လူပါးဝတဲ့ SKY NET

YE YINT THUAugust 21, 20121min22217

KEY NET လို ့ပြောရမလား၊ ရွှေသံလွင်လို ့ဘဲဆိုရမလား???

အခုတစ်လောလူပြောများနေတဲ ့ကိစ္စကတော့ သူ ့ရဲ  ့ဂြိုလ်တုပြောင်းလဲမှာဖြစ်တဲ့အတွက် လစဉ်ကြေးပေးပြီး sky net ကြည့်ရှုနေကြတဲ့ မိဘပြည်သူများ စလောင်းထိပ်ဖူးပြောင်းလဲ တပ်ဆင်ရမှာမို ့ကျပ် ၈၀၀ဝ ပေးပြီးထိပ်ဖူးပြောင်းရဦးမယ်တဲ့ဗျ။

လူးပါးဝတယ်လို ့ဘဲပြောရမလား? ခြံစည်းရိုးထင်းခွေတယ်လို ့ဘဲဆိုရမလား? သူ ့ဂြိုလ်တုပြောင်းလဲဖို ့အတွက် လစဉ်ကြေးပေးပြီးကြည့်နေတဲ့သူတွေက စရိတ်ခံပေးရမယ့် သဘောပေါ့ဗျာ။

တစ်လုံးကို ၈၀၀ဝ ကျပ်ဆိုရင် အလုံးရေ တစ်သိန်းဆို သိန်းပေါင်း ၈၀၀ဝ ထပ်ရှာတဲ့သဘောပေါ့။

အဲဒီလိုသာ သိန်း ၈၀၀ဝ ထပ်ရှာတာ ၊ ဘောလုံးပွဲတွေကျတော့ အခုထိ အင်္ဂလန် premier league ပွဲတွေကို MRTV4 တို ့chanel 7 တို ့လောက်တောင် လွှင့်ပေးနိုင်တဲ့ အဆင့်မရှိသေးဘူး။

စရိတ်ချွေတာချင်လို ့ထပ်ဆင့်ထုတ်လွှင့်ခ အကုန်အကျ မခံချင်တာလား?

စီမံခန် ့ခွဲမှု Management ညံ့ဖျင်းလို ့ဘဲ ဘောလုံးပွဲရာသီအချိန်မှီလွှင့်မပေးတာလား? ဆိုတာကတော့ စဉ်းစားစရာပေါ့ဗျာ။

ဘာဘဲဖြစ်ဖြစ် ဘောလုံးပွဲကိုသာ စောင်းပေးကြည့်ရှုချင်ရင်တော့ လစဉ်ကြေးထည့်ဝင်တာတွေရပ်ဆိုင်းပြီး တစ်ခြားဈေးနှုန်းပိုသက်သာတဲ့လိုင်းတွေဖြစ်တဲ့  5 network, တို ့၊ channel 7 တို ့၊ MRTV 4 တို ့နဲ ့သာစခန်းသွားကြပါလို ့ဘဲ အသိပေးချင်ပါတယ်။

သူဘယ်လိုဘဲ စီးပွားရှာရှာ၊ ရေရှည်မှာတော့ ကြည့်ရှု အားပေးတဲ့ ပြည်သူတွေက အဆုံးအဖြတ်ပေးသွားမှာပါ။

 

17 comments

  • htoosan

    August 21, 2012 at 10:17 am

    သိပ်ပြီး အထင် မbig နဲ့ ဗျို့ .. အကုန် သူ မသာ .သူ အသုဘတွေဘဲ ။
    5 net work လည်း ကဒ် ကုန်လို့ သက်တမ်းတိုးတာ တက်မလာလို့ ပြောတော့ ကဒ် ပျက်နေပြီတဲ့ ။ ကဒ်ဖိုးထပ်ပေးလိုက်ရတယ် ။ သူ့ဟာသူ စက်ထဲနေတဲ့ကဒ် ပျက်တာ free အစားထိုးပေးသင့်ပါတယ် ။
    premier league / sky net က မလွှင့်တာတော့ ဝေစားမျှစား တွေ လုပ်တာ နေမှာ။။

  • မောင်ပေ

    August 21, 2012 at 10:24 am

    ထိပ်ဖူးပြောင်း
    လိပ်ဘူးတောင်း
    စိတ်ကူးဟောင်း
    မနိပ်ဖူးရောင်း

  • ဦး ဂျစ်

    August 21, 2012 at 12:34 pm

    လိမ်စားညာစား မလုပ်ကြပါနဲ့တော့ နက်ပိုင်ရှင်များရယ်…
    ကျုပ်တို့မလဲ အနောက်ကလိုက် လိုက်နေရင်းနဲ့ပဲ လုံးပါးပါးရပါတော့မယ်…ဒီတော့ဗျာ …
    ဒီအတိုင်းပဲ ဆက်ကြည့်နေတော့မယ် ၈၀၀ဝ ပေးပြီး ထိပ်ဖူး မတပ်တော့ပါ …

