နားစည်ကိုထွင်း နှလုံးသားအတွင်းဝင် သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော (အပိုင်း 10)

မြန်မာပြည်ရဲ့စတီရီယိုလောကအစမှာတုံးတော့ သီချင်းတော်တော်များများ ဟာကော်ပီနဲ့အစပြုခဲ့ပါတယ်။
ကိုယ်ပိုင်သံစဉ်ရှိတယ်ဆိုပေမဲ့နည်းပါတယ်။
ဒါပေမဲ့ ထီးဆိုင်တို့ စိုင်းခမ်းလိပ်တို့ကစလို့ ရိုးရှင်းတဲ့စကားလုံးတွေ သာမန်လူတွေနေ့စဉ်သုံးနေတဲ့စကားတွေကိုသုံးလို့ ကိုယ်ပိုင်သံစဉ်တွေနဲ့ လှပတဲ့သီချင်းလေးတွေရေးဖွဲ့တာကို နားထောင်သူတွေက လက်ခံလာကြပါတယ်။
ဒါတောင် လားရှိုးသိန်းအောင် ဆိုတဲ့(နေပါအုံးလို့ပြောမထွက်တယ် လယ်သူမလေးချစ်သူကိုခွဲရတော့ကွယ်)ဆိုတဲ့သီချင်းနဲ့
ထီးဆိုင်ဆိုတဲ့(ဟိုတုန်းကမတွေ့ကြရင် ကိုယ်တို့ဇာတ်လမ်းလေးဟာလေတစ်မျိုးဖြစ်ခဲ့မယ်)သီချင်းနှစ်ပုဒ်က သံစဉ်အလိုက်တူနေတာကိုတွေ့ရပါတယ်။
ဒါကိုဘယ်သူက မှ ဘာကြောင့်လို့ဖြေရှင်းတာ စောဒကတက်တာ မတွေ့ပါ။
တူတာကိုတူတယ်လို့သဘောထားလို်က်ကြတော့လဲအေးဆေးပါ။

ကိုယ်ပိုင်သံစဉ်အကြောင်းပြောမယ်ဆိုရင် ကျနော်ရင်ထဲကို စူးနစ်စွာရောက်လာဘူးတဲ့ (ခင်ဝမ်း)ကစရမယ်ထင်ပါတယ်။
(ပြင်သစ်ကတောင်ပြန်လာတယ် ပန်းချီလဲဆွဲတယ် စာလဲရေးတယ်လို့ကြားဘူးပါတယ်)

အရင်က (နုတ်ဆက်ခဲ့ပါတယ် ကျနော်သွားတော့မယ် လမ်းရဲ့သယ်ဆောင်ရာ ဟိုအဝေးကို………………….)ဆိုတဲ့စာသားလေးတွေကို
အဆောင်ရှေ့ကဂစ်တာဝိုင်းမှာကြားနေပေမယ့် ဘယ်သူ့သီချင်းဆိုတာ မသိခဲ့တာအမှန်ပါှ
ဒီဂီတနဲ့ပါတ်သက်တဲ့အလုပ်ကိုလုပ်မိမှ ဒါက (ခင်ဝမ်း)ဆိုတဲ့သီချင်းတွေပါလားဆိုတာသိလာပါတယ်။
သူရဲ့နှင်းဆီဖြူရဲ့အဝေးကလူတစ်ယောက်ဆိုတဲ့ ဆီးရီးစ်မှာ(အချစ်ကိုရင်း၍)ဆိုတဲ့သီချင်းမှာနောက်ကနေဟာမိုနီလိုက်ပေးတဲ့(ရင်းကီး)ရဲ့
(ဟာ…….ဟ…ဟာ….ဟာ)ဆိုတဲ့အသံပါးပါးလေးက အခုပြန်ပြောနေရင်းတောင် နားထဲမှာကြားနေပါတယ်။
ဒီသီချင်းကို ရင်ဂိုပြန်ဆိုတော့ သည်လှပတဲ့ ဟာမိုနီအသံလေး မပါတာကိုတွေ့ရပါတယ်.။
ခင်ဝမ်းရဲ့ (ကောလိပ်နေ့ရက်များ)ဆိုတဲ့သီချင်းထဲမှာ
(အပေါ်ထပ်က အသဲကွဲသီချင်းကို တီးခတ်လိုက်တော့ နှင်းတွေဟာပိုမိုသိပ်သည်းလို့လာတယ်)ဆိုတဲ့မျက်ရည်ကျတာကို သွယ်ဝို်က်သောနည်းနဲ့ပြလိုက်တာကတော့ သိပ်လှပတဲ့စာသားလေးပါ။
