ကျုပ်အသည်း ကွဲလေပြီ …

Broken Heart

အဲ့ဒီနေ့ ညနေက
မိုးလည်း မရွာဘူး ..
နေလည်း မသာခဲ့ပါဘူး ….

အပြုံးနဲ့ လမ်းခွဲဖို့ ပြောခဲ့တယ်
ကျနော့်ဘက်က မဟုတ်ဘူး
သူ့ဘက်က …….

“စိတ်မဆိုးပါနဲ့” … တဲ့
အဲ့ဒီအချိန်က သူမ ပြောခဲ့တဲ့စကား
ခုထိ ကြားယောင်နေသေးတယ် …

“စိတ်မဆိုးပါဘူး
ငါ မပြောတတ်ဘူးဟာ
ငါ ဘာမှ မပြောတတ်တော့ဘူး”
သူမရဲ့ဘေးက
ဒဏ်ရာအနာတရနဲ့
ထွက်ခွာလာခဲ့စဉ်က
ကျနော် ဒါတွေပဲ ပြောတတ်ခဲ့ပါတယ် ….

အဲ့ဒီအချိန်တုန်းက
ရင်ထဲက ခံစားချက်တွေကို
ပုံဖော်ဖို့ စကားလုံးတွေက
ဘာကြောင့် ပျောက်ရှနေခဲ့ရတာလဲ ….

ရင်ထဲမှာ
ခါတိုင်းထက် တအားလေးနေတယ် ..
သူမကို ချစ်ခဲ့တဲ့အချစ်တွေ
နေရပ်ပြန်လာလို့ ထင်ပါရဲ့ ….

ရည်စူးထားခဲ့သမျှ ပြာကျ
ချစ်ခဲ့သမျှကို
သူမထံပါး ရင်ဖွင့်ပြလိုက်ချင်ရဲ့ ..
ဒါပေမယ့်လို့လည်း
သူမက လမ်းခွဲသွားခဲ့ပြီပဲ …

နှလုံးသားရဲ့ ..
ဟိုးးးးးးးး အနက်ရှိုင်းဆုံးဆီကို
တစ်စုံတစ်ခု လွှတ်ချလိုက်တယ် …
အချစ်ဦး ပစ်သွားခဲ့ဖူးတယ်
အပြုံးနဲ့ လမ်းခွဲခဲ့ …
ဒီနေ့ … ဒီရက် ………. ။

{
အထက်ပါ ကဗျာမှာ ကျုပ်အသည်း ကွဲစဉ်က စပ်ဆိုခဲ့သော ကဗျာဖြစ်လေ၏။
ကျုပ် အသည်း သူမက ဟက်တက်ကြီးနေအောင် ခွဲသွားခဲ့လေ၏။
စဉ်းစားကြည့်ပါဦး အရပ်ကတို့ရယ် ..
ကျုပ်လောက် ချစ်တတ်တဲ့လူ ဒီကမ္ဘာမှာ ရှိမယ်တောင် မထင်ပါဘူး .. (အထင် …)
ဒါနဲ့များ လမ်းခွဲရတယ်လို့ဗျာ ….
အေသင်ချိုဆွေရဲ့ ဟိုသင်္ကြန် သီချင်းကိုသာ အော်ဟစ်ပစ်လိုက်ချင်တယ် …
ဘာတဲ့ …
.. ♪ .. ဒီမှာ ♪ .. ♫ .. တင်းတယ် .. ♪ .. ♫ တင်းတယ် .. ♫ ..
ဤကား ကဗျာအကြောင်း ဖော်ပြချက် ဖြစ်လေ၏ ..
ယုံချင်ယုံ .. မယုံချင်နေ ဟုသာ ပြောချင်ပါတော့အိ .. အဟိ .. 😀
}

