ဘုရားဆင်းထုတော်ကိုးကွယ်လို့ အဖမ်းခံရခြင်း

Pye Kun ZawAugust 21, 20121min18415

ဘုရားဆင်းထုတော်ကိုးကွယ်မိလို့ သီရိလင်္ကာနိုင်ငံသားတစ်ယောက်ကို ဆော်ဒီရဲများက ဖမ်းဆီးလိုက်ပါတယ်။ ပရီမာနက်ပရီရာလက် သွန်ဂါစရီ အမည်ရ သီရိလင်္ကာနိုင်ငံမှ ဆော်ဒီအာရေဗျနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသော လူငယ်လေးသည် ဗုဒ္ဓဆင်းထုတော်ထားပြီး ကိုးကွယ်မိလို့ အဖမ်းခံလိုက်ရပါတယ်။ ဆော်ဒီနိုင်ငံမှာ ရှာရီယာ(မွတ်ဆလင်) ဥပဒေအရ ဆင်းထုတော်ပြုလုပ်ကိုးကွယ်ပါက ဖမ်းဆီးနိုင်ပါတယ်။

အာရပ်ကမ္ဘာက မွတ်ဆလင်နိုင်ငံတွေမှာ သူတို့ကိုးကွယ်ယုံကြည်မှုအရ ပြဌာန်းထားတဲ့ဥပဒေတွေကြောင့် ဖမ်းဆီးခံရမှုတွေအများကြီးရှိပါတယ်။ မကြာသေးခင်ကလည်း သီရိလင်္ကာအမျိုးသမီးတစ်ဦးဟာ ရှော့ပင်းမောလ်ထဲက ကလေးငယ်တစ်ဦးကို စိုက်ကြည့်မှုနှင့် အဖမ်းခံခဲ့ရပါတယ်။ သူမလက်မှာ အမဲရောင်ကြီးပတ်ထားတာကြောင့် စုန်းမလို့လည်းစွပ်စွဲခံခဲ့ရပါတယ်။

ဒါကြောင့် ရှာရီယာဥပဒေပြဌာန်းထားတဲ့ နိုင်ငံတွေမှာအလုပ်သွားလုပ်မယ်ဆိုရင် မသွားခင်သူတို့ဥပဒေတွေကို သေချာလေ့လာသင့်ပါတယ်။

15 comments

  • Pye Kun Zaw

    August 21, 2012 at 7:17 pm

    ပထမပိုစ့် ကိုဖျက်ပေးပါခင်ဗျာ။ category မထည့်မိလိုက်လို့ပါ။

  • ဘရားသား

    August 21, 2012 at 8:31 pm

    ကုလားတောမှာ သွားလုပ်တော့ ဖမ်းခံရမှာ၊ ဘာသာရေး အစွန်းတဖက်ကမ်းရောက်
    နေတဲ့ကောင်တွေလေ ၊ ငါတို့ဆီမှာသာ ဒီကောင်တွေ လွတ်လပ်ရေးရနေကြတာ၊
    သူတို့ဆီမှာ သူတို့ဘာသာဝင်ကလွဲလို့ အရမ်းတင်းကျပ်ထားတာ အသိသာကြီး ။

