ကျွန်မနဲ့ ဘတ်(စ်)ကားပေါ်ကလူတစ်ယောက်

ရန်ကုန်မြို့ရဲ့ညအမှောင်က မှိန်ပျပျနဲ့ လူတွေအားလုံးရှင်းနေတယ်။ ရှင်းနေမှာပေါ့ ည (၁၀)နာရီ ကျော်နေပြီ။ အခုထိ ကျွန်မပန်းဆိုးတန်းကားဂိတ်မှာ ရှိတုန်းပဲ။ ပန်းဆိုးတန်းကားဂိတ်ကနေ တစ်ဖက်က ဆူးလေဘုရားကို မီးရောင်တွေနဲ့ ကြည်ညိုစွာမြင်နေရတယ်။ ကျွန်မစိတ်ထဲမှာ အိမ်ပြန်စိတ်ကပဲ လွှမ်းမိုးနေတုန်း။ အိမ်အပြန် မှတ်တိုင်ရောက်မယ့် ကားကိုပဲ ကျွန်မမျှော်နေမိတယ်။ ဒီအချိန် သည်လိုနေရာမျိုးမှာ မိန်းကလေးတစယောက် အနေနဲက မရှိသင့်တာတေ့အမှန်ပဲ ဒါပေမယ့် ဒီနေ့ကျမှ ရုံးဆင်းချိန်က နောက်ကျတာကိုး။ စနေနေ့ဆိုတော့ လည်း စာရင်းတွေအားလုံးရှင်းရတယ်ဆိုတော့ အမြဲတမ်းလိုလို စနေနေ့ဆိုတာ ကျွန်မအတွက် ရုံးဆင်းချိန် နောက်ကျနေကြ။ ရန်ကုန်မြို့လမ်းပေါ်မှာတော့ ကားတွေက တဝီဝီသွားနေဆဲပဲ ကျွန်မအတွက်က ဘတ်(စ်)ကားကိုပဲ အားထားရတာ ဆိုတော့ ဆူးလေဘုရားဘက်ရှိရာ ဘတ်(စ်)ကားလာရာကိုပဲ မျှော်နေမိ တယ်။ လက်ကလည်း ဆွဲခြင်းတောင်းကို တင်းတင်းဆုပ်လို့ပေါ့။ ဒါတွေဟာ ကျွန်မအတွက်မဆန်းတော့ပါဘူး။ ဖယ်ရီကားမရှိတဲ့ အလုပ်သမားတွေအတွက်တော့ ဘတ်(စ်)ကားကိုပဲ အားကိုးရတာ မဟုတ်လား။ မနက်ဖြန် အိမ်မှာ အိမ်အလုပ်တွေးဘာလုပ်ရမလဲ စဉ်းစားရင်း ဘတ်(စ်)ကားအလာကို ကျွန်မမျှော်နေမိတယ်။

“တာမွေ……ရန်ကင်း……တောင်ဥက္ကလာ”

ကျွန်မစောင့်နေတဲ့ ဘတ်(စ်)ကားကတော့ ကျွန်မရှေ့ကိုရောက်လာပြီ။ အချိန်လွန် ဘတ်(စ်)ကားဆိုတဲ့အတိုင်း အပြေးအမြန်တက် ဘတ်(စ်)ကားပေါ် ရောက်ရောက်ချင်းထိုင်စရာနေရာကို ကျွန်မအမဲလိုက်မုဆိုးတစ်ယောက် လို ရှာလိုက်မိတယ်။ ဘတ်(စ်)ကားပေါ်မှာတော့ လူကခပ်ကျဲကျဲပါပဲ လေလည်းရ အသက်ရှူချောင်မယ့်နေရာ ကို ကျွန်မရွေးလိုက်မိတယ် ဘတ်(စ်)ကားပေါ်ဆင်မယ့် အပေါက်ဝနဲ့လည်း နီးမယ့်တစ်နေရာပေါ့။ ဘတ်(စ်) ကားတစ်ခုရဲ့ ရှေ့ဆုံးနှစ်ယောက်ထိုင်ခုံမှာ အသက်ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်သာ ထိုင်နေတဲ့ဘေး မှာ ကျွန်မဝင်ထိုင်လိုက်တယ်။ ဘ(တ်)စ်ကားကြီးကတော့ ရန်ကုန်မြို့လမ်းမ မီးရောင်ခပ်မှိန်မှိန်ကြားမှာ အလော တကြီးမောင်းနေဆဲပဲ။ ကျွန်မကတော့ဘတ်(စ်)ကားပေါ်မှာ နေရာလည်းရဆိုတော့ ရုံးမှာပင်ပန်းသမျှ ဘတ်(စ်) ကားပေါ်မှာ မျက်လုံးလေးမှိတ်ကာ ငိုက်မယ်လို့ကြံလိုက်တယ်။

