ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးနေရာတွေ

introJuly 7, 20102min1102

အာရှနိုင်ငံရဲ့ Himalayas

မည်သည့် ရှုထောင့်ကနေကြည့်ကြည့် ရင်သပ်ရှုမောဖွယ် ကောင်းလှပါတယ် ။ တောင်တန်းတွေဟာ တစ်ရစ်ပြီးတစ်ရစ် တစ်သွယ်ပြီးတစ်သွယ် စီရီနေပြီး ကျောက်ဆောင်ကျောက်တုံးတွေ အစီလိုက်စဉ်ထားသလို ဖြစ်ပြီး အဲဒီတောင်အထပ် တွေကို ကြည့်ရင်ပဲ ၃၀၀ဝ ကီလိုမီတာလောက် ရှိပါတယ်။ တောင်ထိပ်တောင်ဖျားတွေဟာ မိုးကောင်းကင်ကို ထိလုနီးပါး ဖြစ်ပြီး planet ကြီးတစ်ခုလုံးရဲ့ အမြင့်ဆုံးတောင်တွေ စုဝေးနေတာ ဖြစ်ပါတယ် ။ ကမ္ဘာ့အမြင့်ဆုံးတောင် ထိပ်တွေလည်း ပါဝင်ပါတယ် ။ Mount Everest နဲ့K2 တို့ပဲဖြစ်ပါတယ် ။ ဒီတောင်တန်းတွေဟာ Afghanistan , Bhutan , China , India , Nepal, Pakistan နိုင်ငံတွေနဲ့ ထိစပ်နေပါတယ်။ ဒီနေရာဟာ ကောင်းကင်နဲ့ထိစပ်နေတဲ့ ကမ္ဘာ့နေရာလည်း ဖြစ်ပါတယ် ။

California ရဲ့ Yosemite တောင်ကြား

နှိုင်းယှဉ်လို့မရတဲ့ သဘာသအလှတရားတွေဟာ ရာသီတိုင်း ရာသီတိုင်း ရောင်အသွေးစုံလင်စွာနဲ့ စိန်ခေါ်လျှက်ရှိပါတယ် ။ လတ်ဆတ်တဲ့လေပြည်လေညှင်းတွေရဲ့ ရနှံ့ဟာ ဒီ တောင်ကြားမှာပဲ ရရှိနိုင်ပါတယ် ။ Yo-seh-mit-tea လို့လည်း အသံထွက်ပါတယ် ။ ဒီတောင်ကြားဟာSierra Nevada တောင်တန်းတွေမှာ ရှိတဲ့ Yosemite National Park ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ် ။ ဒီနေရာလေးမှာ အလွန်အမင်းလှပမှုတွေ ပြည့်နှက်နေပြီး အကျယ်အားဖြင့် ၁ မိုင်ခန့်သာ ရှိပါတယ် ။ အရှည်ကတော့ ၈ မိုင်လောက်လောက်ရှိပြီး ဒေါင်လိုက် တောင်နံရံကြီးကတော့ တစ်ဖက်ဆီမှာ ပေ၂၀၀ဝ ခန့်မြင့်ပါတယ် ။ ရေတံခွန်ပေါင်း ကိုးခုကလည်း ဒီတောင်ကြားထဲကို စီးဆင်းနေပါတယ် ။ ငြိမ်းချမ်းလှပတဲ့နေရာလေးတစ်ခု ဖြစ်ပါတယ် ။

Ontario , Canada , New York , United States မှာ ရှိတဲ့ Niagara ရေတံခွန်

Niatara မြစ်ထဲမှာ ကြီးမားလှပတဲ့ ရေတံခွန်ပေါင်း များစွာစီးဆင်းလျှက်ရှိပါတယ် ။ သူတို့ဟာ ရေအားလျှပ်စစ်အတွက် အဓိကပင်ရင်း ဖြစ်ပြီးထင်ရှားကျော်ကြားလှပါ

တယ် ။ ဒီရေတံခွန်တွေကို ၃ မျိုးလည်း ခွဲခြားထားပါတယ် ။ Canadian ဘက်မှာ Horseshoe ရေတံခွန်American ဘက်မှာAmerican ရေတံခွန်နဲ့ Bridal Veil ရေတံခွန်တို့ပဲ ဖြစ်ပါတယ် ။ ဒီရေတံခွန်တွေဟာ နောက်ဆုံးရေခဲခေတ် ရဲ့ အစိတ်အပိုင်းတွေလည်း ဖြစ်ပါတယ်။ဒီရေတံခွန်တွေဟာ အမြင့်ဆုံးမဟုတ်ပေမယ့် အလွန်အမင်းကျယ်ဝန်းပြီး North America မှာ အားအပြင်းဆုံးလည်း ဖြစ်ပါတယ် ။

Source : www.thettantcho.com

2 comments

  • မန်း ရိပ်

    August 26, 2010 at 2:56 pm

    ကျေးဇူးပဲ
    ရောက်ဖို့မလွယ်ပင်မယ့်
    အခုလို ပုံလေးတွေမြင်ရတော့လည်း သဘာဝရဲ့အလှကို ကြည့်ပြီး စိတ်ကလေးကိုသန့်စင်လို့ရပါတယ်

  • kopauk mandalay

    August 30, 2010 at 2:21 am

    အမှန်တကယ်လှသော နေရာလေးတွေရယ်
    ရောက်နိုင်ခဲသောနေရာ
    တကယ်ကို လိုချင်တဲ့ပုံလှလှလေးတွေကို ရလိုက်တဲ့အတွက်ကျေးဇူးပါ။

Leave a Reply