန်မှာတော့ သူမက နောက်ဆုံးနှုတ်ဆက်စကား အဖြစ် “Good Luck!” လို့ပြောပြီး လေဆိပ်မှာပဲ ကျန်ခဲ့တယ် ။လေယဉ်ငယ်ပေါ်မှာ ကိုယ်နှစ်သက်ရာ ထိုင်ခုံတွေမှာ ဝင်ထိုင်ကြတာမို့ ကျွန်တော် က လေယဉ်ပြတင်းတခု ဘေးမှာထိုင်တယ် ။ အဲဒီ ပြတင်း ကနေကြည့်မိတော့ မွတ်နေအောင် လည်နေတဲ့ လေယဉ် ပန်ကာဟာ ကျွန်တော်နဲ့ တည့်တည့်မှာ ရှိနေတယ် ။ ( ၄၅ ) ငါးမိနစ်ကြာခန့် ငြိမ်သက်စွာ ပြန်သန်းနေတာမို့ အစပိုင်း ကိုယ့်အတွေးနဲ့ကိုယ် ငြိမ်သက်နေကြရာ ကနေငိုက်မြည်း လာကြတယ် ။ ဒီအချိန်မှာ လေယဉ်ငယ်ဟာ ခပ်နိမ့်နိမ့် ပျံသန်းလာပြီး ဘယ်ညာ လူးလွန့် ပျံသန်းလာတယ် ။ သိမ့်ကနဲ သိမ့်ကနဲ အသည်းအေးလောက်တဲ့ပျံသန်းမှုကြောင့် ကျွန်တော့တို့ အားလုံး ဝူး ဝါး အီးအား ထအော်လာကြတယ် ။ လေယဉ်မှူး က လူပျော် ငပြောင် တယောက်ဆိုတာသိလိုက်ရတယ် ။ လေယဉ် ပြတင်းကနေ အောက်ဘက် ကို ကျွန်တော်ကြည့်မိတော့ အသည်း ရေခဲရိုက်သွားသလို ခံစားလိုက်ရတယ် ။ အောက်မှာက စွတ်စွတ်ဖြုနေတဲ့ နှင်းတောင်တန်းကြီး ။

ဒီလိုနဲ့တောင်ခြေဧရိယာ ဆိုတဲ့နေရာကို ရောက်လာတယ် ။ ရောက်ရောက်ခြင်း” ကိ ( ဗ )” က မှတ်ချက်ပေးတယ် ။” Fucking Freezing ” တဲ့ ။ ဟုတ်တယ် —- အရမ်းအေးတယ် ။ ကားထဲက အပူချိန်တိုင်းကရိယာမှာ ( – 11  ) ကိုပြနေတယ် ။ နားရွက်ဖျားတွေ နှာသီးဖျားတွေ စပ် လာတယ် ။ လက်တွေ ထုံကျင်အေးခဲလာတယ် ။ အသက်ရှု နေရတဲ့ နှာဖျား မှာ ဝင်သက် ထွက်သက်တိုင်းမှာ သံပတပ် နဲ့ ရွရွ လေးပွတ်သလို ခံစားရတယ် ။ ယာယီ အဆောက်အဦး ထဲကိုရောက်မှ အနွေးဓာတ် ကြောင့်နေသာ ထိုင်သာ ရှိလာတယ် ။ ယာယီ အဆောက်အဦး ထဲမှာ ဒီအဆောက်အဦး က အကြီးဆုံး ဖြစ်သလို စားသောက်ခန်းမ လည်း ဖြစ် အစည်း အဝေး ခန်းမလည်း ဖြစ်တယ် ။ ယခင် ရှေက ရောက်ပြီး ( ၂၂ ) ယောက်နဲ့ အခုရောက်လာတဲ့ ( ၁၃ ) ယောက် ပေါင်းရင် စုပေါင်း ( ၃၅ ) ဦး စုံညီရှိနေတယ် ။ ယခင် ရောက်နှင့် ပြီးသူတွေထဲက မျက်နှာချို တဲ့ တယောက်က အသစ်ရောက်လာသူတွေကို သူ့နာမည်ပြောပြနှုတ်ဆက်ရင်း ကနေ ဒီအဖွဲ့လေးရဲ့ အကြီးဆုံး တာဝန်ရှိသူနဲ့ မိတ်ဆက်ပေးလာတယ် ။ ပြီးတော့ အားလုံးအတွက် နေရာထိုင်ခင်း ချပေးတယ် ။ အဲဒီညမှာ အထူး နှုတ်ဆက်ညစာ လေးနဲ့ တည်ခင်း ဧည့်ခံကြိုဆိုခဲ့တယ် ။