  • Pye Kun Zaw

    August 21, 2012 at 8:36 pm

    လူအခွင့်အရေးအော်နေကြတဲ့လူတွေ အဲဒါကျတော့အသံမထွက်ကြပါ။

  • htoosan

    August 21, 2012 at 9:01 pm

    သဘောင်္သား တွေ ဆော်ဒီမှာ အရက်သောက်တာ မိရင် လက်ဖြတ် တယ် လို့ ကြားဖူးခဲ့ပါတယ် ။ ကိုယ်တွေ့ မဟုတ်လို့ သက်သေပြစရာ မရှိခဲ့ပေမဲ့ ဆော်ဒီ က port တွေမှာ သူတို့ မြေ ညစ်ညမ်းမှာ စိုးလို့ဆိုပြီး သဘောင်္သားတွေကို အရေးပေါ် မဟုတ်ရင် ဆိပ်ကမ်းက မြေကိုတောင် နင်းခွင့်မပေးပါဘူး ။ တာဝန်ကျ ဘိုဆင် (သို့) အရာရှိကိုသာ ရေစူး ဆင်းဖတ်ဖို့ gangway လှေခါးက ဆင်းခွင့် ပြုခဲ့ပြီး ကျန် သူ တစ်ဦး တစ်ယောက်မျှ ခဏ တစြ်ဖုတ် အညောင်းပြေ အညာပြေတောင် ဆင်းခွင့် မပြုပါဘူး ..
    ဒါပေမဲ့ လူသားချင်း မစာနာဘူး . လူ့ အခွင့်အရေး ချိုးဖောက်တယ် ဆိုတာမျိုးကို ပြင်းပြင်းထန်ထန် ကျယ်ကျယ်လောင်လောင်ကန့်ကွက်ကြတာ မတွေ့ဘူးခဲ့ပါဘူး ။
    ရေနံ တန်ခိုးတွေလေ..
    လွတ်လပ်စွာ ကိုးကွယ်ခွင့် မရှိဘူး ဆိုတာလေး နဲနဲလောက် ပြစ်တင်ဝေဖန်တာလောက်တာ တွေ့မိပါတယ်။

    • Pye Kun Zaw

      August 21, 2012 at 9:59 pm

      ဟုတ်ပါ့ ရေနံကြောင့် အမေရိကန်လည်း မလှုပ်နိုင်တော့ဘူး..

    • ကိုရင်စည်သူ

      August 22, 2012 at 1:58 pm

      ကိုထူးဆန်းရေ.. အကိုပြောတာ ကျနော် အထူးထောက်ခံပါတယ်..
      ကို်ယ်တွေ့ပါ။… ကျနော် ပင်လယ်နီရောက်နေတော့ ဆော်ဒီအပိုင်ဆိပ်ကမ်းမှာ
      ခဏတဖြုတ်အညောင်းအညာတောင် ဆင်းခွင့်မရပါဘူး။ ထွက်လည်ချင်ရင်တောင်
      အေးဂျင့်တွေရဲ့ အထူးခွင့်ပြုချက်နဲ့ အပြင်သွားရပါတယ်…။
      ဘာသာရေး တယူသန်လွန်းတဲ့နိုင်ငံပါ။ ရေနံနဲ့ ကြီးပွားနေတော့လည်း
      ခက်တော့ခက်သား…။ ကိုရင်လည်း စိတ်နာနာနဲ့ ((မြန်မာကွဆိုပီး) ကမ်းစပ်မှာ
      အလန်းထွက်ပြီး သေးပန်းခဲ့ပါတယ်… အဟီးး… 😀 😀
      ကမ်းဘေးက အလွမ်းအဆွေးသမားလေး..
      ကိုရင်စည်သူ

  • ကိုရင်မောင်

    August 22, 2012 at 5:24 am

    ဒီလိုအစွန်းရောက် နိုင်ငံတွေကများ တို့နိုင်ငံကိုဘာသာရေးလွတ်လပ်ခွင့်မရှိဘူး
    ပြောချင်သေးတယ် ……

  • koyo

    August 22, 2012 at 8:05 am

    ကိုးကွယ်စရာရှားလို့ကွယ် ကိုယ့်ကိုယ်ကိုမှ မကိုးကွယ်ပဲကိုး။ ကိုယ့်ကိုယ်ကိုမှ မကိုးကွယ်
    တတ်သေးသမျှ ဘာသာရေးရော၊ လူမှုရေးရော၊ နိုင်ငံရေးရော အစွန်းရောက်နေကြဦးမှာပါ။