ဘတ်(စ်)ကားပေါ်ရောက်တိုင်း ကိုယ်ရပ်တဲ့နေရာ ဒါမှမဟုတ် ကိုယ်ထိုင်တဲ့နေရာရောက်ရင်တောင် ဘေးဘီ ဝဲယာကို လူတိုင်းကြည့်တတ်ကြစမြဲမဟုတ်လား။ ကျွန်မလည်း မငိုက်ခင်မှာ ကျွန်မဘေးက ခပ်ငယ်ငယ် ကောင်းလေးဘက်ကို ကြည့်မိလိုက်တယ်။ သူ့ကိုကြည့်ရတာတော့ ခုခေတ်လူငယ်တွေထဲက လူငယ် တစ် ယောက်ပုံစံပါပဲ။ ဆံပင်က မရှည်တရှည် အကျီ င်္ကတော့ အမည်းရောင်နဲ့အကျီ င်္ပေါ်မှာ စားလုံးတွေရှုပ်ယှက် ခတ်နေတဲ့ စတေကာပုံနဲ့ ဘောင်းဘီကတော့ ခုခေတ်ဒီဇိုင်း အကျပ်နဲ့ပါပဲ။ သူက ကျွန်မထိုင်ခုံပေါ်ထိုင်ထိုင်ခြင်း ပဲ။ သူလွယ်အိတ်ထဲက ဟန်းဖုန်းကိုထုတ်ပြီး နားကြပ်တစ်ခုကို ကောက်တပ်လိုက်တယ်။ ဒီလိုအချိန်မှာ လူတိုင်း တော်တော်များများ ဟန်းဖုန်းတွေကိုင်နေကြအချိန်။ ဟန်းဖုန်းကို ဖုန်းမဆက်ရင်တောင် သီချင်းနားထောင်ဖို့ အတွက် အသုံးပြုကြတာပဲလေ။ သူလည်း နားကြပ်ကိုတပ်ပြီး သူ့ဟန်းဆက်လေးထဲက သီချင်းတွေရွေးနေတာ ကျွန်မငေးနေမိတယ်။ ကျွန်မလို ရုံးဝန်ထမ်းအတွက်တော့ ဟန်းဖုန်းဆိုတာ သိပ်မမှန်းရဲသေးပါဘူး။ ကျွန်မ သိလိုက်ရတာက ကောင်လေးဖွင့်လိုက်တဲ့ သီချင်းအသံက ကျွန်မကြားနေရတာပဲ။ နားကြပ်နဲ့နားထောင်နေ တယ်ဆိုပေမယ့် အသံကုန်မြှင့်ထားတာရယ် ဘတ်စ်ကားပေါ်မှာ ညဖက်မို့အသံတွေမကျယ်တာရယ် ပါမယ်လို့ ကျွန်မထင်တယ် သူ့နားကြပ်က သီချင်းသံသဲ့သဲ့က သူ့ဘေးမှာ ရှိတဲ့ ကျွန်မနားထဲကို တိုက်ရိုက်ကိုစီးဝင် နေတယ်။

×××××××××××××××××××××××××××××××××××××

“အတူတူလျှောက်ခဲ့ဖူးတဲ့လမ်းတွေ××××××××××××အတူတူထားရှိခဲ့တဲ့ကတိများ×××××× တစ်ချိန်က ချစ်ခဲ့ဖူးတဲ့×××××××××ဒို့နှစ်ယော်ကအတိတ်ဟာ××××××××××လေထဲမှာပျောက်သွား××××”

ကျွန်မဒီသီချင်းကိုသိတာပေါ့။ သည်သီချင်းက ကျွန်မသိပ်ကြိုက်တဲ့သီချင်း ကျွန်မလည်းအသက်သိပ်ကြီး သေးတာမဟုတ်တော့ ခေတ်ပေါ်သီချင်းတွေကို ကြိုက်တတ်တာပဲ။ ဒါ “အောင်လ” ဆိုတဲ့ “အလွမ်းသင့်ပန်းချီ” ဆိုတာ ကျွန်မသိတယ်။ ကျွန်မတောင် နားစွန်နားဖျား လိုက်ညည်းနေမိသေးတယ်။