နောက်ရက် မနက်မှာ” ကိ ( ဗ )” တယောက် ကျွန်တော့ အခန်းရှိရာ ရောက်လာပြီး ကျွန်တော့ ကို စားသောက်ခန်းမရှိရာ အတူသွားဖို့ လာခေါ်ပါတယ် ။ ခန်းမထဲ ရောက်တော့ ရာသီဥတု သာယာချိန်မှာ- တောင်ပေါ် ဧရိယာသစ်တည်ဆောက်ရေး အတွက် လူဟောင်း တချို့နဲ့ လူသစ်တချို့တွဲ ပြီးတက်မဲ့ အကြောင်း နဲ့ တောင်အောက်ဧရိယာ တည်ဆောက်ရေးမှာလည်း ထိုနည်းတူ လူဟောင်းလူသစ် တွဲဖက် တာဝန်ခွဲဝေထားတဲ့အကြောင်း- မကြာခင် လိုကယ် လုပ်သားတွေလည်း ရောက်ရှိလာတော့မယ်ဖြစ်ကြောင်း ကို အကြီးအကဲ ” အမ်တွန် “က ပြောလာပါတယ် ။ တာဝန်ခွဲဝေမှုဇယား ကလည်း ယာယီခွဲဝေမှု သာ ဖြစ်ကြောင်း သူက ဆက်ပြောပါတယ် ။ ဒါနဲ့ ဝေပေးတဲ့ ဇယားပါစာရွက်ကို ကြည့်မိတော့ ကျွန်တော့ တာဝန်က ရဟတ်ယဉ် ဆင်းသက်ဖို့ အတွက် တောင်ပေါ်ဧရိယာမှာ ဟယ်လီပက် တည်ဆောက်ရေး အတွက် ကွန်ကရစ် ဖျော်ပေးဖို့ပါ ။ ဒီလိုနဲ့ ကျွန်တော် အပါအဝင် ဆယ်ဦး တောင်ပေါ်တက်ကြတယ် ။ ခြေလျှင် တောင်တက်နည်းနဲ့ပေါ့ ။ အမဲပစ် ရိုင်ဖယ် တလက်စီ ကိုင်ထားတဲ့ သူသုံးဦးက ေ.ရှ ၊ အလယ် နဲ့ နောက်ဆုံးကလိုက်ပါလာကြတယ် ။ လမ်းဖောက် ဖို့အတွက် လမ်းကြောင်းရွေးချယ်ရင်း တက်ကြတာမို့ ခရီး မပေါက်လှသလို အရိုးကွဲမတတ် အေးတာရယ် ဝတ်ထားတဲ့အနွေးအိင်ကျီထူကြီးက လေးတာရယ်ကြောင့် ခက်ခဲပင်ပန်းလှတဲ့ တောင်တက်ခရီးကြမ်းလို့ ပြောရမှာပါပဲ ။ တချို့ နေရာ တွေမှာ ခြေချင်းဝတ် အထိ မြုပ်တဲ့ နှင်းထုထဲမှာ ရုန်းရင်း လျှောက်နေရတယ် ။ မတော်တဆ ထိခိုက်မိရင်လည်း နာကျင်လွန်းလှပါတယ် ။

