ကျွန်ုပ်၏ ပုံပြင်၊ ဤသို့ ခပ်ဆင်ဆင်

သူမက လှ၏ … ကွိ .. ကွိ .. 😀

 

သူမကို အမှတ်မထင် စတင်တွေ့ခဲ့စဉ်က ကျွန်ုပ်၏ ရုပ်သွင် … :mrgreen:

 

သူမကို တစ်ခါတွေ့ခဲ့ရုံဖြင့် စားလည်း ဒီစိတ် …

 

အိပ်လည်း ဒီစိတ် …

 

အို .. အချိန်တိုင်း သူမရဲ့ စိတ်တွေနဲ့ပါပဲလေ …

 

ဒီလိုနဲ့ သူမကို ရှာခဲ့ပီ .. တွေ့လေပြီ ..

 

အင်တာနက်ဂျီး သုံးနေသည့် သူမ၏ပုံ ..

 

နောက်ပိုင်း သူမနဲ့ ဘော်ဘော်ဒွေ ဖြစ်ခဲ့သည်…

 

အပြင်မှာတွေ့မှာလည်း သူမနဲ့ တွေ့ဆုံခဲ့ပါ၏ … အဟိ ..

 

ထိုထိုသော အချိန်များက ကမ္ဘာကြီးဟာ ကျုပ်အတွက် ဖြစ်တည်လာခဲ့လေသလားလို့တောင်မှ ကြီးကြီးကျယ်ကျယ် တွေးခဲ့မိသေးပါရဲ့ …

 

ဒါနဲ့ စကားမစပ် .. သူမက ပိန်တဲ့လူဒွေကို ကြိုက်ဘူးဆိုလို့ ဝိတ်လည်း မ,ခဲ့သေးရဲ့ .. :mrgreen:

 

ဒီလိုနဲ့ နောက်ပိုင်းမှာ သူမအတွက် ပန်းတွေလည်း ဆက်သခဲ့ရဲ့ …

 

သူမက ပန်းတွေကို ချစ်တယ် … တဲ့ … (လူဂိုဒေါ့ဖြင့် ..)

 

ဒီလိုနဲ့ … ဒီလိုနဲ့ .. မနေနိုင်တော့တဲ့ ရင်ထဲက ခံစားချက်နဲ့ .. သူမထံပါး ချစ်ခွင့်ပန်ခဲ့ပါတယ် .. ဒီအခါ သူမက ပေးထားတဲ့ ပန်းတွေကို ပြန်ပေးခဲ့တယ် … 🙁

 

ပြီးတော့ ပြောတယ် .. ချစ်နိုင်ဘူး ….. ဒဲ့ …

 

တေပီ ..

 

ကြွေပီ .. ပေါ့ဗျာ …

 

ကျနော့်အဖြစ်က အဖော်မဲ့ ကြက်ငယ် (ငှက် .. မဟုတ်) တစ်ကောင်လို ….

 

ဂလိုနဲ့ ထူးပါဘူးဆိုပြီး စိတ်ညစ်တာကို ဖြေဖျောက်ဖို့ အဖော်ရှာခဲ့တယ် .. ဒီဂလို ..

 

စိတ်ညစ်တော့ သောက်တယ် .. သောက်တော့ သိပ်စိတ်ညစ်တယ် .. အကြောင်းရှာတော့ ခေါင်းပါ ချာချာလည် .. ဂေ့ ..

 

ပြီးတော့ ဘာမဆိုင်၊ ညာမဆိုင် လောကကြီးကိုလည်း အရွှဲ့တိုက်သေးတယ် .. ဒီဂလို ..

 

ဒီဂလို ….

 

သို့ပေမယ့်လို့လည်း အိပ်မရ ညများမှာ သူမရဲ့ ပုံရိပ်များဟာ စိုးမိုးထားဆဲ …

 

သူမအတွက် ရည်စူးပြီး သွန်းလုပ်ခဲ့တဲ့ ရင်ထဲကအရုပ်၊ ညစ်ပေသွားပေမယ့် ဖက်တွယ်ကာတော့ ထားနေမိဆဲ ..

 

“ကဗျာ မရေးတတ်သူကို အချစ်နဲ့ တို့ကြည့်လိုက်စမ်းဘာဒဲ့ ..”၊ သို့ပေမယ့် .. ကျနော့်အတွက်တော့ ကဗျာဆိုတာ … နောက်ပိုင်းကာလများမှာမှ ပေါက်ဖွားတတ်ခဲ့ပေါ့ …

 

ဘာရယ်မဟုတ် ရင်ထဲက ခံစားချက်သရုပ်ကို အရင်းထုတ်လို့ ကဗျာတွေကို မွေးထုတ်တတ်ခဲ့တယ် .. ဒီလိုနဲ့ “သူမ မဖတ်ခဲ့တဲ့ ကဗျာ” တွေဟာ နှသားလုံးသားဆီက စိမ်းရောင်ခြယ်သလို့ စာမျက်နှာရှေ့ကို ထွက်လာခဲ့ပါတော့တယ် …

 