“တစ်နေ့တော့ မင်းပြန်လာဦးမလား×××××××××ဟိုးတုန်းကလိုချစ်ဦးမလား×××××××ဘာကြောင့်×× ငါ့ကိုမုန်းသွားဖြေ××××××××ဒါအိပ်မက်တွေ×××××ဟိုးတုန်းကလိုချစ်ဦးမလား××××ပြောခဲ့သမျှတွေ×× ယုံစားထား…..”

ကျွန်မလည်း သီချင်းနားထောင်ရင်း သူ့ကိုကြည့်မိလိုက်တယ်။ သူ့နှုတ်ခမ်းအနားသတ်တွေက အောက်ကို အနည်းငယ်ကွေးညွှတ်နေသလိုပဲ။ သီချင်းနားထောင်ရင်း သူ့ရဲ့မျက်လုံးတွေက ပိုပြီးတင်းတင်း မှိတ်လိုက်သလိုပဲ။ ကျွန်မလည်း သီချင်းကိုနားထောင်ရင်း မျက်လုံးကိုမှိတ်ကာ အနားယူလိုက်မိတယ်။ သည်လိုနဲ့ သီချင်းတစ် ပုဒ်က ပြီးသွားတယ်….။

“တစ်ခါတစ်လေမှာ တစ်ယောက်တည်းနဲ့××××××တစ်နေကုန်စုန်ချည်ဆန်ချည်လှုပ်ရှားဆဲ×××× ငါလေရှေ့ဆက်ရမယ့် မနက်ဖြန်××××အားအပြည့်ရချင်တယ်×××နေရောင်ခြည်မဟုတ်လည်းလေ××× ကြယ်စင်လောက်တော့ငါ့ရဲ့ လက်တစ်ကမ်းအတွေး×××××ကိုယ်တတ်စွမ်းသလောက်××××အလင်းရောင် အနွေးဓာတ်ပေးခဲ့တယ်××××”

သီချင်းသံနားထဲကိုတိုးဝင်ဝင်လာခြင်း ကျွန်မရဲကမှေးထားတဲ့ မျက်လုံးတွေဆတ်ကနဲ ပွင့်သွားတယ်။ ဒါကျွန်မ နေတိုင်းလိုလိုနားထောင်ဖြစ်တဲ့ သီချင်းပဲ အဓိကပြောရရင် ကျွန်မတို့လို ရုန်းကန်နေရတဲ့ လူတွေအတွက် အားဖြည့်ပေးတဲ့ သီချင်း။ ကျွန်မချက်ချင်းပဲ သီချင်းရှိရာလှည့်ကြည့်လိုက်မိတယ်။ သူ့ရဲ့မျက်နှာက စောနကလို မဟုတ်ဘဲ လန်းနေတဲ့ဟန်ပေါက်သွားတယ် သူ့ရဲ့နှုတ်က တီးတိုးသီချင်းကို ညည်းနေသလိုပဲ။ ကျွန်မလည်း သူနဲ့အတူ လိုက်ညည်းနေလိုက်မိတယ်။

“ရွှေငွေနဲ့×××ဂုဏ်သိပ်ဒြပ်တို့××××မရှိလည်းနေနိုင်ပါတယ်တစ်သက်လုံး×××အလိုအပ်ဆုံးက ×××× ဘဝမှာအရိုးရှင်းဆုံးနေဖို့××××နာရီစက္ကန့်များက ရှားပါးလို့××××တို့ရဲ့ဘဝကို ×××အကောင်းဆုံးနေ လိုက်×××ရိုးရှင်းလွန်းတဲ့ဘဝဟာအကောင်းဆုံးမို့”

တီးတိုးကြားနေတဲ့သီချင်းနဲ့ ကျွန်မစီးမျောသွားမိတယ် နားထောင်နေတဲ့သီချင်းစာသားအပိုဒ်လေးဟာ ကျွန်မ ကို အားအင်းတွေပေးနေသလို။ ကျွန်မတို့လူတန်းစားတွေအတွက်ပေါ့။ သီချင်းတွေဟာ လူတွေကိုအားအင် တွေပေးမှန်း ကျွန်မယုံကြည်လိုက်တယ်။ အခုပဲကြည့်လေ ကျွန်မနားထောင်နေရင်းနဲ့တင် အားအင်တွေပြည့် သလိုခံစားလိုက်ရတယ်။

