နိမိတ်တွေလား ….

cobraJuly 7, 20101min681

နေပြည်တော်-ရန်ကုန် အဝေးပြေးလမ်းသစ်ကြီးမှာ ၂၈ ရက်နေ့ည ရှစ်နာရီလောက်က ကြွက်တွေ အုပ်လိုက်ကြီး အုပ်လိုက်ကြီး နေရာရွှေ့နေကြတာ။

လမ်းပေါ်မှာ နေရာလွတ်တောင် မရှိဘူး။ လမ်းဘေးမှာလည်း အပြည့်ပဲ။ လုံးထွေးနေကြတယ်။ ကားတွေဆိုတာ ရပ်တောင် မရပ်ရဲကြဘူး။

ကြွက်တွေကလည်း ကားမီးတွေထိုး၊ ကားတွေ တရကြမ်း ဖြတ်နေတာတောင် မကြောက်ကြဘူး။ ကားတက်ကြိတ်လို့ တဗျိဗျိ မြည်နေသံတွေက

ကြောက်ဖို့တောင် ကောင်းတယ်။ လမ်းတွေဆိုတာ ကြွက်သွေးတွေနဲ့ ရဲရဲတောက်လို့။ ကြွက်သေတွေကို ကြွက်ရှင်တွေက စားသောက်နေလိုက်ကြတာ

မြင်မကောင်းဘူး။ တကယ့်ကို တစ်မိုင်လောက် လမ်းမကြီးတလျောက် ကြွက်တွေနဲ့ အပြည့်။

(ဒါကတော့ မူလသတင်းရဲ့ တင်ပြထားတဲ့ သတင်းအချက်အလက်အချို့ပါ။ သတင်းဓါတ်ပုံရိုက်တဲ့သူကလဲ ဝါသနာအရ သတင်းယူမှုလုပ်နေတဲ့ သူပါ။

သူရောက်သွားချိန်မှာတော့ အောက်ကမြင်ရတဲ့ဓါတ်ပုံတွေလောက်ပဲ ရိုက်ယူနိုင်ခဲ့ပါတော့တယ်တဲ့။ သူ့ သတင်းအောက်မှာ အမျိုးမျိုးသော command

တွေကိုဖတ်ရပါတယ်။ တစ်ချို့ကလဲ ဝါးတောမှာ ဝါးပွင့်လို့ ကြွက်တွေ ရွေ့ပြောင်းစားသောက်ကြတာ…တစ်ချို့က သဘာဝဘေးအန္တရယ် ဖြစ်မယ့်လက္ခဏာ လို့ ယူဆကြတယ် အစုံပေါ့ဗျာ…

အဲ့ဒိ command တွေထဲက ထူးထူးခြားခြား တင်ပြထားတဲ့ ကွန်မန့်တစ်ခုကို အောက်ဆုံးမှာ သီးခြား တင်ပြလိုက်ပါတယ်..)
ရန်ကုန်ကနေသွားရင် ဝါးကတုတ် တမံက ကားလမ်းရဲ့ ညာဘက် အနောက်ဘက်ခြမ်းမှာရှိတယ်ဗျ။ မိုင်တိုင် ၄၂-၄၃ ကြားမှာတွေ့တာဆိုတော့ – ၄၄-၄၅ မိုင်မှာ ဝါးကတုတ် ရေလှောင်တမံ ရှိတယ်ဗျ ဘုရားကြီးရဲ့ အနောက်မြောက် ယွန်းယွန်း ၈ မိုင် ကျော်ကျော်လောက်မှာ ရှိတယ်၊ ကျနော်တို့ နိုင်ငံထဲကိုဖြတ်တဲ့ tectonic plate boundary က အဲဒီ ဝါးကတုတ်တမံ အပေါ်က တည့်တည့် ဖြတ်နေတာ တွေ့ရပါတယ်။ ခုတွေ့တဲ့နေရာက 96˚ 26′ 59.02″ E , 17˚ 31′ 44.16″ N နဲ့ 96˚27′ 11.29″ E , 17˚ 30′ 53.15″ N ကြားမှာ ဖြစ်နိုင်ပါတယ် ၊ ဝါးကတုတ်တမံက 96˚27′ 14.46″E , 17˚34′ 15.04″N ဖြစ်ပါတယ်။

ကြွက်တွေက အရှေ့ဘက်ကနေ အနောက်ဘက်ကို ရွှေ့ကြတာဆိုရင် ကားလမ်းမကြီးရဲ့ အရှေ့ဘက် ခြမ်းမှာ အဲဒီ ဝါးကတုတ်တမံရဲ့ ရေလွှဲမြောင်း ရှိနေပါတယ် ရေပိုရေလွဲမြောင်းတွေပါ…။

၁) မျှစ်ရာသီမို့ စားကျက်ပြောင်းသလား (မဖြစ်နိုင် ..မျှစ်ဆို အနောက်က အရှေ့ကို သွားရမှာ။
၂) ငလျှင်ကြောင့်လား (ဖြစ်နိုင်)
၃) တမံ ရေပိုမြောင်းက မိုးကြီးလို့ ရေလျှ့ကုန်သလား (ဒါလဲဖြစ်တော့ ဖြစ်နိုင်)
ကျွန်တော်ကတော့ သူတင်ပြထားချက်ရယ် မြေပြင်အနေအထားအရရယ်ပါ ထည့်စဉ်းစားရင်တော့ ငလျင်ရဲ့ ရှေ့ပြေး နိမိတ်တွေလို့ထင်တယ်ဗျ။

လူတွေအားလုံး ထင်ကြေးတွေနဲ့ရင်လေးနေကြပေမယ့် ဒီဒေသကလူတွေအတွက်တော့ လုံခြုံစိတ်ချမှုတစ်ခုရဖို့ အားလုံးက ဝိုင်းပြီး ဒီဖြစ်ရပ်တစ်ခုကို တတ်နိုင်သလောက် လေ့လာ ပြီး အဖြေအနီးစပ်ဆုံးထုတ်ပေးနိင်ရင်တော့ မြန်မာနိုင်ငံကြီး ဖြစ်ရပ်ဆိုးတွေဖြစ်ပွားမှုတွေ လျော့ချနိုင်မယ်ပေါ့ဗျာ။

One comment

  • ghost

    July 7, 2010 at 10:30 am

    cobra ….အဲဒါ အမှန် နိမိတ်ဘဲ ကြွက်ဆိုတာ ရဲ လေဒီကောင်တွေ ဟိုပြေးဒီပြေးနဲ မကြာခင် ဇတ်တူသား စားတော့မယ် ဆိုတာပြတာ ပြည်သူတွေသတိထားစရာပါ၊

Leave a Reply