စေတနာကို အရင်းခံ ၍

may flowersAugust 20, 20121min673

မွန်မွန်ရဲ့ ဆရာမတစ်ယောက်နဲ့ပြောဖြစ်ခဲ့သမျှ ပိုစ့်လေးကိုဖတ်လိုက်ရတော့

ကျွန်မလည်းကျောင်းသားမိဘတစ်ယောက်အနေနဲ့ ပြောချင်တဲ့စကားလေး

တွေပေါ်လာမိလို့ ဒီပိုစ့်လေးကို ရေးလိုက်မိပါတယ်။ ကျူရှင်မှာလည်း

အသင်အပြကောင်းပြီး ကျောင်းမှာလည်း စေတနာပါပါနဲ့ သင်တယ်ဆိုတဲ့ မွန်မွန့်ရဲ့

ဆရာမကိုလည်း တကယ်လေးစားမိပါတယ်။ ကျွန်မတို့ငယ်ငယ်က ဆရာမတွေထဲမှာ

လည်း ကျူရှင်ပြတဲ့ဆရာမတွေရှိကြပါတယ်။ ဒါပေမဲ့ကျူရှင်မှာတစ်မျိုး ကျောင်းမှာတစ်

မျိုး   ဆိုပြီးခွဲခြားသင်တဲ့ဆရာမက တစ်ဦးစနှစ်ဦးစလောက်သာရှိကြပါတယ်။

ကျူရှင်ကော ကျောင်းမှာပါ တကယ်စေတနာကိုအရင်းခံပြီးသင်တဲ့ ဆရာ၊ဆရာမတော်

တော်များပါတယ်။  အခု ကျွန်မပြောချင်တာက

ဆရာမတွေရဲ့ လစာရှစ်သောင်းရှစ်ထောင်ဆိုတာပါ…တကယ်တော့ အဲဒီလစာနှုန်းက

ဆရာဆရာမတွေတင်ကွတ်ပြီး ရကြတဲ့ လစာနှုန်းထားမဟုတ်ပါဘူး ကျန်တဲ့အပြင်ဝန်

ထမ်း စာရေးစာချီတွေလည်း အလားတူလစာထက်လိုရင်သာနေကြမယ် မပိုပါဘူး

လို့ပြောချင်ပါတယ်။ သာမန်ရိုးရိုးဘွဲ့ရတစ်ယောက် (ဆေး၊ စက်မှု၊

အသက်မွေးဝမ်းကြောင်း

တက္ကသိုလ်တွေကိုမဆိုလိုပါ) တစ်ယောက်ဟာ စာရေးစာချီထက်ပိုပြီး အရာရှိအဆင့်

ကို တက်လှမ်းနိုင်ဖို့ဆိုတာ အိမ်မက်လိုပါပဲ။ အမြင့်ဆုံးပင်စင်နားနီးကာမှ ရုံးအုပ်၊ ဌာနခွဲ

စာရေး လောက်အဆင့်နဲ့သာ ပင်စင်သွားကြရတာများတာမို့ ဆရာမတို့လစာလောက်

မနည်းရင်သာနေမယ်  မများကြတဲ့လစာဝင်ငွေတွေနဲ့ ကျောင်းသားမိဘတွေ

များပါတယ်လို့.။ သာမန်ရိုးရိုးဘွဲ့တစ်ခုနဲ့ စာရေးလိုင်းတောင်မရတဲ့သူတွေ

တစ်ပုံတစ်ပင်ပါ။ အဲ တစ်ခုတော့ရှိတယ် ဆယ်တန်းအောင်တာနဲ့ စစ်တက္ကသိုလ်တက်

ဗိုလ်မှုးဘဝလောက်ရမှ အရပ်ဘက်ကိုပြန်တမ်းဝန်ရာထူးအဆင့်နဲ့ကူးလာရင်တော့

တစ်မျိုးပေါ့လေ။ ဒါလည်းသိပ်တော့မလွယ်လှပါဘူး စစ်ဗိုလ်တိုင်းဝန်ထမ်းဘက်ကို

ရောက်ကြတာတော့မဟုတ်ပါဘူး။ ဌာနကောင်းကောင်းကိုပြောင်းချင်ရင်တော့ ကောင်း

သုံးကောင်းနဲ့ ပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ဖို့တော့လိုမှာပေါ့နော်။ ကံကောင်းရမယ်၊ အ