×××××××××××××××××××××××××××××××××××××××

ဘတ်(စ်)ကားကတော့ တရွေ့ရွေ့သွားနေဆဲပဲ။ ကျွန်မလည်း ဆင်းရမယ့်မှတ်တိုင်လိုနေသေးတာနဲ့ မျက်လုံး မှိတ်ကာ မှိန်းနေလိုက်တယ်။

“နင်ရယ်ငါရယ်ခုတလောတဲ့×××××××အဆင်မပြေတာတွေသိပ်များတယ်××××××စကားလေးတစ်ခွန်းမှာအထအနကောက်တာ×××××ငါကအဖြူဆိုနင်ကအမဲ×××× ဘာမဆိုတိုင်ပင်လိုက်တိုင်းလေ×××××× အကြောင်းမရှိအကြောင်းရှာ××××ငါ့ရဲ့အပြစ်သာနင်မြင်နေခဲ့××××××တစ်ခုခုတော့မှားနေပြီ”

ဒုတိယအကြိမ်ကျွန်မမျက်လုံးဖွင့်လိုက်မိတယ်။ သီချင်းသံကနေတစ်ဆင့် ကျွန်မရဲ့အဖြစ်တွေ သွားသတိရမိ တယ်။ သူကျွန်မကို စောင်းမြောင်းဖွင့်နေတာတော့မဟုတ်ဘူးဆိုတော့သေချာပါတယ်။ ကျွန်မသူ့ကို လှည့်ကြည့်လိုက်မိတယ်။ သူ့ရဲ့မျက်နှာပေါ်မှာ ကြေကွဲဟန်တွေ သီချင်းကိုတီးတိုးညည်းရင်း မျက်လုံးတွေက စောနကထက်ကို ပိုပြီးတင်းတင်းမှိတ်ထားသလိုပဲ သီချင်းတစ်ပုဒ်ဟာ အဲလောက်တောင် ထိရောက်မှုရှိသလား ကျွန်မစဉ်းစားမိတယ် ဟုတ်တယ် ကျွန်မတောင်လွန်ခဲ့တဲ့သုံးလလောက်က ကျွန်မနဲ့ချစ်သူ လမ်းခွဲခဲ့တာကို သတိရလိုက်မိတယ်။ နောက်ထပ်ကျွန်မသီချင်းသံကို အာရုံစိုက်နားထောင်နေမိပြန်ရော။

“အချိန်မီသာပြင်ဆင်ခွင့်မရှိခဲ့ရင်××××××ဝေးပြီ×××ဝေးပြီ××××ဝေးပြီ××××”

ကျွန်မနောက်ကျသွားခဲ့ပါပြီ။ ကျွန်မတို့ကဝေးပြီးသားပဲ ခပ်စောစော ဒီသီချင်းကို ကျွန်မဘာလို့ နားမထောင် ခဲ့မိပါလိမ့်……။ ထပ်မံပြီးကျွန်မမျက်လုံးတွေကို အနားပေးလိုက်မိပြန်တယ်။ သီချင်းသံသဲ့သဲ့တော့ ကျွန်မကြားနေမိတယ်။ အို……..ကျွန်မနှုတ်က အသံတစ်ချက်ထွက်သွားမိတယ် ဘေးလူတွေကြားကုန်မလား။ ကျွန်မလိပ်ပြာမလုံဘဲ လှည့်ပတ်ကြည့်လိုက်မိတယ်။ အားလုံးဟာ ငိုက်တဲ့သူငိုက် ဘေးဘီဝဲယာကို ကြည့်တဲ့သူ ကြည့်နဲ့ အားလုံးဟာအလုပ်ရှုပ်နေကြတယ် သဲ့သဲ့ကြားနေရတဲ့ သီချင်းသံကို ကျွန်မအားစိုက်နားထောင်လိုက် တယ်။ ကျွန်မရင်တွေတလက်လက် လှုပ်ခါသလိုပဲ။