(ခင်ဝမ်း)ရဲ့နာမယ်အကြီးဆုံးသီချင်းများ ကျနော်နှစ်သက်တဲ့သီချင်းများကတော့
(ဧရာဝတီ။ နုတ်ဆက်ခဲ့ပါတယ်။ ပြည်မှာဆောင်း။မမချစ်။ခုနှစ်ပြည်ထောင်။မြားဘုရင်။နဒီမင်္ဂလာ။သောင်ကမ်းခြေ)
(ဆယ်လမွန်ငါးတို့အပြန်။မိုးတွေရွာစွေ။မိန်းကလေးများနဲ့စကားပြောရတာ တော်တော်ဘဲခက်တယ်)တို့ဖြစ်ပါတယ်။
(အဝါရောင်မိုးဖွဲလေးအောက်မှာ တွေ့ခဲ့သူရယ် ချည်နှောင်တဲ့ သမုဒယကြိုးက ရစ်ဖွဲ့နှောင်တွယ်…………………
တောင်စဉ်တောင်တန်းတွေ ပြာရီအုံ့မိူင်းနေ စာသင်ကျောင်းလေးတစ်ကျောင်းရှိလို့နေ တောင်ပေါ်သူလေးရေ ဆရာမလေးရေ…)
ဆိုတဲ့ (တောင်ပေါ်ဆရာမလေး)သီချင်းက သံစဉ်စာသားလှပပေမဲ့ ခင်မောင်တိုးပြန်ဆိုတဲ့(ခုနှစ်နှစ်တာ သီချင်းများ)ထဲမှာ
ပါမလာပါဘူး။
အခုချိန်မှာ အားလုံးကိုနုတ်ဆက် လူလောကကြီးကိုစွန့်ခွာလို့တမလွန်မှာ ကိုယ်ပိုင်သံစဉ်သီချင်းတွေရေးဖွဲ့သီဆိုနေအုံးမယ်ထင်ပါတယ်။

ခင်ဝမ်းပြီးရင် ကိုယ်ပိုင်သံစဉ်တွေနဲ့အောင်မြင်သော အသံအားကောင်းကောင်း အသံလုံလုံ အသံရှည်ဘယ်လောက်ဆွဲဆွဲနစ်ဝင်မသွားသော
သီချင်းဆိုရင်းဂစ်တာတီးတဲ့အခါမှာ ဂစ်တာကြိုးတွေကိုခတ်တဲ့လက်က ဝလုံးဝိုင်းသလိုမြင်နေရအောင်လက်ကို လှုပ်ယှားတတ်တဲ့
အကျီအကွက်လက်တိုလေးတွေကိုနှစ်သက်လို့ရိုးရိုးလေးဝတ်ပြီးစင်ပေါ်မှာ သီချင်းတွေကိုအားရပါးရ မနားတမ်းဆိုတတ်တဲ့
ထိမိသော လေးနက်သော စာသားတွေနဲ့ မြင့်တယ်လို့ပြောလို့ရတဲ့သီချင်းတွေကိုသာ ဆိုတဲ့သူကတော့ (ခိုင်ထူး)ပါ။
မောင်သစ်မင်းရဲ့စာသား (အများနှယ်မပျော်ပါး ပါလားကွယ် ကမ္ဘာထောင့်ကြားနေရာလေးမှာ လောကကိုငေးမောကြည့်နေသလို အာခံတွင်းထဲငုံကထားတဲ့တေးတပုဒ်တော့ရှိမယ်ထင်ရဲ့………………လို့ဆိုတဲ့ (တေးမြုံငှက်)ကလေးပါ။
(စဉ်းစားထား။ စိုးစံစားစေ။နောက်ဆုံးအိပ်မက်။အဉ္ဇလီ။ရွှေလသာမှ။မိုးရဲရင်ဆောင်းရဲရမယ်။ခတ္တာ။)
(စစ်ကိုင်းလမ်း။ဘယ်သူမှမကောင်းဘူး။အချစ်သီချင်း)တွေကတော့ ပြောစရာမရှိအောင်ကောင်းတဲ့သီချင်းတွေပါ။
ကွယ်လွန်သူ သန်းဌေးရေးလို့ စတိတ်ရှိုးပွဲတွေမှာ ခိုဖြူလေးတွေကို ပုခုံးပေါ်တင်လို့ အသံဟိန်းထွက်နေအောင်
လည်ချောင်းကွဲမတတ်ဆိုခဲ့သော အားပါလှသောစာသားတွေနဲ့
(ပြုံးပျော်ချင်ရင် ဝမ်းနဲတတ်ရမယ် ……….လိမ္မာတတ်အောင် မိုက်မဲ့ဘူးရမယ်…….
