” အညွန့်တလူလူ”

TTNUAugust 21, 20122min43136

လူတိုင်းအညွန့်လေးတလူူလူတက်ချင်ကြတယ်။ နာမည်ပေးရင်တောင်မှ

ဘယ်သူမှ “ငတိ” လို့ မပေးချင်ဘူးနော။

ဘုရားပန်းကပ်ရင်လည်း အညွန့်လှလှလေးပါတဲ့ ပန်းမှ ကပ်ချင်တယ်။

သပြေဆိုလည်းသပြေညွန့်လေးနုပြီးရဲနေမှ ကြိုက်တာပါ။

ဥပမာ (၁) သပြေညွန့်

 

ဓာတ်ပုံ။

(အစိမ်းရောင်လွင်ပြင် ချော)

ကျေးဇူးတင်ပါသည်။

 

 

 

 

နောက်တစ်ခါ  ဟင်းသီးဟင်းရွက်ဆိုရင်လည်းနုဖတ်ညွန့်ဖူးနေမှ။ခပ်ရင့်ရင့်နဲ့ရွက်ကြမ်းကြီးတွေဆိုရင်

ခြွေပစ်တော့တာပါပဲ။ တို့စရာဘာတို့စားသလဲမေးရင် ဗူးရွက်ပြုတ်လို့ မဖြေပေါင်၊ ဗူးညွန့်လေးပြုတ်တို့တာ

လို့ပြောကြတာ။  ဒီလိုပဲ ဖရုံညွန့်၊ ဖရဲညွန့် စသဖြင့်တို့လည်းအညွန့်လေးတွေကြော်စားမှ ချိုသလိုလို။

 

 

ဥပမာ(၂) ဖရုံညွန့်။

 

 

 

 

 

ဥပမာ(၃)  ဖရဲညွန့်

(Credit to My Balcony Jungle.)

 

 

ဥပမာ(၄)သခွားညွန့်။

 

 

 

 

 

 

 

 

ဥပမာ(၅) ဗူးညွန့်။

 

 

 

 

တစ်ခါတစ်လေကျတော့လည်း ညွန့်တယ်ဆိုတဲ့စကားကို မကြိုက်ချင်ပြန်ပါဘူး။ဒီကောင်က

“စကားပြောတာညွန့်တယ်”ဆိုပြီး စိတ်ဘဝင်မတွေ့တာမျိုးလည်းရှိတတ်ပါရော။

သူများပစ္စည်းကို ဝိုက်ချင်၊ အချောင်ရချင်သူကို၊ စီးပိုးသူကို ကျွန်မတို့တွေ အမည်ဝှက်ပေးလေ့ရှိပါတယ်။

(တိုက်ဆိုင်သွားရင် တောင်းပန်ပါတယ်နော်)။

အမျိုးသားဆိုရင် “ကိုမောင်ညွန့်”

အမျိုးသမီးဆိုရင် “မမယ်ညွန့်”

လို့ခေါ်တတ်လေ့ရှိခဲ့ဖူးပါတယ်။ ( အခုဒီအကျင့်မရှိတော့ပါ။ ကျောင်းတုန်းကပါ။)

 

တစ်ချို့သူငယ်ချင်းတွေလေ..နယ်ကလာကြတာအတူတူ၊ သူတို့ငပိကြော်ကျတော့

ဝှက်စားကြတယ်လေ။ သွားတိုက်ဆေး မဝယ်ဘဲနဲ့ သူများသွားတိုက်ဆေးဘူးတွေက

လိုက်ညှစ်တတ်တာမျိုးတွေပေါ့။ ဒါကြောင့် ဒီ အမည်ပေးစံနစ်ပေါ်လာခဲ့ရတာပါ။

 

တကယ်တော့ နာမည်နဲ့မဆိုင်ပါဘူးလေ။( ညွန့် ) ပါတဲ့ လူတွေစိတ်မကောင်းဖြစ်အောင်ရေးမိ

နေပြီထင်ပါရဲ့။ ခွင့်လွှတ်တော့နော်။ ဟင်းရွက် အညွန့်ပုံလေးတွေ ကြိုက်လို့ ရေးချင်စိတ်ပေါက်ပြီး

ရေးချလိုက်မိတာပါ။ ထူးဆန်းတာကတော့ တွေ့ဖူးသမျှ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေ

အားလုံးထဲမှာ (ညွန့်) ပါတဲ့သူတွေ အားလုံး ကျွန်မကို ချစ်ချစ်ခင်ခင်ရှိကြတာပါပဲ။

 

မေတ္တာဖြင့်

TTNU.

