Broken Heart

အဲ့ဒီနေ့ ညနေက
မိုးလည်း မရွာဘူး ..
နေလည်း မသာခဲ့ပါဘူး ….

အပြုံးနဲ့ လမ်းခွဲဖို့ ပြောခဲ့တယ်
ကျနော့်ဘက်က မဟုတ်ဘူး
သူ့ဘက်က …….

“စိတ်မဆိုးပါနဲ့” … တဲ့
အဲ့ဒီအချိန်က သူမ ပြောခဲ့တဲ့စကား
ခုထိ ကြားယောင်နေသေးတယ် …

“စိတ်မဆိုးပါဘူး
ငါ မပြောတတ်ဘူးဟာ
ငါ ဘာမှ မပြောတတ်တော့ဘူး”
သူမရဲ့ဘေးက
ဒဏ်ရာအနာတရနဲ့
ထွက်ခွာလာခဲ့စဉ်က
ကျနော် ဒါတွေပဲ ပြောတတ်ခဲ့ပါတယ် ….

အဲ့ဒီအချိန်တုန်းက
ရင်ထဲက ခံစားချက်တွေကို
ပုံဖော်ဖို့ စကားလုံးတွေက
ဘာကြောင့် ပျောက်ရှနေခဲ့ရတာလဲ ….

ရင်ထဲမှာ
ခါတိုင်းထက် တအားလေးနေတယ် ..
သူမကို ချစ်ခဲ့တဲ့အချစ်တွေ
နေရပ်ပြန်လာလို့ ထင်ပါရဲ့ ….

ရည်စူးထားခဲ့သမျှ ပြာကျ
ချစ်ခဲ့သမျှကို
သူမထံပါး ရင်ဖွင့်ပြလိုက်ချင်ရဲ့ ..
ဒါပေမယ့်လို့လည်း
သူမက လမ်းခွဲသွားခဲ့ပြီပဲ …

နှလုံးသားရဲ့ ..
ဟိုးးးးးးးး အနက်ရှိုင်းဆုံးဆီကို
တစ်စုံတစ်ခု လွှတ်ချလိုက်တယ် …
အချစ်ဦး ပစ်သွားခဲ့ဖူးတယ်
အပြုံးနဲ့ လမ်းခွဲခဲ့ …
ဒီနေ့ … ဒီရက် ………. ။

{
အထက်ပါ ကဗျာမှာ ကျုပ်အသည်း ကွဲစဉ်က စပ်ဆိုခဲ့သော ကဗျာဖြစ်လေ၏။
ကျုပ် အသည်း သူမက ဟက်တက်ကြီးနေအောင် ခွဲသွားခဲ့လေ၏။
စဉ်းစားကြည့်ပါဦး အရပ်ကတို့ရယ် ..
ကျုပ်လောက် ချစ်တတ်တဲ့လူ ဒီကမ္ဘာမှာ ရှိမယ်တောင် မထင်ပါဘူး .. (အထင် …)
ဒါနဲ့များ လမ်းခွဲရတယ်လို့ဗျာ ….
အေသင်ချိုဆွေရဲ့ ဟိုသင်္ကြန် သီချင်းကိုသာ အော်ဟစ်ပစ်လိုက်ချင်တယ် …
ဘာတဲ့ …
.. ♪ .. ဒီမှာ ♪ .. ♫ .. တင်းတယ် .. ♪ .. ♫ တင်းတယ် .. ♫ ..
ဤကား ကဗျာအကြောင်း ဖော်ပြချက် ဖြစ်လေ၏ ..
ယုံချင်ယုံ .. မယုံချင်နေ ဟုသာ ပြောချင်ပါတော့အိ .. အဟိ .. :D
}

ပုံ /
အသည်းကွဲသမားကြီး
အံစာတုံး

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။

   Send article as PDF