“အတူလက်တွဲခဲ့တဲ့…ချစ်သူ…..××××အတူစွန့်စားခဲ့တဲ့…ချစ်သူ×××ကိုယ့်ရဲ့အနားမှာ အမြဲရှိသူ×× ရေဆန် လမ်း….မုန်တိုင်းထဲရင်ဆိုင်ဖို့ နောက်ဆုတ်သွားပြီ နင်ထားခဲ့တော့မလားလေ××××”

သီချင်းနားထောင်ရင်းနဲ့ကျွန်မ သူ့မျက်နှာကို ယောင်ယမ်းပြီးကြည့်လိုက်တယ်။ အလို… .စိတ်ထဲကတိုးတိုးလေး ကျွန်မအသံထွက်သွားတယ်။ သူ့ရဲ့မျက်ဝန်းရဲ့ထောင့်တစ်နေရာက အရည်ခပ်လဲ့လဲ့က ပြုတ်ကျလုလု ဖြစ်နေ သလိုပဲ။ သူ့မျက်လုံးအစုံဟာ စုံမှိတ်ထားလို့ ယောက်ျားလေးတစ်ယောက်က သည်လိုမိန်းကလေးတစ်ယောက် သီချင်းကို အဲလောက်တောင် ခံစားမိသလား။ ကျွန်မကိုယ်ကျွန်မမေးလိုက်မိတယ် စဉ်းစားရင်းနဲ့တောင် ကျွန်မ ရင်ထဲက လှိုက်တက်လာမိတယ် ကျွန်မလည်း တစ်ယောက်ယောက်ကို သတိရသွားမိသလိုပဲ။ ကျွန်မတွေးနေ ရင်းနဲ့ပဲ သီချင်းနောက်ထပ်တစ်ပုဒ်ရဲ့ အစက ကျွန်မနှလုံးသားကို ဆုပ်ကိုင်လိုက်သလိုပဲ။ ကျွန်မ…. ကျွန်မ ဘေးကသူ့ကိုတစ်ချက်စိုက်စိုက်ကြည့်လိုက်တယ်။ မျက်လုံးကိုမှိတ်ပြီး ကျွန်မရှိတာကိုတောင် မသိသလိုပါပဲ။

“ရက်စက်မှုများက ငါ့ဆီမျက်စိလည်လမ်းမှား××××××××မျက်ရည်ခသော ဖန်တီးမှုများနဲ့×××× တိုးကာဝင်နှောင့်ယှက်×××-အချစ်ဟာတစ်စဆီ ပြိုကွဲထွက် စကားမုန်တိုင်းတွေ ဝင်တိုက်ခတ်××× ဆောက်တည်ခဲ့သော မင်းနဲ့တို့ရဲ့ အချစ်အိမ်ဟာ ပျောက်ပျက်×××ဘာတွေဖြစ်ဖြစ်ရှိပါတယ်×× ဘာတွေ ဖြစ်ဖြစ်ရှိခဲ့တယ်×××ဒို့နှစ်ယောက်လျှေက်သော×××နေရာဟောင်းတစ်ခုသို့×××× ဒီလမ်းမကြီးကဟောင်း နေလည်း××××ဒီလမ်းမကြီးပေါ်ကြီးပေါ်ရောက်နေတယ်×××မင်းချန်ခဲ့သောအပြုံးများ××ကြွေရွက်တွေနဲ့ ရောဆဲ….ဘာကြောင့်တို့တွေဝေးတာလဲ……”

လွင့်ပျံလာတဲ့သီချင်းက ကျွန်မကို ထပ်ခံစားမိစေတယ်။ သူ့ကိုကြည့်လိုက်သော စောနကခပ်လဲ့လဲ့ဖြစ်တေဲ့ မျက်ရည်စက သူ့ပါးပေါ်စီးကျလို့ ကျွန်မတောင် မျက်ရည်ခပ်လည်လည်ဖြစ်သွားတယ်။ သီချင်းသံကတော့ ကျွန်မနားထဲ လွင့်ပျံလာဆဲပါပဲ။

“နန္ဒဝန်ဈေး….မှတ်တိုင်ပါလား”

