တောင်ကုတ်အကြမ်းဖက်သမားများလူသတ်မှုယနေထိအရေးမယူ

sai saimgAugust 19, 20121min2046

တောင်ကုတ်အကြမ်းဖက်သမားများလူသတ်မှုအားယနေထိအရေးမယူခဲ့ပါ၊ဘဲစုံစမ်းရေး
ကော်မရှင်ဖွဲကာ ဆောင်ရွက်ခဲ့သော်လည်းယနေထိမည်သို့မှအရေးယူခြင်းမရှိသဖြင့်စိတ်ပျက်
နေကြကြောင်းသံတမန်ရေးရာနှင့် နိုင်ငံတကာလေ့လာသူများမှပြောဆိုနေကြပါသည်။တရား ဥပဒေစိုးမိုးမှုမရှိခြင်း၊ဘက်လိုက်မှုရှိခြင်း၊ဘာသာရေးဖိနှိပ်မှုရှိခြင်းကိုထင်ဟတ်ဖေါ်ပြနေခြင်းဖြစ်ကြောင်း ပြောဆိုနေကြပါသည်။
တောင်ကုတ်လူသတ်အကြမ်းဖက်မှုကို စူံစမ်းရေးကော်မရှင်ဖွင့်လှစ်ကာဆောင်ရွက်ခဲ့သော်
လည်း ယနေထိအရေးယူခြင်းမရှိခဲ့ ပါ၊ ယခုတဖန် နိုင်ငံတော်သမ္မတကြီးမှရခိုင်အရေးအခင်း
စူံစမ်းရေး ကော်မရှင် ခန့်ထားစုံစမ်းခိုင်ပြန်ပြီဟုသိရှ်ိရပါသည်။ သို့သော်စုံစမ်းရေးကော်မရှင်
တွင် ရခိုင်အရေးအခင်း ဖန်တီးသူဟု နိုင်ငံတဝန်းလုံးက ယူဆ နေသောပါတီဖြစ်သည့်
RNDP ပါတီမှ အေးမောင် တို့အား ခန့်ထားလိုက်ခြင်းဖြင့် သူခိုးခေါင်းဆောင်တင်ကာ
စူံစမ်းခိုင်းထားသလို့ဖြစ်နေသောကြောင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကိုများစွာစိတ်
ပျက်မိကြောင်း ဝါရင်နိုင်ငံရေးသမားများကပြောဆိုနေကြပါသည်။
စုံစမ်းရေးကော်မရှင်၏အစီရင်ခံစာလေးကို ဖတ်ရုံမျှဖြင့် မြန်မာနိုင်ငံတရားဥပဒေစိုးမိုး
ရေုးဖြစ်ပေါ်လာနိုင်ခြင်းမရှိကြောင်းတင်ပြလိုက်ရပါသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် ဆူပူ ပဋ္ဋိပက္ခ အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို အစိုးရက ၂၀၁၂ ခုနှစ် ဩဂတ်စ်လ ၁ရ ရက်နေ့တွင် ဖွဲ့စည်းပေးလိုက်ပြီ ဖြစ်သည်။

ဖွဲ့စည်းရခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတ ရုံးက ယခုလို အမိန့် ထုတ်ပြန်သည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော် သမ္မတရုံး

အမိန့်ကြော်ငြာစာ

(အမှတ်၊ ၅၈/ ၂၀၁၂)

၁၃၇၄ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ရက်

(၂၀၁၂ခုနှစ်၊ ဩဂုတ်လ ၁ရရက်)

စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းခြင်း

၁။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ခုနှစ် မေလနှင့် ဇွန်လအတွင်း၌ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြား စေသည့် လူစုလူဝေးဖြင့် ဥပဒေမဲ့ ဆောင်ရွက်မှုများ၊ တိုက်ခိုက် သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ ပါသည်။ အဆိုပါ ပဋိပက္ခဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်နှင့် အမျိုးသား အကျိုးစီးပွားတိုးတက်ရေး အကြံပြုရန် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များ ပါဝင်သော စုံစမ်းစစ်ဆေး ရေးကော်မရှင်ကို ဖွဲ့စည်းတာဝန် ပေအပ်သည်။

(က)ဒေါက်တာမျိုးမြင့် (ညွှန်ကြားရေးမှူး (ငြိမ်း)၊ သာသနာရေးဝန်ကြီးဌာန ဥက္ကဌ

(ခ) သိက္ခတော်ရ ဆရာတော် ဦးကျော်ညွှန့် ဂျပ်ဆင်ဘုရားကျောင်း ရန်ကုန်မြို့၊ အဖွဲ့ဝင်

(ဂ) သိက္ခာတော်ရ ဆရာတော်ဦးစောဝေကြီး အတွင်းရေးမှူး၊ မြန်မာဘက် (ပ်) တစ်(စ်) ကွန်ဗင်းရှင်း၊ အဖွဲ့ဝင်

