မိတ်ဆက်ပါတယ်

pyopyo mayAugust 20, 20121min15527

မင်္ဂလာပါရှင်

ကျွန်မနာမည်  ပျိုပျိုမေ – ပါ

မန ္တလေး ဂေဇက် ကိုု စွဲလန်းလွန်း လို့ နေ့တိုင်း ဝင်လည် ဖြစ်ပါတယ် ၊

ဂေဇက်ရွာ ကြီးက ကျွန်မ အတွက် တော့ ဗဟုသုတ ဟင်းလေးအိုး ကြီးပါပဲ ၊

ရွာသူ ရွာသား တွေ ရင်းရင်းနှီနှီး ပြောကြ ဆိုကြ ငြင်းခုံ ကြ ၊ ဆွေးနွေးကြ တာ တွေ ကို

ကြည့်ရတာ အရမ်း ပျော်စရာ ကောင်းပါတယ်

ဒါကြောင့်   ကျွန်မလည်း  ရွာသူှရွာသား တွေနဲ့ ရင်းနှီးလိုစိတ် ၊ ပြောဆိုဆွေးနွေးလိုစိတ်

တွေ ဖြစ်ပေါ်လာတာကြောင့်  ကျွန်မကို ဂေဇက်  ရွာသူ အဖြစ် အသိ အမှတ် ပြု ပေး ကြပါ လို့ ပြောဆိုရင်း

မိတ်ဆက် လိုက်ပါတယ်ရှင်                                                      ့

 

27 comments

  • မဟာရာဇာ အံစာတုံး

    August 20, 2012 at 9:58 pm

    နာမည်မြင်တော့
    ဗဒင်ရဲ့ ဟိုသီလေးကိုတောင် သွားပြီး သတိရမိသေး ..
    ဘာတဲ့ ..
    ♫ .. ပျိုပျိုမေ ရဲ့ .. ♫ .. ♪ .. မြဲမြဲခိုင်တဲ့ .. ♫ .. ♪ .. ကျောက်ရုပ်တွေတောင် .. ♫ .. ♪ ..
    ဘာညာ သာရကာပေါ့ဗျာ ..
    ထားပါ …

    ပျိုပျိုမေ ကို ကြိုဆိုပါတယ်နော့ ..
    ပျိုပျိုမေ ရေးသားမယ့် ပို့စ်များကိုလည်း စောင့်မျှော်နေပါတယ်နော့ ..
    ကျုပ်ကလည်း လူသစ်ပါနော့ .. :mrgreen:

    • pyopyo may

      August 21, 2012 at 8:41 pm

      ပျိုပျိုမေ မိတ်ဆက်တာကို
      ပထမ ဦးဆုံး လက္ခံ ကြိုဆို ပေးတဲ့
      ကိုအံဇာ ကို ကျေးဇူးတင်ပါတယ် ၊
      ပိုစ့် လေးတွေ တင်ဖို့ လည်းကြိုးစား နေပါတယ်

  • htoosan

    August 20, 2012 at 10:16 pm

    တယ် မိုက်တဲ့ ကလေးမ ကိုး … ကြောင်အုပ်စု ကို မှ မကြောက် .. ပျို ပျို မေ လို့ ကြေညာနေသေးတယ်.. ..ဦး ကြောင်ကြီးတစ်ယောက် နုုတ်ခမ်းမွှေး သပ်နေလောက်ပြီ…. 😀 😀
    ကြိုဆိုပါတယ် ပျိုပျိုမေ ရေ..

