အရက်သမားစကား အရက်သမားစာ

ကျုပ်…..ကနေ့ မူးနေတယ်ဗျ။

အယ်….. ဒါဆိုရင် ခါတိုင်း ရက်တွေကျတော့လို့ …. မမေးနဲ့ … ဟဲဟဲ သောက်တာပါဘဲ။ ဒီမှာတင် စကားအချိုးက ပြောင်းသွားဘီ သိတယ်ဟုတ်.. နိူင်ငံရေး သမားလုပ်မလို့ ဝေ့လည်ကြောင်ပတ်စကားထက် အထက်မရောက် အောက်မရောက် ဆယ်ရောက်နားထောင်ရင် ဆယ်ပုံ ဆယ်ကြောင်း ဖြစ်အောင် မနည်းလေ့ကျင့်ထားတာ။ အလကားပြောတာပါ မူးနေတော့ ဒီလိုဘဲ ဟိုပြောသည်ပြောပေါ့ အရက်သမား စကားမပီ၊ အရက်သမားစာ မတည်တော့ ဘယ်လိုလူ လက်ခံလိမ့်မတုန်း၊ ထားပါ ဒါကလဲ ပုတ္တောတွေပါ။ ဒီတလော ဘာဖြစ်တယ် မသိဘူး အရက် သောက်လို့ သိပ်မကောင်းတော့ဘူး၊ အရင်ကတော့ အရက်ကလေး တပက်လောက်ငှဲ့ ပီးရင် တချိန်က နှောင်းအတိတ်လွမ်းစရာတွေကို တယောက်ထဲ ပါးစပ်ကလေးလှုပ်ပီး စားမြုံ့ပြန် ကျုပ်ဟင်းဖုန်းထဲက စန္ဒာယားထွန်းညွန့်ရဲ့ “ကိုယ့်ရပ်ဌာနေ”သီချင်းလေးဖွင့် နားကြပ်လေးတပ် အရည်လယ် ခံစားဖြစ်သဗျ၊ အဲ နှစ်ခါလောက်ကျော့ နားထောင်ပီးရင်တော့ အင်တာနက်ဖွင့် နိူင်ငံရေးအကြောင်းတွေဖတ် အဲအချိန် Ke$haရဲ့ Blow Blow ကြီးဝင်လာတယ်၊ ဟမငီး ကျုပ်နားထဲ Bla Bla ဘဲကြားနေတယ်။ အဲဒါနဲ့ လန့်ဖြန့်ပီး သီချင်းပိတ်ရမှာလား ဖွင့်ဖတ်နေတဲ့စာ ပိတ်ရမှာလား သိတဲ့အတိုင်း အရက်သမားမို့ ဂယောင်ခြောက်ခြား ဖြစ်သပေါ့။ ဒါပေမဲ့ မိတ်ဆွေရယ် အားလုံးက ရပ်စေချင်ရင် one click ပါဘဲ…….။ ကျုပ်ရဲ့အမှားကိုက ကိုယ့်ဘဝမွေးဖွားရာ ဒေသအကြောင်းလေး ဆွတ်ပျံ့စေတဲ့ သီချင်းကို အနှီဟင်းဖုန်းထဲမှာ ကျုပ်ရဲ့လက်ရှိ ခေတ်မှီကြောင်း ပြနေတဲ့ ..ပြချင်တဲ့ သီချင်းနဲ့ folder ခွဲထားပေမဲ့ Music Playerက အကုန်ဖွင့်လိုု်က်တော့ တိုက်တိုက်ဆိုင်ဆိုင် ကျုပ်ရဲ့ ရသပုံဆောင်ခဲကြီးဟာ ရရ်သမ်ပျက်ပီး နည်းနည်းတော့ လွဲနေရှာသပေါ့ …………….။

ကျုပ်…..ကနေ့ မူးနေတယ်ဗျ

အယ်….. ဒါဆိုရင် ခါတိုင်း ရကိတွေကျတော့လို့ …. မမေးပါနဲ့ … မမေးကြပါနဲ့ သောက်တာပါဘဲ။ ဒါကတော့ ပွင့်လင်းမြင်သာတာပါ၊ ကျုပ်တရက်ထက် တရက် အရက်သောက်လာတယ်၊ အရင်က အရက်သောက်တာကို ကြွားလဲမကြွားချင် အမှန်တိုင်းလည်း မပြောချင် မပြောရဲဘူး အခုတော့ ကိုယ့်ကိုကိုယ် အမှန်တကယ် မြင်တွေ့နေထိုင်ဖို့ ကြိုးစားနေပီ၊ ဟုတ်ကဲ့ ကျုပ်နေ့တိုင်း သောက်ပါတယ်၊ နေ့တိုင်း မူးပါတယ်၊ နေ့တိုင်းမှားနေလားတော့ ပြန်ဆင်ချင် တတ်လာပါပြီ၊ ဘေးလူကြည့်ရင်တော့ ကျုပ်ဟာ အမြဲတမ်း မှားနေသူပေါ့ ဘာလို့လဲ မေးရင် မဖြေတတ်ဘူး ကျုပ်အခု မမှားအောင် ဟင်းဖုန်းနဲ့ မင်းကွန်းဆရာတော်ကြီး မေတ္တာပို့ နားထောင်နေတယ်။ ထို ဂရင်းနစ်စံချိန်ဝင် သံဃာတော်ရဲ့ လက်တွေ့ကျမှုနဲ့အတူ ကျေးဇူးလည်းတင်မိပါတယ်၊ ဗုဒ္ဓကို ကိုယ်တိုင်မမြင်ဖူးသလို ဗုဒ္ဒခေတ်က ဘာစကားနဲ့ ဘယ်လိုတရားဆိုတာ မမှီလိုက်တော့ အခု ကျုပ်တတ်တဲ့ ဗမာစကားခေါ်မလား မြန်မာစကားခေါ်မလား အဲဒါနဲ့ နာကြားရတော့ အဆိုပါ ရဟန်းသံတော်ကို ကျုပ်ကျေးဇူးတင်တာ သဗျ။ အဲဒါကို ဒါက ဗုဒ္ဒမဟောဘူး ဒါက ဗုဒ္ဒဟောတာ ဒါက နောက်ပိုင်း ဖြည့်စွက်တာ စသဖြင့် ဝေဖန်ပိုင်းခြားနိူင်သူ အဂ္ဂမဟာပညာရှိတွေက သာဓု ခေါ်မယ်ထင်တယ်ဗျာ။ ကျုပ် မူးမူးနဲ့ စဉ်းစားတယ် အတွေးတွေ ချာချာလည်လို့ …… ဒီလိုဗျာ

