ရည်းစားရှိဖူးသူ မဖတ်ရ

သုရွင္August 17, 20121min62

နင်…….လေ……..နင်…..။
ပန်းဦးချွေ ခံရပြီးမှ….ငါ့ရင်ကို ခိုဝင်လို့လာခဲ့။
တသသ ဖြစ်မနေပါဘူး…လို့…ကတိတွေပေး…..
မစခင်ကတည်းက ဆုံးနေခြင်းတွေက ငါ့ရင်ကို..
ကဆုန်ပေါက်ဝင်လာ..။ငါမှ…မာန…မရှိတာ.ဟာ။
ဒီပြဇာတ်ကိုက မူလ အမှားပြဿနာပါ။ …။ …။

ငါအပြင်းထန်ဆုံးမပေါက်ကွဲခင်အထိ……………
ငါ့ရင်မှာ…နင်မှနင်..။ဒါတွေက်ို နင်သိပါတယ်။…။
ဒါကို သိရက်နဲ့..နင်……..။ဖုံးကွယ်ဖို့ ကြိုးစားခဲ့။
ငါ့ရဲ့ယုယမှုမှာ နင် ခဏ ခဏ နာမည်မှားခေါ်ခဲ့။
နင့် ထန်းလက် က ဘယ်လို မိုးကြိုးမျိုးကို ကာ ကွယ် နိုင် မှာ မို့ လဲ.. ဟာ။

နားလည်ပေးနို်င်မှု …ဆိုတာ အတိုင်းအတာ ရှိ တယ် လို့…နင်မထင်ခဲ့ဘူးမဟုတ်လား ။
နင်သိဖို့ကောင်းတာက…ငါ့…အနာကို တုတ်နဲ့ ထိုးရင်.. ငါသေမတတ် နာတယ် ဆိုတာကို ..လေ။
ငါ့အနာက..နင့် … ခန္ဓာကိုယ်ပေါ်မှာ လေ။
ငါတန်ဖိုးထားတာ အားလုံးက အဲဒီ..နင် ခဏ ခဏ လွင့်ပစ် ခဲ့တဲ့ .. (နင်ဆိုတဲ့ ) အရာကြီးပါ..ဟာ။

ငါ မရွံပါဘူး။…။နင့် ကို ငါ…ဖြူစင်တယ်ဆိုပြီး…
ငါ့နှလုံးသားနဲ့ထွေးပွေ ့ လိုက်ပြီးတဲ့နောက်..မှာ။
နင့်ကို..အသစ်ပြန်ဖြစ်ဖို့ လဲ ဘယ်တုန်းကမှ
ငါ ဆု မတောင်းခဲ့ဖူးပါဘူး………….ဟာ။
အရောင်တွေ စွန်းခဲ့ဖူးတာမို့ ငါကစွန့်ပစ်သွားမှာလို့
နင်ထင်နေသလို …မဟုတ်သလို..
နင်ဖြူစင်နေမှ.. နင့်ကိုချစ်မယ့် ..ငါ ..
တကယ်………..မဟုတ်ရပါဘူး…..ဟာ။

ငါအံ့ဩတယ်။..။
လမ်းခွဲတုန်းက….နင်…ပြုံးနေနို်င်ခဲ့တာကို ပြန်တွေးတွေး မိ လို့လေ။