    • pyopyo may

      August 21, 2012 at 9:33 pm

      ပျိုပျိုမေ
      စိုစိုပြေ
      နဂိုအနေ တော့ မဟုတ်ဘူး
      ကျွန်မက
      ကလေး သုံးယောက် အမေ၊

  • padonmar

    August 21, 2012 at 12:09 am

    ပျိုပျိုမေ အလည်အပတ်ထွက်တယ် မော်တော်ကားနဲ့ရယ်…………..
    ဟိုယခင်ကျောင်းပိတ်တဲ့ရက်ကကွယ်
    ရှမ်းပြည်ကို တောင်ပိုင်းရော မြောက်ပိုင်းရောကွယ် နှံ့ခဲ့တယ်။

    • pyopyo may

      August 21, 2012 at 8:46 pm

      ပျိုပျှိုမေ အလည်အပတ် မထွက်နိုင် သေးပါဘူး မပဒုမ္မာ ရယ်
      အခု လောလောဆယ် တော့ ကိုယ်မလုပ် ချင်တော့ တဲ့
      အလုပ် တစ်ခုက ထွက်ထားပြီး စိတ်လေနေတယ်

  • ko khin kha

    August 21, 2012 at 9:17 am

    မင်္ဂလာအပေါင်းနဲ့ အမြဲပြည့်ပါစေလို့—။
    ( ဂေဇက်ရွာ ကြီးက ကျွန်မ အတွက် တော့ ဗဟုသုတ ဟင်းလေးအိုး ကြီးပါပဲ ၊)
    တခါတရံ ဟင်းငံသွားတာတို့ ချဉ်သွားတာတို့ ဖြစ်သွားမှ မဲ့ မှာတော့စိုးရတယ်။

    • pyopyo may

      August 21, 2012 at 9:20 pm

      မင်္ဂလာပါ ကိုခင်ခ – ရေ
      ဂေဇက် ရွာ ကြီးက – ချို ၊ ချဉ် ၊ ငံ ၊ စပ် ၊ ခါး –
      ရသာစုံ တဲ့ ဟင်းလေးအိုး ကြီး မှန်း ရွာထဲ မဝင်ခင် ကတည်းက သိထားပါတယ်
      ပျိုပျိုမေ က သွေးတိုးရှိ တော့ ဟင်း ငံ တဲ့ အခါလည်း မစား ပဲ ရှောင်လိုက်မှာ ပေါ့

  • ma me kyaw

    August 21, 2012 at 10:00 am

    ပျိုပျိုမေရေဂေဇက်ရွာကြီးကအကျယ်ကြီးနော် လမ်းပျောက်သွားမယ်အလည်မလွန်စေနဲ.

    • pyopyo may

      August 21, 2012 at 8:55 pm

      မမီ ရေ
      ရွာထဲကို ရောက်ဖူးကာစ မိ်ု့
      ရွာအနှံ့ တော့ လျှောက်လည်ချင်သား၊ ဒါပေမဲ့
      ပျောက်သောလမ်းမှာ စမ်းတဝါး
      မဖြစ်စေဖို့ လမ်းပြပေးကြ ပါအုံး နော်

  • manawphyulay

    August 21, 2012 at 10:01 am

    လှမ်းလို့မခေါ်လဲ ရောက်ရောက်လာခဲ့
    ပျိုပျိုမေရေ….
    ကြို … ကြို.. နေမယ်….

    • pyopyo may

      August 21, 2012 at 9:01 pm

      ပျိုပျို လာမယ် ဆိုလို့
      ကာဖီ ရေ တွေဖျော် လို့

  • YE YINT HLAING

    August 21, 2012 at 12:25 pm

    “ကြိုနေတယ် မိုးသည်းထဲ မှာကွယ် — ” သီချင်းလေး တွေနဲ့ ကြိုဆိုနေကြတာတွေလို့ ! သီချင်း လေးနဲ့ မင်ဂလာပါ လို့ နှုတ်ဆက်ကြိုဆိုလိုက်ပါတယ်ဗျာ !