ပုံ /
အသည်းကွဲသမားကြီး
အံစာတုံး

40 comments

  • မောင်ပေ

    August 17, 2012 at 9:02 pm

    ကျုပ်ကတော့ စနဲ နဲ ့ဝိုင်းစုခိုင်သိန်း သီချင်းကြိုက်တယ်ဗျ
    အိုဘာတဲ့
    “ နှလုံးသားကို ဓါးနဲ ့ခွဲ ၊ ရေဆေးပြီးတော့ ဆားနဲ ့နယ် ၊ သစ္စာတရားတွေပါဆယ်ထုပ်ပြီး ဘယ်နေရာမင်းထားခဲ့သလဲ….. ”

    • မဟာရာဇာ အံစာတုံး

      August 17, 2012 at 9:08 pm

      ခင်ဗျားဂျီးက …
      အသက်ကြီးကြောင်း ပြောတာတွေ တွေ့လို့ ..
      အသက် အတော်ကြီးပြီလို့ ထင်နေတာ ..
      ခုလို .. လူငယ်ကြိုက်တွေကို ကြိုက်တယ်ဆိုတော့ ..
      အသက်ကြီးပေမယ့် မပျက်စီးသေးဘူးလို့ ပြောရမလိုပဲ … 😀
      ကျုပ်လည်း အဲ့သီချင်းကို ခိုက်သဗျ ..
      .. နှလုံးသားကို ဓါးနဲ့ခွဲ ..
      .. ရေဆေးပြီးတော့ ဆားနဲ့နယ် ..
      အမငေး .. စပ်တယ် … စပ်တယ် … :mrgreen:

  • YE YINT HLAING

    August 17, 2012 at 10:10 pm

    ရင်ထဲမှာ
    ခါတိုင်းထက် တအားလေးနေတယ် ..
    သူမကို ချစ်ခဲ့တဲ့အချစ်တွေ
    နေရပ်ပြန်လာလို့ ထင်ပါရဲ့ …

    အဲဒီ အပိုဒ် လေးက မိုက်တယ်ဗျာ ! မလိမ်မာ ဘူး ! အသည်း ကွဲရင် ညတိုင်း ထုံးနဲ့ဆားရောပြီး အိပ်ယာဝင်ခါနီးတိုင်း ရင်ဘတ်မှာ လူးအိပ်ရတယ်တဲ့ ။ ဒါဆို နောက်တခါ မကွဲတော့ဘူးတဲ့ဗျာ ! စမ်းကြည့်ပါလား ! ဟဲဟဲ — နောက်တာနော် !

    • မဟာရာဇာ အံစာတုံး

      August 18, 2012 at 9:06 am

      ဟေ့လူ …
      ထုံးနဲ့ ဆား ရောပြီး ရင်ဘတ်လူးပေးရတာ
      ရင်ကြပ်ရောဂါကြောင့် ဟုတ်ဘူးလားဂျ ..
      ခု .. အနော်ဂ အသည်းကွဲနေဒါနော် ..
      လူဇိုး .. 😀

  • TTNU

    August 17, 2012 at 11:02 pm

    မောင်အံစာရေ..
    ပုံထဲက ကလေးက မင်းပေါ့။
    သနားစရာကောင်းလိုက်တာ။
    😥 😥 😥

    • မဟာရာဇာ အံစာတုံး

      August 18, 2012 at 9:08 am

      တီချယ်ကြီးခညာ ..
      ပုံထဲက တောင်လေးနဲ့
      သားသားရဲ့ အဖြစ်ဟာ တူတူဘာဘဲဗျ ..
      သူမ အကြောင်း တွေးမိတိုင်း ငိုချင်တယ် ..
      အဟီး .. ဟင့် .. ရွှတ် .. 🙁

  • pooch

    August 18, 2012 at 2:05 am

    အော် Old Flame ကြီးက ပစ်သွားတာကို ခံခဲ့ရရှာတာကိုး…

    “There were many ways of breaking a heart.
    Stories were full of hearts broken by love,
    but what really broke a heart was taking away it’s dream_
    whatever that dream might be. ”

    အသဲကွဲကြတဲ့ပုံတွေ နည်းအမျိုး မျိုး ရှိပေမဲ့ တကယ်တမ်း အသဲကွဲတယ်ဆိုတာ ကိုယ့်နှလုံးသားရဲ့ အိပ်မက်ကို နှုတ်ယူသွားခံရလို့ပါတဲ့။ အဲ့ဒီအိမ်မက်က ဘာကြီးပဲဖြစ်နေဖြစ်နေပေါ့..