ဒါဟာလောကရဲ့သစ္စာတရား……မပြေလည်တာတွေ မမျှတာတွေကြား…………
ဘဝတစ်ခုပါ……… တိုက်တွန်းရအောင် တို့……….တို့လာတယ်)ဆိုပြီးအားပါးတရ ဆိုထဲ့လိုက်တဲ့
လူတစ်ယောက်အမှန်တရားထဲမှာနေထိုင်ရဲအောင်ပြောရဲအောင်လိုအပ်တာတွေကိုညွှန်းဖွဲ့ထားတဲ့
(တို့လာတယ်)သီချင်းကတော့ ခိုင်ထူးသီချင်းထဲမှာ အကြိုက်ဆုံးပါ။

ခိုင်ထူးထက်စောလို့သည်လောက ကိုရောက်နှင့်သူဒါပေမဲ့ ခို်င်ထူးထက်နောက်မှ လူသိများလာတဲ့သူကတော့
မန္တလေးအသိုင်းအဝိုင်းမှာဟိုအရင်ကတည်းက လူကြိုက်များခဲ့သောမန်းလေးသား ခင်မောင်တိုး (ခ) ကိုတိုးကြီးပါ။
ကျနော်တို့ခပ်ငယ်ငယ်ကျောင်းသားဘဝထဲက
(ချစ်ပြီးတော့မုန်းမေ့တတ်တဲ့မင်းကိုတို့ )။(ပုလဲလေးတွေဆိုတာ ကမာကောင်လေးတွေရဲ့မျက်ရည်ဘဲခင်)တို့က ကြားဘူးပြီးသား
အော်ဆိုနေကြသီချင်းတွေပါ။
ဒါပေမဲ့ကိုတိုးကြီးတို့ လိစ္ဆဝီ တီးဝိုင်းဖွဲ့လိုက်မှနည်းနည်းလေးလူသိလာတဲ့သီချင်းတွေကတော့
(သဇင်ည။ဝိုင်းရဲ့ဆည်းဆာ။သံယောဇဉ်ပြာစများ၊တို့ရင်ထဲ။မင်းတို့ဘယ်တော့လဲ)တွေက
သံစဉ်အေးအေးလေးတွေကြိုက်သူများကြားမှာ တစိမ့်စိမ့်လေးပျံ့နှံ့နေပါတယ်။
ဒါပေမဲ့မန်လေး စင်ယော်တေးသံသွင်းကထုတ်လုပ်လိုက်တဲ့ ကိုတိုးကြီးရဲ့သီချင်းဟောင်းအများစုပါဝင်တဲ့(မျက်သွယ်)ဆီးရီးစ်မှာ
တစ်ပြည်လုံးအတို်င်းအတာထိပေါက်သွားခဲ့ပြီး (မဟာဆန်သူ)မှာတော့ထိပ်ဆုံးကိုမရောက်တရောက်ကနေ (ဝေးခဲ့ပြီပန်းခရမ်းပြာ)တော့
ထိပ်ဆုံးကိုရောက်သွားပါတယ်။
သူ့သီချင်းတွေထဲမှာ(ရောင်စဉ်ခုနှစ်သွယ်။မဟာဆန်သူ။ဝိုင်းရဲ့ဆည်းဆာ။ဆည်းလည်းလှို်က်သံ.စောင်းကြိုးရှိုက်သံ။
ဒဏာရီ။ကြိုးကြာသံ။လေပြေညင်း။အချစ်စစ်ဆိုတာ။မငြိမ်းသောမီး။ပန်းတို့ပွင့်တယ်လို့။ဝေးခဲ့ပြီပန်းခရမ်းပြာ။အမုန်းနောက်ကွယ်။အို………
နက္ခတ်ပွဲသဘင်။ဒီတစ်ကြိမ်ဒီနွေ။တံခါးဖွင့်ပါ) တော်တော်လေးကိုကောင်းတာတွေများပါတယ်။
သည်ဘက် 2000ပြည့်လွန်နှစ်တွေမှာ သင်္ကြန်သီချင်းတစ်ခွေဆိုတဲ့အပြင် မန္တလေးသီချင်းများဆိုတဲ့မြန်မာသံတစ်ခွေရယ်
ခင်ဝမ်းအမှတ်တရတစ်ခွေရယ် ပြန်ဆိုတေးအဖြစ်တွေ့ရပါတယ်။
ထူးခြားတဲ့သီချင်းလေးကတော့ အရင် မန်းလေးသားကိုအောင်( ထွန်းအိန္ဒြာဘိုရဲ့ခင်ပွန်းဟောင်းပေါ့)ဆိုခဲ့ဘူးတဲ့
(စိတြအတွေး)ပါ။
ခင်မောင်တိုးတို့နဲ့အတူတူလောက် ပေါ်ထွက်လာတဲ့ ဆိုတာထက်ရေးတာကပိုများတဲ့ မောင့်လပြည့်ဝန်း ပိုင်ရှင်
