ဦးနှောက်စားကြည့်ရအောင်ဗျာ..

hein htetAugust 17, 20121min556

အားလုံး သိကြတဲ့အတိုင်းပဲ…အစိုးရသည် ယခု အခါမှာ တိုင်းရင်းသား လူမျိုးစုတွေနဲ ့တိုက်ပွဲများပြင်းထန်လျှက်ရှိပါတယ်..မြောက်ဖက်မှာ KIO/KIA နဲ ့တိုက်ပွဲတွေ ပြင်းထန်နေသလို ပဲ ..အရှေ ့ဖက်ခြမ်းမှာလည်း ရှမ်းနှစ်တပ်  RCSS/SSA , SSP/SSA တို ့ကိုလည်း ခနခန (ငြိမ်းချမ်းရေးယူပြီးပြီဆိုသော်လည်း) ထိုးစစ်များဆင်လျှက်ရှိပြီး..ကရင်နီတပ် တွေရဲ ့ပိုင်နက်ထဲမှာ လည်း တင့်ကားတွေထားပြီးပါပြီ..ပြီးတော့ မသေချာတဲ ့သတင်းတစ်ခုပေါ့လေ.. ဝတပ်မတော်အတွက်လည်း အမြဲတမ်း စစ်တပ်ကို stand by ရှိနေစေတယ်လို ့ဆိုပါတယ်…မြန်မာ တပ်မတော်သည် အရှေ ့တောင်အာရှမှာ. တော်တော်စုပ်ပြတ်သတ်နေတဲ ့တပ်မတော်ဆိုပေမဲ ့လည်း..လူသူအင်အားတောင့်တင်းကာ အတွေ ့အကြုံများလှတာတော့ မငြင်းနိုင်ပါဘူး..တပ်တွင်းမှာ တပ်မတော်သားတွေ ရဲ ့မကျေမနပ်တွေ ရှိတယ်လို ့ကြားနေရသော်လည်း..သူတို ့တွေသည် ယနေ ့တိုင် အထက်အမိန် ့ကို ဦးလည် မသုန် နာခံနေဆဲပါ..ပြီးတော့..စစ်လက်နက်ဆိုင်ရာတွေကိုလည်း စစ်အစိုးရလက်ထက် ကတည်းက..ဖြည့်တင်းလာလိုက်တာ.(မြန်မာနိုင်ငံဟာ ကမ္ဘာ ပေါ်မှာ ကာကွယ်ရေးဆိုင်ရာမှာ ရင်းနှီးမြုပ်နှံမှုအများဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေတယ်).အခုအထိပါ..အဲတော့ ကျွန်တော်ပြောချင်တာက မြန်မာ တပ်မတော်သည်..တိုင်းရင်းသားတပ်တွေနဲ ့အမြဲလို တိုက်ခိုက်လာခဲ့ပေမဲ ့..ဘယ်တော့မှ..သူတို ့တွေရဲ ့ ဌာနချူပ်တွေကို မသိမ်းပိုက်ခဲ့ပါဘူး..အမြဲတမ်း စစ်ကို ရှည်ရှည်စွဲပြီးတိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်..ဘာလို ့အဲလို ကြာကြာကြီး အကုန်အကျခံပြီးတိုက်နေတာလည်းမသိဘူးဗျာ..သူတို ့မှာ အချိန်ကန် ငွေကုန် လူပင်ပန်းနဲ ့..အဲတော့(ကျွန်တော်က တိုင်းရင်းသားလက်နက်ကိုင်တွေကို တိုက်ခိုက်ချေမှုန်းစေချင်လို ့လုံးဝ ဟုတ်ပါဘူးဗျာ.သူ ့တို ့ရဲ ့ရည်ရွယ်ချက် ကို လုံးဝနားမလည်နိုင်လို ့ပါ)  ကျွန်တော် မေးခွန်းလေးတွေမေးချင်လို ့ပါခင်ဗျာ..တပ်မတော်ရဲ ့တိုင်းရင်းသားတွေကို အပြီးတိုင် မတိုက်ခိုက်ရခြင်းရဲ ့အကြောင်းအရင်းက

၁.တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ ့များသည် တပ်မတော်ထက် တိုက်ရည်ခိုက်ရည်ထက်မြက်လို ့(မျိုးချစ်စိတ်ဓာတ်ပို များလို ့)

၂.တပ်မတော်ရဲ ့စစ်ရေးလေ့ကျင့်မှု အဖြစ် လက်နက်ကိုင်တပ်ဖွဲ ့များနှင့် အမြဲထိတွေ ့မှု ရှိနေစေဖို ့(တပ်မတော်သုံး လက်နက်များ ရဲ ့စွမ်းရည်ကို စစ်ဆေးဖို ့)

၃.တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ ့များသည်  နိုင်ငံရေးအမြင်ရှိကာ..နိုင်ငံတကာနှင့် အလွန်ကောင်းသော ဆက်ဆံရေးတွေရှိနေလို့.

