သူပုန်

marblecommetAugust 19, 20121min14615

ငွေစက္ကူ တစ်သောင်းတန်ကို မြင်ဖူးရုံနဲ့
ငါဟာ….
တစ်ခါက မျက်နှာစုံညီ
ထမင်းဝိုင်းကို သတိရ ရတယ်လို့….။

ခက်တာက …
ငါ့ရဲ့ ရိုးအမှုဟာ
အသံထက် မြန်နေတာပါပဲ….။

သူတစ်ပါးကို အားနာလို့
ကိုယ့်ကိုယ်ကိုယ် ပုန်ကန်မိတဲ့
အပြစ်တစ်ခုပဲ ရှိတယ်…..။

ပြီးတော့
ပိုမို ကျစ်လျစ်လာတဲ့ ကမ္ဘာကြီးကိုလည်း
ချစ်လျက်နဲ့ မုန်းယောင်ဆောင်ရင်း
ပရိုယဉ်ကျေးမှုကို ကြောက်လန့်နေတာလည်း
ဝန်ခံရပါစေ…။

ငါဟာ
သရောကြီးကျတဲ့ ခေတ်မှာမှ
ရောမန္တိကကို အရှက်မရှိ
ဂငယ်ကွေ့ ပြန်ကွေ့လို့
သူမကလည်း
ခေတ်နဲ့ လျှော်ညီစွာ ကိုယ့်ကို ချစ်ပုံက
လမ်းခွဲရမလား မသိဘူး ကိုကိုရယ်တဲ့….။
……
ငါဟာ
ကိုယ်လေးလက်ဝန် ကို
တောကျလို့….။ ။
18 . 8 . 2012
စနေ (10း15)

15 comments

  • မောင်ပေ

    August 19, 2012 at 12:36 pm

    ကမ္ဘာကြီးရဲ ့နှလုံးသားကို ရှာရင်း
    အသက်ရှုသံတွေ….
    ဟူးးးးး

  • မဟာရာဇာ အံစာတုံး

    August 19, 2012 at 12:53 pm

    ကိုကမ်းဂျီးရယ် ..
    တောင်မလေးရဲ့ ချစ်ပုံက အဆန်းပဲနော် ..
    ” လမ်းခွဲရမလား မသိဘူး ကိုကိုရယ်တဲ့…. ”
    အားပေးသွားပါတယ် ကိုကိုရယ် ..

  • nigimi77

    August 19, 2012 at 2:48 pm

    သူပုန် မဟုတ်ဘူး ဆပ်ပြာ :mrgreen:

    • marblecommet

      August 20, 2012 at 9:45 am

      ကိုတပ်မ
      ပြောတာက
      သဘုံရယ်…..

  • Khaing Khaing

    August 19, 2012 at 2:54 pm

    ဘယ်လိုနားလည်ရမလဲကွယ် ….. မော်ဒန်ကဗျာတွေရေးတဲ့ မော်ဒန်ကိုကမ်းရေ မော်ဒန်အခိုင်ကတော့ သိပ်နားမလည်စွာဖတ်သွားပါတယ် ……

    • မဟာရာဇာ အံစာတုံး

      August 19, 2012 at 3:47 pm

      မော်ဒန်ကို နားမလည်စွာ ဖတ်သွားပုံထောက်ရင်
      မော်ဒန် အခိုင်တော့ ဖြစ်နိုင်လောက်ဘူး ..
      မောဒယ်အခိုင်ဘဲ ဖစ်လောက်ဘာဒယ် .. 😀

      * မော နေရာမှာ မော် ဟု ပြောင်းလဲ ဖတ်ရှုဘာရန် .. *

  • etone

    August 19, 2012 at 3:29 pm

    ကိုကမ်း ကို ကလေးသုံးယောက် အဖေလို့ ထင်ထားတာ အခုကျတော့ တခုလပ်ဖြစ်နေတာကိုး ခွိခွိ

    ကိုကို ခေါ်တဲ့လူမရှိလည်း မောင်ခေါ်တဲ့လူပေါ် လာလိမ့်မယ် ဒီဘဝ မဟုတ်လည်းနောင်ဘဝ ဟိဟိ 😀

  • YE YINT HLAING

    August 19, 2012 at 5:47 pm

    အဓိပ်ပါယ် အကုန်လုံးကို သဘောပေါက်နိုင်ဖို့ ဖြေးဖြေးချင်း တွေးယူနေတယ်ဗျာ !

  • ပစ်ပစ်ချန်

    August 19, 2012 at 11:08 pm

    အူးလေး……..
    အူးလေးရဲ့ ခေးက ဘာတွေကြပ်လိုက်ပြန်ပီလဲ
    အူးလေး ကဗျာတစ်ပုဒ်ထွက်လာပြန်ဘီ
    အူးလေး ရခိုင်ပြန်လေဂျာ
    ထမင်းဝိုင်းကို သတိရရင်….. 🙂

  • marblecommet

    August 19, 2012 at 11:33 pm

    အွင်း
    ခေးက ပြောတယ် ဒေးဗစ်ချန်းရဲ့
    ယခိုင်မျံမျံပျံဒဲ့…
    အိုပါးနဲ့ အိုမားကို မျံမျံသွားပျောဒဲ့
    ……အာဟိ……

  • ကြောင်ကြီး

    August 20, 2012 at 6:43 am

    သူပုန်ကြီး
    ဂဠုန်စီး
    ယုံပြီး
    ဗုံတီး
    စုံဆည်း
    အုံရွှီး
    ပြုံလှီး
    တုန်အီး..။

  • surmi

    August 20, 2012 at 9:45 am

    ကိုကမ်းရေ
    ကျုပ်လည်းကိုယ်ခံစွမ်အားကိုယုံပြီး ကျန်မာရေးကိုပုန်ကန်မိလို ့
    ခုတော ့ ရွာပြင်ရောက်နေရပြီ
    မကြာခင်ပြန်လာမယ် ရောင်းရင်းတို ့ရေ

  • marblecommet

    August 20, 2012 at 9:49 am

    ရော်
    အနော့်လို လူနဲ့ လာတွေ့နေပြန်ပကော
    ကိုဆာရေ့…
    ခန်ထာကိုယ်က32 ကောဌာသကို
    ပုန်ကန်လို့
    ခန်ထာအင်ဂျင် ဂလုံဆန်နေတာ
    အခုမှ မျက်ကလူးဆန်ပြာဖြစ်လို့နေမိတာ
    ကြာပေါ့ဗျာ…..

  • si tone

    August 20, 2012 at 11:37 am

    မော်ဒန်ကဗျာ စစ်ပါတယ်………… Si Tone လိုက်မမှီးတော့ပါဘူး…..

  • Shwe Ei

    August 20, 2012 at 2:37 pm

    အော် သများတွေအချစ်ခံရတာ ကဗျာမမှီ စာမမှီပါလား။ “လမ်းခွဲရမလား မသိဘူး ကိုကိုရယ်” ဆိုဘဲ။
    အားမကျချင်စရာကြီးတော် 😀

Leave a Reply