ဒီလိုနဲ့ သက်မှတ်ဧရိယာ ကို ရောက်လာတယ် ။ နှင်းတွေ ဖွေးနေပေမဲ့ မြေသားထုရှိတဲ့ ကျယ်ပြန့်တဲ့နေရာ ။ အဖွဲ့ ခေါင်းဆောင် ” ဂေါ်ဒန် ” က “ဖာဂျယ်” လို့ ခေါ်တဲ့ တယောက်ကို ယာယီရွက်ဖျင် နဲ့ အသုံးအဆောင်ပစ်စည်းတွေ ရဟတ်ယဉ် နဲ့ ကြိုးချိတ်ချပေးနိုင်ဖို့ ဆက်သွယ်ခိုင်းလိုက်တယ် ။ မကြာပါဘူး  ရဟတ်ယဉ် ရောက်လာပြီး ပစ်စည်းတွေချပေးသွားတယ် ။ နှစ်ယောက် တလုံး ရွက်ဖျင်တဲ ငါးလုံးကို စက်ဝိုင်း ပုံစံ ထိုးတယ် ၊ ညဘက် မီးအလင်းရောင်နဲ့ အနွေးဓာတ် မပြတ်ဖို့အတွက် တဲငါးလုံးရဲ့ အလယ်ဗဟိုမှာ မီးပုံဖိုတယ် ။ တယောက် တစ်နာရီ အလှည့်ကျ နေ့စဉ် အချိန်အပြောင်းအလဲ လုပ်ပြီး ( ၂၄ ) နာရီ ပတ်လုံး ကင်းချတယ် ။ ကင်း ကျတဲ့သူဟာ သေနတ်ကိုင်ရမယ် ။ အဲဒီမှာ ” ဂေါ်ဒန် “က သေနတ် မပစ်ဘူးတဲ့သူ မပစ်တတ်တဲ့သူ ရှိလားမေးပြီး ကျည်ကဒ်ထဲ ကျည်ဖြည့်ပုံ ၊ မောင်းတင်ပုံ ၊ ချိန်မှတ် ပစ်ခတ်ပုံ တွေ သင်ပြလာတယ် ။ နေ့ခင်းဘက် အလုပ်လုပ် ညဘက်ကင်းချိန် ကင်းစောင့်ပေါ့ ။

ဒုတိယည ( ၁ — ၂ ) နာရီ ဟာ ကျွန်တော့ကင်းချိန် ဖြစ်တယ် ။” ဂေါ်ဒန် “က ကင်းချိန်မှာ ဆေးလိပ်သောက်တာနဲ့ ထိုင်ပြီး ကင်းစောင့်တာကို လုံးဝ လက်မခံသူဖြစ်တယ် ။ သူ့ရဲ့ကင်းချိန်မှာလည်း သူကိုယ်တိုင် ရပ်ပြီးကင်းစောင့်တယ် ။ ဒါကြောင့် ကျွန်တော်လည်း ရပ်ပြီး မီးပုံဘေးကနေ အရပ် ဆယ်မျက်နှာ လှည့်ကြည့်ရင်း ကင်းစောင့်တယ် ။ အေးစက်နေတဲ့ သေနတ်ကို အတန်ငယ် အအေးဓာတ်ပျောက်အောင် မီးပုံဘက်ကို လှည့်ပြီးရပ်နေရာကနေ လုံလောက်ပြီထင်လို့ လှည့်ပတ်အကြည့်မှာ လား — လား —- ဘုရား — ဘုရား — ကျွန်တော့ ကျောဘက်မှာ ကျွန်တော့ ကိုရပ်ကြည့်နေတဲ့ မျက်လုံးစိမ်း တစုံ ။ စက်ကန့် အနည်းငယ် ကျွန်တော်မှင်သက် ကြည့်နေတုန်းမှာ ပဲ တဖြေးဖြေးများလာတဲ့မျက်လုံးစိမ်းတွေ ။ ကျွန်တော့ မျက်လုံးတွေ ပြူးကျယ်လာပြီး– ကြည့်နေတုန်းမှာပဲ မျက်လုံးစိမ်း တစုံဟာ အမြင့်ပျံလာပြီး– မီးရောင်နဲ့ ကျွန်တော် ဖျပ်ကနဲ မြင်လိုက်ရတဲ့ ကျွန်တော့အပေါ် ခုန်အုပ်လာတဲ့ သတ်တဝါ တစ်ကောင် ။ ယင်း အကောင် ရှိရာကို သေနတ်ပြောင်းက အလိုလို တည်မိရင်း ကနေ မောင်းဖြုတ်မိပြီးသား ဖြစ်သွားတယ် ။
”  ဒိုင်း ! ”
”  ဂရား ! ဂီး ! ဂု ! အုဝု ! ”
” ဂီး! ဝှီး ! ဂရား ! အုဝူ !!!!!!! ”
” ဒိုင်း ! ဒိုင်း ! ဒိုင်း !