၄.မြန်မာ ့တပ်မတော် မှ တိုက်ရည်ခိုက်ရည် နှင့် စစ်သည်များ၏ စိတ်ဓာတ်မှာ အလွန်အမင်း ကျဆင်း ဆုတ်ယုတ်လာလို ့

၅.မြန်မာ အစိုးရမှ လက်နက်ကိုင်တပ်ဖွဲ ့များအား နိုင်ငံရေးနယ်ရုပ် များ အဖြစ်သတ်မှတ်ကာ.. နိုင်ငံရေး အကျဉ်းအကျပ်ရှိတိုင်း ထိုးကျွေးနိုင်ဖို ့

၆.မြန်မာ ့တပ်မတော်မှာ တိုင်းရင်းသား များ အား ညီအစ်ကိုရင်းပမာ သဘောထားလို ့

၇.အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ ့များ၏ခေါင်းဆောင်များကြား..သဘောတူညီချက်များ ရှိနေလို ့

၈.  တပ်မတော်မှ ထိုးစစ် ဆင်ချင်လှသော်လည်း  အိမ်နီးချင်းနိုင်ငံများအား ကြောက်ရွ ံ့လို ့

၉. တပ်မတော်မှ တိုင်းရင်းသား တပ်ဖွဲ ့များအား အပြီးအတိုင် တိုက်ခိုက်နိုင်သည့်စွမ်းရည်မရှိသောကြောင့်..ရှက်ရမ်းရမ်းသလိုနှင့် ငါတို ့တိုက်နီုင်တယ်ဆို သည့် သဘောဆောင်ကာ….ဆက်လက် တိုက်ခိုက်နေစေလို ့

စသည် ဖြင့် နည်းနည်းလေး ဘက်မလိုက်ဘဲ စဉ်းစား ကြည့်ကြပါခင်ဗျား

6 comments

  • ko khin kha

    August 18, 2012 at 12:18 am

    တပ်မတော်ကအပြီးအပြတ်တိုက်မယ်ကြံလိုက်
    လွှတ်တော်ကအပစ်အခက်ရပ်စဲရေး၊ငြိမ်းချမ်းရေးအော်လိုက်
    ဆိုတာလေးလည်းထဲ့စဉ်းသင့်ပါကြောင်း။
    🙁 အဖေများနှင့် ဒို့တိုင်းပြည်။:-)

  • htoosan

    August 18, 2012 at 5:17 am

    တစ်နေ့ ရွှေဥ တစ်ဥ အုပေးနေတာ တစ်ရက်ထဲ နဲ့ ရိုက်သတ် ရင်ခွဲကြည့်လို့ ဘယ်ဖြစ်ပါ့မလဲကွယ်..

  • Foreign Resident

    August 18, 2012 at 6:08 am

    ” မြန်မာ တပ်မတော်သည်..တိုင်းရင်းသားတပ်တွေနဲ ့အမြဲလို တိုက်ခိုက်လာခဲ့ပေမဲ ့..
    ဘယ်တော့မှ..သူတို ့တွေရဲ ့ ဌာနချူပ်တွေကို မသိမ်းပိုက်ခဲ့ပါဘူး..
    အမြဲတမ်း စစ်ကို ရှည်ရှည်စွဲပြီး တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ် ”

    အဲဒါ မဟုတ်ပါဘူး ။ မှားပါတယ် ။
    KNU ရဲ့ မာနယ်ပလော ၊ ဝမ်ခ ဋ္ဌာနချုပ်တွေကို သိမ်းယူခဲ့ပါတယ် ။
    ဒါပေမယ့် ၊ ဋ္ဌာနချုပ်တွေကို သိမ်းရုံ နှင့် စစ်ပွဲဆိုတာ ပြီးသွားတာမှ မဟုတ်တာ ။
    မတရားမှုတွေ ရှိနေသေးသမျှ ၊ စစ်ပွဲဆိုတာ ဘယ်တော့မှ မ ပြီးပါဘူး ။

    အဘ သိရသလောက် KNU ဟာ ခံစစ်သေ ကို အထူး အားကိုးတဲ့ အဖွဲ့ပါ ။
    ကျန်တဲ့ တိုင်းရင်းသားအဖွဲ့တွေက ခံစစ်ရှင် နှင့် Gorilla Warfare ကို ပိုသုံးပါတယ် ။
    အဲဒီတော့ကာ ခံစစ်သေ သုံးတဲ့ KNU ရဲ့ ဋ္ဌာနချုပ် ကိုသိမ်းလိုက်တာတောင် ၊
    KNU က ပျောက်သွားတာမှ မဟုတ်တာ ။
    ကျန်တဲ့ ခံစစ်ရှင် နှင့် Gorilla Warfare အားသန်တဲ့ တိုင်းရင်းသားအဖွဲ့တွေ ရဲ့ ၊
    ဋ္ဌာနချုပ်တွေကို သိမ်းမိလဲ စစ်ပွဲတွေ ပြီးသွားမှာ မဟုတ်ပါဘူး ။