ကပ်ကောင်းရမယ်၊ နောက်ခံကောင်းရမယ် ဆိုတဲ့ ကောင်းသုံးကောင်းနဲ့ပြည့်စုံဖို့တော့

လိုပါသေးတယ်။ ဘေးချော်ရေးမိနေပြီလားမသိဘူး…ဆိုလိုရင်းကတော့ဆရာ၊ ဆရာမ

တွေတင်မဟုတ်ပါဘူးလို့ မြန်မာပြည်တွင်းက ဆရာမတွေရဲ့တပည့်တွေရဲ့ မိဘတွေ

ကိုယ်တိုင်ကလည်း အစိုးရဝန်ထမ်းဖြစ်နေခဲ့မယ်ဆိုရင် ဆရာမတွေနဲ့ ထူးမခြားနားလစာ

ငွေလေးကိုသာ ခံစားနေကြရတဲ့မိဘတွေအများကြီးပါလို့ဆိုလိုချင်တာပါ။ အပြင်အလုပ်

လုပ်တဲ့ မိဘတွေကိုလည်းကြည့်လိုက်ပါဦး တစ်နေ့တစ်ထောင်နှစ်ထောင်လောက်

ရဖို့ပြေး လွှားရှာဖွေနေရတဲ့မိဘတွေအများကြီးမှအများကြီးပါ။  ဆိုလိုရင်းက

လစာနဲတာဆရာမတွေမှမဟုတ်ပါဘူး အကုန်လုံးသောဝန်ထမ်းငယ်တွေနဲ့ လက်လုပ်

လက်စား ကျောင်းသားမိဘတွေလည်း တူတူပါပဲလို့။ အပြင်လာဒ်လာဘဆို

တာကလည်း ဝန်ထမ်းတိုင်းမရကြပါဘူး ရတဲ့ဝန်ထမ်းတွေကသာ စွတ်ရွတ်ရနေကြ

တယ်ဆိုပေမဲ့ ဘာဝင်ငွေမှမရှိပဲ လစာလေးတစ်ခုရနေတဲ့ ဝန်ထမ်းတွေလည်းအများကြီး

ရှိနေပါသေးတယ်။ ဆရာ၊ ဆရာမတွေ ကျူရှင်ပြတာကို ဘာမှအပြစ်မပြောလိုပါဘူး။

ပြကြပါ၊ ကောင်းပါတယ် တစ်ချို့မိဘမသင်ပေးနိုင်တဲ့ကလေးတွေ၊ မိဘအဆင်ပြေပြေ

နေနိုင်တဲ့ကလေးတွေအတွက် တကယ်ကောင်းပြီး ဆရာမတွေအတွက်လည်းလစာမလုံ

လောက်တော့ ရတဲ့ကျူရှင်ခလေးနဲ့ အိမ်စာရိတ်ကာနိုင်တဲ့

အတွက်နှစ်ဦးနှစ်ဖက်အကျိုးရှိတယ်လို့ ကျွန်မ

မြင်ပါတယ်။ ဒါပေမဲ့ နာသုံးနာ ထဲက စေတနာဆိုတဲ့ နာ  လေးတစ်ခုကိုတော့ ကျောင်း

သားတွေ အားလုံးအပေါ်ကို တစ်ပြေးညီလေး ထားစေချင်ပါတယ်။ ကျူရှင်မတက်တဲ့

ကျောင်းသား၊ ကျူရှင်တက်တဲ့ကျောင်းသားဆိုပြီးမခွဲပဲ စေတနာလေးထားပြီးသင်ကြား

ပေးစေချင်ပါတယ်။ ဘယ်မိဘမဆို ကိုယ့်ကလေးကို အကောင်းဆုံးဖြစ်စေချင်ကြတာ၊

မျက်နှာအငယ်မခံစေချင်ကြတာ ကလေးရှိတဲ့မိဘတိုင်းသိကြပါတယ်။ ဖြစ်နိုင်ရင်

(တတ်နိုင်တဲ့ငွေကြေးသာ ရှိနေရင်)  သားသမီးမျက်နှာ အငယ်မခံချင်ကြတဲ့ မိဘချည်း

ပါပဲ။ ကျောင်းက ဘာအလှုငွေကောက်ကောက် တတ်နိုင်ရင်တော့

