ကျုပ်…..ကနေ့ မူးနေတယ်ဗျ။

အယ်….. ဒါဆိုရင် ခါတိုင်း ရက်တွေကျတော့လို့ …. မမေးနဲ့ … ဟဲဟဲ သောက်တာပါဘဲ။ ဒီမှာတင် စကားအချိုးက ပြောင်းသွားဘီ သိတယ်ဟုတ်.. နိုင်ငံရေး သမားလုပ်မလို့ ဝေ့လည်ကြောင်ပတ်စကားထက် အထက်မရောက် အောက်မရောက် ဆယ်ရောက်နားထောင်ရင် ဆယ်ပုံ ဆယ်ကြောင်း ဖြစ်အောင် မနည်းလေ့ကျင့်ထားတာ။ အလကားပြောတာပါ မူးနေတော့ ဒီလိုဘဲ ဟိုပြောသည်ပြောပေါ့ အရက်သမား စကားမပီ၊ အရက်သမားစာ မတည်တော့ ဘယ်လိုလူ လက်ခံလိမ့်မတုန်း၊ ထားပါ ဒါကလဲ ပုတ္တောတွေပါ။ ဒီတလော ဘာဖြစ်တယ် မသိဘူး အရက် သောက်လို့ သိပ်မကောင်းတော့ဘူး၊ အရင်ကတော့ အရက်ကလေး တပက်လောက်ငှဲ့ ပီးရင် တချိန်က နှောင်းအတိတ်လွမ်းစရာတွေကို တယောက်ထဲ ပါးစပ်ကလေးလှုပ်ပီး စားမြုံ့ပြန် ကျုပ်ဟင်းဖုန်းထဲက စန္ဒာယားထွန်းညွန့်ရဲ့ “ကိုယ့်ရပ်ဌာနေ”သီချင်းလေးဖွင့် နားကြပ်လေးတပ် အရည်လယ် ခံစားဖြစ်သဗျ၊ အဲ နှစ်ခါလောက်ကျော့ နားထောင်ပီးရင်တော့ အင်တာနက်ဖွင့် နိုင်ငံရေးအကြောင်းတွေဖတ် အဲအချိန် Ke$haရဲ့ Blow Blow ကြီးဝင်လာတယ်၊ ဟမငီး ကျုပ်နားထဲ Bla Bla ဘဲကြားနေတယ်။ အဲဒါနဲ့ လန့်ဖြန့်ပီး သီချင်းပိတ်ရမှာလား ဖွင့်ဖတ်နေတဲ့စာ ပိတ်ရမှာလား သိတဲ့အတိုင်း အရက်သမားမို့ ဂယောင်ခြောက်ခြား ဖြစ်သပေါ့။ ဒါပေမဲ့ မိတ်ဆွေရယ် အားလုံးက ရပ်စေချင်ရင် one click ပါဘဲ…….။ ကျုပ်ရဲ့အမှားကိုက ကိုယ့်ဘ၀မွေးဖွားရာ ဒေသအကြောင်းလေး ဆွတ်ပျံ့စေတဲ့ သီချင်းကို အနှီဟင်းဖုန်းထဲမှာ ကျုပ်ရဲ့လက်ရှိ ခေတ်မှီကြောင်း ပြနေတဲ့ ..ပြချင်တဲ့ သီချင်းနဲ့ folder ခွဲထားပေမဲ့ Music Playerက အကုန်ဖွင့်လို်က်တော့ တိုက်တိုက်ဆိုင်ဆိုင် ကျုပ်ရဲ့ ရသပုံဆောင်ခဲကြီးဟာ ရရ်သမ်ပျက်ပီး နည်းနည်းတော့ လွဲနေရှာသပေါ့ …………….။

ကျုပ်…..ကနေ့ မူးနေတယ်ဗျ

အယ်….. ဒါဆိုရင် ခါတိုင်း ရကိတွေကျတော့လို့ …. မမေးပါနဲ့ … မမေးကြပါနဲ့ သောက်တာပါဘဲ။ ဒါကတော့ ပွင့်လင်းမြင်သာတာပါ၊ ကျုပ်တရက်ထက် တရက် အရက်သောက်လာတယ်၊ အရင်က အရက်သောက်တာကို ကြွားလဲမကြွားချင် အမှန်တိုင်းလည်း မပြောချင် မပြောရဲဘူး အခုတော့ ကိုယ့်ကိုကိုယ် အမှန်တကယ် မြင်တွေ့နေထိုင်ဖို့ ကြိုးစားနေပီ၊ ဟုတ်ကဲ့ ကျုပ်နေ့တိုင်း သောက်ပါတယ်၊ နေ့တိုင်း မူးပါတယ်၊ နေ့တိုင်းမှားနေလားတော့ ပြန်ဆင်ချင် တတ်လာပါပြီ၊ ဘေးလူကြည့်ရင်တော့ ကျုပ်ဟာ အမြဲတမ်း မှားနေသူပေါ့ ဘာလို့လဲ မေးရင် မဖြေတတ်ဘူး ကျုပ်အခု မမှားအောင် ဟင်းဖုန်းနဲ့ မင်းကွန်းဆရာတော်ကြီး မေတ္တာပို့ နားထောင်နေတယ်။ ထို ဂရင်းနစ်စံချိန်ဝင် သံဃာတော်ရဲ့ လက်တွေ့ကျမှုနဲ့အတူ ကျေးဇူးလည်းတင်မိပါတယ်၊ ဗုဒ္ဓကို ကိုယ်တိုင်မမြင်ဖူးသလို ဗုဒ္ဒခေတ်က ဘာစကားနဲ့ ဘယ်လိုတရားဆိုတာ မမှီလိုက်တော့ အခု ကျုပ်တတ်တဲ့ ဗမာစကားခေါ်မလား မြန်မာစကားခေါ်မလား အဲဒါနဲ့ နာကြားရတော့ အဆိုပါ ရဟန်းသံတော်ကို ကျုပ်ကျေးဇူးတင်တာ သဗျ။ အဲဒါကို ဒါက ဗုဒ္ဒမဟောဘူး ဒါက ဗုဒ္ဒဟောတာ ဒါက နောက်ပိုင်း ဖြည့်စွက်တာ စသဖြင့် ဝေဖန်ပိုင်းခြားနိုင်သူ အဂ္ဂမဟာပညာရှိတွေက သာဓု ခေါ်မယ်ထင်တယ်ဗျာ။ ကျုပ် မူးမူးနဲ့ စဉ်းစားတယ် အတွေးတွေ ချာချာလည်လို့ …… ဒီလိုဗျာ