    ဒါကြောင့်မို့ သူငယ်အံ အိမ်မက်တွေပဲ စွတ်မက်မနေနဲ့။ လက်တွေ့အကောင်အထည်ဖော်
    ဟုတ်ပြီလား 😀

    ကျမဆီမှာလည်း အင်မတန်ကို ဆွတ်ပျံ့လွမ်းမောဖွယ်ကောင်းတဲ့ အမှတ်တရတွေရှိခဲ့ဖူးတယ် ။ ဒါပေမဲ့ စိတ်နာတာ ၊ နာကြင်ရတာမျိုး မရှိခဲ့ပဲ ကျေးဇူးတင်စရာကောင်းတဲ့ အမှတ်တရတခု အဖြစ်အနေနဲ့ ပဲမှတ်မိနေတော့တယ်။
    နေတတ်ရင်တော့ ပျော်စရာချည်းပါပဲလေ။

    • Foreign Resident

      August 18, 2012 at 2:43 am

      ” ကျမဆီမှာလည်း အင်မတန်ကို ဆွတ်ပျံ့လွမ်းမောဖွယ်ကောင်းတဲ့ အမှတ်တရတွေရှိခဲ့ဖူးတယ် ”

      ကြည့်စမ်း ။ ကြည့်စမ်း ။ 😛

      • မဟာရာဇာ အံစာတုံး

        August 18, 2012 at 9:13 am

        အဘဖော ပြောထားတာကို ထပ်ကုတ်လိုက်ပါတယ် ..
        ”ကျမဆီမှာလည်း အင်မတန်ကို ဆွတ်ပျံ့လွမ်းမောဖွယ်ကောင်းတဲ့ အမှတ်တရတွေရှိခဲ့ဖူးတယ်”
        အဲ့အကြောင်းလေး နည်းနည်းပါးပါး မျှဘာအုံးလားဟင်င် ..

  • Foreign Resident

    August 18, 2012 at 2:46 am

    ” ကျုပ်လောက် ချစ်တတ်တဲ့လူ ဒီကမ္ဘာမှာ ရှိမယ်တောင် မထင်ပါဘူး
    ဒါနဲ့များ လမ်းခွဲရတယ်လို့ဗျာ ”

    အော် ကို အံဇာရယ် မနောက်ပါနှင့် ။
    လောကကြီးက ချစ်တာတစ်ခုထဲနှင့် ပြီးတာမှ မဟုတ်တာကွယ် ။

    • မဟာရာဇာ အံစာတုံး

      August 18, 2012 at 9:20 am

      ဟုတ်ပါတယ် အဘဖောရယ် ..
      ချစ်တာတစ်ခုထဲနဲ့တော့ ပြီးဘာဘူး ..
      သို့ပေသိ ..
      ♪ .. ♫ .. တကယ်ပါ မေရယ် .. ♪ .. ♫ .. ကိုယ်ကတော့ .. ♫ .. ♪ .. ချစ်တာ တစ်ခုပဲ သိတယ် .. ♪ .. ♫ ..
      အဲ့ဂလို နှလုံးသားက ရူးမိုက်မိသွားလို့ပါဗျာလို့ …

  • kai

    August 18, 2012 at 3:12 am

    နေစမ်းကြပါဦး..
    အသည်းက.. Liver
    နှလုံးက .. Heart


    အသည်းအဓိကအလုပ်က.. သွေးတွေကိုသန့်စင်အောင်ပြုပြင်ပေးတဲ့.. Filter အလုပ်။ ခန္တာထဲ..အကြိးဆုံး အော်ဂင်..။
    နှလုံးအဓိကအလုပ်က.. သွေးတွေလည်ပါတ်နေအာင်.. တွန်းစုပ်လုပ်တဲ့..ညစ်ထုတ်အလုပ်..
    ဘာတွေ..ဘယ်လိုဘာသာပြန်..မြန်မာမှုပြုပြီး.. ရှုပ်ထွေးနေကြသလည်းဟင်…