သူမနဲ့ ဝေးပြီးနောက်မှာ ရင်ထဲက ကဗျာပင်ဟာ ရှင်သန်လာခဲ့တယ် .. ဒီအတွက်တော့ သူမကို ကျေးဇူးအများကြီးတင်ပါတယ် …

 

By – မဟာရာဇာ အံစာတုံး

24 comments

  • မောင်ပေ

    August 18, 2012 at 2:39 pm

    မန်းဂေဇက်မှာ ဘာကြောင့် ကဗျာတွေရေးဖြစ်ခဲ့သလဲ ဆိုတာ သိသွားရပါပြီ သူမရယ် ၊ အဲလေ မွှားလို ့… မဟာအံကြီးရယ် ။

    • မဟာရာဇာ အံစာတုံး

      August 18, 2012 at 5:20 pm

      ရောင်းရင်းကြီးရေ ..
      ကျုပ် ကဗျာတွေ ရေးတတ်လာတာ သူမ ကြောင့်ပေါ့ဗျာ ..
      ရင်ထဲက ခံစားချက်တွေကို စာမျက်နှာတွေနဲ့ မိတ်ဆက်ခဲ့တယ် ..
      ပြီးတော့ ကျုပ်တို့ရဲ့ ရွာကြီးထဲမှာ ရင်ဖွင့်ပြတယ် ..
      ဒီအခါ အတွေ့အကြုံရှိသူတွေက ပြောကြရော ..
      တွေ့ဘူးလား .. ကျေးဇူးတင်ထိုက်သူ .. တဲ့ ..
      ဒီအခါ ဖြေဆည်ရာတစ်ခုတော့ အမှီပြုနိုင်သွားပြန်ပြီပေါ့ဗျာ ..
      ဒီလိုပါ .. ဟိုလိုပါ .. ဘာမှ ဟုတ်ပါဘူးဂျာ .. 😀

  • ကိုရင်စည်သူ

    August 18, 2012 at 2:55 pm

    အိုင်ဒီယာတော်တော်လေးကောင်းဒယ်.. ဝမ်းစမိုး ဘေဘီအံစာ…
    ကြာလို့ ထုံးစံအတိုင်း… အူးဗိုက်ဆီသွားပီး ဇေတစ်ပတ်နဲ့
    အသေသွားနှပ်ကြရအောင်ဗျာ..
    ရွာသီဥတုကလည်း ကိုယ့်ဘက်ပါနေတုန်းလေး..လေ…. 👿 👿 😕

    • မဟာရာဇာ အံစာတုံး

      August 18, 2012 at 4:59 pm

      လုပ်လိုက်လေ ..
      ကြာသလားလို့ … 😀
      ကရင်စည် သွားစို့ ခါအမှီ …

  • pooch

    August 18, 2012 at 3:29 pm

    ပုလင်းကိုင်မော့နေတာ ဗိုက်ဗိုက်လား သူငယ်အံလား ???? 😀

    • မဟာရာဇာ အံစာတုံး

      August 18, 2012 at 5:06 pm

      အမပုချ် ခညာ ..
      အဲ့ပုံဂဒေါ့ဖြင့် စိန်ဗိုက်ဘဲ ဖစ်မှာဘာ ..
      အောက်က ဆေးလိပ်ကြီး ခဲထားတဲ့ပုံဂဒေါ့ဖြင့် အနော်ပေါ့လို့ .. 😀

  • shwe kyi

    August 18, 2012 at 3:31 pm

    ဟား ဟား ဟား
    ဟဲ ဟဲ ဟဲ
    ဟီး ဟီး ဟီး
    အဟွတ် အဟွတ်။ 😀
    သဘောကျပါ၏။

    • မဟာရာဇာ အံစာတုံး

      August 18, 2012 at 5:10 pm

      အန် ..
      နောက်တာလား ..
      အတည်လား ..
      သူ သဘောကျဒါဂျီးက တမျိုးကြီးဘာလား ..
      ဟား .. ဟား … 😀

  • ပင်လယ် ပျော်

    August 18, 2012 at 3:43 pm

    ကြွေချက်က.. လန်ထွက်နေတယ်…မဟာကြီးရဲ့ကဗျာပင်တွေ ဆက်လက် ရှင်သန်အောင် ကိုရင်တို ့နဲ ့ဝိုင်းဖွဲ ့ပြီး “ဇေ” ရည် လောင်းလိုက်ကြရအောင်…

  • ရဲစည်

    August 18, 2012 at 3:50 pm

    လောလောဆယ်
    တားတားကြည့်တာ
    ဘာမှ မမြင်ရဘူး
    တော်နက်ချင် မကောင်းတာ ဖြစ်မယ်

    မှောင်မှောင်နဲ့ မဲမဲ
    ပြောင်ပြောင်နဲ့ ဖြဲဖြဲ
    ဘာမှန်း မသဲကွဲသော်လည်း
    အားပေးသွားပါတီ ….