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ဝ ခန့်က…. ဂေါတမ အမည်ရှိသော သဗ္ဗညုတ ဉာဏ်တော်ရအံ့သော ဘုရားရှင်ရှိဖူး၏

ယုံကြည်တယ်၊ လက်ခံတယ်

၂၄၀၀

၂၃၀၀

၂၂၀၀

၂၁၀၀

၂၀၀၀

ဟား… ဟား (မူး၍ ရယ်သံ)

အခု ၂၀၁၂ …. အနှီပညာရှိတို့သည် နှစ်ပေါင်းများစွာ အဆင့်ဆင့် ကူးပြောင်း အပ်လာသော တရားကျမ်းဂန် တို့အား ဖတ်ပီးနာကြားပီးမှာသာ ဆွေးနွေးနိူင်ကုန်၏

ရှင်းရှင်းပြောရရင် Source က ဒီတလမ်းဘဲ ရှိတယ် ဒါကိုလာပြီး ဝိဝါဒ လာကွယ်နေတယ်။ ပီးတော့ လူတကာမြင်အောင် ဝန်လို်င်းပေါ်မှာ အာချောင်တယ် …………

မူရင်း ဘယ်သူ့မှာ ရှိသတုန်း အနှီပညာရှိတို့ ရေးသားကြလတ္တံ့သော စာများ ဆွေးနွေးမှုများ မတိုင်ခင်၊ အနှီပညာရှိတို့ ဘယ်လိုလေ့လာမှုများ ပြုကြသတုန်း……….

ဆိုတော့ …

မူးမူးနဲ့ ပြောရရင် ကျုပ်က အရက်သမား ဆိုတော့ လူမလေးစားဘူး

စီးပွားရေး၊ လူမှုရေး အသစ်သစ်တွေ စဉ်ဆက်မပြတ် ရှိနေတယ် ရှိလာအုံးမယ် … ။

အဲတော့ ဆွေးနွေးခြင်း၊ ငြင်းခုန်ခြင်း၊ လေ့လာခြင်း၊ အထူးပြုခြင်း၊ အဆိုတင်သွင်းခြင်း၊ အကောင်အထည်ဖော်ခြင်း စသဖြင့် …

ကဗျာလေး တပုဒ်ရှိတယ်

အရှေ့ကိုတဲ့ လျှောက်ပါလို့

အနောက်ကိုတဲ့ မြော်လိုက်ရင်

ထင်မြင်ရာ ဇွတ်တင်းကားပါလို့

ငြင်းကွဲ့ မဟုတ်စတမ်း

ဘယ်သူရေးတာလဲတော့ မသိဘူး လောလောဆယ် ကျုပ်ရေးလို့ ကျုပ်တာဝန်ယူတယ်

…………………………………………………………………………………………….

နိူင်ငံရေး အကြောင်း မူးမူးနဲ့ လက်တွေ့ကွင်းဆင်းနေတယ် ပိုမူးလာသလိုဘဲ

USA မှာ ( အမေရိကန်နဲ့ အမေရိက မခွဲတတ်လို့ ) စံပြ ဒီမိုကရေစီပေါ့ ဖွဲ့စည်းပုံတွေ ဘာတွေ ညာတွေ ကျုပ်လည်း မသိဘူး၊

ဒါပေမဲ့ စစ်တပ်က နောက်ကွယ်မှာ ဘယ်လောက် အာဏာရှိတယ် ဆိုတာ ……………………………………………………

ကျုပ်လို ငမူးကို သင်ပေးနိူင်ကြမလား ခင်ဗျာ

………………………………………………

အထက်ပါ အကြောင်းအရာ များနှင့်ပတ်သတ်၍ အကျနုတ် အရက်သမားအား နည်းပေး ဆွေးနွေး လမ်းတည့်ပေးစေလိုပါသည်။ ကယ်ကြဘာ ဆရာ့ ဆရာတို့ အမိုက်မဲလေးကို အစွဲမရှိအောင် ချွတ်ပေးကြပါ။

သင်တန်း မတက်နိူင်၍ ဆွပေး နှိုက်ယူ ပညာရေး စနစ် အကောင်အထည်ဖော်နေသူ

ကရင်/ဗမာ ဗုဒ္ဓဘာသာ ရဲစည်

ရေးခြင်နေတာတော့ အများကြီးဘဲ အရှည်ကြီးတော့လဲ မရေးချင်ဘူးဗျို 🙂

ရွာထဲ တတ်သိပညာရှင်တွေ များတော့ အရှည်ကြီး လူရှိန်အောင် ရေးလိုက်ပေမဲ့ သောက်မြင်ကပ်ပီး မေးလာရင် မဖြေတတ်တော့… 😀

 

 

 

36 comments

  • ko khin kha

    August 20, 2012 at 8:19 pm

    ကနေမူးနေတယ်ဗျ ဆိုပြီးအစချီထားတဲ့ ကိုရဲစည်ရေ
    ကျွန်တော်လည်း ၄-၅ ခါလောက် အပြန်အလှန်ဖတ်လိုက်မိပြီး၊
    ကျွန်တော်တစ်ခုတော့ပြောလို့ ရလာတယ် ကျွန်တော်အခု မူးသွားပြီဗျာ။

    • ရဲစည်

      August 20, 2012 at 8:35 pm

      ဩော ဆြာခရယ်
      မူးမူးနဲ့ ရေးမိတာပါ
      သိတယ်မှလား အွန်လိုင်း စာပေလေ ဘယ်သူ့သမိုင်းမှ မှတ်ကျောက် မရှိဘူး
      ထင်ရာမြင်ရာ ရေးလို့ရတယ်လေ
      အက်ဒမင် မဖျက်မခြင်း
      ဇွတ်အတင်း သက်ဆင်း၍
      ကွဲပြား နိူင်ကြောင်း …

  • မောင်ပေ

    August 20, 2012 at 8:40 pm

    ဟေ့လူ ကျုပ်သိတာကတော့
    ဟိုတစ်ခါ သဂျီး ကျုပ်ကို ပြင်ပေးတဲ့ အခေါ်အဝေါ်ပဲ
    နိုင်ငံဆိုရင် အမေရိကား လို ့ခေါ်ရမယ်တဲ့
    နိုင်ငံသား ဆိုရင် အမေရိကန်တဲ့
    အဲဒါပဲ
    ဒါပဲ
    ပုံ စာဖတ်ရင်း မူးသလိုလိုဖြစ်သွားသော
    ပေ