(ဃ)ဦးသိန်းထွန်း စီးပွားရေးလုပ် ငန်းရှင်၊ အဖွဲ့ဝင်

(င) ဦးစိုးသိန်း (ခ) မောင်ဝံသ စာရေးဆရာ၊ အဖွဲ့ဝင်

(စ) ဦးသူရ (ခ) ဦးဇာဂနာ အနုပညာရှင်၊ အဖွဲ့ဝင်

(ဆ) ဦးခွန်ထွန်းဦး ဥက္ကဌ၊ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ အဖွဲ့ဝင်

(ဇ) ဒေါ်သန်းသန်းနု ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အဖွဲ့ဝင်

(ဈ) ဦခင်မောင်ဆွေ ဥက္ကဌ၊ အမျိုးသား ဒီမိုကရေ စီအင်အားစုပါတီ၊ အဖွဲ့ဝင်

(ည) ဒေါက်တာ အေးမောင် ဥက္ကဌ၊ ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အဖွဲ့ဝင်

(ဋ) ဦးအေးသာအောင် ဥက္ကဌ၊ ရခိုင်ဒီမိုကရေစီ၊ အဖွဲ့ချုပ်

(ဌ) ဦးကိုကိုကြီး ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့၊ အဖွဲ့ဝင်

(ဍ) ဒေါက်တာ ဒေါ်ယဉ်ယဉ်နွယ် UNICEF အကြီးတန်း အရာရှိ (ငြိမ်း)၊ အဖွဲ့ဝင်

( )ဒေါက်တာ ဆလိုင်းမူးကျုံးလျံ နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူ၊ အဖွဲ့ဝင်

(ဏ) ဦးတင်အောင်မိုး သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပညာရှင်၊ အဖွဲ့ဝင်

(တ) ဦအောင်နိုင်ဦး အမှုဆောင်အဖွဲ့ဝင်၊ ဗဟုဖွံ့ဖြိုးရေးအဖွဲ့၊ အဖွဲ့ဝင်

(ထ) ဒေါ်ဝါဝါထွန်း ဥက္ကဌ၊ မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ အသင်း၊ အဖွဲ့ဝင်

(ဒ)ဒေါ် ဂျာနန် အမှုဆောင်ညွှန်ကြားရေးမှူး၊ ငြိမ်းဖောင်ဒေးရှင်း၊ အဖွဲ့ဝင်

(ဓ) ဦးထွန်းအောင်ချိန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ အဖွဲ့ဝင်

(န) ဟာဂျီ ဦးညွန့်မောင်သျှိ ဥက္ကဌ၊ အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ်၊ အဖွဲ့ဝင်

(ပ) ဟာဂျီ ဦးတင်မောင်သန်း အတွင်းရေးမှူး၊ အစ္စလာမ် သာသနာရေးရာ ကောင်စီချုပ်၊ အဖွဲ့ဝင်

(ဖ) ဟာဂျီ ဦးလှဝင်း ဥက္ကဌ၊ မြန်မာမူဆလင် အမျိုးသားရေးရာ အဖွဲ့ချုပ် (မအဖ) ဌာနချုပ်၊ အဖွဲ့ဝင်

(ဗ) ဦးကျော်ခင် အထွေထွေအတွင်းရေးမှူး၊ မြန်မာမှုဆလင် အမျိုးသားရေးရာ အဖွဲ့ချုပ်၊ အဖွဲ့ဝင်

(ဘ) ဟာဂျီ ဦးမြင့်ထွန်း ဥက္ကဌ၊ မြန်မာမူဆလင်လူငယ်များ (ဘာသာရေး) အဖွဲ့ချုပ်၊ အဖွဲ့ဝင်

(မ)ဦးလှဝင်း အတွင်းရေးမှူး၊ မြန်မာမူဆလင် လူငယ်များ (ဘာသာရေး) အဖွဲ့ချုပ်၊ အဖွဲ့ဝင်

(ယ) ဒေါက်တာ လှထွန်း အကျိုးတော်ဆောင် ၊ သနန္တရဓမ္မပါလက (ဟိန္ဒူအဖွဲ့ချုပ်၊ အဖွဲ့ဝင်

(ရ) ဒေါက်တာကျော်ရင်လှိုင် Myanmar Egress၊ အတွင်းရေးမှူး

၂။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် အောက်ဖော်ပြပါ ကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်နှင့် အမျိုးသားအကျိုးစီးပွား တိုးတက်ရန်အတွက် သုံးသပ်ချက်နှင့်တကွ အကြံပြုတင်ပြရမည်-

(က)တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းများ၊

(ခ)ပဋိပက္ခဖြစ်ပွားမှုကြောင့် သေဆုံးဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုုံးမှုများနှင့် အခြားထိခိုက်မှုများ၊

(ဂ)တည်ငြိမ်အေးချမ်း မှုရရှိရေးအတွက် ဥပဒေစိုးမိုးရေး ဆောင်ရွက်မှု၊

(ဃ)ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊

(င) ပဋိပက္ခချုပ်ငြိမ်းရေးအတွက် ရေတို၊ ရေရှည်ဆောင်ရွက်သင့်သည့် အချက်များ၊

(စ)ကွဲပြားသော ဘာသာအယူဝါဒ ရှိသူမတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် နိုင်မည့် နည်းလမ်းများ၊