နှင်းတောင်ဝံပုလွေ တွေလို့ခေါ်ရမလား ? နှင်းတောင်ခွေးအ တွေလို့ခေါ်ရမလားမသိတဲ့ ခပ်ကြီးကြီး အကောင်တွေ က အချိန်ကောင်းကို စောင့်ဆိုင်းပြီး ကျွန်တော့ကို အရင် တိုက်ခိုက်လာတယ် ။ ကျွန်တော် ပြန်လည် ပစ်ခတ်တဲ့ သေနတ်သံကြောင့် ကျန် ( ၉ ) ယောက်လုံး နိုးလာပြီး သေနတ် ( ၃ ) လက်နဲ့ နီးရာ ရရာ လက်နက်ဆွဲပြီး ခွေးအ တွေနဲ့ တိုက်ပွဲဝင်နေတယ် ။ ခွေးအ ဆယ်ကောင်ဝန်းကျင် အတုံး အရုန်း ကျသွားချိန်မှာတော့ အခြေအနေ မလှမှန်း သိတဲ့ ခွေးအတွေ နောက်ဆုတ်သွားတယ် ။ ကျွန်တော်တို့လည်း အပစ်ရပ်ပြီး ဒီကောင်တွေ ဆုတ်သွားတာကို ကြည့်နေလိုက်တယ် ။ ဂေါ်ဒန်က ” ဒီကောင်တွေ ဆုတ်သွားပေမဲ့ ပြန်မလာဘူးလို့ မပြောနိုင်ဘူး ! တည လုံး မအိပ်ပဲနဲ့ သတိရှိရှိ နဲ့ ထိုင်စောင့်ကြမယ် လို့ပြောရင်း ကျွန်တော် ဆယ်ဦးလုံး မီးပုံဘေးမှာ ထိုင်စောင့်နေကြတယ် ။ အချိန်အနည်းငယ် အကြာမှာ မြေပြင်ဟာ လှုပ်ခါလာတယ် ။ တစုံတရာ အကြီး အကျယ် ပြိုလဲကျသံ ကြီးနဲ့ အတူ အသံလာရာဆီကို ကြောက်လန့် ခြောက်ခြားစွာစောင့်ကြည့်နေတုန်းမှာ မီးရောင်နဲ့ မြင်လိုက်ရတာက နှင်းလှိုင်းကြီး ပြိုဆင်းလာတာ ။