  • မဟာရာဇာ အံစာတုံး

    August 20, 2012 at 10:30 pm

    ဤကွန်မန့်ကား …
    လေးခုမြောက် ကွန်မန့် ဖြစ်လေ၏ ..
    အဟိ ..
    သိပ်လိုတော့ဘူး ..
    နောက် (၆) ခုဘဲ လိုတော့တယ် … 😀

    • ရဲစည်

      August 20, 2012 at 10:41 pm

      အရေးထဲ တိုင်းကျိုးပြည်ပြု စွန့်လွှတ်နစ်နာခံ အတွေးအခေါ် အယူအဆ စွန့်ဦးတီထွင် …………
      ခွိ … ပတစ်
      ရေးရင်းနဲ့ ရှုးထွက်သွားလို့ .. 🙂
      အဲ့သဟာကို သူရဲ့ ၂၀၀ဝမြောက် မဟာဥဒန်း ရာဇဝင်တွင် ကွန်းမင့်ဖြစ် လာမန့်နေသေး
      မုန်းထှာအေ …..

      ပုံ/
      ဗမာဆေး နွယ်ချိုစားသူ
      အာနိုးတဘဲ့
      အိုင်ဒီယိုလိုဂျီ အမူးသင် ပထမတန်း
      ရှိတ်အာ မိုဟာမက် ခရစ်စတင်း သောမတ်စ် အရိယဲ

      • မဟာရာဇာ အံစာတုံး

        August 20, 2012 at 10:45 pm

        ဟေ့လူ .. ဟေ့လူ ..
        လွဲမယ်နော် ..
        ကျုပ်ကွန်မန့် နှစ်ထောင်ပြည့်သေးဘူး …
        ဒီဂဟာရောဆို .. နောက်တစ်ခုဘဲ လိုဒေါ့ဒယ် ..
        ဒါလာပြောတယ် ..
        ခညားဂျီး ၁ဝ ခုရရင် သေပျော်မယ် ဆိုလို့
        ကျုပ်က စေဒနာဒွေနဲ့ဘာ .. :mrgreen:

        • ရဲစည်

          August 20, 2012 at 10:51 pm

          ၂၀၀ဝ ပြည့်အောင် ထပ်မန့်ဗျာ
          ဒီမှာ အူးလေး မဟာရာဂျာ အံဇာဒုံး
          ကျုပ်ရဲ့ ဘဝနဲ့ ရင်းတဲ့ အတွေးအခေါ်တွေကို
          ခုလို ကောင်းချီး မင်္ဂလာပေးလို့
          ဆာလ်မာလေးကွမ်းဘါ ……
          ဒါကြောင့် သာဓု .. သာဓု
          အော် နှစ် ၅၀၀ဝ ကျိန်စာ…

          ဃိန် … ဂိန် … ကိန်
          အု ….အူ …. အူး

  • marblecommet

    August 20, 2012 at 10:37 pm

    ဪ….ဪ…….
    ပြောမှ ပြောပါ့တော့မလားလို့
    အခုတော့ ဇာတိရုပ်ပေါ်လာပြီကော
    ဟုတ်စ……….
    …….
    .ကျုပ်တရက်ထက် တရက် အရက်သောက်လာတယ်၊ အရင်က အရက်သောက်တာကို ကြွားလဲမကြွားချင် အမှန်တိုင်းလည်း မပြောချင် မပြောရဲဘူး အခုတော့ ကိုယ့်ကိုကိုယ် အမှန်တကယ် မြင်တွေ့နေထိုင်ဖို့ ကြိုးစားနေပီ
    …….
    ကိုယ့်ဆြာ
    ရင့်ကျက်သွားပြီ…..
    နော်တို့ကတော့ အများကြီးလိုပါသေးတယ်
    အာစိရေ့….
    ခင်တဲ့….
    မားဆိုးကမ်း….

  • မဟာရာဇာ အံစာတုံး

    August 20, 2012 at 11:06 pm

    “အားလုံးက ရပ်စေချင်ရင် one click ပါဘဲ…….။”
    ဒီစကားကို အကြောင်းကို ပြောချင်ပါတယ် ….
    ဗုဒ္ဓ ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေထဲမှာပေါ့ဗျာ …
    သောတာပန် အဆင့်ကို ရောက်တာနဲ့ ဘဝမှာ နောက်ထပ် ခုနစ်ဘဝသာ ဆက်ရှိပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုရမှာ အသေအချာပဲတဲ့ဗျ …။
    ဒါနဲ့ တိုင်းကြည့်ရင် နိဗ္ဗာန်ရောက်ဖို့ဆိုရင် ပါရမီတွေ၊ ဘာတွေ ထည့်တွက် နေစရာ မလိုပါဘူး …။
    သောတာပန်ဆိုတဲ့ နိဗ္ဗာန်ကို တစ်ခါမြင်ရုံ “One Click” လေးပါပဲ။

    ကဲဗျာ …
    ဒါလေးကတော့ ခင်ဗျားပြောတဲ့ “One Click” ပေါ်ကို မူတည်ပြီး မန့်လိုက်တဲ့
    ကျုပ်ရဲ့ အွန်လိုင်းပေါ်မှာ ထင်မှတ်မထားတဲ့ “2000” မြောက် ကွန်မန့်ပါပဲ ခင်ဗျာ …
    ကျေးဇူးတင်ပါတယ် …

    ချစ်တဲ့ …
    အံစာတုံး

    • ရွှေ ကြည်

      August 21, 2012 at 12:03 pm

      ကောင်းလေစွ ကောင်းလေစွ မောင်ငယ်အံစာ 🙂

  • tar tar

    August 20, 2012 at 11:19 pm

    လေးစားပါတယ် ကိုရဲစည် ဆိုလိုရင်းကို မြင်မိပါတယ် တားတားကိုယ်စား ရေးပြသလို ထပ်တူ ဖြစ်ပါသည် …တခုပဲ ထပ်ဖြည့်ကြည့်ပါ့မယ် စနစ်တံကြောင့် မဟုတ်ဘူး …..:)

