ရယ်ရယုံ(၃) :D နားနားပြီးရယ် ။

etoneJuly 7, 20101min1076

ကျောက်မျက်လုံး
တစ်ခါကပေါ့ အိမ်တစ်အိမ်မှာမျက်လုံးမကောင်ဘဲ ကျောက်မျက်လုံးတပ်ထားရတဲ့
အဘိုးအိုတစ်ယောက်နဲ ့ အရက်သမှာနှစ်ယောက်ရှိတယ်။ တစ်ညမှာ အစ်ဘိုးအိုဟာသူ
့ကျောက်မျက်လုံးရေအနည်းငယ်ထည့်ထားတဲ့ ဖန်ခွက်ထဲမှာဖြ ုတ်
ပြီးအိပ်ရာဝင်သွားတယ်။အဲဒါနဲ
့အရက်သမားကပြန်လာပြီးဖန်ခွက်ထဲကရေကိုသောက်ပြီးမူးမူးနဲ ့အိပ်လိုက်တယ်။
မနက်မိုးလင်းလည်းရောက်ရောအရက်သမားက စအိုနာနေတာကို သတိတားမိတယ်။အဲဒါနဲ
့လိပ်ခေါင်းများဖြစ်နေလားဆိုပြီး
ဆရာဝန်ဆီကိုသွားပြတာပေါ့ …..အဲဒါနဲ ့ဆရာဝန်က အရက်သမားရဲ
့စအိုကိုလည်းကြည်ရော
ရုတ်တရက်သတိမေ့သွားပါလေရော..အရက်သမားကလည်းဆရာဝန်ဘာဖြစ်သွာလည်ဆိုပြီးဆရာဝန်ကိုအတင်းလှ
ုပ်နှိ ုးတော့
တာပေါ့ ..အဲ့ဒါနဲ
့ဆရာဝန်ကသတိပြန်ရလာပါလေရော..ခဏကြာတော့ဆရာဝန်ကစကားတစ်ခွန်းပြောလိုက်တယ်…………..
ငါကလူနာတွေရဲ ့စအိုကိုဘဲကြည့်တာ…လူနာ့ရဲ ့စအို က ငါ
့ကိုပြန်ကြည့်တာဒီတစ်ခါဘဲ မြင်ဘူးသေးတယ်တဲ့…..

====================================
အဆင်ပြေသားပဲ

သို့ …………

အချစ်လေးရေ

ကိုယ်ဒီလ အသုံးများသွားလို့ ပိုက်ဆံမပို့ နိုင်တော့ဘူးကွာ

ဒါပေမယ့် မင်းအတွက် ကိုယ် အနမ်းပေါင်း ၁၀ဝ ပို့လိုက်တယ်နော်။ကြည်.ပြီးတော့

သာသုံးပေတော့

အချစ်လေး

မင်းရဲ့

ကိုကို …………..

~ ~ ~ ~ ~ ~

နောက်ရက် အနည်းငယ် အကြာမှာတော့ သူ့မိန်းမ ဆီက စာပြန်လာပါတယ်

သို့ ………..

ယောက်ကျားရေ

ကိုကို့ရဲ့ အနမ်းပေါင်း ၁၀ဝ အတွက်ကျေးဇူး

တင်ပါတယ်။လောက်လဲလောက်ငှပါတယ်။

ဒီလ အသုံးစရိတ် ကို ပြောပြမယ်နော်။

၁။ နွားနို့ ပို့သမား ကို တစ်လစာ နွားနို့ အတွက် အနမ်း (၂) ပွင့်

၂။ လျှပ်စစ် ဌာန က လူကို တစ်လစာ အနမ်း (၇) ပွင့်

၃။ အိမ်ပိုင်ရှင် ကတော့ အိမ်ငှားခ မယူ ပဲ တစ်နေ့ ကို အနမ်း ၂ ပွင့် ၃ ပွင့်

လာယူတယ်

၄။ super market က တော့ အနမ်းနဲ့တင်မရလို့ တစ်ခြားဟာပါ

ထပ်ပေးလိုက်ရတယ်။

၅။ တစ်ခြားအထွေထွေ က အနမ်း ပွင့် ၄၀

သူတို.အားလုံးကသဘောကောင်းကြပါတယ်။လိုလိုလားလားနဲ.အနမ်းတွေကိုယူ

ူသွားပါတယ်။

ဒါပေမယ့် မပူပါနဲ့နော် ချစ်မှာ အနမ်း ၃၅ ပွင့်ကျန်သေးတယ်။ ဒီလ တော့သုံးဖို.