 

36 comments

  • pooch

    August 21, 2012 at 11:05 pm

    တီချယ်ရေ အိမ်မှာ အမေကတော့ သဘောင်္ရွက်အညွှန့် အစိမ်းလေးတွေကို ရေနွေးဖျောပြီး ထမင်းနဲ့ မြှုပ်စားနေတယ်။ ကျန်းမာရေးအတွက် ဆိုပြီး။

    အိမ်ပြောင်းဖြစ်ရင်တော့ အပင်တွေ စိုက်နိုင်သမျှ စိုက်မယ် အားခဲထားတယ်။ သစ်ခွစင်လှလှလေးလည်း အိမ်မက်မက်ထားတယ်။

    ဒါနဲ့ အပေါ်ဆုံးပုံက သပြေပင်လေး စိုက်ချင်လား တီချယ် ။ အနော်လာရင် ယူခဲ့ပေးမယ် အပင်ပေါက် ။ အရမ်းလှတယ်။ 😀

    • TTNU

      August 21, 2012 at 11:28 pm

      ူယူမယ် ၁၀၀၀၀၀၀….ပေးနော်။
      သစ်ခွတော့ အရမ်းမကြိုက်ဘူး။
      Facebook မှာ အိမ်နားဓာတ်ဆီဆိုင်မဖွင့်ရေး သူများရေးတင်ထားပေးတာ
      share ပေးဦးနော် မပုလေး။ 🙂

      ကိုရီးယားဘုရင့်ကားတွေ ငါ့ကိုနှိပ်စက်ကြတယ်။:(

  • marblecommet

    August 21, 2012 at 11:13 pm

    တီချယ်ခင်ဗျား
    အခု ဒီပို့(စ်)ကို ဖတ်တဲ့အချိန်
    မန်မန်းမစားရသေးဘူးဗျ
    ဗူးညွှန့်ရေနွေးဖျောလေးနဲ့
    ငါးပိရည်ပူပူလေး မြင်ယောင်ရင်း
    ဗိုက်ဟောင်းလောင်းနဲ့ မျက်ရည်ဝိုင်းရတဲ့
    ညပေါ့ခင်ဗျ…
    …..
    ဗိုက်ဆာနေတဲ့
    ကမ်းညွန့်…..

  • aye.kk

    August 21, 2012 at 11:19 pm

    တီချာရေ…
    ကျမတွေ ့ဖူးတဲ့သူတွေပေါ့နော်..
    ကြီးတဲ့ထဲကညွန် ့ပါတဲ့သူသုံးဦးလုံး..
    စီးပိုးတဲ့သူတွေဖြစ်နေလို ့အံ့ဩမိတယ်..။။

  • surmi

    August 21, 2012 at 11:22 pm

    တီချယ်ရေ
    ညွန်ဆိုလို ့ မဆီမဆိုင်ဦးခင်ညွန် ့ကို သတိယသွားလို ့
    သူလဲ သူ ့လက်မှတ်ကို ညွန် ့နေအောင်ထိုးသဗျ
    နောက်ဆုံး င သတ်လေးက ဗူးညွန် ့လိုအပေါ်ကိုထောင်တက်သွားသေး
    ခုတော ့လဲ
    အနိစ္စ

  • TTNU

    August 21, 2012 at 11:23 pm

    တီချာ့ အချစ်ဆုံး နှစ်ယောက်
    ရောက်နှင့်လို့ နေပါရောလား။
    ကနဦးစာဖတ်သူဆုကို မောင်နှစ်မနှစ်ယောက်ဝေယူကြနော်။

    ဒီလိုကွဲ့။ တီချာက Post တင်လိုက်ပြီး Preview ကြည့်တော့ ပုံတွေနဲ့စာတွေလွဲနေလို့
    ပြန်စီရွာလည်၊ ကြီးဒေါ်မျက်စေ့တွေလည်၊ နေရာက ရပြီထင်ပါရဲ့လို့ ရွာထဲအဝင်
    ရှင်တို့ မောင်နှစ်မ လာကြိုပေးနေတာ၊ ပျော်လိုက်တာ။ 😀

    Pooch ရေ.. ရွှေကျီးမြင်တရားစခန်း ၂၃ရက်နေ့ထိ နံက်၆မှ၁ဝထိ လာမလား။
    စံပယ်ချစ်သူ မောင်ကမ်းရေ.. တီချာ Time Line မှာသနပ်ခါးပန်းတွေပွင့်နေပြီ။ 🙂

    မေတ္တာဖြင့်
    TTNU.

