စွပ်စွဲပြစ်တင်မည့်အစားဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းက ပိုသင့်လျော်မည်ဟု သမ္မတ ဦးသိန်းစိန်ဆို

ကို သာAugust 21, 20121min793

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို လွှတ်တော်ကစွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ပြုလုပ်မည်ဆိုပါက သင့်လျော်ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဩဂုတ်လ ၂ဝ ရက်နေ့ ရက်စွဲဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဌထံသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းခဲ့သည်။
လွှတ်တော်ကစွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁၂)တွင် တရားဝင်ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုမည်ဆိုပါကလည်း မည်သူ့ကိုမျှ ထိခိုက်မှု မရှိစေဘဲ သင့်လျော်ကောင်းမွန် မည်ဟုယူဆပါသည်။” ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ သို့သော်လည်း ဤအဖွဲ့အစည်းနှစ်ခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများ ဖြစ်ပါသဖြင့် မိမိတို့ဆန္ဒအရ ကြိုက်နှစ်သက်သည့် နိုင်ငံရေး လမ်းကြောင်းကို ရွေးချယ်နိုင်ခွင့်ရှိပါကြောင်း ပြန်ကြားပါသည်ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့အတူ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ သတင်းစာရှင်းလင်းပွဲကို ယနေ့ (ဩဂုတ်လ ၂ဝ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးဥက္ကဌ ဦးသိန်းစိုးက “လွှတ်တော်ဆိုင်ရာ ဥပဒေများတွင် လွှတ်တော်မှ ဖွဲ့စည်းထားသော ကော်မတီ ကော်မရှင်များသည်
ပြည်ထောင်စုအဆင့် ဖြစ်ကြောင်း ဖော်ပြချက်များသည် ကလောင်ချွန်၍ ရေးသားခြင်းများသာ ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်ဆိုပါက ပြည်ထောင်စုအဆင့်နှင့် ညီသော facilities များ ပေးရမည်ဖြစ်ကြောင်း၊ ခုံရုံး ဆိုသည်မှာ တရားရုံးဖြစ်သည့်အတွက် ပရိသတ်များနှင့် ကင်းကင်းရှင်းရှင်း နေရမည့်ဌာနဖြစ်ကြောင်း၊ ဆက်လက်၍လည်း ခုံရုံးအနေဖြင့် နိုင်ငံတော်မှ ပေးအပ်သည့်တာဝန်များကို ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်မှ ဆန္ဒအလျောက် နှုတ်ထွက်ပေးရန် တောင်းဆိုမှုမှာ လွှတ်တော်ကိစ္စသာ ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာလတွင် ခုံရုံးအနေဖြင့် ဩစတေးလျနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်မည်ဖြစ်ကြောင်း ” ဟု မီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့သည်။
မည်သို.ဆိုစေ ပွဲက မြိုင်ဆိုင်လာချေပြီ။ ။

3 comments

  • ဟိန်း ဝင်း (ထားဝယ်သား)

    August 21, 2012 at 4:30 pm

    ဘရာကြော် နဲ့ ဘရာဗိုပါ ….

  • maungmoenyo

    August 22, 2012 at 10:22 am

    legislative နဲ့ administrative မဏ္ဍိုင်ကြီး(၂)ခုအားပြိုင်ကြတဲ့ ကိစ္စ၊ လူထုနဲ့ နိုင်ငံအတွက် အမြတ်ထွက်နိုင်မဲ့ ကိစ္စ၊ ]ဥိးနှောက်ချောက်လောက်အောင် စဉ်းစားပေမဲ့လည်း မြင်ရတဲ့ ရလာဒ်အတွက် ရတက်မအေးဖြစ်မိပါတယ်။ လူထုကြားသပ်သျှိုမှုကြီးတခုဖန်တီးလိုက်သလိုဖြစ်သွားမှာ စိုးမိပါတယ်။
    ဒီမိုကရေစီရေး လို့ဆိုပြီးချီတက်ကြရာမှာ အမတ်မင်းများ filibusters တွေဖြစ်မသွားကြဘို့ ကြီးစွာသော ဆင်ခြင်တုံတရားနဲ့ ကိုယ်ရှိန်သတ်ကြပါလို့………..။

Leave a Reply