ကောင်းကောင်းလောက်ပါတယ်။

နောက်လလည်း ဒါမျိုးလုပ် ရမှာပဲလားဟင်။

ကိုကို့ရဲ့

ချစ်လေး ………..

——————- ——————— ——————–
အခြေအနေ မကောင်းဘူး..ဟ

လေယာဉ် ပြတင်းပေါက်ဘေးမှာ ထိုင်၍ လိုက်ပါလာသူ

ခရီးသည်တစ်ယောက်သည်

တရွေ့ရွေ့လျားနေကြသော တိမ်စိုင်တိမ်ခဲကြီးများကို ကြည့်ရင်း

အလွန်ကြည်နူးနေလေသည်။ ထိုစဉ် သူ့ပြတင်းပေါက်ရှေ့မှာ

လေထီးသမားတစ်ဦးကို

မြင်လိုက်ရ၏။ လေထီးသမားက

`ဘယ်လိုလဲ၊ ကျွန်တော်နဲ့ လိုက်ခဲ့မလား´ဟုလှမ်းမေး၏။

ဒီတော့ ခရီးသည်က

`ကျေးဇူးပဲ၊ မလိုက်တော့ပါဘူး။ တိမ်တွေကို ခုလိုကြည့်နေရတာ သိပ်အရသာ

ရှိတယ်´

`ကောင်းပါလေ့ဗျာ။ ကျွန်တော်က တခြား လူမဟုတ်ပါဘူး။ ခင်ဗျားစီးနေတဲ့

လေယာဉ်ပျံကြီးရဲ့ လေယာဉ်မှူးပါ။ ကဲသွားပြီ၊ တာ့တာ….

ကြီးလာရင်

အဖေလုပ်သူက လှေကားပေါ် တက်ကာ ပြတင်းပေါက်များအား ဆေးသုတ်နေသည်ကို
ခြောက်နှစ်သား သားငယ်ကဂရုတစိုက် ကြည့်နေသည် ။ အမေကသားကို ပြောတယ် ။
အမေ – သားကြီးလာရင် ဖေဖေ့ကို ကူရမယ်နော်
သား – ဘာလဲ ၊ အဲဒီအချိန်ထိ ဖေဖေက ဆေးသုတ်လို့ ပြီးမှာမဟုတ်သေးဘူးလား
ဟင် …

နာမည်ကြီးစာရေးဆရာ
မိန်းမ – ရှင် ဝတ္တု မရေးတာ ကြာပါပကော ၊ ရေးပါအုံးလား
ယောက်ျား – စိတ်မပါသေးဘူးကွာ.
မိန်းမ – ဪ…သားငယ်ကလေယာဉ်ပျံစက္ကူ ခဏခဏတောင်းနေလို့ပါ

ခေတ်ဆိုး
ဆိုင်တစ်ဆိုင်ကို ဖောက်ခိုးနေသော သူခိုးကို ရဲသားက လက်ပူးလက်ကြပ်မိသွားသည် ။
ရဲသား – မင်းဘာဖြစ်လို့ ဒီဆိုင်ကိုမှ ဖောက်ခိုးရသလဲ
သူခိုး – ကျတော့အိမ်နဲ့ ဒီဆိုင်က နီးလို့ပါ ၊ သိတဲ့အတိုင်း
ခေတ်ကမကောင်းတော့ အိမ်ကို ပစ်ပြီး
အကြာကြီး မသွားချင်လို့ပါ….