”   အား — ”
ကျွန်တော့  အပေါ် ပြိုဆင်းလာတဲ့နှင်းတွေပိတယ် ။ နာကျင်မှု အေးစက်ကိုက်ခဲ နေမှု နဲ့ အသက်ရှု မဝမှုတွေ တချိန်ထဲ စုပြုံခံစား နေရင်းကနေ ကျွန်တော် —–  အိပ်မက် က နိုးလာပါတော့တယ် ။  မနေ့ညနေက ကျွန်တော် အလုပ်လုပ်တဲ့ ပလန့် ဘေးက တောင်တန်းတွေပေါ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ လတွင်း ရေခဲမိုးတွေရွာပြီး နှင်းတွေ ဖုံးနေတဲ့ အကြောင်း နေမမြင်ရတဲ့ အကြောင်း နဲ့ အခန်းထဲအောင်းနေရတဲ့ အကြောင်းကို ပလန့် တာဝန်ခံ ကြီး ကိုပြောပြခဲ့တယ် ။ အလုပ်သိမ်းလို့   နားနေရာ အိပ်ခန်းတွေရှိရာ   ပြန်တော့လည်း အပြန်လမ်း ကားမီးရောင် ေ.ရှမှာ ဖြတ်ပြေးတဲ့ ခွေးတကောင်ကိုတွေတယ် ။ သာမန်ခွေးပုံစံ နဲ့ မတူတဲ့ အဲဒီခွေးကို ခွေးရိုင်း ( ဝံပုလွေ ) လို့ တာဝန်ခံကြီးကပြောတယ် ။ အဲဒီ ခွေးက ကားမီးရောင်ကို ဆောင်ပေပေ နဲ့ ကြည့်သွား တာတွေကို စိတ်ကစွဲပြီး အိပ်မက်ထဲ အထိပါ ရောက်လာပါလေရောဗျာ ။ နိုးလာတဲ့ အချိန်က စောနေသေးပေမဲ့ ပြန်မအိပ်ချင်တော့ တာနဲ့” နှင်းတောင်တန်းပေါ်က မျက်လုံးစိမ်းများ” ဆိုတဲ့ အမည်နဲ့ ရေးသားလိုက်ရပါတော့တယ်။

ဖတ်ရှုအားပေးသူများကို ကျေးဇူးတင်ပါတယ် ခင်ဗျာ —
ရဲရင့်လှိုင်

22 comments

  • မောင်ပေ

    August 17, 2012 at 3:02 pm

    ဖတ်ရှုအားပေးသွားပါတယ် ကိုရဲရင့်လှိုင်ရေ

  • YE YINT HLAING

    August 17, 2012 at 3:26 pm

    ကျေးဇူးပဲဗျာ ! ဘဲဥ ခွဲသွားလို့ ! ရေးချင်ရာ ကောက်ရေးပြီး တင်မိသွားတာ လည်း ကိုယ့်ဟာကို သိလိုက်ပါတယ် ကိုပေ ! ဘာပဲ ပြောပြော ဖတ်စရာ စာတပုဒ် အနေနဲ့ ဖတ်ပြီး ကွန်မန့်လေးချီးမြင့်သွားတာ ဒီ ပို့ ( စ ) နဲ့ ပတ်သက်ပြီး တကယ်ပဲကျေးဇူးတင်ပါတယ်ဗျာ !

  • shwe kyi

    August 17, 2012 at 4:13 pm

    မျက်လုံးစိမ်းနဲ့မိန်းကလေးရေ တသက်လုံးမစိမ်းနဲ့မိန်းကလေးရေ အဟဲ သီချင်းလေးသတိရလို့

    အိပ်ရာနိုးထရေးတာတောင်ကောင်းနေတယ်။
    မျက်စိနာမြန်မြန်ကောင်းပါစေရှင်။

    • YE YINT HLAING

      August 17, 2012 at 7:03 pm

      ဆုတောင်း ပေးတဲ့ အတွက်ရယ် ဖတ်ရှုအားပေးသွားတဲ့ အတွက်ရယ် ကြောင့် ကျေးဇူးပါ မရွှေကြည် ခင်ဗျာ !