  • ဟိန်း ဝင်း (ထားဝယ်သား)

    August 21, 2012 at 1:52 pm

    ပျိုပျိုမေ
    အီကိုဖေ
    ကြိုဆိုနေ

  • ဘဲဥ

    August 21, 2012 at 6:02 pm

    ဟုတ်ကဲ့ပါ
    မိတ်ဆက်ပီးရင် မိတ်………..
    ဟဲဟဲ မင်ဂါဘာနော်

  • pu ma

    August 21, 2012 at 9:56 pm

    ပျိုပျိုမေရေ
    ကြိုဆိုပါတယ်၊အမတို့လဲလူသစ်တွေပါ
    ခုထိစာဖတ်သူပဲရှိသေးတယ်၊ကလေးတွေဆိုတော့ရေးသာရေးပါ
    အားပေးနေမယ်(သတိ ရွာထဲကဘဲငန်းတွေကိုတော့လွတ်အောင်ရှောင်နော်)

  • pyopyo may

    August 22, 2012 at 12:06 am

    မ ပုမ – ရေ
    ရွာထဲကို ဝင်သာဝင်လာရ တယ်
    အားက ခပ်ငယ်ငယ်ရယ်
    အခုလို ကြိုဆို တဲ့ အတွက် ရယ် ၊ သတိပေး တဲ့ အတွက်
    ကျေးဇူး ပါနော် –

  • aye.kk

    August 22, 2012 at 8:05 am

    ပျိုပျိုမေ,…ရေ။
    ရေးမဲ့စာတွေအားပေးဖတ်ရှူဘို ့အသင့်ပါဘဲနော်။

    • pyopyo may

      August 23, 2012 at 2:04 am

      aye.kk ရေ

      ဂေဇက် ရွာသူရွာသား တွေ ကို အားကျ လို့
      အခုမှ စာကို စမ်းပြီး ရေးဖို့ ကြိုးစားနေတာ
      အားပေးနော်

  • ကြောင်ကြီး

    August 22, 2012 at 8:24 am

    ကြောင်ကြီးမှာလည်း ခလေးသုံးယောက်နဲ့ပါပဲ၊ နှစ်ယောက်ပေါင်း ခြောက်ယောက်ဖြစ်သွားအောင် ပြောနေကြာတယ်..အချိန်ရှိခိုက် လုံ့လစိုက်လိုက်ရအောင်..ဟေးလားမောင်တို့ဝါး…

    • pyopyo may

      August 23, 2012 at 1:26 am

      ကြောင်ကြီး
      ဗြောင်မဖြီးနဲ့
      တောင်ကြီးက
      လျောင်ကီးထ
      အချောင်တီး မကွ
      လောင်မီးကျ
      မောင်ကြီးမှ

  • နွေဦး

    August 22, 2012 at 1:22 pm

    ရွာထဲရောက်စ လူပေါင်းမမှားစေနဲ့..
    ရေမြေသစ်မို့ ရေချိုးမမှားစေနဲ့..
    ဒေသသစ်မို့ အစားမမှားစေနဲ့..
    လူပေါင်းမှားက စကားရှင်းရတတ်သည် ။
    ရေချိုးမှားက အဖျားအနာ ဖြစ်တတ်သည် ။
    အစားမှားက ရင်ပြည့် ရင်ကယ် ဖြစ်တတ်သည် ။

    • pyopyo may

      August 23, 2012 at 1:44 am

      နွေဦး ရေ
      အခုလို သတိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်
      မမှားအောင် ဆင်ဆင်ခြင်ခြင် နေပါ့မယ် နော်

  • mayjuly

    August 22, 2012 at 3:51 pm

    ကြိုဆိုပါတယ် အစ်မရေ …

    ကလေးသုံးယောက်ဆို တော့ အစ်မပဲ ခေါ်လိုက်တယ်နော် …

    အသက်ကြီးမကြီးတော့ မသိပါဘူး .. ဝါ ကတော့ ကြီးနေတယ်ဆိုတော့လေ .. 😀

    • pyopyo may

      August 23, 2012 at 1:56 am

      အင်း — အသက်ကလား
      ဘယ်လိုပြောရမလည်း
      ရတယ်- ရတယ်
      ညီမလေး mayjuly ကြိုက်သလိုခေါ်

Leave a Reply