ကိုနေဝင်းပါ။
အဆိပ်ရည်အပြည့်နဲ့ပုံး(သူအရင်ဆို နောက် ဘိုဘိုဟန်ဆိုပါတယ်)
တစ်နေ့တစ်ယောက် တစ်ရက် တစ်မျက်နှာဆိုတဲ့သင်္ကြန်သီချင်း(သိူလဲဆိုတယ် ဟန်တင်လဲဆိုတယ်)
ဒါတွေကတော့နာမယ်ကြီးသီချင်းပါ။
(ယာဉ်အမီရီရီပြုံးလို့ပြန်ပါ)ဆိုတဲ့ဆီးရီးစ်ကိုထုတ်တဲ့အခါ (ရေးနေတာပဲကောင်းပါတယ်)လို့အားပေးကြပါတယ်။
နောက်တစ်ယောက်ကတွေ့ မွန်းအောင်(ခ) ဒင်းနစ်ပါ၊
သူလဲစင်ယော်တေးသံသွင်းက တေးရေးဆရာအဉ္စလီမောင်မောင်နဲ့ နိုင်မင်း တို့နဲ့အတူ တွဲလို့ ထင်ပေါ်လာသူပါ။
လူငယ်ကျောင်းသားတွေကြားမှာ (8/82အင်းလျား။ဝတ်မူံ)ဟာတားမရဆီးမရနိုင်အောင်လူကြိုက်များခဲ့
မမောနိုင်မပန်းနိုင်အဆောင်ရှေ့မှာ ဂစ်တာနဲ့ သံစဉ်တေးဖွဲ့ခဲ့ကြတဲ့သီချင်းတွေပါ။
(မိုးလုံးမိူင်း။ယူပါမေရေယူ။ရိုးရိုးလေး။ရင်ခတ်အလွမ်း။ယု။လွမ်းရတဲ့ညတွေလွန်ပါစေ။)
(ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ။ပန်းစိုက်သူတို့ဝေဒနာ)စတာတွေကနာမယ်ကြီးပါ။
သူ့သီချင်းတွေထဲက (ငြိမ်သက်ခြင်း)ဆိုတဲ့သီချင်းလေးကိုတော့ ကိုတိုးကြီးပြန်ဆိုစေချင်ပါတယ်။
(ဝါဆိုမုတ်သုန်အခါတွင်း မို့လူခြေတိတ်တဲ့ စစ်ကိုင်းဘက်က တောရကျောင်းငယ်လေးတစ်ခုမှာ
ယာယီနားခိုလှုံနေစဉ် နေရီညိုညိုညနေခင်း…………………..)ဆိုတဲ့စာသားတွေပါတဲ့သီချင်းလေးပါ။
သံစဉ်စာသား အရမ်းကိုကောင်းပါတယ်။
နားမထောင်ဖူးသူများ ရှာနားထောင်စေချင်ပါတယ် ဒီသီချင်းပိုင်ရှင်လေးကတော့ ဘယ်မှာနားခိုနေတယ်ဆိုတာ့မသိတော့ပါ။
ကိုယ်ပိုင်သံစဉ်သီချင်းတွေပြောရင်ချင်းတိုင်းရင်းသားလေးတွေ ဆလိုင်းသွှအောင်တို့ ဂျွန်သင်ဇမ်းတို့ကို အရမ်းလွမ်းပါတယ်၊
ကဗျာဆံဆံပြောရရင် အချိန်မတိုင်ခင်စောပွင့်လို့ ပန်သူမရှိဖြစ်ခဲ့ပေမဲ့၊
နောက်ဆက်ခံသူကတော့အဆင်ပြေသွားပါတယ်။
သူတို့နာမယ်ကြီးသီချင်းတွေကတော့(တောင်ဇလပ်ပင်အောက်ကချစ်သူ။အချစ်ဖော်ကောင်။အချစ်အားမာန်။ဖူးစာရှင်ဘယ်မှာလဲ။
မြိူင်နန်းစံပန်းတပွင့်။ဝေးလွင့်ခြင်းရဲ့နောက်ဆုံးခြေရာ)တွေဟာသူတို့စခဲ့ တက္ကသိူလ်အဆောင်များရှေ့မှာ တန်းဝင်တေးတွေ
ဖြစ်ခဲ့ပေမဲ့ ဖိုးချိုလက်ထက်မှာမှ လူတွေကြားမှာအောင်မြင်သွားပါတယ်။
လောကကိုစောစွာစွန့်ခွာသွားတဲ့……………….ဖိုးချိုဆိုတဲ့ ကိုယ်ပိုင်သံစဉ်သမားလေးအကြောင်းပြောရမယ်ဆိုရင်………………………..