    • the best

      August 22, 2012 at 9:01 am

      အောက်တိုဘာလကုန်ရင် မပြောင်းတဲ့သူတွေ ဘာမှကြည့်လို ့မရတော့ဘူး။
      ဂြလ်တုပြောင်းသွားပြီ။

  • ဟိန်း ဝင်း (ထားဝယ်သား)

    August 21, 2012 at 1:47 pm

    ထိပ်ဖူးပြောင်းပီးပီလေ …. ထိပ်ဖူးခက 3000 … service charges က 5000 …. ပေါင်း 8000 … ကဲ … ကောင်းရော

  • kai

    August 21, 2012 at 2:25 pm

    အင်ဖရာစရပ်ချာမှ… မရှိတာဗျ..
    ခင်ဗျားတို့..စိုက်ပြီး..လက်ပူဆက်တိုက်ရတာပေါ့…

    ဆိုတော့..
    ဒါတွေက.. အစိုးရတာဝန်ဖြစ်ကြောင်း….

    စကားအတင်းစပ်..
    မြန်မာပြည်ကိုဝင်တဲ့အင်တာနက်လိုင်းကြီးတွေထဲ.. ဘက်ခ်ဘုမ်းလိုင်းကိုချိပ်တာမှာ.. မြန်မာတွေလုပ်တဲ့.. မြန်မာပိုင်လိုင်းတွေများ ရှိသလား..
    ဘယ်နှခုရှိသလည်း..
    စီမီဝီ..အဝင်ကို.. ဘယ်သူပိုင်သလည်း..
    ဖြေကြည့်ပါ့…

  • ဖိုးထောင်

    August 21, 2012 at 5:42 pm

    တရုပ်စစ်စစ်ပိုင် စကိုင်းနက်ဖြစ်ပါကြောင်း lsp ပေးတာတောင် တရုပ်မှပြန်ပေးတယ် မြန်မာတိုင်းရင်းသား ငွေတတ်နိုင်တဲ့လူ စဘော်တင်တာတောင် မပေးဘူးဗျ ညွှတ်ညွှတ်ညွှတ်

  • kotun winlatt

    August 21, 2012 at 8:54 pm

    အင်းးးဗျာ….
    ပြည်သူတွေကို အချဉ်ထင်နေကြတာ….
    ဒါမျိုးမရိုးမသားလုပ်ရင်တော့ ကြာကြာမခံပါဘူးဗျာ…

    • the best

      August 22, 2012 at 12:15 am

      စိတ်မကောင်းစရာက
      မြန်မာပြည်မှာ မရိုးမသားလုပ်မှ ကြာကြာခံတယ်ဗျ။

  • Hnin Hnin

    August 21, 2012 at 8:54 pm

    သူတို့ပြောတဲ့ ထိပ်ဖူးဆိုလား..ဘာလား…အဲဒါတော့ လဲပြီးသားထားခဲ့တာပဲ..
    ပြေစာမှာလည်း LNB 3000(ထိပ်ဖူးပေါ့), Services 5000 , Total Amount 8000
    လို့ပါတယ်။ ”တန်ဖိုးထက် လက်ခကြီး” ဆိုသလိုပဲ။ ပြေစာကြည့်ပြီး အစာမကြေ။
    3000 ရောင်းပြီး ဘာလို့ ၅၀၀ဝ က ယူနေသေးလဲ၊အလကားတောင်လုပ်ပေးရမှာနော်။
    လာတိုင်းပဲ ယူနေတာ။ စသုံးကာစ လိုင်းပျောက်ရင် သူတို့ပြောတဲ့အတိုင်းလုပ်ကြည့်၊
    အကျွမ်းတဝင်မရှိ၊ အဆင်ကမပြေနိုင်၊ လိုင်းကမမိ၊ အဲဒီတော့ခေါ်မိ။ ၅၀၀ဝ ပေးတော့
    အန်ကယ်ရယ် ၈၀၀ဝ တော့ပေးပါတဲ့။ ဟ..မင်းတို့ဟာက များလှချည်လားဆိုတော့
    အန်ကယ်ရယ် နှစ်ယောက်မို့ပါတဲ့။ အဲဒါနဲ့ ၈၀၀ဝ ပေးလိုက်ရတယ်လို့ ဖေဖေက
    ပြောပြဖူးတယ်။ စပေါ်ကာစကဆိုတော့ ဒီလိုပြေစာပေး၊ မပေးတော့ မသိ။
    မှတ်မိသွားတာ Share ပါ၏။