    • pooch

      August 21, 2012 at 11:43 pm

      တီချယ်ရေ ပေါက်ပွင့်ကို မျှော်နေတဲ့ ခွေးလိုပဲ ဆင်ခြင်ပေးတယ်လို့ပဲ ဆိုချင်ဆိုပါတော့ ။

      ဒီရက်ပိုင်းမှာ အမေ့ကိုရော ဦးကြီးကိုရော အလွန်အင်မတန် ဖားနေရပြီး အလုပ်တွေ ကျုံးပြီး လုပ်နေပါတယ်။

      ဘာဖြစ်လို့လဲ ဆိုတော့ သွားချင်နေတဲ့ ခရီးတခုကို ညီမတတွေ ကို ပါမစ်ပေးတဲ့အပြင် လိုက်လိုက်လျောလျောနဲ့ကို သဘောကောင်းပေးထားတာမို့ ကိုယ်ကလည်း ပြန်သိတတ်နေရပါတယ်။

      ဆိုတော့ ဒီတခါလည်း မလာနိုင်သေးပါဘူး တီချယ်ရယ် ခွင့်လွှတ်လိုက်ပါတော့ :mrgreen:

    • marblecommet

      August 21, 2012 at 11:58 pm

      ဟုတ် တီချာခင်ဗျား
      ဒါဆို အနော် အလုပ်ပြီးရင်
      တီချာ့တိုင်းလိုင်းလာခဲ့ပါဦးမယ်
      ထမင်းမစားရလည်း
      သနပ်ခါးပွင့်ပဲရှူတော့မယ်
      နယ်က အိမ်မှာ သနပ်ခါးရောစံပါယ်ရော ပန်းပင်မျိုးစုံကို
      သတိရသွားပြီဗျာ
      ပြန်မယ်…ဒီနှစ် အိမ်ပြန်မယ်..ဂျ..

      • marblecommet

        August 22, 2012 at 12:12 am

        ပြီးတော့
        တီချာ့ သပြေညွန့်မြင်မှ
        အနော့်အိမ်က ဘုရားစင်မှာ
        ဘုရားပန်းမလဲရသေးတာ
        တစ်ပတ်ပြည့်တော့မယ်ဗျ
        တီချာ့ သပြေညွန့်နီနီရဲရဲလေးပဲ
        ုဘုရားကပ်တော့မယ်
        ကျေးကျေးဗျ….

  • မောင်ပေ

    August 21, 2012 at 11:27 pm

    ဆရာမကြီးရေ
    အိမ်ရှင်ကောင်းဖြစ်အောင် စုပေါင်း အဲ့ခံပေးခဲ့ဖူးတာ ၁၀၀% မလွဲအေကန်ဖြစ်ခဲ့သော်လည်း
    aww လွန်ခဲ့ပြီ… ဝေးသွားမှပြန်တွေးကာ (credit to ကိုငှက်)

  • YE YINT HLAING

    August 22, 2012 at 12:33 am

    အညွန့်လေးတွေကြည့်ပြီး ပြုတ်တို့စားချင်စိတ်လေးတွေပေါ်လာပါတယ် တီချယ်ကြီး ! ပုံထဲက သပြေပင် ပုံစံမျိုး ခပ်ကြီးကြီး( ရ – ၈ ) ပင်လောက် အရင်အလုပ်လုပ်ခဲ့တဲ့ ရုံးမှာရှိလေတော့ ခူးပြီး ကျွန်တော် မနက်တိုင်း လိုလို ရုံးခန်းထဲ က ဘုရားစင် မှာ ဘုရားပန်းတင်ခဲ့တာကို သတိရသွားပါတယ် ။

  • အရီးခင်လတ်

    August 22, 2012 at 4:42 am

    တီချယ်ကြီးရေ
    လူအညွန့် ထက် အရွက်အညွန့် တွေ ကို ပိုစိတ်ဝင်စားမိပါတယ်။
    အများသူငါလိုဘဲ ပြုတ်တို့စားချင်တယ်။သုတ်စားချင်တယ်။ ဟင်းချိုခတ် သောက်ချင်တယ်။ 🙂

  • ကြောင်ကြီး

    August 22, 2012 at 7:44 am

    စစ်တပ်၊ ရဲ၊ လက်ဝဲယိမ်း ပါတီအဖွဲ့တွေမှာတော့ လူငယ်တွေကို ရဲညွန့်လို့ခေါ်တယ်။ စစ်ထောက်လှမ်းရေးကလည်း ရဲညွန့်ဆိုပြီး ဆယ်ကျော်သက်တွေကို သင်တန်းပေးတယ်လို့ ပြောသံကြားတယ်။
    ရွာထဲက တရုတ်သူပုန် ကြေးမုံဂျီး ဓားပြတိုက်တုန်းက သေနတ်မိုးပေါ်ထောင်ပစ်ရင် မအေးညွန့် မကြည်ညွှန့်လို့ အသံမြည်ဆိုဗဲ..။ 😀