    အဲဒီတော့ကာ လိုရင်းပြောရရင် ၊
    တပ်မတော်ရဲ့ တိုင်းရင်းသားတွေကို အပြီးတိုင် မတိုက်ခိုက်ရခြင်းရဲ ့အကြောင်းအရင်းက ၊

    ၁ ။ တပ်မတော်မှ တိုင်းရင်းသား တပ်ဖွဲ ့အားလုံး ( အားလုံး ) ကို အပြီးအတိုင်
    ချေမှုန်းနိုင်သည့် အင်အား စွမ်းရည် မရှိပါ ။ စိတ်ကူး မယဉ်ပါနှင့် ။

    ၂ ။ တိုင်းရင်းသား တပ်ဖွဲ ့တစ်ဖွဲ့ကို ချေမှုန်းနိုင်တဲ့ အခြေအနေ ရှိရင်တောင်မှ
    က ။ ကိုယ့်ဖက်က ထောင်ချီမယ့် အကျအဆုံးကို မ ခံနိုင်ပါဘူး ။
    ခ ။ စစ်စရိတ် ကလည်း အရမ်း ထောင်းပါတယ် ။
    105 mm အမြောက်ကျည် တစ်လုံးပစ်တိုင်း တစ်သိန်းလောက်ကျပါတယ် ။

    ၃ ။ အဲဒါတောင်မှ ဋ္ဌာနချုပ်သိမ်း တိုက်ပွဲပဲ အောင်မှာပါ ၊
    တိုင်းရင်းသားတွေ မကျေနပ်နေသရွေ့ စစ်ပွဲ မပြီးပါဘူး ။

    တိုင်းရင်းသားတွေ သေရဲ မသေရဲ ၊
    သတ္တိ ရှိ မရှိကို သိချင်ရင်တော့ ၊
    တစ်ချက်လေးပဲ ဥပမာ ပြလိုပါတယ် ၊
    DKBA က ဗိုလ်ဖားမီးဟာ ၊
    ” ကရင့်သွေး ဟေ့ ၊ ဖမ်းမိရင် သတ်ပြစ်လိုက် ” ဆိုပြီး ၊
    သူ့မျက်နှာ တစ်ခုလုံးကို ကန့်လန့်ဖြတ်ပြီး တက်တူးထိုးထားပါတယ် ။

    မမေ့ပါနှင့် ၊
    Mel Gibson ရဲ့ The Patriot ဇတ်ကားမှာ ထင်ပါတယ် ၊
    အင်္ဂလိပ် ဗိုလ်ချုပ် က ရက်စက်တတ်တဲ့ သူ့လက်ထောက်ကိုပြောခဲ့တဲ့ စကားပါ ။
    ” ဒီ စစ်ပွဲကြီး ပြီးသွား ရင်လည်း ၊ ငါတို့ ဒီလူတွေနှင့်ပဲ
    ကုန်သွယ်ဆက်ဆံ နေထိုင် သွားရမှာကို မမေ့ပါနှင့် ” တဲ့ ။

  • P chogyi

    August 18, 2012 at 9:55 am

    သိသလောက် မြင်သလောက် ပြောကြည့်ပါမည်။
    ၁။ ရာသီဥတု၊ ဒေသအနေအထား၊ နယ်မြေအနေအထား၊ လမ်းပန်းဆက်သွယ်ရေး။
    ၂။ နယ်စပ်မျဉ်းတစ်လျှောက် စခန်းချ၊ လှုပ်ရှားခြင်း။
    ၃။ တပ်မတော်က တိုက်ခိုက်ရန် ခရီးရှည်ချီတက်ပြီး၊ သူတို့က မိမိနေရာမှ တိုက်ခိုက်ခြင်း။
    ၄။ တရားမဝင် စီးပွားရေးနှင့် အထောက်အပံ့များရှိခြင်း။
    တို့ ထည့်သွင်းစဉ်းစားသင့်ပါသည်။

  • သို ့သော် တိုင်းရင်းသားချင်းသတ်နေတဲ့ ပြည်တွင်းစစ်ဟာ
    တရားသောစစ်ဘယ်တော့မှမဟုတ်ဘူး။စစ်သားဟာ ခွေးကျင့်
    ဘဲကျင့်မှာဘဲ။အနည်းစုကို ပြောတာ။

  • မောင် ဓုဝ

    August 19, 2012 at 9:40 am

    မိတ်ဆွေလို ဆက်ဆံတာရဲ့ တန်ဖိုးကို နားလည်ကြမယ်ဆိုရင် ရန်ဖြစ်တာရဲ့ဆုံးရှုံးမှုကို နားလည်ကြမယ်ဆိုရင်
    ရန်သူလိုဆက်ဆံကြမှာမဟုတ်ပါဘူး။ဒါကိုနားမလည်ကြသေးလို ရန်ဖြစ်နေကြတယ်လို့မြင်ပါတယ်။

Leave a Reply