စိတ်ဝင်စားစရာ
ပင်ဂွင်းဌက်ကိုပိုက်လျက် လူတစ်ဦး လမ်းလျှောက်လာသည် ။
ရဲသားတစ်ဦးကို တွေ့သည်နှင့် မေးလိုက်သည် ။
“ကျေးဇူး ပြုပြီး ပင်ဂွင်းဌက်ကို ဘယ်ပို့ရင်ကောင်းမလဲဆိုတာ
အကြံပေးစမ်းပါဦးဗျာ”
“တိရိစ္ဆာန်ရုံ ပို့လိုက်ပေါ့ဗျာ”
နောက်တစ်နေ့တွင် ပင်ဂွင်းဌက်ကို ပိုက်လျက် ထိုသူကိုရဲသားက
တွေ့ပြန်သည် ။”ဘယ်လိုလဲ ၊ တိရိစ္ဆာန်ရုံ ရောက်ခဲ့ရဲ ့လား”
“ဟုတ်ကဲ့ ၊ သိပ်စိတ်ဝင်စားစရာ ကောင်းတာပဲ ၊ ဒီနေ့ သူ့ကို
ရုပ်ရှင်လိုက်ပြမယ်”

စိတ်မဆိုးနဲ့တော့
၃ တန်းကျောင်းသားလေး မောင်အေးသည် ၊ အတန်းပိုင်ဆရာမကို “နင်” “ငါ”
အသုံးအနှုန်းဖြင့် ပြောလေ့ရှိ၏ ။ တစ်နေ့တွင် ပြစ်ဒဏ်ပေးသည့် အနေနှင့်
ဆရာမသည် “ဆရာမ” “ကျွန်တော်” ဟူသော စာလုံးများကို အကြိမ်၅ဝ တိတိ
မောင်အေးအား ရေးခိုင်းသည် ။ မောင်အေးက အကြိမ် ၅ဝ အစား အကြိမ်
၁၀ဝ ရေးချလိုက်သည် ။ နောက်တွင် ယဉ်ကျေးသိမ်မွေ့စွာ
သုံးနှုံးပြောဆိုရမည်ကို
မောင်အေးသိကောင်းပြီ ဟု ဆရာမ ယူဆသည် နှင့်
“မင်းအပြစ်ကို သိပြီမဟုတ်လား မောင်အေး”
“ဟုတ်တယ် ၊ နောက်ငါ့ကို စိတ်မဆိုးနဲ့တော့နော်”

တံခါးမှားခေါက်ခြင်း
ညအချိန်မတော် မိမိ၏ အိမ်ခန်းတံခါးကို ပြင်းထန်စွာ ခေါက်သံကြားသဖြင့်
ကိုမြသည် စိတ်ဆိုးမာန်ဆိုးဖြင့် ၊
“ဟေ့ ၊ ဘာလို့တံခါးခေါက်တာလဲ ၊ ဘာလိုချင်လို့လဲ” ဟု အသံမာမာဖြင့်
မေးလိုက်သည် ။
“ခင်ဗျားရဲ ့ အထပ်မှာ မီးလောင်နေလို့ဗျို ့” ဟု အပြင်မှ ပြန်အော်ပြောသည်
“အဲဒါ ဘာဖြစ်လဲ ကျုပ်က ထမင်းချက်ပဲ ၊ မီးသတ်သမားမှ မဟုတ်တာ”..

ချက်တင်ဝင်နေပြီဆိုရင်ပဲ.. . အားလုံးအညောင်းမိကြမှာပါ။
ချက်နေတုန်းသတိမထားမိရင်တောင်.. .ထလိုက်တဲ့အချိန်မှာ အသက် ၈၀
အဖိုးအဖွားတို့လို ဟိုနားကိုက်တိုက်တိုက်၊ ဒီနားကိုက်တိုက်တိုက်
ဇက်ကြောလေးတက်သလိုလို..ခါးလေးနာ
သလိုလို..မျက်စိလေးညောင်းသလိုလို နှင့်
ကြုံဖူးကြမှာပါ။ အဲဒီတော့… ကြာရှည်ထိုင်နိုင်ရန်နှင့် အညောင်းမမိစေရန်
အောက်ပါနည်းလမ်း(၁၃)ချက်အတိုင်း လိုက်နာကြည့်ပါ။