    အတွေးအခေါ်ဟောင်းတွေ စွန့်ပစ်ပါ..။ စကားလုံးအဟောင်းတွေ.သွန်ချပါ..
    ကွိကွိ.. 🙂

    • pooch

      August 18, 2012 at 3:35 am

      ဆိုတော့ အဲ့ဒီ စကားလုံးတွေ မသုံးပဲ လေဒီခိုင် ကြွေအောင် ဘယ်နည်းတွေ သုံးခဲ့သလဲ နည်းနည်းမျှပေးလိုက်လေ သူကြီး :mrgreen:

      • မဟာရာဇာ အံစာတုံး

        August 18, 2012 at 9:24 am

        ဟုတ်တယ် .. ဟုတ်တယ် … သဂျိန်း ..
        အဲ့နည်းလေး မျှဘာအုံး ..
        နောက်အခါ တောင်မလေးဒွေကို ချုပ်တဲ့အခါ
        စကားလုံး အသစ်အဆန်းဒွေနဲ့ သုံးလို့ရဒါဘော့ .. :mrgreen:

        • P chogyi

          August 18, 2012 at 9:59 am

          ရှေးထုံးလည်းမပယ်နဲ့ ဆိုလို့
          ရှေးရိုးအတိုင်းပြောတာ ခွင့်လွှတ်သင့်ပါတယ်။
          လူတိုင်းအသည်းကွဲတယ်လို့ပဲပြောတယ်။
          နှလုံးကွဲတယ်မပြောကြဘူးလေ။

    • ဟုတ်ပါဘိ။သို ့သော် ရေးတော့အမှန်ပေါ့၊ထွက်တော့ အသံလေ သူကြီးရ။
      ဒါနဲ ့ကိုအံရေ သူက ဘာတင်းပါလိမ့် သိချင်သားဗျာ။

      အေသင်ချိုဆွေရဲ့ ဟိုသင်္ကြန် သီချင်းကိုသာ အော်ဟစ်ပစ်လိုက်ချင်တယ် …
      ဘာတဲ့ …
      .. ♪ .. ဒီမှာ ♪ .. ♫ .. တင်းတယ် .. ♪ .. ♫ တင်းတယ် .. ♫ ..

  • shwe kyi

    August 18, 2012 at 10:05 am

    မောင်လေးအံစာတုံး ခြောက်မျက်နှာတောင်ရှိနေတာပဲ အေးဆေးပေါ့နော။
    အရာရာအသားကျသွားတဲ့အခါ အမှတ်တရ ဒါဏ်ရာလောက်ပဲရှိတော့မှာပါ။ 🙂

    • မဟာရာဇာ အံစာတုံး

      August 18, 2012 at 10:19 am

      ဒါဆို ..
      အမကြီး မရွှေကြည်က
      ကျနော့်လို အဖြစ်မျိုးနဲ့
      ကြုံခဲ့ဆုံခဲ့ဖူးတယ်ပေါ့နော် .. 😀

      • shwe kyi

        August 18, 2012 at 3:44 pm

        လုံးဝမပြောဘူး မောင်အံစာ အသေသတ် 😀

        _________________________
        I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • we R one

    August 18, 2012 at 10:27 am

    ~~~နေရောင်တောင် စွယ်မှာကွယ်ရင် ငွေလမင်းလေး ထွန်းလင်းလာမယ်လေ…မာယာရှင်လေးမုန်းသွားပါစေ.. ကြင်နာသူလေး တစ်ယောက်လာမယ်….~~ 😀

  • ကြောင်ကြီး

    August 18, 2012 at 11:45 am

    အသဲကွဲ
    လဲဆဲ
    ရွဲပုလဲ
    ခဲသဲ
    ပွဲထဲ
    ရဲကဲ
    ကျွဲမဲ
    လှည်းဆွဲ..