    • မဟာရာဇာ အံစာတုံး

      August 18, 2012 at 5:12 pm

      အဟမ်း .. ဟမ်း ..
      ဒီကွန်မန့်က ၄၄၄ မြောက် ကွန်မန့်ဘဲ ..
      လေးသုံးလုံးမှာ ပြေးမပုန်းနဲ့
      လာ .. သွားမယ် ..
      ခင်ဗျားရယ် .. ကျနော်ရယ် .. ပီးဒေါ့ ..
      ကရင်စည်ရယ် .. ပင်လယ်ပျော်ရယ် ..
      သွားကြမယ်ကွယ် ..
      ပေါက်ဖော်ရဲ့ ဘီအီးဆိုင် ဆီကိုကွယ် …

  • YE YINT HLAING

    August 18, 2012 at 4:29 pm

    မိုက်တယ်ဗျာ ! ကြိုက်တယ်ဗျာ ! တယ်လန်းတဲ့ Idea ! သဘောကျပါ၏။ အဟိ !
    ချစ်စရာ ကောင်းတဲ့ ကလေးလေးတွေ နဲ့ ကိုအံကြီး ရဲ့ Idea က တကယ်ကောင်းတယ်ဗျာ ! မြင်တတ် ခံစားတတ် ဖန်တီး တတ်ပါပေတယ် ။

    • မဟာရာဇာ အံစာတုံး

      August 18, 2012 at 5:15 pm

      ဟုတ်တဲ့ဘာ ..
      ဆရာဂျီး စံဇာဏီဗိုလ်ရဲရင့် ခည … 😀
      ဒါနဲ့ စကားမစပ် ..
      ကျုပ်အတွက် နောက်တစ်ယောက်လောများ ဘယ်တော့ ရနိုင်မလဲဆိုတာ တွက်ချက်ပေးနိုင်မလား ခည .. :mrgreen:
      နောက်ထာဘာ ..

  • kyeemite

    August 18, 2012 at 4:44 pm

    အံဇာတုံး ကို ကောင်မလေးကပြန်ပါအုံးတဲ့လား..
    ကြံပါအုံး အံဇာတုံးရာ..
    ကြံသကာတုံး လိုချိုရဲရဲအချစ်နဲ့
    နှစ်ကိုယ်အမြဲချစ်နိုင်ပါစေ..

    • မဟာရာဇာ အံစာတုံး

      August 18, 2012 at 4:55 pm

      ဟေ့လူဂျီး ..
      ဘာတွေ ကြောဒါဒုံး ..
      နားလည်ဝူးရယ် .. 🙄

    • နေဝန်းနီ

      August 18, 2012 at 9:59 pm

      ကွိကွိ ရှိုဒါ ညောင့်ဒွေအော်ဒါပေါ့ အရင်းဆက်ရယ်………ကွိကွိ ကွကွ နဲ့ ရှိုဒါရေ

  • si tone

    August 18, 2012 at 10:50 pm

    ပုံလေးတွေကော…. စာသားလေးတွေကော….. လိုက်ဖက်ပါတယ်….
    ပီးတော့..တကယ်လဲကြည်ကောင်းပါတယ်…… ရုပ်ရှင်ကြည်နေရသလိုပါပဲ……..
    really really good ……………. Your are the best

  • ပစ်ပစ်ချန်

    August 20, 2012 at 12:42 am

    သူမက စံပယ်ပန်းတွေ ပြန်ပေးလိုက်ပလားဟင်င် 🙄 :mrgreen:

    • မဟာရာဇာ အံစာတုံး

      August 20, 2012 at 8:48 pm

      ပေးခဲ့တဲ့ စံပါယ် ..
      ကြွေမနွမ်းခင် ကတည်းက
      ကိုယ့်ဟာကိုယ်ပဲ ပြန်နမ်းတော့ဆိုပြီး ..
      ကြေကွဲမှုတွေနဲ့ ပြန်ပေးသွားခဲ့တယ် …
      အရမ်း ခံချားရဒယ် .. အဟီး .. ဟင့် .. ရွှတ် .. 🙁

  • marblecommet

    August 20, 2012 at 2:00 am

    အံမယ်
    အံကြီးစံပါယ်ကို
    သွားစနေ…

  • မောင် ဓုဝ

    August 20, 2012 at 8:11 am

    ခံစားချက်တွေကို သရုပ်နဲ့ ဖော်ပြနိုင်ပေတယ်။

  • MaMa

    August 20, 2012 at 9:33 am

    ခြောက်မျက်နှာလို့ မပြောရဘူး။
    စကီလေးဒွေက အလန်းစားတွေချည်းပဲ။ [:D]
    စာရေးနည်းတွေထဲမှာ သရုပ်ပြပုံပြင်ကဏ္ဍ အသစ်တိုးရမယ်။

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • အလင်းဆက်

    August 20, 2012 at 6:35 pm

    ဟုတ်ရား…။ တားတားက တိတ်မတိ ရို ့ပါ ။

    ဟိုနေ့က မမရွှေကြည် မွေးနေ ့ပွဲမှာ.တွေ ့ရတဲ ့..ဦးဦးညောင်ဝတုတ် ကတော့.
    .အဲလို..
    အော်ပါဘူ း။

    အဟိ ။

Leave a Reply