ကျောက်ဆစ် အလွမ်း

koyinAugust 20, 20124min1506
ကျောက်ဆစ် အလွမ်း
 
အသည်းကွဲကဗျာတွေချည်း ရေးနေရတာ
လက်ချောင်းတွေတောင် မျက်ရည်ဝဲတတ်ပြီ…
ချစ်သူအကြောင်း ရေးကြည့်ပေမယ့်
ဘယ်လိုနတ်ဆိုးက လာဝင်နှောင့်ယှက်နေသလဲ
နှစ်ကိုယ်တူကြည်နူးဖို့ အမြင်
စိတ်ကူးထဲမှာတောင် ယဉ်ကြည့်လို့မရ
ချစ်ခြင်းရဲ့ ရသဆိုတာ ဘာလဲဟင်…
မိန်းခလေးရေ…
သိရင် တစ်ချက်လောက် ပြောပြခဲ့စမ်းပါ..
ချစ်ဖူးပေမယ့် အချစ်မခံဖူးတဲ့သူတစ်ယောက်
လောကဓံဓါးအောက်မှာ နေတတ်နေခဲ့..
ကျေနပ်ပေမယ့်လည်း အဖြေခက်တဲ့ ပုစ္ဆာ
ရင်ဘတ်ကို လာလာနှိပ်စက်
တစ်ခါတရံ မက်ခဲ့ရတဲ့ အိပ်မက်တွေ
ဘယ်နေရာမှာ ကြေညာခွင့်ရာမလဲ…
အထီးကျန်ရင်း အကျည်းတန်ရင်း
မာန်တင်းလို့ အိပ်စက်တောင်
မနက်ဖန်တွေ အဓိပ္ပါယ်မဲ့လို့
နှစ်ချို့နေတဲ့ ရင်ဗလာ
ဘယ်သူများ လာခိုဝင်ချင်မလဲ…
တစ်ကိုယ်တည်း အလွမ်းတွေနဲ့
ဘောင်တွေ အမျိုးမျိုးခတ်
ပညာတွေ အများကြီး တတ်ခဲ့လည်း
ဒီအလွမ်းဇာတ်ကြီးထဲမှာ…
ငါ မချစ်တတ်ရင်လည်း ကောင်းလိမ့်မယ်…။
သူမ ပြန်ချစ်ခဲ့ရင်လည်း ကောင်းလိမ့်မယ်…။
 
တောက ကိုရင်
၁၃.၀၈.၂၀၁၂

6 comments

  • မောင်ပေ

    August 20, 2012 at 8:46 pm

    ကျောက်ဆစ်အလွမ်း
    မျောက်ပစ်ခန်း
    ခြောက်ဆစ်အနမ်း
    ပေါက်သစ်ပန်း
    နောက်နှစ်ထမ်း…

  • ma me kyaw

    August 21, 2012 at 10:20 am

    တောကကိုရင်…ကျောက်ဆစ်အလွမ်း…တင်ထားပြန်တော. ဖတ်သူအပေါင်း….လွမ်းမောရပေါ.

  • YE YINT HLAING

    August 21, 2012 at 12:37 pm

    လက်ချောင်း တွေတောင် မျက်ရည်ဝဲ တတ်တဲ့ ကိုရင်ရေ ! ဖတ်ရှုခံစား သွားပါတယ် ခင်ဗျား !

  • aye.kk

    August 21, 2012 at 8:12 pm

    အရင်းပြုထားတဲ့နှလုံးသားတခု။
    ကျောက်ဆစ်မှာထွင်းထုထားလို ့။
    အချစ်ဆိုတဲ့အက္ခရာစာသားမပျက်နိုင်လွန်းတဲ့အခါ။
    ကာလဆိုတဲ့အချိန်ကအလွမ်းငိုချင်းချသတဲ့။။(aye.kk)

  • kotun winlatt

    August 21, 2012 at 8:32 pm

    အော်…ချစ်တတ်လို့ နှလုံးသားက နုနယ်ပီး
    ကဗျာကောင်းကောင်းလေးတွေဖြစ်လာတာပေါ့လို့…။

Leave a Reply