  • padonmar

    August 20, 2012 at 11:55 pm

    ရေစည်ရေ
    မူးမူးနဲ့ ပြောတာလေး မှန်ချက်တော်။
    “အဆိုပါ ရဟန်းသံဃာတော်ကို ကျုပ်ကျေးဇူးတင် သဗျ။ အဲဒါကို ဒါက ဗုဒ္ဓမဟောဘူး ဒါက ဗုဒ္ဓဟောတာ ဒါက နောက်ပိုင်း ဖြည့်စွက်တာ စသဖြင့် ဝေဖန်ပိုင်းခြားနိူင်သူ အဂ္ဂမဟာပညာရှိတွေက သာဓု ခေါ်မယ်ထင်တယ်ဗျာ”
    ဒိတရားတွေ ဘုရားဟောဟော သာဝကဟောဟော နှစ် ၂၀ဝ မှ ပေါ်ပေါ် အန်တီကတော့
    လိုက်နာကျင့်သုံးလို့ အပြစ်ကင်းတဲ့ အလုပ်ဆို အမှန်ပဲလို့ သတ်မှတ်ပါကြောင်း။
    မမူးရင် ရေစည်ပါ အဂ္ဂမဟာရဲစည်ဖြစ်သွားမလား…………

    • ရဲစည်

      August 21, 2012 at 12:40 am

      ကျေးကျေးပါ အန်တီပဒုမ္မာ
      အရက်မူးလို့ ကျွဲခိုးပေါ်တာပါ
      ကျနော်တို့ စာတတ်တာ မူလတန်း စသင်ခဲ့ရလို့
      အဲတော့ ဒီနေ့ စာတတ်ပီး မနက်ဖြန်မှာ မူလတန်း ပညာရေးစနစ် ဘာဖြစ်တယ် ညာဖြစ်တယ် ဝေဖန်ရင်
      ကျနော်တော့ မကြိုက်ချင်ဘူး ….. ဒီတော့ မပြောရဘူးလားမေးရင် အဖြေမရှိဘူးဗျ ……………………
      အွန်လိုင်းပေါ်က ဘာသာရေး ဆွေးနွေးမှုတွေကြောင့် အကျိုးဆက်က ကောင်းလာဖို့ထက် ……………
      မပြောချင်တော့ဘူးဗျာ
      ကျနော်သာ ရွှေတိဂုံဘုရား ဂေါပကဖြစ်ရင် အောက်က ဌာပနာတိုက်ကို CCTV ကင်မရာတပ်ပီး အဲမှာတွေ့လား နှစ်ပေါင်း ၂၅၀ဝက ဘုရားရဲ့ ဆံပင်တွေ … အဲလိုကြွားချင်ရဲ့
      ထေရဝါဒဗုဒ္ဓဘာသာက ကိုယ်ပိုင်အတွေးနဲ့ အသိဉာဏ်ပေါ် မူတည်နေတယ်။
      ဖတ်မှတ်ကျင့်ပီး ပြန် share ဖို့မဟုတ်ဘူး
      ဂေါတမ ဗုဒ္ဓ facebook တို့ twitter တို့ကို သဗ္ဗညုတ ဉာဏ်နဲ့ စထွင်ခဲ့ရင် ဒီနေ့ ဘာ.. ဘာသာ အယူအဆမှ ကွဲလွဲနိူင်စရာ မရှိဘူး
      ဒါက Entrance လို့ဘဲ မှတ်ယူတယ်
      ဆိုတော့……………. ဒီစကား ပြောလို့ ရဲစည်သေရင် ငရဲမရောက်ဘူး ဆိုတဲ့ အကြောင်း …..

  • YE YINT HLAING

    August 20, 2012 at 11:58 pm

    MACANDREW’S
    Finest Blend
    BLENDED
    SCOTCH WHISKY
    A taste of Scotland
    A BLEND OF SCOTLAND’S FINEST MALT & WHISKIES
    DISTILLED , BLENDED & BOTTLED IN SCOTLAND
    ခုပဲသွားဝယ်တဲ့သူ ရောက်လာတယ် ။ အဲဒီတလုံး ကျွန်တော် တစ်ယောက်ထဲ ပျင်းပျင်းနဲ့ ဖြိုရမှာ ။ မသောက်ခင် မန့်သွားပါတယ် ။ မဝသေး ရင်လာခဲ့လေ ။

    မသောက်ရသေးတဲ့
    ခွက်ကျော်

    • ရဲစည်

      August 21, 2012 at 12:22 am

      ဆြာရယ် ရက်စက်ပါပေ့
      ခင်ညားတို့များ နိူင်ငံခြား ရောက်နေတယ် ဆိုပီး အနော်တို့ သေရင်တောင် မမြင်ဘူး မသောက်ဖူးတဲ့ အရက်တွေ လာပြောတော့ ရင်နာသဗျာ …. မှန်းစမ်း အခုတောင် ခင်ဗျားရေးတဲ့ အင်္ဂလိပ်စာလုံးတွေ အနော့်မှာရှိတဲ့ သာလွန် အင်္ဂလိပ် မြန်မာအဘိဓာန်ထဲ ရှာမတွေ့ဘူးဗျို့ … အင်းလေ သူက စာမျက်နှာ ၅၀ဝထဲကိုး ….
      အခုလို ကွန်းမင့်ပေးတာ ကျေးဇူးဗျို့

      ဇကားမစပ်
      ကျန်တဲ့နေရာသာ သစ္စာမရှိတာ
      အရက်သောက်ရင်တော့ ခွက်လှည့် မကျော်တတ်ဘူးဗျို့
      ဒီစိတ်နဲ့ နိူင်ငံရေးလုပ်ရင် အသေစော တတ်သဗျို့
      ပုံ/
      နိူင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဆင်း ဘိုရှုပ်ရဲစည်
      MBA( Master of Brewery Analysis)

      • YE YINT HLAING

        August 21, 2012 at 11:46 am

        ကျွန်တော် ဖင်ယားပြီး မန့်ထားတော့လည်း ဆက်ရှင်းရတာပ ! သူကြီး လို ပုံတွေဘာတွေနဲ့ ထည့်ပြီးမပြတတ်တော့ကာ ပုလင်းပေါ်က စာကူးချလိုက်တာပါဗျာ ! အရက်သမားစာ အရက်သမားစကားဆို တော့ အရက်သမား အချင်းချင်း ပုလင်းပြ ချီးယားခေါ်မန့်တဲ့ သဘောဗျ ! သောက်ပြီး ရွာထဲ မဝင်တော့တာမို့ ခုမှပြန်မန့်လိုက်တယ်ဗျာ !” ရွာထဲ တတ်သိပညာရှင်တွေ များတော့ အရှည်ကြီး လူရှိန်အောင် ရေးလိုက်ပေမဲ့ သောက်မြင်ကပ်ပီး မေးလာရင် မဖြေတတ်တော့… ” ဆိုပြီး ခင်ဗျား နောက်ဆုံး မှာ ရေးထားတဲ့ စာ ! ကျွန်တော် ဖင်ယားပြီး ဆက်ဖြေပေးမယ်ဗျာ ! YE YINT HLAING says:

        ဆူနာမီတို့ နာဂစ် တို့ ကို ကိုယ့်ရဲ့ ဖြတ်သန်းခဲ့ရတဲ့ သက်တမ်းတိုတိုလေး အတွင်း ကြုံလိုက်ရတော့ သဘာဝ ပတ်ဝန်းကျင် နဲ့ သဘာဝ ဘေးအန်နရယ် တွေရဲ့ အကြောင်းကို စိတ်ဝင်စား မိလို့ ကိုယ်သိသလောက် မှတ်သလောက် ကလေး ဝင်ပွါးလိုက်ပါဦးမယ် ။ အရင် က ဂဘာ့ ရာသီဥတု ဆိုတာ ရုတ်ချည်း အချိန်တိုတို နှစ်တိုတို အတွင်း ပြောင်းလဲတတ်တာ မဟုတ်ပါဘူး ။ နှစ်ပေါင်း ရာ၊ ထောင်၊ သောင်း ချီပြီးမှ ပြောင်းလဲတတ်တာ ။ ဂဘာ မြေရဲ့ အောက်ထဲကို ပေပေါင်းများစွာ မိုင်ချီပြီး ဆင်း သွားတဲ့ သတ်ထု တွင်းတွေ ၊ ကျောက်မီး သွေးတွင်းတွေ က ရလာတဲ့ ဂဘာ့ မြေအောက် ကျောက်လွှာတွေရဲ့ အပိုင်း အစတွေကို လေ့လာရင်း တွေ.လာတာက ဂဘာဟာ ခေတ် နှစ်ခေတ် ပြောင်းခဲ့ ပြီးပြီ ။ တခေတ် ကို နှစ် ( ၂ ) သန်း လောက် အချိန်ယူပြီးမှ ပြောင်းခဲ့တာ ။ ပထမ အပူခေတ် ။ ဂဘာကြီး ပူပြင်း လောင်မြိုက် မှုနဲ့ အဆုံး သတ်ခဲ့တာ ။ ၂၀၁၂ ရုပ်ရှင် ထဲ ကလိုဖြစ်မှာပေါ့ ။ ဒုတိယ အအေး ခေတ် ။ လူ သတ်တဝါ တွေ နေထိုင်ရှင်သန် လို့ မရနိုင်လောက်တဲ့ ရေခဲမှတ်အောက် အနုတ်ကိန်းများများ ဆင်းသွားတာမျိုးပေါ့ ။ ICE ရုပ်ရှင် ကားထဲကလိုမျိုး ဖြစ်မှာပေါ့ ။ ဟော လာပြီ အခု တတိယ ခေတ် ။ ဒီခေတ် က အပူ ခေတ် ။ အပူပိုင်း ရပ်ဝန်းတွေ တဖြေးဖြေး ကျယ်ပြန့်လာတယ် ။ အရင် က လူအများအပြား နေထိုင်ရှင်သန်ခဲ့ တဲ့ နေရာတွေဟာ ခုချိန်မှာ ပူပြင်းတဲ့ ဒေသတွေ ၊ တောင်ဂတုံး ကုန်းမြင့်ဒေသ တွေ ၊ ကန်တာရ တွေ ဖြစ်လာတယ် ။ ဒါက သဘာဝ တရားကြီးဟာ သူ့ခေတ်နဲ့သူ သဘာဝ အတိုင်း ဖြစ်နေတာ ။ ဒါကို လူတွေ က အဆင်း ကို ဘီးတပ်ပြီး လွှတ်လိုက်တယ် ။ သစ်ပင်တွေ အများ အပြား ခုတ်တယ် ။ တောင်တွေ ဖြိုတယ် ။ သဘာဝ အတိုင်း ရှိနေတဲ့ ရာသီဥတု ကို ပြုပြင်ဖန်တီးတယ် ။ ဒီအထဲ မှာ တီထွင်သုံးစွဲ မှုတွေလည်းပါတယ် ။ ဥပမာ CFC လို ဓာတ်ငွေ မျိုးတွေပေါ့ ။ ကလိုရို ဖရူရိုကာဗွန် ။ အဲကွန်း ၊ ရေခဲသေတ်တာ တွေထဲ ထည့်သုံးတဲ့ ဓာတ်ငွေ မျိုးပေါ့ ။ အဲဒီ အထဲက ကလိုရင်း တွေဟာ ပတ်ဝန်းကျင် လေထုထဲမှာ မနေနိုင်ဘူး ၊ သူ့ရဲ့ အရည်ပျော်မှတ် က မိုင်းနပ် အောက် အများကြီး ဆင်းနေတော့ သူ့ကို အလုံပိတ်ထားတဲ့ Cylinder တွေထဲက ယိုစိမ့် ထွက်နိုင်တာနဲ့ ချက်ချင်း အပေါ် ကိုတက် သွားတယ် ။ ဘယ်အထိ တက်သွားလည်း ဆို စထရိုပိုစပီးယား အလွှာ အထိ တက်သွားတယ် ။ ဂဘာ မြေပြင် ကနေ ဆိုရင် အထက်ကို ကီလိုမီတာ ( ၂ဝ ) / ပေပေါင်း ( ၆ ) သောင်း ကျော်လောက် တက်သွားတယ် ။ ပြီးတော့ အက်ဆစ် လို ဂုဏ်သတ်တိ ရှိလေတော့ အိုဇုံးလွှာ မှာရှိတဲ့ အောက်ဆီဂျင် အက်တမ် တွေကိုစားပစ်လိုက်တယ် ။ အိုဇုံးလွှာ ဆိုတာက အောက်ဆီဂျင် အက်တမ် သုံးလုံး အိုသရီး မဟုတ်လား ? ။ အိုဇုံးလွှာ ပါးရတဲ့ အကြောင်းထဲမှာ ဒါကြောင့်လဲ အများကြီး ပါတယ် ။ ဒါကြောင့် နေရောင်ခြည် ( ခရမ်းလွန် ရောင်ခြည် ) ကို ကာကွယ်ပေးနိုင်မှု နည်းလာတယ် ။ အပူပိုင်း ဒေသတွေ မှာ ပူသထက် ပိုပူလာတယ် ။ ဝန်ရိုးစွန်း ဒေသက ရေခဲတောင် တွေ ဂဘာ့ ရေခဲတောင်တွေ အ ရည်ပျော်လာမယ် ။ ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာမယ် ။ သဘာဝ အတိုင်း ရှိနေတဲ့ ရေနွေး စီးကြောင်း ၊ ရေအေးစီးကြောင်း တွေ ပြောင်းလဲလာလို့ လေဖိအားတွေ လေကြောင်း တွေ ပြောင်းလဲလာမယ် ။ မုန်တိုင်း တွေ ဖြစ်လာမယ် ။ မိုးသည်းထန်စွာ ရွာသွန်းတာတွေ ရေကြီးတာ တွေ ဖြစ်လာမယ် ။ အပူ အအေး ပြောင်းလဲမှု ကြောင့် မီးတောင် တွေ ပေါက်ကွဲလာမယ် ။ ငလျှင် တွေ ဖြစ်လာမယ် ။ အပူ ခေတ်မှာ ပုံမှန်သွားနေတဲ့ သဘာဝ တရား ကြီး ရဲ့ ရာသီဥတု နဲ့ ပတ်ဝန်းကျင်ဟာ အလျှင် အမြန်ပြောင်းလဲ လာမယ် ။ ကောင်းသော ပြောင်းလဲ ခြင်း မျိုးနဲ့ မဟုတ်ပဲ ကပ်ဆိုး ဘေးအန်နရယ် ဆိုး တွေနဲ့ ပြောင်းလဲလာမယ် ။ ဒါနဲ့ စကားစပ်လို့ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင် မြို့နယ်ဟာ တနှစ်ထက် တနှစ် ပိုပူလာတယ် ။ ဘာလို့လည်း ဆိုတော့ အရောင်စုံ လူသားတွေ ပုံစံအမျိုးမျိုး အကြောင်းပြချက် အမျိုးမျိုးနဲ့ သစ်ပင်ကြီးငယ် အကုန်ခုတ်ခဲ့လို့ပဲ ။ ဆယ်နှစ် ဝန်းကျင် လောက် မနားတမ်း ခုတ်ခဲ့တာ ဆိုတော့ ခု အပင်ကြီး မရှိတော့ဘူး ။ စစ်ကိုင်းတိုင်း ၊ ရှမ်းပြည်နယ် ၊ ကချင်ပြည်နယ် ၊ ပဲခူး ရိုးမ စတဲ့ နေရာတွေ တဖြေးဖြေး နဲ့ ကုန်တော့မယ် ။ မြေတွေ တူး မိုင်းတွေခွဲ သစ်တွေခုတ် – ကုန်ရင် ဖုတ်ဖက်ခါ ပြန်တော့မယ် တာ့တာ — တရုတ်ပြည်ကို ။ကျန်ခဲ့ကြ ! မိုးခေါင် – ရေကြီး – ငလျှင်လှုပ် – မုန်တိုင်းမိ – အပူချိန်မြင့် ။ သဘာဝ က ပေးထားတဲ့ တတိုင်းတွေ – အတားအဆီး တွေ – အကာအရံ တွေ ငါတို့ အားလုံး လိုချင်သလောက် အကုန်ယူသွားပြီ ။
        ရဲစည် says:

        တားတားမတိရို့ မေးပါမယ်
        နိူင်ငံကလည်း သေးသေးလေး
        အိနိ္ဒယသမုဒ်ရာ ရေပြင်ကနေ ၂.၁ မီတာဘဲ မြင့်တယ်
        ခဏ ခဏ ပြောကျတယ် မကြာခင် ရေမြုပ်တော့မယ်တဲ့
        ခုထိ ဘာမှ မဖြစ်သေးဘူး
        အဲ့ဒိ မော်လဒိုက် နိူင်ငံကြတော့ ဘာဖြစ်ရို့တုန်း
        စာရင်းထဲ မပါတာ …
        ပြောပေးကျဘာ

        *** ခင်ဗျားပြောတဲ့ နိုင်ငံက ( ၂ ) မီတာလောက်မြင့်သေးတယ်! ဂဘာမှာ Under of the surface ဖြစ်တဲ့နိုင်ငံတွေ ရှိပါတယ် ။ ဒါပေမဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက် တွေနဲ့လည်း အများကြီး ဆိုင်သေးတယ်ဗျ ! ဘာလဲ ? ခင်ဗျား က မြုပ်စေ ချင်နေပြီလား ? ရှာကြည့်ဗျာ သိချင်ရင် ! ကျွန်တော် ကတော့ ညက များသွားလို့ ရှာမပေးနိုင်ဘူး ! အရက် သမားချင်းမို့ ဒါလောက်တော့ ပြောပေးလိုက်တယ် !

        ပုံ
        အမြည်းမလို အရက်နာကျနေတဲ့
        ခွက်ကျော်

        • ရဲစည်

          August 21, 2012 at 12:47 pm

          ဟား ဟား ကိုယ့်ဆြာရယ် 🙂
          ဒေါသသံတွေနဲ့ပါလား
          ကျနော်ရေးတော့ ကျနော်ဘဲ တာဝန်ယူပါတယ်ဗျာ … နည်းနည်း သရော်ပီး ရေးတာဗျ
          ဆက်ရှည်ရင် လိုရင်းတွေ တိမ်းကုန် မစိုးလို့
          ဒါလောက်နဲ့ဘဲ ရပ်လိုက်တော့မယ် …………………။

          တယောက်နဲ့ တယောက် ဝေဖန်တယ် ထောက်တယ် ဆိုတာ ကောင်းတဲ့ အပြုသဘောပါ
          ဆြာက ဘူမိသမားလားတော့ မသိ …
          အချက်ကျကျ ရေးပြတာ ကျုပ်ဝင် နှောက်တော့ ဆြာစိတ်ထိခိုက် မပေါ့လေ။ အဲ့ ပို့စ်ရဲ့ ခေါင်းစဉ် စာသားနဲ့ ကျနော့်
          ကွန်းမင့်ကို သေချာ တွဲ၍ဖတ်ပါလေ။ ဘာဆိုလိုလဲ ဘာသဘောလဲ သိမှာပါ ။ နားမလည်ရင်လဲ မတတ်နိူင်ဘူးဗျို ..။
          ကိုယ့်အယူအဆနဲ့ကို ကွဲလွဲပိုင်ခွင့်ရှိတယ် :mrgreen:

