ကြည်နူးဖွယ်……..မိုးညနေခင်းလေးတစ်ခု

1 အပြာရောင်လွှမ်းသော ညနေခင်းလေး
2 ဟိုးဝေးဝေးက တိမ်အခင်း ရင်တွင်းကိုဖောက်ထွင်း
ကြည်နူးခြင်း
3 မိုးဥတုရဲ့ မိုးညနေခင်းလေးမှာ တိမ်တွေနဲ့အလှဆင်ထားသလိုပါဘဲ
4 ရှေးသီချင်လေးသွားသတိရတယ်
(မိုးအလှနဲ့တိမ်လွှာပန်းချီ)
5 လွမ်းဖွယ်ကြည်နူးဖွယ် …………………
6 ကောင်းကင်မှာတိမ် ရေပြင်မှာတိမ်ရိပ်
7 တိမ်အရိပ်က မိူင်းညို့ညို
8 အပြာကနေအညိုရောင်ဘက်ပြောင်းသွားတဲ့ကောင်းကင်
9 အခင်းအကျင်းမတူတဲ့ တိမ်ထု
10 စိမ်းလန်းစိုပြေသော ညနေခင်းလေး
11 အလင်းခ တစ်
12 အလင်းရုပ်သိမ်းစကောင်းကင်နဲ့ရေပြင်
13 တိမ်ပြာပြာနဲ့ ဆည်းဆာဝါဝါ
14အလင်းခ အမှတ်2
15 အလင်းခ သုံး

 

“ကြည်နူးဘွယ် မိုးဥတုရဲ့ညနေခင်းလေး”

 

 

(17-8-2012)နေ့ဥပုဒ်နေ့ကတော့ မန်းလေးမှာမိုးအုုံ့ဆိုင်းလို့နေပါတယ်။

ဥပုဒ်နေ့က ကျနော့်အလုပ်ပိတ်ရက်လဲဖြစ်ပါတယ်။

ကျနော်တို့အလုပ်က ဈေးနဲ့ဆက်စပ်နေတာကြောင့်ဈေးပိတ်တဲ့ ဥပုဒ်နေ့မှာကျနော်တို့အလုပ်ပိတ်ပါတယ်။

တနင်္ဂနွေရုံးပိတ်ရက်သတ်မှတ်ထားတဲ့ ကုမ္ပဏီတွေတော်တော်များများတောင် ဥပုဒ်နေ့မှာဝန်ထမ်းတွေကို

အလုပ်ဆင်းခိုင်းရပါတယ်။

ဟိုးတစ်ခါ ညနေစောင်းတစ်ရက်မှာကိုစိန်သော့နဲ့အတူသွားပြီးလက်ဆော့ပြီးကတည်းက ရှမ်းလေးကျွန်းဘက်ကို

မရောက်ဖြစ်သေးပါဘူး။

အလုပ်ပိတ်ရက်သွားမယ်ဆိုမှ မိုးအုံ့တာတင်မကဘဲ မိုးဖွဲလေးတောင်ကျလာပါတယ။်

ဒါပေမယ့် ညနေငါးနာရီလာက်ရောက်တော့နေပွင့်လာပါတယ်။

အဲတော့ ရှမ်းကလေးကျွန်းကို  ဓါတ်ပုံရိုက်ဘို့အပြေးအလွှားထွက်ခဲ့ပါတယ်။

ဒီတစ်ပါတ်မှာတော့ရှမ်းလေးကျွန်းက ရေကျနေပါပြီ။

တံတားပေါ်ကနေကြည့်လိုက်တော့ နေမင်းကို တိမ်တွေဖုံးအုပ်လို့ထားတော့ အလင်းကမဝင့်တဝင်။

ကောင်းကင်မှာတော့ အပြာနဲ့ မီးခိုးရောယှက်လို့နေပါတယ်။

တံတားမြောက်ဘက်ခြမ်းမှာတော့ ရေစပ်စပ်ကျန်နေပါသေးတယ်။

ဟိုးအဝေးထိမြင်နေရတဲ့ မြင်ကွင်းရဲ့အနားသတ်ကတော့မင်းဝံတောင်ရိုး။

အနောက်ဘက်ကိုကြည့်လိုက်တော့ ရေကင်းလွတ်စ ရှမ်းလေးကျွန်း။

တောင်ဘက်ကိုလှမ်းကြည့်မိတော့ စစ်ကိုင်းတံတား ကုံးတွေနဲ့ စစ်ကိုင်းတောင်ရိုးကစေတီတွေကိုမြင်နေရပါတယ်။

ကောင်းကင်ကတော့ ပြာတစ်လှည့် မှောင်တစ်ခါ လှပလို့နေပါတယ်။

အဲတော့ ကျနော်လဲလက်ဆော့လို့ကောင်းသပေါ့။

ကဲကြည့်လိုက်….ခံစားလိုက်ကြပါအုံး။

ပုံလေးတွေကတော့ ကြည်နူးစရာလို့ထင်ပါရဲ့။။

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(17+8+2012)

 