  • MaMa

    August 22, 2012 at 8:17 am

    တီချာရေ-
    အပေါ်ဆုံးက သပြေညွန့်ကလွဲပြီး ကျန်တဲ့ပုံတွေကြည့်ပြီး ပြုတ်တို့စားချင်တယ်။ [:)]

  • ahnyartamar

    August 22, 2012 at 10:57 am

    တီချယ်ကြီးခဗျာင်္း…….ဘာမဆိုင်၊ ညာမဆိုင် ငယ်ငယ်က ကလေးဘဝ စစ်တိုက်တမ်းကစားကြတာကို သွားသတိရတယ်။ တယောက်နဲ့ တယောက် ပါးစပ်သေနတ်ပစ်ကြတဲ့အခါ …ဒိုင်း…ဒိုင်း…ဒိုင်း…အော်ရမဲ့အစား…ဗူးညွှန့်၊ ဖရုံညွှန့်၊ မအေးညွှန့်….လု်ိ့ အော်ပြီး ဆော့ခဲ့ကြတယ်။

  • ကိုရင်စည်သူ

    August 22, 2012 at 1:39 pm

    ညွှန့်ဆိုတာ အင်္ဂါနာမ်ပေါ့..
    ညွှန့်ရဲ့ ထပ်အညွှန့်က ဗုဒ္ဓဟူးနာမ်…
    ညွှန့်နဲ့ ဓါတ်တူပနံသင့်သော တီချယ်ကြီးခင်ည…
    ရဲယိုညွှန့်ကို ဓါတ်စာအဖြစ်နေ့စဉ်စားက
    သက်ရှည်ကျန်းမာနုပျိုပါလိမ့်မည်… 😎

    လေးစားစွာဖြင့်
    ဓါတ်သမားပညတ်အကြားက ကိုရင်စည်သူ 🙂 🙂

  • etone

    August 22, 2012 at 1:44 pm

    ဟုတ်တာပေါ့တီချယ်ကြီးရေ … ရုပ်ဝတ္တုပစ္စည်းဆိုလျှင် … အညွှန် ့ဆိုတာလေးကိုမှ ကောင်းပေ့ထူးပေ့လို့ ထင်ပြီး …. ပိုနှစ်သက်ကြတယ် …. ။ ဘုရားပန်းတင်လျှင်လည်း အညွှန့်လေး တလူလူနဲ့မှ သဘောကိုကျလို့ …… ။ လူနာမည်မှာကျတော့ အဓိပ္ပါတယ် တမျိုး သက်ရောက်သွားပြန်တယ်ဆိုတာတော့ .. အခုမှပဲ သိပါတယ် … ။

    လူတွေကလည်း ခက်သားလားနော် …ရုပ်ဝတ္တုပစ္စည်း သက်မဲ့တွေရဲ့ အညွှန့်ကိုသာ ဂရုစိုက်ကြတာ.. ကိုယ့်သားသမီး အရွယ်ကောင်း အဖူး အညွှန့်လေးတွေကိုတော့ ဂရုစိုက်ဖို့ မေ့နေတယ် …… ။ ကျီးထိုးထိုး ၊ ခွေးစားစားဆိုပြီး ….. လမ်းမပေါ်နဲ ့ ပါ့ဘလစ်နေရာတွေမှာ ပစ္စလတ်ခတ် နေထိုင်နေတာ … မမြင်ချင်မှ အဆုံး မျက်နှာလွှဲနေကြတယ်ထင်ပါရဲ့ …… ။ (ဘာရယ်မဟုတ်ဘူး … လူညွှန့်လေးတွေအကြောင်း ဆက်စပ်တွေးမိသွားလို့ပါ … ) 🙄

  • kotun winlatt

    August 22, 2012 at 1:45 pm

    တီတီနုရေ…
    လာဖတ်သွားပါတယ်ခင်ဗျာ..
    တီတီနုဖော်ပြထားတဲ့ အညွှန့်လေးတွေကို ငါးပိရည်နဲ့တို့စားချင်ပေမယ့်
    ငါးပိရည်နဲ့ လမ်းခွဲပီး အသည်းကွဲနေလို့ မစားးးတော့ပါဘူးးဗျာ…။