ကိုယ့်ကလေးမျက်နှာ မငယ်အောင် ၊ ထဲ့ချင်ကြတဲ့ လှုချင်ကြတဲ့ မိဘတွေချည်းပါပဲ။

ကျွန်မအသိ အကြီးတန်းစာရေးတစ်ယောက်ရဲ့ မိန်းမတစ်ယောက်ဆို

သူ့ယောက်ျားလစာက သမီးနှစ်ယောက်

ကျူရှင်ဖိုးနဲ့ ကွက်တိပါပဲတဲ့။ သူ့ခင်မျာ မနက်စောစောပဲပြုတ်လိုက်ရောင်း၊ နေ့လည်သာ

ကူကျိုလိုက်ရောင်းပြီး ညဘက်မှာတော့ ခြံထွက်သီးနှံလေးတွေကို မနက်ကဈေးရောင်း

ရင်း စပ်ထားတဲ့သူတွေ၊ အိမ်တွေကိုလိုက်ရောင်းပြီး အပင်လေးတွေစိုက် ဈေးဘမ်းကို

တစ်နေကုန်ရွက်ပြီး အိမ်အတွက်ဝမ်းစာရှာဖွေနေရရှာတာပါ။ သမီးအကြီးလေးက

ကိုးတန်း နဲ့ အငယ်လေးက လေးတန်းပါတဲ့။ အငယ်လေးက ငယ်သေးတာပဲ ကျူရှင်

မထားပါနဲ့လားလို့ ကျွန်မကသူ့ကိုသနားလို့ အကြံပေးကြည့်တော့ ဖြစ်နိုင်ရင်တော့

ဘယ်ထားချင်ပါ့မလည်းအမရယ်တဲ့ သူ့အဖေကသင်ပေးမယ်ပြောပေမဲ့  ကျောင်းမှာက

ဆရာမဆီမှာ ကျူရှင်မတက်တဲ့ကလေးက မျက်နှာငယ်ရတယ်တဲ့။ ကျောင်းဖွင့်စက

ကျူရှင်မအပ်ပဲထားတာ ရှေ့ဆုံးတန်းက သမီးကနောက်ဆုံးတန်းကိုရောက်သွားတယ်

တဲ့။ အခြားကျူရှင်တက်တဲ့ ကလေးတစ်ရောက်နဲ့ဆရာမက နေရာချင်းချိန်းလိုက်လို့လေ

တဲ့။ နောက် ကျောင်းမှာစာသိပ်မသင်ပဲ ကျူရှင်မှာသင်လာတာတွေကိုပဲ အကြမ်းဖျင်း

လောက် သင်ပြပြီး စာကို ဆိုခိုင်းတွက်ခိုင်းတော့ ကလေးကစာမရဘူး၊ အမြဲတမ်းခုံပေါ်

တက်ပြီး စာမရလို့ပြစ်ဒဏ်ခဏခဏပေးခံထိတော့ သမီးငယ်ကကျောင်းမတက်ခြင်

တော့ဘူးဖြစ်ရောတဲ့။ ဒါကြောင့်ထားရတာပါဆိုပြီး ဇာတ်စုံခင်းကာပြလေမှ “ဟင်းးးးး

ဆိုတဲ့ သက်ပြင်းရှည်ကြီးကို ချမိပြီး ကျွန်မလည်းဘာမှပြန်မပြောနိုင်တော့ပါဘူး။

ဒါကြောင့် လစာမလောက်ငလို့ ကျူရှင်သင်တာကို အပြစ်မပြောလိုပေမဲ့ ကိုယ်တွေလို

လစာနည်းတဲ့ ဝန်ထမ်းတွေရဲ့ သားသမီးလေးတွေ ဝင်ငွေနည်းပါးကြရှာတဲ့ လူများစု

အခြေခံ လူတန်းစားတွေရဲ့ သားသမီးလေးတွေ (ကျူရှင်မယူနိုင်ကြရှာတဲ့ ကလေးတွေ

ကိုလည်း) စေတနာကို အရင်းခံပြီး တစ်ပြေးညီဆက်ဆံကာ ပညာအမွေကို ပေးမယ်ဆို

ရင်ဖြင့်…..။

 