  • ကြောင်လေး

    August 17, 2012 at 6:44 pm

    စဖတ်တုန်းက တယ့်အတွေ့အကြုံလို့ထင်နေတာ၊ အဆုံးရောက်မှ အိပ်မက်ဖြစ်နေတယ်။
    စိတ်ဝင်စားစရာဇာတ်လမ်းလေးပါ။ဖတ်လို့အတော်ကောင်းပါတယ်။

  • YE YINT HLAING

    August 17, 2012 at 7:07 pm

    ကိုကြောင်လေး ကိုလည်း ကျေးဇူးပါဗျာ ! ဒါနဲ့ — အိမ်သာ ရေပိုက် တွေကောပြင်ပြီး သွားပြီလားဗျ !

  • ကြောင်လေး

    August 17, 2012 at 7:29 pm

    ရေပိုက်ကပြင်ပြီးသွားပြီ၊
    ဒါပေမဲ့တံခါး ဂျက်က ပက်ပက်စက်စက်ဒုက္ခပေးလိုက်တာအီသွားတာပဲ။
    ကယ်ကြပါအုံးလို့ အော်ရတဲ့အဖြစ်။

  • pooch

    August 18, 2012 at 3:24 am

    နိမ်းဝီလ်ဆင်ရဲ့ ဇာတ်ကားတခုထဲမှာအဲ့ဒီ လိုနှင်းတောင် ဝံပုလွေတွေ အကြောင်း ကြည့်ဖူးတယ်။ အလွန်ရက်စက်ပြီး ကြမ်းကြုတ်လှတဲ့ သတ္တဝါတွေ။ ကြည့်ရင်းနဲ့တောင် ကြက်သီးထတယ်။

    • မောင်ဘလိူင်

      August 18, 2012 at 12:07 pm

      အန်တီပုချ် ပြောချင်တာ ဒီကားနဲ့တူတယ်…”http://www.imdb.com/title/tt1601913/”
      မနေ့တည်းက ကျွန်တော်တောင်
      တွေးမိသေးတယ်..ကိုရဲရင့်လှိုင်တစ်ယောက်
      အဲဒီကားကိုကြည့်ပြီး အိပ်မက်
      များမက်သလားလို့…. 🙂
      မင်းသားက လိုင်းယ်(မ်) နယ်လ်ဆင် လေ…။

      • pooch

        August 18, 2012 at 1:55 pm

        ဟုတ်တယ် ဟုတ်တယ် ကျမမင်းသားနာမည်မှားသွားလို့ လိုင်းယ်နယ်လ်ဆင်ပါ။ အဲ့ဒီကားပါ နောက်ဆုံးမင်းသားလည်း ဇာတ်သိမ်းမလှရှာပါဘူး။

        • YE YINT HLAING

          August 18, 2012 at 3:48 pm

          Liam Neeson ကား တွေ ကို ကျွန်တော် ကြိုက်တယ် ။ မှတ်မိတဲ့ ဇတ်ကား နှစ်ကား ရှိတယ် ။ Unknown နဲ့ The-A-Team .

  • Foreign Resident

    August 18, 2012 at 7:13 am

    ” Fucking Freezing တဲ့ ။ ဟုတ်တယ် —- အရမ်းအေးတယ် ။
    ကားထဲက အပူချိန်တိုင်းကရိယာမှာ ( – 11 ) ကိုပြနေတယ် ”

    အဘ တို့ကတော့ +11 လောက်ကတော့ အေးဆေးပဲ ။
    အနွေးထည် အထူ တစ်ထည်လောက် ထပ်ဝတ်ထားရုံနှင့် ရတယ် ။

    အဘ တို့ ဆီမှာကတော့ Sub Zero လို့ခေါ်တဲ့ ၊
    + 2 / 3 / 4 / 5 လောက်ကိုရောက်မှ ၊
    Freeze အေးတယ်လို့ ပြောလေ့ရှိကြတယ် ။

    + 2 / 3 / 4 / 5 လောက်မှပဲ ရေစခဲ Freeze တာလေ ။

    • kai

      August 18, 2012 at 2:37 pm

      ကမ္ဘာ့တောင်ခြမ်းမှာ.. ဆောင်းတွင်းပေါ့… ဟုတ်စ…
      ကျုပ်တို့ဆီမှာတော့.. ၁၀၀F ကို.. လာလာထိလိုက်..ကျော်လိုက်…
      ပူလိုက်တာ…