  • etone

    August 18, 2012 at 12:00 pm

    ကွဲသွားတဲ့ အသည်းလေး တခြမ်းလောက်ပေးပါလား … ။
    ဒုတ်ထိုးဆိုင်မှာ ပြန်သွင်းချင်လို့ပါ … အဟိ :mrgreen:

    • mayjuly

      August 18, 2012 at 12:58 pm

      ဒုတ်ထိုးဆိုင်က ယူဘူးတဲ့ ကွဲပြီးသားအသဲမို့ .. ;P

  • သမာဓိ

    August 18, 2012 at 1:00 pm

    အသည်းကွဲရင်..
    ဝီစကီ နဲ့ ဘီယာ ပေါက်ဆီလုပ်ပြီးစိမ်ပေးလိုက် …

  • လေပြေ ရှိုင်း

    August 18, 2012 at 2:20 pm

    နှလုံးသားရဲ့ ..
    ဟိုးးးးးးးး အနက်ရှိုင်းဆုံးဆီကို
    တစ်စုံတစ်ခု လွှတ်ချလိုက်တယ် …”
    လွမ်းလို့ အားမရနိုင်သေးတာ
    တိမ်တွေတောင်ငါ့ကို
    အငိုပြိုင်နေလေရဲ့၊
    မကြာခင်ငါလဲ
    မဖွင့်နိုင်ခြင်းတွေကို၊
    မဆံ့တဲ့နှလုံးသားနဲ့၊
    ထစ်ချုန်းမိုးရွာလိုက်တော့မယ်ကွာ၊
    စိတ်ရှိလက်ရှိသာ
    ပြိုပါတော့ မိုးရယ်…
    (ဂျိန်း…. ဟ… မိုးကြိုးပါပစ်သဟ…
    ဒီလိုပါပဲ အသဲကွဲတာ မိုးကြိုးပစ်တာထက်နာတယ်…
    သကြားမင်းက ခုတော့တတ်နိုင်တော့ဘူး
    ကျုပ်ကိုပစ်ရလွန်းလို့ တွက်ခြေမကိုက်တော့ဘူး ဟီး…
    ဟိုသီချင်းနဲ့ပဲ ကိုယ်လဲ ရောရောင်ဆိုလိုက်အုံးမယ် သူများတွေလို)
    ….. ကိုယ်ရည်ရွယ်ထားတာ တကမာ္ဘလုံး…. ဒါပေမဲ့ အမျိုးတွေမပါဘူး…..

  • မဟာရာဇာ အံစာတုံး

    August 18, 2012 at 2:42 pm

    ဟုတ်ကဲ့ပါ ခင်ဗျာ ..
    ယခုလို ကျွန်ုပ်၏ အသည်းကွဲ .. ချင်းအား
    လာရောက်ကာ အားပေးသွားကြပါကုန်သော
    ချစ်ခင်ရပါသည့် ရွာသူားအပေါင်းအား ကျေးဇူး အထူးတင်ရှိပါကြောင်း …

  • နေဝန်းနီ

    August 18, 2012 at 4:24 pm

    အဲဒိနေ့က မိုးလည်းမရွာဘူး နေလည်းမသာဘူး ဆိုတော့ အိုက်စပ်စပ်ကြီး ဖြစ်နေပုံရတယ်…။ အဲဒိလိုရာသီမျိုးမှာ လူတွေ စိတ်ဖောက်ပြန်တတ်တယ်ဆိုလားပဲ….။ ကမျူးရဲ့ စည်းအပြင်ကလူထဲမှာ မာဆိုးဆိုတဲ့ ဇာတ်လိုက်က အဲဒိလိုရာသီဥတုမျိုးမှာ လူတစ်ယောက်ကို ခြောက်လုံးပြူးနဲ့ ပစ်ချလိုက်တာဟာ တရားရုံးရောက်တော့ ရာသီဥတုဖောက်ပြန်လို့ ဆိုပြီး ရှေ့နေက ထုချေသွားတယ် …..။ တော်သေးတာပေါ့ကွယ်…။ ကောင်မလေးက လမ်းခွဲရအောင်လို့ပဲ ပြောလို့ မာဆိုးလို ခြောက်လုံးပြူးနဲ့များ ပစ်ချလိုက်ရင် မဟာရာဇာ တို့ ကဗျာလေးတောင်ရေးတင်နိုင်မှာမဟုတ်ပေဘူး …။ ကျေးဇူးတင်ထိုက်သူ တစ်ဦး ထပ်ပြီး စာရင်းတို့ ထားသင့်တယ်…။ ဟတ်တယ် ဟတ်….။ 😛

