မြင်းလေးမျိုး ဥပမာ

etoneJuly 7, 20101min1032

မြင်းလေးမျိုး ဥပမာ ၁။    ကျောပေါ်တွင် ကြိမ်ကလေးတင်ပြရုံနှင့် ပြေးသော မြင်းတစ်မျိုး။ ၂။    ကြိမ်ဝင့်ပြရုံဖြင့် မပြေးသေး၊ သို့သော် အမွေးပေါ် ကြိမ်ဖြင့် ထိကပ်ပွတ်သပ် သတိပေးမှ       ပြေးသော မြင်းတမျိုး။ ၃။    ကြိမ်ဝင့်ပြရုံဖြင့် မပြေး၊ အမွေးသပ်ရုံနှင့်လည်းမရ ၊ သံချွင်ဖြင့် အရေပါဖောက်  သွေးစို့အောင်  ထိုးမှ ပြေးသောမြင်းတစ်မျိုး။ ၄။   ကြိမ်ဝင့်ရုံဖြင့်မပြေး ၊ အမွေးသပ်ရုံနှင့်လည်းမရ၊ သံချွင်ဖြင့် သွေးစို့အောင် ထိုးသော်လည်း မလှုပ် ၊ အရိုးကို ဒုတ်ဒုတ်ထိအောင် သံချွင်ဖြင့် ဆောင့်ထိုးမှ ပြေးသော မြင်းတစ်မျိုး။       (၁)   ဥပမာလေးအတိုင်းပင် လူလည်း လေးမျိုး ရှိကြ၏  ၊ “ဘယ်မြို့ဘယ်ရွာ ဘယ်ဒေသမှာ ဘယ်သူတော့်ဖြင့် ဒုကရောက်ပြီး သေရှာပေါ့တဲ့ ” ။ ထိုကဲ့သို့သော သတင်းကို သူတပါးထံမှ တဆင့်ကြားရရုံမျှဖြင့် ထိတ်လန့်သံဝေဂ ရသွားပြီးလျှင် တရားအားထုတ်တော့၏ ၊ ထိုလူမျိုးသည် ကြိမ်ရိပ်ပြရုံမျှဖြင့် ပြေးသော ပထမမြင်းမျိုးနှင့် တူသည်။     (၂)   “ဘယ်မြို့ဘယ်ရွာ ဘယ်ဒေသမှာ ဘယ်သူတော့်ဖြင့် ဒုကရောက်ပြီး သေရှာပေါ့တဲ့ ” ။ ထိုကဲ့သို့သော သတင်းကို တဆင့်ကြားရရုံမျှဖြင့် သံဝေဂ မဖြစ်သေး ၊ သို့သော် ကိုယ်တိုင်မြင်တွေ့လာသော အခါတွင်ကား သံဝေကဖြစ်ပွားကာ တရားအားထုတ်လေတော့၏ ၊ ထိုလူမျိုးသည် ဒုတိယမြင်းမျိုးနှင့် တူသည်။   (၃)   “ဘယ်မြို့ဘယ်ရွာ ဘယ်ဒေသမှာ ဘယ်သူတော့်ဖြင့် ဒုကရောက်ပြီး သေရှာပေါ့တဲ့ ” ။ ထိုကဲ့သို့သော သတင်းမျိုးကို တစ်ဆင့်စကား သတင်းကြားဖြင့် သံဝေဂမရ ၊ ကိုယ်တွေ့မျက်မြင် ကြုံလည်း သံဝေဂမဖြစ် ၊ သို့သော်  သွေးသားတော်စပ်တဲ့ ကိုယ့်ဆွေမျိုးထဲမှ တစ်စုံတစ်ယောက် ဒုက ရောက်ခါ  သေဘေးတွေ့သော အခါမှ သံဝေဂဖြစ်၏ ၊ ချက်ချင်းထ တရားအားထုတ်တော့သည် ၊  တတိယမြင်းမျိုးနှင့်တူသည်။   (၄)   “ဘယ်မြို့ဘယ်ရွာ ဘယ်ဒေသမှာ ဘယ်သူတော့်ဖြင့် ဒုကရောက်ပြီး သေရှာပေါ့တဲ့ ” ။ ထိုကဲ့သို့သော သတင်းမျိုးကို တစ်ဆင့်စကား သတင်းကြားဖြင့် သံဝေဂမရ ၊ ကိုယ်တွေ့မျက်မြင် ကြုံလည်း သံဝေဂမဖြစ် ၊ ကိုယ်သွေးကိုယ်သား ကိုယ့်ဆွေမျိုးထဲမှ ဒုက တွေ့သော်လည်း သံဝေဂမဖြစ်၊ သို့သော် မိမိကိုယ်တိုင် ဘေးဒုက နှင့် ရင်ဆိုင်ရသောအခါတွင်ကား သံဝေဂဖြစ်ပွား၏ ၊ ထိုအခါတွင်မှ ချက်ချင်းထကာ တရားအားထုတ်တော့သည် ၊ အချိန်နှောင်းကာ အားပျော့နေပြီ ၊ စတုထမြင်းမျိုး နှင့်တူသည်။
ရေးထားတာကတော့ မမော်ပါ ။

2 comments

  • zamte

    July 7, 2010 at 8:06 am

    မှတ်သားစရာ စာစုလေးပါ။ တခုမေးချင်တာက တချို့လူတွေ သေတာတောင်မှ တရားအားထုတ်ဖို့ ဝေးစွ။ တရားဆိုတာ ဘာမှန်းမသိတဲ့လူမျိုးကျတော့ ဘယ်လို မြင်းမျိုးနဲ့ ဥပမာပေးနိုင်မလဲ။

  • ghost

    July 7, 2010 at 10:21 am

    zamte ရေ ……..မင်းပြောတဲ့လူကို ခွေးနွား လို ့ခေါ်တယ် မြင်းထဲမှာတောင် ဥပမာ မရှိဘူးထင်တယ်
    ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာ တို ့ရဲကျေးဇူးကို မသိတဲ့ကောင် ပါ၊

Leave a Reply