    • Pye Kun Zaw

      August 22, 2012 at 8:23 am

      ဟုတ်ကဲ့ခင်ဗျာ ကိုယ့်ကိုကိုယ်လည်းကိုးကွယ်ရမှာပါ။ ဒါပေမယ့် မိမိကိုးကွယ်ယုံကြည်တဲ့ဘာသာတရား မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုရည်မှန်းပြီး ဆင်းထုတော်ထုလုပ်ကိုးကွယ်တာ အစွန်းရောက်တာလား.. တခြားဘာသာတွေမှာလည်း ဆိုင်ရာဆိုင်ရာအထိမ်းအမှတ် ကျောက်တုံးတို့စတာတွေရှိကြပါတယ်။

    • ကြောင်ကြီး

      August 22, 2012 at 9:16 am

      @koyo ခင်များရဲ့ မိုးပြားဒုက္ခ တယ်မသေးပါဂလား…။

  • kai

    August 22, 2012 at 11:45 am

    ဟင့်အင်း..
    မြန်မာပြည်ကတော့… ကိုယ်နဲ့မတူတဲ့အတွေးတွေးပြီး.. ကိုယ်ကိုးကွယ်နေပါတယ်ဆိုတဲ့.. ဘာသာကို.. ဝေဖန်ဆန်းစစ်တာနဲ့တင်.. .(ဗုဒ္ဒဘာသာကိုးကွယ်တာချင်းတူတူလည်း) ဖမ်းထောင်ချပစ်တယ်..
    လစ်ရင်..လစ်သလို..ပြသနာရှာ.. ထောင်အကြိမ်ကြိမ်ကိုချတယ်..
    အဲလိုအခါမျိုး..မင်းကွန်းဆရာတော်ကြီးဝင်တားလည်းမရဘူး..

    ဘာသာရေးအရ..ရိုးရာအရ.. စီတန်းလမ်းလျှောက်နေတာ.. မသိလို့ဖြတ်လျှောက်မိတာ..မရဘူး..
    လူအုပ်စုနဲ့..ဝိုင်းရိုက်တယ်..
    အဲလို..

    ဆိုတော့..
    ထူးဆန်းတာတခုပြောပြမယ်..။( ဟုတ်မဟုတ်..ပိုသိသူပြောပါ)
    ဒီကမ္ဘာ့နိုင်ငံတွေမှာ..
    .. မွတ်ဆလင်ဖြစ်တာတောင်…
    ဗလီထဲ..မိန်းမဝင်လို့မရတာ.. အိနိ္ဒယနဲ့..မြန်မာပြည်ပဲရှိသတဲ့..
    မြေခံရေခံ. ယဉ်ကျေးမှုတွေကိုက… ခွဲခြားဖိနှိပ်နေတာ… 😕

    အနှစ် ၁၀၀ဝ ကျိန်စာ.. :mrgreen:

    • htoosan

      August 22, 2012 at 1:50 pm

      ( ဟုတ်မဟုတ်..ပိုသိသူပြောပါ)

      မကြောက်ပါနဲ့ သူကြီးရယ် … သူကြီး မွတ်ဆလင် မဟုတ်ဘူးဆိုတာ ကျွန်တော် ယုံပါတယ် .. 😀

  • ပန်းစံပါယ်

    August 22, 2012 at 2:29 pm

    ဒါမျိုးကျတော့ ဘာသာရေးနှိပ်ကွပ်မှုလို့မဆိုနိုင်ဘူးလား လူ့အခွင့်အရေးတို့နဲ့ မဆိုင်ဘူးလား တရားတယ် မှန်တယ်လား။

  • ရွှေ ကြည်

    August 22, 2012 at 4:24 pm

    လည်လှီးခံရမှာလားဟင် လုပ်ကြပါဦး။ ကြားဖူးလို့ပါ ဟုတ်လားတော့မသိ။ စိုးရိမ်လို့။

Leave a Reply