    • မဟာရာဇာ အံစာတုံး

      August 18, 2012 at 4:53 pm

      အမငီး …
      ဒီလူဂျီး ပြောလိုက်တော့မှ ..
      တောင်မလေးဂ အနော့် အသက်သခင် ကျေးဇူးရှင်တောင် ဖစ်တွားဘီ .. 😀
      ဟုတ်တဲ့ ..
      ကျေးဇူးတင်ထိုက်သူလို့ ချရင်းတို့လိုက်ဒေါ့မယ်နော် .. 😀

  • MaMa

    August 18, 2012 at 8:06 pm

    မောင်အံဇာ ဆန်းသစ်တီထွင်ထားသော အသည်းကွဲသံစဉ် အသစ်ထင်တယ်။
    အသည်းကွဲတာကို အဟိ တဲ့။ 😆

    • မဟာရာဇာ အံစာတုံး

      August 19, 2012 at 12:38 pm

      ဒါက ..
      အပေါ်မှာ နွမ်းသမျှကို
      အောက်က အဟိ နဲ့ ပြန်ခါချလိုက်တာပါ ခညာ .. လို့ ..
      အဟိ … 😀

  • အလင်းဆက်

    August 18, 2012 at 8:36 pm

    အသဲ..ကွဲ….တယ်.ဆိုတာ.. သီချင်းလေးတွေ..ညည်းရင်းက…
    ထိရှိခဲ ့တဲ ့..
    သွေးမဲ ့ ဒဏ်ရာ တစ်ခုပါ….
    တဲ ့ ။

    အံစာတုံးကြီးရေ…
    ပြီးတော့လည်း..ပြီးသွားမှာပါကွယ်…. ။
    အဟိ။

    • မဟာရာဇာ အံစာတုံး

      August 19, 2012 at 12:41 pm

      အော်ရယ် ..
      ပရော်ဖက်ဆာ ဒေါက်တာ လင်းဆက်နဲ့ တွေ့နေပါပကောကွယ် ..
      “ပြီးတော့လည်း ပြီးတာပါပဲ” … ဆိုပဲ .. 😀

  • si tone

    August 18, 2012 at 10:41 pm

    အင်းးးးးးးးးးးးးးးးးးးးးးးး
    ကဗျာလေးက တကယ်ခံစားချက် အပြည့်နဲ့ ရေးထားတာနဲ့တူတယ်…..
    ဒါပေမဲ့ ကောင်းပါတယ်…….. Si Tone ကိုယ်ချင်း လဲစာပါတယ်……
    (ကဗျာ ကိုဖတ်ပီးတော့ပေါ့နော် )
    နောက်ဟာတွေဖတ်လိုက်တော့ ပေါ့သွားတယ်…… ရင်ထဲမှာ….
    ဒါပေမဲ့ အားပေးလိုက်ပါတယ်……. Si Tone

  • marblecommet

    August 19, 2012 at 11:06 am

    ကိုယ့်လူနှယ်ကွယ်…..
    ခင်ညား အချစ်တွေကို
    ဂိုဒေါင်ကြီးတစ်လုံးပမာ…
    ကုန်ပျစ်စည်း သိုလှောင်သလိုသာ
    အောင်းထားစမ်းပါ
    မလောစမ်းပါနဲ့
    တစ်နေ့ကျ
    မောင်ရင့် အချစ်ဂိုဒေါင်ကြီးကို
    တစ်ဝတစ်ပြဲစားမယ့်..
    မာတုဂါမလေး တစ်ယောက်
    မဖြစ်မနေ ပေါ်လာမှာပါ စိတ်ချ ကိုရင် စိတ်ချ
    …..
    အာဟင့်…
    ဂိုဒေါင်ကြီးနှင့်စောင့်နေသူ
    ငကမ်း….