၁။ကွန်ပြူတာမဖွင့်မိ…ဦး သုံးကြိမ်..ချပါ။

၂။ပြီးရင် ကီးဘုတ်အား..ကြိုတင် တောင်းပန်ပါ..(ဒီနေ့အတွက် လွန်တာရှိရင်
ဝန္တာမိ ပါလို့ )

၃။ Type နေတုန်း ခေါင်းလှုပ်ရန်။ ဘယ်၊ညာ (သို့) ရှေ့၊နောက်

၄။ တစ်ဖက်ကလူ ပြန်စာ Type နေတုန်း လက်နှစ်ဖက်ကို ပခုံးပေါ်ပြန်တင်
ရှေ့နောက် တောင်ပံခတ်သလို ခတ်ရန်။

၅။ တစ်ခြား Chatterများ ကိုကြည့်နေချိန်ခိုက် ထိုင်ထ လုပ်နေရန်။

၆။ ရယ်စရာများ ရှိရင် ထိုင်ခုံကို လက်တစ်ဖက်ထောက်ကာ ပတ်ပြေးရန်။

၇။ ဝမ်းနည်းစရာများ ရှိရင် လေ့ကျင့်ခန်းကို ခဏနားတဲ့အနေနဲ့
ထိုင်ငိုနေရန်။ ၃မိနစ်နားပါ။(ပိုမနားပါနှင့်…အချိန်နှင့်
ကွန်နက်ရှင်သည်လူကိုမစောင့်)

၈။ကွန်နက်ရှင် ကျသွားပါက စိတ်အနှောက်အယှက် မဖြစ်အောင်..
(တတ်နိုင်လျင်…ပုတီးစိတ်ပါ…ပုတီးမပါပါက..
ဂုံတော်တစ်ခုခုရွတ်နေပါ..)

၉။ သီချင်းများလိုက်ညည်းနေခိုက် ပခုံးနှစ်ဖက်ကို ဘယ်ညာ တင်ချ လုပ်နေရန်။

၁၀။ ကျင်ကြီး/ကျင်ငယ် သွားပါက ခြေဖျားထောက်၍ ခြေစုံခုန်သွားရန်။
(တရုတ်သရဲကားကြည့်ဖူးတယ်မလား)

၁၁။ ရေအိမ်မအားသေးပါက ခြေကိုဆန့်တန်း၍ ဘယ်ညာ ခတ်နေရန်။ (ရေထိုင်ကူးနည်း)

၁၂။ Signout မလုပ်ခင် လက်နှစ်ဖက် အပေါ်ထောင်၍ တာ့တာပြရန်။

၁၃။ ကွန်ပျူတာ ပိတ်ခါနီး ဘယ်ညာ အလေးပြုပါ။ ကျေးဇူးတင်ကြောင်းကို ၃
ကြိမ်ထက်မနည်းပြောပါ… မမေ.ပါစေနဲ.နော်..တာ.တာ….

6 comments

  • cobra

    July 7, 2010 at 7:04 am

    အကိုပြောသလိသာလုပ်လို့ကတော့အရူးဆိုပီးရိုက်ထုတ်လိမ့်မယ်။ဟီး…ဟီး။

  • intro

    July 7, 2010 at 10:05 am

    တမင်တကာ ရယ်ရအောင် ရေးထားတာပါ အစ်ကိုရ… 😀

  • maypearl

    July 28, 2010 at 3:42 am

    အမောပြေတာပေါ့
    စိတ်ညစ်စရာတွေလည်းပျောက်တယ်
    ကျေးဇူး

  • lilflame

    July 30, 2010 at 1:40 pm

    လန်းလှချည်လား တော်တော်မိုက်တယ် ကြိုးစားပြီးလုပ်ကြည့်ရမယ်

  • HayMonChan

    October 24, 2010 at 4:40 pm

    ဟိဟိ
    ဂွတ်ဒ်ဒယ်

Leave a Reply