ပြောပြချင်တဲ့အကြောင်းလေးတွေကို ကိုယ်ရေးတတ်သလိုရေးထားတာမို့ ဖတ်ရတာ အဆင်မပြေရင် ခွင့်လွှတ်ပေးကြပါလို့ ။

 

3 comments

  • ko khin kha

    August 20, 2012 at 4:47 pm

    အခုတလော ဆရာမ နဲ့ ကျောင်းသား/သူ၊ ဆရာမ နဲ့ မိဘ ပိုစ့်လေးတွေ ဖတ်ရပါ၏။
    အဲဒီတော့ ခင်ခတစ်ယောက် ပြေးပြီးမြင်ယောင်လိုက်တာက ငယ်ငယ်တုံးက စမ်းချောင်း၊ မဟာမြိုင်ပန်းခြံ ကလေးကစားကွင်းက စီးရှောလေးကိုပါဘဲ၊ တဖက်က စီးတဲ့ကလေးက မြင့်လာရင် တဖက်က ကလေးက နိမ့်ကသွားလိုက်၊ နိမ့်သွားတဲ့ကလေးက မြင့်လာရင်၊ တဖက်က မြင့်တဲ့ကလေးက နိမ့်သွားလိုက်နဲ့ပေါ့။
    အခုရော အဲဒီပန်းခြံလေးရှိနေပြီး ကလေးတွေ စီးနေကြတုံးဘဲလားလို့ ————-။

    မမေဖလားဝါးရေ ဝန်ထမ်းတွေဆိုတာ အားလုံးပါနေတာမို့ အကောင်းဆုံးမျော်လင့်ရမှာက တိုင်းပြည်စနစ် ပြောင်းလဲပြီး မိမိလုပ်ခ ခံစားမှု့ရရှိခြင်းဟာ မိမိနေထိုင်စားသောက်မှု့ အတွက် ကောင်းမွန်သော အထောက်အပံ့ ဖြစ်ခဲ့ကြမယ်ဆိုရင်ဖြင့်———–။

  • မောင်ပေ

    August 20, 2012 at 8:23 pm

    မမေဖလားဝါးရေ…
    တဖြေးဖြေးနဲ ့ဖြစ်လာမယ်လို ့မျှော်လင့်မိပါတယ်…
    ကျွန်တော့် သဘောထားကတော့ ၊ ကျောင်းမှာလဲသင်ပါ ၊ ကျူရှင်ဖွင့်ချင်လဲဖွင့်ပါ ။ အဓိကကတော့ ကျောင်းမှာပဲဖြစ်ဖြစ် ၊ ကျူရှင်မှာပဲဖြစ်ဖြစ် ကလေးတွေ တစ်ကယ်တတ်ကျွမ်းနားလည်ဖို ့နဲ ့၊ အကောင်းအဆိုးဝေဖန်နိုင်စွမ်းကို ဆရာ/မ များက သင်ကြားလေ့ကျင့်ပေးမယ်ဆိုရင် အတိုင်းအထက် အလွန်ပါပဲ ။

  • P chogyi

    August 21, 2012 at 9:42 am

    မမေဖလားဝါးက လူစိတ်အဝင်စားဆုံးအကြောင်းအရာတစ်ခုကို ရေးလိုက်တာပါပဲ။
    TTC က ကျောင်းသားတွေလဲ အဲဒီကျူရှင်ကိစပဲ ဆနပြကြတယ်။ သူတို့ကတော့ သူတို့ဆရာမကို ကျောင်းပြောင်းလိုက်လို့တဲ့။
    ခက်တာက မွန်မွန်ရော၊ မေဖလားဝါးရောမှားနေကြပြီ။
    အဲဒီကျူရှင်သင်တဲ့ ဆရာ/ဆရာမတွေက ရိုးရိုးကျူရှင်၊ ဝိုင်းကျူရှင်၊အထူးကျူရှင်
    လက်မလည်အောင် အပြေးအလွှားသင်နေရလို့
    အင်တာနက်ကြည့်ချိန်မရကြရှာဘူး။

Leave a Reply