          ဒီဘက်ပို့စ်မှာ လာမန့်ပေးလို့ ကျေးဇူးဗျာ
          ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဖxxxx း ဆိုတဲ့ ထပ်ခါထပ်ခါ အသုံးအနှုန်းမျိုးတော့ ကျနော့် စာမျက်နှာမှာ မသုံးစေချင်ဘူး။ ခင်ဗျားစာမျက်နှာမှာလည်း ကျနော်မသုံးဘူး ဘယ်သူ့ စာမျက်နှာမှာလည်း ကျနော်မသုံးဘူး
          အဲဒါလေး ရှင်းရှင်းပြောတာ
          ကျနော် မကြိုက်ဘူးဗျာ ………………………………….. ။
          ကိုဘုန်းကျော် စကားယူသုံးရရင် မကြိုက်ရင် လာမဖတ်ပါနဲ့
          လာဖတ်ရင်လဲ ကြိုက်တာပြောသွား ပို့စ်ပါ အကြောင်းအရာနဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် ပြောသွားပါ
          ဒီလို အသုံးအနှုန်းတွေတော့ လာမသုံးပါနဲ့
          မကျေနပ်ရင် ပရိုက်ဗိတ်မှာ လာပြောပါ
          yeexie.ys@gmail

      • YE YINT HLAING

        August 21, 2012 at 1:18 pm

        ကျွန်တော့ကွန်မန့် အောက်မှာ ရေးသွားပြီး ပို့ ( စ ) ထဲမှာပါထပ်ပါလာတော့ကာ အမြင်လွဲ၍ တင်းသွားပါကြောင်း ။ နောက်တကြိမ်ဆိုလျှင် ပရိုက်ဗိတ် မှာ လာ၍ပြောပါမည်ဖြစ်ကြောင်း ။

        အတင်းပြေသွားသူ
        ခွက်ကျော်

        • ရွှေ ကြည်

          August 21, 2012 at 1:34 pm

          အတင်းပြေသွားကြပြီဆိုတော့မင်္ဂလာတပါးပေပဲ။ ရဲနှစ်ရဲ ညီအစ်ကိုတွေပြေလည်သွားကြပြီပေါ့။

  • marblecommet

    August 21, 2012 at 12:06 am

    ဟာ
    ဒုက္ခော
    လာပြီး
    နှိပ်စက်ပြန်ပြီ..

  • YE YINT HLAING

    August 21, 2012 at 12:11 am

    မနက်က မသောက်ဘူးပြောထားတာ — ခုတော့ ချပြီဗျာ !

  • kai

    August 21, 2012 at 1:27 am


    မူးအောင်.. အဘ်စလု၁ပုလင်းဆက်ရမလိုဖြစ်နေပြီ..
    အမှန်တွေချည်းပြောလို့.. :mrgreen:

    စကားအတင်းစပ်.. ဂေါတမဗုဒ္ဓလက်ထက်မှာ.. အရက်သောက်ရင်း.. တန်းလန်း..တရားနာရပြီး… ရဟန္တာဖြစ်တော်မူတဲ့.. အမတ်တပါးရှိခဲ့ဖူးကြောင်း..

    အမေရိကန်တွေကိုယ်တိုင်က.. အမေရိကားကို.. ယူအက်စ်လို့ အသုံးများကြောင်း..
    အမေရိကားကို.. အမေရိကန်လို့.. တိုင်းပြည်နဲ့..နိုင်ငံသားအမည်..မှားခေါ်ကြတာ.. ကမ္ဘာမှာ… မြန်မာတွေပဲ…ရှိကြောင်း..
    .. နေ့စဉ်သုံးသတင်းစာများထဲပါ.. မှားသုံးနေကြောင်း…

    United States – Wikipedia, the free encyclopedia
    en.wikipedia.org/wiki/United_States
    The United States of America (commonly called the United States, the U.S., the USA, America, and the States) is a federal constitutional republic comprising fifty …

  • ရဲစည်

    August 21, 2012 at 1:54 am

    သိပ သဂျီးကို ကလိထိုးဖို့ စောင့်နေတာ ကြာပေါ့
    ဘယ်အချိန် ပေါ်လာမလဲလို့ ……………………
    ဒီမှာ ရေးထားတယ်လေ ” USA မှာ ( အမေရိကန်နဲ့ အမေရိက မခွဲတတ်လို့ ) ”
    အနော့် ဂိုဂယ်ခရုမ်းက ဘိုးတင်လို့မရဘူး နေပါစေတော့ ဆက်ဆွဲမယ် ……….
    သဂျီး အဆိုရ
    United State of America ‘s citizen ကို
    အမေရိကန်သားလို့ ခေါ်ရမလား
    အမေရိကသားလို့ ခေါ်ရမလား
    ဘာခေါ်ခေါ်ပါဗျာ လေးစားသမှု ရှိပါတယ်
    Americanese တော့ ခေါ်လို့မရမှန်း သိပ
    ကျနော် သိချင်တာက
    US မှာ ဆိနိတ်တာတွေ ၊ NSA ၊ CIA ၊ White House ၊ Home Land အဆုံး စစ်တပ်က နောက်ကွဲမှာ ထိန်းချုပ်မှု ဆိုတာထက်
    နောက်ကွယ်က ပါဝင်ပါတ်သက်မှု ရှိကို ရှိနေတယ်ဗျာ ( ဂိမ်းတွေ ရုပ်ရှင်တွေမှ ကိုးကားသည် )
    ဆိုတော့ ….
    လက်ရှိ မြန်မာ အစိုးရလည်း အဲလိုမျိုး အတုခိုးချင်သလားမှ မသိတာ ဟိဟိ
    အဆင်း ဘီးတပ်ပေးပါအုန်း ဂျီးဂျီးရယ်

    • kai

      August 21, 2012 at 2:58 am

      ကျုပ်အဆိုမဟုတ်.. 🙂
      တရားဝင်ခေါ်ရ..ခေါ်သင့်တာက..
      United State of America ‘s citizen (အမေရိကပြည်ထောင်စုတိုင်းပြည်နေ နိုင်ငံသား) ကို
      “အမေရိကန်”လို့ ခေါ်ရမယ်ဖြစ်ပါတယ်..။
      အမေရိကန်သည် လူမျိုးအမည်မဟုတ်ကြောင်း…
      =
      သမ္မတက.. စစ်တပ်ရဲ့အကြီးဆုံးရာထူးရှင် Commander-in-chief ဖြစ်ပါတယ်..။ တပ်ကိုစစ်တိုက်ဖို့.. သူကအမိန့်ပေးရတာပါ..။
      သမ္မတကို.. လူထုကရွေးကောက်တင်မြှောက်ပါတယ်..။
      ဒါကတချက်…