    • မဟာရာဇာ အံစာတုံး

      August 19, 2012 at 12:46 pm

      ကိုကမ်းဂျီး ပြောသလိုဆို
      အချစ်တွေကို ဂိုထောင်ဂျီးထဲ ထည့်ထားရမှာပေါ့နော် .. 🙄
      ဖြစ်သေးဘူးဂျ ..
      တော်ကြာ အဲ့ဂိုထောင်ထဲ ထည့်ရင်း ထည့်ရင်းနဲ့ပဲ
      လူပျိုဂျီးဘဝကို ရောက်မှန်းမသိ ရောက်သွားလိမ့်မယ်ဂျို့ ..
      ကိုကမ်းဂျီးတွက်တော့ ဆုတောင်းပေးလိုက်ပါတယ် ..
      ကမ်းဂိုဒေါင်ဂျီးဆီ တောင်မလေး တစ်ယောက် မျက်စိလည်းပြီး ရောက်လာပါစေလို့ .. အဟိ .. 😀

      အပေါ်ဂ စီတုန်းကိုလည်း အားပေးသွားတဲ့အတွက် ကျေးဇူးပါလို့ ..

  • marblecommet

    August 19, 2012 at 2:18 pm

    အံမယ် ဆုတောင်းပေးတာတောင်
    မျက်စိလည်လမ်းမှားဒဲ့
    စေသနာ ကပ်စီးနည်းထှာအေ…
    ဒီ ဘူတာ ဂိုဒေါင်ကြီးဆီ
    တည့်တည့် လာဆိုက်ပါစေအေ…
    …..အာဟိ..

    • မဟာရာဇာ အံစာတုံး

      August 19, 2012 at 3:21 pm

      သိပ်ပြီးလည်း တည့်တည့် မဆိုက်စေချင်နဲ့ဦး ကိုယ့်ဆြာရေ ..
      တော်ကြာ ဟိုလိုဟာဂျီး တည့်တည့် လာဆိုက်ပါမှ ..
      ကိုကမ်း .. ကိုကမ်း ဆိုပြီး ခွာမရဘဲ နေဦးမယ် ..
      အဟိ .. 😀

  • Khaing Khaing

    August 19, 2012 at 2:58 pm

    ကွဲတဲ့အသည်းကို ကြိုးငွေချည်နဲ့ ရွှေစင်အပ်နဲ့သီချုပ်လည်း ဒီဒဏ်ရာဟာ ပျောက်ပျက်လိမ့်မယ်မထင်ပါဘူး … အသဲကွဲတဲ့ဒုက္ခကိုကိုယ်တိုင်မခံစားဖူးတော့ ကွဲတဲ့လူတွေကိုလှောင်သလိုများဖြစ်နေသလား ဟင်…..

    • မဟာရာဇာ အံစာတုံး

      August 19, 2012 at 3:26 pm

      သများဒွေများ ကံကောင်းလိုက်ကြဒါနော် ..
      အသည်းကွဲဖူးဘူးဒဲ့ …
      ကျုပ်တို့မတော့ .. အဟီး .. ဟင့် ..
      ရွှတ် .. ရွှတ် .. ရွှတ် ..
      နှပ်ချေး အခါခါ သုတ်ခဲ့ရတယ် .. 😀

      _____

      ကိုကော်ဘရာရေ ..
      သိပ်လည်း နာနေပါဦးမယ် ..
      မချစ်တော့ဘူး ..
      အချစ်ပဲ ခံတော့မယ် ဆိုပဲ .. 😀

  • cobra

    August 19, 2012 at 3:14 pm

    ဘဝတူတွေပဲ
    သစ္စာမရှိကြဘူးနော်
    မိန်းမတွေကိုမချစ်တော့ဘူး
    သူတို့ချစ်တာပဲခံတော့မယ် ဟီးဟီး…။

Leave a Reply