(ဆ) ဥပဒေစိုးမိုးရေး အကြံပြုချက်များ၊

(ဇ) စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အကြံပြုချက်များ။

၃။ စုံစမ်း စစ်ဆေးရေးကော်မရှင်၏ တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို နိုင်ငံတော် သမ္မတရုံးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့မှ စီမံဆောင်ရွက်ပေးရမည်။

၄။ စုံစမ်း စစ်ဆေးရေးကော်မရှင်သည် စုံစမ်းစစ်ဆေးရေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာ ကျင်ထုံး ဥပဒေ ၊ သက်သေခံဥပဒေ တို့နှင့်အညီ စုံစမ်းစစ်ဆေး နိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက် စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့် နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့်ရှိသည်။ စုံစမ်း စစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော်သမ္မထံသို့ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့ရောက် တိုက် ရိုက်အစီရင်ခံ တင်ပြရမည်။

(ပုံ) သိန်းစိန်

နိုင်ငံတော် သမ္မတ

ပြည်ထောင်စု သမ္မမြန်မာနိုင်ငံတော်

6 comments

  • ကြောင်ကြီး

    August 20, 2012 at 5:44 am

    ကြောင်လီးပူ
    မောင်အီးရှု
    ငေါင်ပြီးဘူ
    ချောင်တီးသူ
    ဗျောင်ဖြီးဆူ
    လောင်မီးကူ
    ဟောင်ညီးဂူ
    နောင်ကြီးဘူ..။

  • ဥဥ

    August 20, 2012 at 10:00 am

    sai saimg ရေ့
    မင်းအမေလင် ဟာဂျီတွေပါတာမင်းမမြင်ဘူးလား

  • Thu Wai

    August 20, 2012 at 11:23 am

    အရေးယူသောအနေဖြင့် ထိုသူများအား AK 47 များပေးအပ်ပြီး ရိုဟင်ဂျာများကို အမြန်ဆုံးတိုက်ထုတ်ရန် တာဝန်ပေးလိုက်သည် ဒန် ဒန့် ဒန်

  • ဒုတ်ထိုး

    August 20, 2012 at 8:24 pm

    ဘယ်လိုလုပ်လုပ် ဘယ်လိုပြောပြော ဘာမှ နားလည်ဟန်မတူတဲ့ သတ္တဝါလေး
    ခက်လှပါဘိ ၊ ဝင်ဖတ်မိတာ ငါ့အမှား ၊ မင်းတို့ကြောင့် ခက်လာတော့မှာ ကလေးရာ ။

  • garuda

    August 21, 2012 at 7:31 am

    ကို sai saimg ခင်ဗျား အောက်ပါ လင့်၌ ပါသော အမှုတွဲများအပါအဝင် ရိုဟင်ဂျာများ အမွေပေးခဲ့သော အမှုပေါင်းများစွာကို ဖြေရှင်းနိုင်အောင်ကြိုးစာနေဆဲဖြစ်ပါ၍ သီးခံပေးပါရန်၊ ဒီပဲယင်းအမှု အပါအဝင် စိမ်းလဲ့ကန်သာ ၄လောင်းပြိုင် အမှုကြီးမှာလည်း အကောင်အထည်မပေါ်နိုင်သေး၊ ကချင်ပြည်နယ် နှင့် ကရင်ပြည်နယ် ရှိ အပြစ်မဲ့ပြည်သူများ အသတ်ခံရမှု များမှာလည်း တန်းစီစောင့်စားနေဆဲ ဖြစ်ပါသဖြင့် မိမိတစ်ဦးတည်း၏ ပြဿနာ တစ်ခုတည်းသာ ဖြစ်နေခြင်းမဟုတ်ကြောင်း သိရှိနားလည်စေလိုကြောင်း။
    https://www.facebook.com/photo.php?fbid=257569207680142&set=a.165773660193031.22885.100002811933004&type=1&theater#!/photo.php?fbid=255318207905242&set=a.165773660193031.22885.100002811933004&type=1&permPage=1

  • ကိုသင်း

    August 21, 2012 at 10:04 am

    ခိုညည်းတာပဲ ကြားဖူးတာ၊ အခုတော့ ကုလားညည်းတာပါ ကြားနေရပြိ၊
    သတင်းမှားနေတယ်၊ နိုင်ငံတကာ အသိုင်းအဝန်းက စိတ်ပျက်နေတာ
    လစ်ရင်လစ်သလို ခိုးဆိုးတိုက်ခိုက်နေတဲ့ ကုလားဆိုးတွေကိုပါ။မင်းတို ့
    ကုလားတွေ အနုအကြမ်း စွယ်စုံရတာပဲ။လည်လှိးရင် မျက်တောင်တစ်
    ချက်မခတ်ပေမဲ့ အခုတော့လည်း မျက်ရည်တွေတွေကျလို ့ချောင်းစိးပါပေါ့

Leave a Reply