      စကားအတင်းစပ်…
      ကိုရင်ဘလှိုင်က.. ကမ္ဘာပေါ်မှာထွက်သမျှကားအကုန်များ.. ကြည့်ထားသလားမသိ…
      သိလိုက်တာ…

      ပို့စ်နဲ့..အာရုံမလွဲအောင်ပြောရရင်…
      Snow တွေကို.. နှင်းတွေလို့ခေါ်မှာလား… ဟင်… လို့..။ 🙂

      • Foreign Resident

        August 18, 2012 at 2:55 pm

        ” ကမ္ဘာ့တောင်ခြမ်းမှာ.. ဆောင်းတွင်းပေါ့… ဟုတ်စ… ”

        သူကြီးရေ Sydney မှာတော့ ဆောင်း ကုန်ခါနီးနေပြီ ။
        နွေဦီး Spring ရောက်တော့မယ် ။
        အပင်တွေ အရွက်နုတွေ ပန်းအဖူးလေးတွေ စထွက်နေပြီ ။
        နောက်လလောက်ဆိုရင် ပန်းတွေပွင့်ပြီ ။ အရမ်းလှတော့မှာ ။
        ကံဆိုးတာက ၊ အဲဒီအချိန် ကျနော် ဥရောပ ရောက်နေမှာဆိုတော့ ၊
        ဒီ နှစ် ဩဇီရဲ့ အလှဆုံး အချိန်ကို လွတ်လိမ့်မယ် ။

      • YE YINT HLAING

        August 18, 2012 at 3:58 pm

        ဘယ်လိုခေါ်ရလဲ သဂျီး ခင်ဗျ ! ကျွန်တော် က နှင်း နဲ့ ရေခဲ နှစ်မျိုးပဲခွဲ ခေါ်တတ်တယ် ။

      • YE YINT HLAING

        August 19, 2012 at 2:59 am

        နှင်းပွင့် လို့ ခေါ်တာလေး ကို ဖတ်ကြည့်ပြီး ကြိုက်တယ် ။ လင့် လေးပေးလို့ ကျေးကျေးပါ သဂျီး !

    • Foreign Resident

      August 18, 2012 at 2:58 pm

      Sorry, Sub Zero က Zero အောက်
      – 2 / 3 / 4 / 5 လောက်ကိုမှ ခေါ်တာပါ ။
      မှားရေးမိတယ် ။

    • YE YINT HLAING

      August 18, 2012 at 3:53 pm

      အနုတ် ( 11) ကို ရေးထားတာပါ အဘဖော ။ ကျွန်တော် အနုတ် ( ရ – ၈ ) အထိ သုံးရက် လောက် ကြုံဘူးတယ် ။ လုပ်ချင် ကိုင်ချင် စိတ် မရှိလောက်အောင်အေးပါတယ် ။

      • Foreign Resident

        August 18, 2012 at 4:02 pm

        ” အနုတ် ( 11) ကို ရေးထားတာပါ အဘဖော ”

        အဲလိုလုပ်ပါကွယ် ( + 11 ) က သိပ်မှမအေးတာကို ။

  • ပင်လယ် ပျော်

    August 18, 2012 at 10:25 pm

    ဇာတ်လမ်းလေး ဆင်ယင်ပြီးရေးနိုင်တဲ့အတွက် ပါရမီရှင်လို ့ပဲ ပြောချင်ပါတယ်…

  • YE YINT HLAING

    August 19, 2012 at 2:38 am

    ကိုပျော် ကတော့ လုပ်ပီဗျာ ! အဲဒီလို အပြောခံရတာတော့ ကြိုက်မှ ကြိုက် ! ဖတ်ရှုအားပေး သွားတဲ့ အတွက် ကျေးဇူးပါဗျာ !

Leave a Reply