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ခန့်က…. ဂေါတမ အမည်ရှိသော သဗ္ဗညုတ ဥာဏ်တော်ရအံ့သော ဘုရားရှင်ရှိဖူး၏

ယုံကြည်တယ်၊ လက်ခံတယ်

၂၄၀၀

၂၃၀၀

၂၂၀၀

၂၁၀၀

၂၀၀၀

ဟား… ဟား (မူး၍ ရယ်သံ)

အခု ၂၀၁၂ …. အနှီပညာရှိတို့သည် နှစ်ပေါင်းများစွာ အဆင့်ဆင့် ကူးပြောင်း အပ်လာသော တရားကျမ်းဂန် တို့အား ဖတ်ပီးနာကြားပီးမှာသာ ဆွေးနွေးနိုင်ကုန်၏

ရှင်းရှင်းပြောရရင် Source က ဒီတလမ်းဘဲ ရှိတယ် ဒါကိုလာပြီး ၀ိဝါဒ လာကွယ်နေတယ်။ ပီးတော့ လူတကာမြင်အောင် ၀န်လိုင်းပေါ်မှာ အာချောင်တယ် …………

မူရင်း ဘယ်သူ့မှာ ရှိသတုန်း အနှီပညာရှိတို့ ရေးသားကြလတ္တံ့သော စာများ ဆွေးနွေးမှုများ မတိုင်ခင်၊ အနှီပညာရှိတို့ ဘယ်လိုလေ့လာမှုများ ပြုကြသတုန်း……….

ဆိုတော့ …

မူးမူးနဲ့ ပြောရရင် ကျုပ်က အရက်သမား ဆိုတော့ လူမလေးစားဘူး

စီးပွားရေး၊ လူမှုရေး အသစ်သစ်တွေ စဉ်ဆက်မပြတ် ရှိနေတယ် ရှိလာအုံးမယ် … ။

အဲတော့ ဆွေးနွေးခြင်း၊ ငြင်းခုန်ခြင်း၊ လေ့လာခြင်း၊ အထူးပြုခြင်း၊ အဆိုတင်သွင်းခြင်း၊ အကောင်အထည်ဖော်ခြင်း စသဖြင့် …

ကဗျာလေး တပုဒ်ရှိတယ်

အရှေ့ကိုတဲ့ လျှောက်ပါလို့

အနောက်ကိုတဲ့ မြော်လိုက်ရင်

ထင်မြင်ရာ ဇွတ်တင်းကားပါလို့

ငြင်းကွဲ့ မဟုတ်စတမ်း

ဘယ်သူရေးတာလဲတော့ မသိဘူး လောလောဆယ် ကျုပ်ရေးလို့ ကျုပ်တာဝန်ယူတယ်

…………………………………………………………………………………………….

နိုင်ငံရေး အကြောင်း မူးမူးနဲ့ လက်တွေ့ကွင်းဆင်းနေတယ် ပိုမူးလာသလိုဘဲ

USA မှာ ( အမေရိကန်နဲ့ အမေရိက မခွဲတတ်လို့ ) စံပြ ဒီမိုကရေစီပေါ့ ဖွဲ့စည်းပုံတွေ ဘာတွေ ညာတွေ ကျုပ်လည်း မသိဘူး၊

ဒါပေမဲ့ စစ်တပ်က နောက်ကွယ်မှာ ဘယ်လောက် အာဏာရှိတယ် ဆိုတာ ……………………………………………………

ကျုပ်လို ငမူးကို သင်ပေးနိုင်ကြမလား ခင်ဗျာ

………………………………………………

အထက်ပါ အကြောင်းအရာ များနှင့်ပတ်သတ်၍ အကျနုတ် အရက်သမားအား နည်းပေး ဆွေးနွေး လမ်းတည့်ပေးစေလိုပါသည်။ ကယ်ကြဘာ ဆရာ့ ဆရာတို့ အမိုက်မဲလေးကို အစွဲမရှိအောင် ချွတ်ပေးကြပါ။

သင်တန်း မတက်နိုင်၍ ဆွပေး နှိုက်ယူ ပညာရေး စနစ် အကောင်အထည်ဖော်နေသူ

ကရင်/ဗမာ ဗုဒ္ဓဘာသာ ရဲစည်

ရေးခြင်နေတာတော့ အများကြီးဘဲ အရှည်ကြီးတော့လဲ မရေးချင်ဘူးဗျို :)

ရွာထဲ တတ်သိပညာရှင်တွေ များတော့ အရှည်ကြီး လူရှိန်အောင် ရေးလိုက်ပေမဲ့ သောက်မြင်ကပ်ပီး မေးလာရင် မဖြေတတ်တော့… :D

 

 

 

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း

   Send article as PDF