ယာဉ်အကူရဲ့အော်သံကို ကျွန်မကြားကြားခြင်းပဲ ဆွဲခြင်းတောင်းကိုမကာ ကားအပေါက်ဝကို လှမ်းသွားလိုက် တယ်။ ရပ်စောင့်နေရင်း ကျွန်မဘေးနားက သူ့ကိုတစ်ချက်လှည့်ကြည့်မိလိုက်တယ် သူငိုနေတုန်းပဲ။ ဘတ်(စ်) ကားဟာ မှတ်တိုင်မှာဆောင့်ကာရပ်ရပ်လိုက်ခြင်းပဲ ကျွန်မအပြေးဆင်းလိုက်တယ်။ လမ်းမပေါ်ခြေချချမိခြင်း ကျွန်မခံစားချက်တွေ ရမ်းခါနေတုန်းပဲ။ ကျွန်မကဗျာတွေ စာတွေသိပ်နားမလည်ပါဘူး။ လေးလုံးစပ်တွေ ဒွေးချိုး တွေ ရာမရကန်တွေ ကျွန်မနားမလည်ဘူး။ ဒါပေမယ့် ကျွန်မနားလည်တာ ခံစားတတ်တာ အနုပညာ ကျွန်မ ခံစားတတ်တယ်။ ဘတ်(စ်)ကားပေါ်က ကျွန်မဘေးကလူတစ်ယောက် ဖွင့်ချပြလိုက်တဲ့ အနုပညာ အသံလှိုုင်း တွေ။ အဲသည်လူရဲ့ မျက်နှာပေါ်က အရိပ်အယောင်တွေ မျက်ရည်လဲ့လဲ့တွေ သီချင်းတွေ။ အားတတ်စရာတွေ လွမ်းမောစရာတွေ အစုံပါပဲ။ ဒီညဟာ ကျွန်မအတွက် ဘတ်(စ်)ကားပေါ်မှာ အနုပညာကပေးတဲ့ ခံစားမှုတစ်ခုကို ရလိုက်သလိုပဲ။ အိမ်အပြန်လမ်းလျှောက်ရင်းတောင် ဆို့နင့်နင့်ခံစားမှုကြီးနဲ့ လွတ်လပ်မှုတွေ ကျွန်မရလိုက်သ လိုပဲ။ ကျွန်မအိမ်အပြန်လမ်း မှောင်မိုက်နေပေမယ့် လင်းနေသလိုပဲ တကယ်တော့ အနုပညာဆိုတာ ခံစားတတ် ရင် အားလုံးဟာ ခံစားလို့ရပါတယ်ဆိုသလိုမျိုးပဲ။ ကျွန်မတို့လည်း မှောင်မိုက်နေတဲ့အိမ်အပြန်လမ်းကို ရှေ့ဆက် ရမယ့်ဘဝလမ်းတွေကို တစ်ခုခုနဲ့ ထွန်းညှိပြီးသွားရမယ်လို့ ထင်တာပဲ။ ကျွန်မတို့ ကိုယ်ပိုင် လွတ်လပ်ခွင့်တွေ မရနိုင်သေးသရွေ့တော့ ကိုယ့်ဘဝလွတ်လပ်ခွင့်ကို ကိုယ်တိုင်ပဲရှာရမယ်မဟုတ်လား။

×××××××××××××××××××××××××××××××××××××

ရင်နှင့်ရင်း၍
အောင်မိုးသူ(စူးရှ)
ဇူလိုင်လ ၂၂ရက် ၂၀၁၂ခုနှစ်။
ည ၁၂းဝရမိနစ်။

4 comments

  • may flowers

    August 20, 2012 at 5:28 pm

    ခံစားဖတ်ရှုသွားပါတယ် … နောင်လာမဲ့ ပိုစ့်လေးတွေကိုလည်းမျှော်နေပါ့မယ်။

  • အလင်းဆက်

    August 20, 2012 at 7:50 pm

    ရင်နှင် ့ ခံစားပြီး.ဖတ်ရှုလိုက်မိပါတယ် ။

    အဲ..မဝေဖန်တတ်ဘူးဗျ ။

  • မောင်ပေ

    August 20, 2012 at 8:41 pm

    ကောင်းတယ်ဗျာ
    တစ်နေ ့တာ အလုပ်ကနေ ပင်ပန်းနွမ်းနယ်နေမှုတွေနဲ ့အိမ်ပြန်လမ်းမှာ သီချင်းတွေကို ခံစားရင်း မောပန်းနွမ်းနယ်မှု ကို ဖြေဖျောက်သွားတာလေးကို ခံစားလိုက်ရပါတယ်

Leave a Reply