KEY NET လို ့ပြောရမလား၊ ရွှေသံလွင်လို ့ဘဲဆိုရမလား???

အခုတစ်လောလူပြောများနေတဲ ့ကိစ္စကတော့ သူ ့ရဲ  ့ဂြိုလ်တုပြောင်းလဲမှာဖြစ်တဲ့အတွက် လစဉ်ကြေးပေးပြီး sky net ကြည့်ရှုနေကြတဲ့ မိဘပြည်သူများ စလောင်းထိပ်ဖူးပြောင်းလဲ တပ်ဆင်ရမှာမို ့ကျပ် ၈၀၀ဝ ပေးပြီးထိပ်ဖူးပြောင်းရဦးမယ်တဲ့ဗျ။

လူးပါးဝတယ်လို ့ဘဲပြောရမလား? ခြံစည်းရိုးထင်းခွေတယ်လို ့ဘဲဆိုရမလား? သူ ့ဂြိုလ်တုပြောင်းလဲဖို ့အတွက် လစဉ်ကြေးပေးပြီးကြည့်နေတဲ့သူတွေက စရိတ်ခံပေးရမယ့် သဘောပေါ့ဗျာ။

တစ်လုံးကို ၈၀၀ဝ ကျပ်ဆိုရင် အလုံးရေ တစ်သိန်းဆို သိန်းပေါင်း ၈၀၀ဝ ထပ်ရှာတဲ့သဘောပေါ့။

အဲဒီလိုသာ သိန်း ၈၀၀ဝ ထပ်ရှာတာ ၊ ဘောလုံးပွဲတွေကျတော့ အခုထိ အင်္ဂလန် premier league ပွဲတွေကို MRTV4 တို ့chanel 7 တို ့လောက်တောင် လွှင့်ပေးနိုင်တဲ့ အဆင့်မရှိသေးဘူး။

စရိတ်ချွေတာချင်လို ့ထပ်ဆင့်ထုတ်လွှင့်ခ အကုန်အကျ မခံချင်တာလား?

စီမံခန် ့ခွဲမှု Management ညံ့ဖျင်းလို ့ဘဲ ဘောလုံးပွဲရာသီအချိန်မှီလွှင့်မပေးတာလား? ဆိုတာကတော့ စဉ်းစားစရာပေါ့ဗျာ။

ဘာဘဲဖြစ်ဖြစ် ဘောလုံးပွဲကိုသာ စောင်းပေးကြည့်ရှုချင်ရင်တော့ လစဉ်ကြေးထည့်ဝင်တာတွေရပ်ဆိုင်းပြီး တစ်ခြားဈေးနှုန်းပိုသက်သာတဲ့လိုင်းတွေဖြစ်တဲ့  5 network, တို ့၊ channel 7 တို ့၊ MRTV 4 တို ့နဲ ့သာစခန်းသွားကြပါလို ့ဘဲ အသိပေးချင်ပါတယ်။

သူဘယ်လိုဘဲ စီးပွားရှာရှာ၊ ရေရှည်မှာတော့ ကြည့်ရှု အားပေးတဲ့ ပြည်သူတွေက အဆုံးအဖြတ်ပေးသွားမှာပါ။

 

About YE YINT THU

YE YINT THU has written 14 post in this Website..