13 comments

  • YE YINT HLAING

    August 25, 2012 at 11:41 am

    မိုးည နေခင်း
    လေညင်းလေးကတိုးတိုးသွား —
    ဟိုးကောင်းကင်ထက်က
    မိုးသားတိမ်လိပ်တွေက
    ရွေလျှားနေတဲ့ကောင်းကင်လေလား ???
    မပီပြင် ဝိုးတဝါး နှောင်းအတိတ်တချို့
    ရင်ထဲသို့ ယိုဖိတ်လို့လာ —
    လွမ်းလိုက်တာ —
    ဒီလိုနဲ့ —
    အလွမ်းကို ဇာချဲ့ —
    ဗလာ ဗလာ နဲ့ ရင်တွင်းမှာ
    နောက်ဆုံး တရားခံဟာ
    ဦးပေါက်ပါ — ( လွမ်းဖွယ်ပုံတွေ တင်လို့လေ — ဟဲဟဲ — လျှောက်ရေးကြည့်တာ — )

  • ဂန္ဓာရီ ဆြာအုပ်

    August 25, 2012 at 12:30 pm

    အရမ်းလှပါတယ် ဆြာပေါက်ရေ
    မန်းလေး ဘယ်နားလဲဗျ
    ်တစ်ခုလောက် အကြံလေးရလို့ဗျ
    ဆြာပေါက်က မန်းလေးသားဆိုတော့
    မန်းလေးမှာ ဒါ့ပုံရိုက်လို့ကောင်းတဲ့ point တွေအကြောင်းလေး
    ပိုစ်တစ်ခုလောက် တင်ပါလားဗျ
    ဘယ်အချိန်ကောင်းတယ်ပေါ့ဗျာ

  • မောင်ပေ

    August 25, 2012 at 1:12 pm

    no 14 ကို အကြိုက်ဆုံးပဲ
    ၁၃ လဲ မိုက်တယ်
    အားလုံးကို ခိုက်သွားပြီ
    ရိုက်ခဲ့သမျှ အားလုံး ထပ်ပြပေးပါ

  • ကို ခင်ခ

    August 25, 2012 at 7:46 pm

    ရိုက်သမျှ ခိုက်အောင်၊
    ကြိုက်သမျှ ရိုက်တာလား၊
    ကိုကိုပေါက်ရေ။

  • ဆရာအုပ်ရေ
    ဒီနေရာလေးက မန်းလေးကန်တော်ကြီးရဲ့အနောက်ဖက်ကရှမ်းးလေးကျွန်းမှာပါ။
    မန္တလေးမှာ ဓါတ်ပုံရိုက်စရာနေရာတွေအများကြီး ကျနော်ကိုယ်တိုင်တောင်စုံအောင်မရိုက်ရသေးပါ။
    မန်းလေးလာမယ်ဆိုရင်လိုက်ပို့ပေးပါ့မယ်။
    ဆရာအုပ်ပြောသလိုု့ပိုစ်တစ်ပုဒ်လောက်ရေးပေးပါမယ်။.
    Mလုလင်ကတော့တစ်ခါလာဆော်သွားပြီးပြီ။
    ဒီမှာက ဓါတ်ပုံအမြဲရိုက်နေသူက ကိုစိန်သော့ရှိတယ် ရွှေမင်းသားရှိတယ် ကျနော်ရှိတယ်။
    လာခဲ့စေချင်ပါ၏။

    • Mလုလင်

      August 26, 2012 at 1:56 am

      ဖေ့ဘုတ် က ကျွန်တော် ကြိုက်တဲ့ …. ပုံ ကော …. သိမ်းထားလိုက်ပြီလားဗျ .

      • သိမ်းထားပြီးပါပြီဗျာ။
        မြက်ပေါ်မှာ မိုးစက်လေးတွေသီးနေတဲ့ပုံလေးတွေတောင်ပို့ထားသေးတယ်
        ရလားမသိ……………………

    • ဂန္ဓာရီ ဆြာအုပ်

      August 27, 2012 at 9:50 pm

      ရ လပိုင်းကတစ်ခေါက်ရောက်တယ်ဗျ.. လေဒီ နဲ့ဆိုတော့ သိပ်မစုံပါဘူး .မန်းလေးနဲ့ ပြင်ဦးလွင်ရယ် မင်းကွန်းရယ်၊ အင်းဝ ရယ်ပဲရောက်တယ်၊ နေရာတွေမသိတော့ မနိပ်ပါဘူးဗျာ

  • aye.kk

    August 26, 2012 at 10:40 am

    မိုးညနေခင်း…
    မြင်ကွင်းပန်းချီ…
    ကြည်နှူးသည်စိတ်…
    တိမ်ရိပ်ရေပြင်..
    တွင်….မျက်ဝန်းထဲ
    စွဲမြင်မထွက်….
    နှစ်နှစ်သက်သက်ဖြစ်သည့်တည်း။။

  • snow white

    August 26, 2012 at 4:44 pm

    ပုံလေးတွေအားပေးနေတယ်နော် ရိုက်ချက်ကတော့ တကယ်ကိုကောင်းပါပေတယ် ။

  • kotun winlatt

    August 26, 2012 at 6:06 pm

    အီးးးးးးးး
    ကိုးးးနတ်ရှင်ကြီးးးရေ….
    ရက်စက်ပါပေ့….
    ဘာမှမြင်ရဘူးးးးးးဗျာ….
    အဟင့်……
    နောက်တစ်ခါမှ လာပြန်ကြည့်မယ်……။

  • si tone

    August 26, 2012 at 8:32 pm

    ညနေခင်း အလှက အံ့မခန်းပါပဲ………………………… အရမ်းရမ်းရမ်း လှလှလှလှလှ

Leave a Reply