      မေးခွန်းတည့်တည့်ဖြေရရင်တော့….
      US မှာ ဆိနိတ်တာတွေ ၊ NSA ၊ CIA ၊ White House ၊ Home Land အဆုံး စစ်တပ်က နောက်ကွယ်ကနေမက.. ရှေ့တည်တည့်ကြိးကလည်း.. ထိန်းချုပ်ဖို့နေနေသာသာ.. ဘယ်ချောင်သွားကပ်နေသလည်းတောင် မသိပါ…
      – မတော်.. ဆိနိတ်တာ။ ကွန်ဂရက်မန်းတွေ စစ်တပ်ဘက်ဂျက်ဖြတ်ချလိုက်ရင်..မျိုးကန်းမယ်မဟုတ်လား..
      – NSA က.. ကာကွယ်ရေးဝန်ကြီးငှာနအောက်ကပါ..
      – CIA က.. Intelligence Community (IC) အောက်ကအဖွဲ့တခုသာပါ..။ IC ကိုတိုက်ရိုက်ကိုင်တာက.. ODNI(Office of the Director of National Intelligence) တဲ့..
      – White House က.. သမ္မတအိမ်ဖြုူတော်လေ..။ သမ္မတ.. သမ္မတရုံးခင်ဗျ..
      – Home Land ကလည်း.. ဝန်ကြီးဌာနတခုသာပါပဲ..

      • ရဲစည်

        August 21, 2012 at 9:30 am

        ဟိ ..ဟိ
        ထင်တော့ ထင်သား
        အဲလို ပြောမယ်လို့
        ဒါမှ နိူင်ငံသားပီသတာ
        တချို့ မပြောသင့် မပြောထိုက်တာတွေ မပြောတာဘဲကောင်းတယ်
        မဆိုသင့် မဆိုအပ်တာတွေ မဆိုတာဘဲ ကောင်းတယ်

        ကျေးကျေးပါ သဂျီး
        ကျနော်တို့ ရိုးရှင်းစွာ ပြောဆိုနေထိုင်တတ်ဖို့ ကြိုးစားရပေအုံးမည်။

  • အရီးခင်လတ်

    August 21, 2012 at 3:22 am

    ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ နားလည်သယောင် ဟန်လုပ် ဖတ်သွားပြီး သကာလ
    နှစ်ခါပြန် သေပျော်စေရန် ကွန်းမန့် ၂ဝမြောက်ကို ပေးလိုက်ရခြင်း ဖြစ်လေသည်။ 😀

    အမူးပြေပြီလား။ 🙂

    • ရဲစည်

      August 21, 2012 at 9:32 am

      ပြေပါပြီ အရီးရယ်
      များသော အားဖြင့်တော့ ကျနော်က ပေါက်တတ်ကရတွေ ရေးလို့
      ဖတ်တဲ့သူတွေ မူးနောက်ပီး စိတ်ရှုပ်မှာတော့ ဧကန်ပေါ့

      ကွန်းမင့် ၂ဝရပီဆိုတော့ သေပျော်ပါပြီ
      ခွစ် ခွစ် …………………………. 🙂

  • ma me kyaw

    August 21, 2012 at 10:11 am

    ကွန်မင်. ၂ဝရပီဆိုတော.သေသွားပီလားဟင် ထပ်ပေးလို့ရသေးလား

  • Shwe Ei

    August 21, 2012 at 11:36 am

    ကရဲစည်က နေ့တိုင်းလဲမူးတယ် နေ့တိုင်းလဲ မေတ္တာပို့တယ်လား ?

  • aung moethu

    August 21, 2012 at 11:46 am

    မူးမူးနဲ့ ရေးတာလား မသိ….။ ဒါမယ့် အမှန်တွေကို တွေ့ရတယ်ဗျ။

  • ရွှေ ကြည်

    August 21, 2012 at 12:13 pm

    တူလေးဗြဲစည် အဲလေ ရဲစည် နေ့တိုင်းကိုမူးတာပဲလားကွယ်။
    သေပျော်ပါပြီဆိုတော့နေများမကောင်းလို့လား 😀

  • ကြောင်ဝတုတ်

    August 21, 2012 at 12:43 pm

    ကိုရဲစည်ရေ….
    ကြွကြွ… ခင်ဗျားကြိုက်တဲ့အရက်ကိုလဲ တဝကြီးသောက်ပြီးဘီ…
    ခင်ဗျားလိုချင်တဲ့ ကော်မန့်လဲ (၁၀)ခုကျော်သွားဘီ… နင့်ဘဝက သေတာပဲအေးပါတယ်ကွယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • ရဲစည်

      August 21, 2012 at 12:51 pm

      ဟုတ်ကဲ့ ကျေးဇူးပါ
      Fat Cat လေးရယ် ( ခရစ်ဒစ်တူ ကိုရီးယား )
      ခုကြွပါဘီ ……….
      သူလေးရှိတဲ့ အရပ်

      ဃိန် … ဂိန် … ကိန်

  • Wow

    August 21, 2012 at 3:52 pm

    စိတ်ချလက်ချသေလို့ရဘီ ရဲစည်… လက်မလေးတစ်ချောင်းပါ ထောင်ပေးသွားတယ်… 😀

  • ဖိုးထောင်

    August 21, 2012 at 5:50 pm

    ကရဲစည် ရှင်တော်တော်မူးနေပြီထင်တယ် လာခဲ့စမ်း ဖရဲသီးနဲ့ဘဲဥကျွေးပလိုက်မယ် ဝမ်းလျှောအောင် ညွှတ်ညွှတ်ညွှတ်

  • အလင်းဆက်

    August 21, 2012 at 6:50 pm

    ဒီကနေ.. လှမ်း..ချွတ်လိုက်တယ် ..
    ကျွတ်စေ သတည်း….
    😀

    ကျွန်တော်လည်း..အခု မူးနေတယ်ဗျ ။

    အလုပ်က အပြန်..လိုင်းကား တိုးစီးလိုက်ရလို ့ ။

Leave a Reply