  • ဆူး

    August 22, 2012 at 9:13 am

    စကိုင်းနက်က ရှိုးပွဲတွေ Live ပြလို့ ဒီတခါ 5Moive သက်တမ်းကုန်ရင် သူ့ကို ဝယ်ကြည့်မလား စိတ်ကူးနေတာ.. စကိုင်းနက် တော့ ဒီတချီ တော်တော် နာမည်ပျက်ပြီ ထင်တယ်။

    RSP လုပ်ငန်း စပ်တူ လုပ်တဲ့ လူတွေ တိုင်းရင်းသား ပေးတာ မပေးတော့ မသိဘူး။ အဲဒါကြီးယူထားတဲ့ လူငြီးတာတော့ အစပိုင်းက သတင်းကြားမိတယ်။ စပေါ ပိုက်ဆံ တင်ပေးရတယ်။ ပြီးတောါ့ မြို့နယ်နဲ့ တွက်ပြီး ဒီမြို့နယ်/တိုင်းမှာ ဖြုန်းအား ဘယ်လောက် ရှိနိုင်တယ် ဆိုပြီး လစဉ် အဲဒီ စက်တွေ ကုန်ကုန် မကုန်ကုန် ယူခိုင်းတယ်။ ငွေက လက်ငင်းပေးရတယ် မရောင်းရသေးပဲ ထပ်ယူရတော့ စရိတ်တွေ ထမ်းရလို့ စိတ်တွေ ညစ်ပြီး ငြီးနေတာတော့ ကြားမိတယ်။

  • Uncle Lay

    August 22, 2012 at 9:51 am

    SKY NET ယခုနှစ် ပရီးမီးယားလိဂ်ပွဲစဉ်များ မလွှင့်တော့…………။

    ်Foverever Group က ယင်းဘောလုံးပွဲစဉ်များကို တစ်ဦးတည်းမူပိုင် ထုတ်လုပ်ခွင့်ရရှိသွားခြင်းကြောင့်ဖြစ်သည်..။

    7 Day News
    Vol-11,No.24

  • နွေဦး

    August 22, 2012 at 1:13 pm

    Sky Net ရဲ့ ထိပ်ဖူးကြီး “လဲပြီး”တော့ ကြည့်ကောင်းပါ့မလား..

  • zawgyi min

    August 22, 2012 at 2:18 pm

    ခင်များတို့ဆီမှာ 8000 တင်ပေးရတာ။
    ကျုပ်တို့မုံရွာမှာ သူတို့ sky net က 10000 တောင် တောင်းသွားတယ်။
    တကယ်ထိပ်ဖူးဖိုးက 4000ပေးရတာ။ စက်ကို software ပြောင်းတာ လက်ခမပေးရပါဘူး။
    ီဓါးမဖိုးထက် လက်ခကတောင် ဈေးကြီးနေသေးတယ်။

  • mayjuly

    August 22, 2012 at 4:00 pm

    မြန်မာနိုင်ငံက ရိုက်စားနည်းလေးတွေ လေ …

    ပုံသေနည်းတွေပါ ..

    အထူးအဆန်းတော့ ဟုတ်မထင် … 😀

  • ကိုသင်း

    August 23, 2012 at 1:33 am

    ဗောက်(စ)ဝက်ဂွန်ကား အရောင်းကိုယ်စားလှယ်
    တစ်ဦးပြောဖူးတာက”………ကျွန်တော်တို ့မှာ အကြိးဆုံး
    အားနည်းချက်တစ်ခုရှိပါတယ်၊ဒါဘာလဲဆိုရင် သူများကား
    တွေထက် ပိုဈေးကြိးနေတာပါပဲ”
    Sky Net သည်လည်း………………..

  • နေဝန်းနီ

    August 23, 2012 at 9:30 pm

    လူပါးဝတာက SKY NET တစ်ခုထဲမဟုတ်ပါဘူး…။ အားလုံးပဲ အားလုံးပဲ….။ အားလုံးအတူတူချည်းပဲ….။ တစ်ယောက်တစ်မျိုး ….။ ပြောရရင် ပို့စ်တစ်စောင်မက တစ်ထောင့်တစ်ည ပုံပြင်ပါ ထိုင်ငိုသွားရမယ်….။ ဟင်းးးးးးးးး မပြောချင်လို့ကြည့်နေတာ အ,တယ်များမှတ်နေလား မသိပါဘူး…. ….။

Leave a Reply