  • ကို ခင်ခ

    August 22, 2012 at 3:23 pm

    “အညွှန့်ခူးစားတာ´´ လို့ စကားအနေနဲ့သုံးတာလေးရှိတယ် ။
    ပြီးတော့“ နှမ်းဖြူးတာ´´ လို့လည်း သုံးကြပြန်တယ်။ အဲဒါနှစ်ခုလုံး အကြုံးဝင်တဲ့ စကားအသုံးနှုန်းက
    “ လူပေါ် လူဇော် လုပ်တာ ´´ တဲ့။ ခင်ခရဲ့ အတွေးပါးပါးပါ။ မှားမလားတော့မသိဘူး တီချယ်ရေ။

  • Shwe Ei

    August 22, 2012 at 5:23 pm

    အရွက်ညွန့်ကျသဘောကျပြီး လူညွန့်တာသဘောမကျပေမဲ့ အရွက်ညွန့်သလို အညွန့်တလူလူတက်နေတဲ့ လူတော်လူကောင်းလေးများကိုတော့ တိုးတက်စေချင်ပါတယ်ဗျာ။

  • TTNU

    August 22, 2012 at 5:29 pm

    မပုရေ.. ငါတစ်ထပ်ထဲကွမ်းတာပါဟဲ့။ ရှက်စရာ။ ဟီး။
    ——————— 🙂
    မအေးကေရေ.. တစ်ချို့အညွန့်တွေက မကောင်းဘူးတော့။
    ——————— 🙂
    ဆာမိရေ..
    (ညွန်ဆိုလို ့ မဆီမဆိုင်ဦးခင်ညွန် ့ကို သတိယသွားလို ့)
    တီချာကရေးနေရင်နဲ့ကို သူ့ကိုလွမ်းနေတာ။ 😥
    ——————— 🙂
    မောင်ပေရေ…
    ဗင်ပါစီလည်း ဝါးတားတား
    ဖာဂူဆန်လည်းဝါးတားတား
    လုပ်နေကြရင်တော့ အိမ်ရှင်လည်း ကျွတ်မှာပဲထင်တယ်နော်။
    ——————— 🙂
    ရဲရင့်လှိုင်ရေ..
    ဘုရားပန်းကပ်သူမို့
    မမြင်ဖူးပေမဲ့ လေးစားပါတယ်နော်။
    ——————— 🙂
    မလတ်ရေ..
    တီချာ့အပင်တွေက ခူးဆွတ်စားသုံးပါနော်။
    ———————- 🙂
    ကိုကြီးကြောင်ရေ..
    ရဲညွန်နဲ့ မအေးညွန့်က မောင်နှစ်မ မဟုတ်လား။ ဟီးဟီး။
    ———————- 🙂
    မမရေ..
    တီချာလည်းတို့စရာသိပ်မက်တာ။ ဖောင်ကြီးတက်တုန်းက တောစခန်း
    ထွက်ရင် စားကောင်းတဲ့ အပင်မှန်သမျှခူးကြတာ သတိရမိသေးတယ်။
    ———————- 🙂

  • ရွှေ ကြည်

    August 22, 2012 at 5:29 pm

    တီချယ်နုရေ ရွှေကြည်ကလေအညွှန့်ဆိုတာနဲ့ပြုတ်စားချင်တာ၊ ဟင်းချိုဆိုလည်းကြိုက်မှကြိုက်။

  • TTNU

    August 22, 2012 at 5:59 pm

    အညာတမာရေ..
    စစ်တိုက်တန်းဆော့ခဲ့တုန်း ဗူးညွန့်၊ ဖရုံညွန့်၊ မအေးညွန့်လို့
    အော်ခဲ့တာလား။တီချာတို့က “ထီးညွန့် ထီးညွန့်” လို့အော်တာဗျ။
    ————————– 🙂
    ကိုချစ်သူရေ..
    Thumb up လေးအတွက် ကျေးဇူးနော်။
    ————————- 🙂
    အိတုန်ရေ..
    (ကိုယ့်သားသမီး အရွယ်ကောင်း အဖူး အညွှန့်လေးတွေကိုတော့ ဂရုစိုက်ဖို့ မေ့နေတယ်)
    ဒီမိဘတွေက ကိုယ်တိုင်လည်း အနာဂတ်မရှိသူတွေနေမှာပါကွယ်။
    ———————— 🙂
    ကိုရင်ရေ..
    တီချာ့အိမ်မှာ ရဲယိုသီးတွေသီးနေပြီ။ ဟိုတစ်နေ့က ပျားရည်နဲ့စားရတယ်
    ဆိုလို့ စားကြည့်တာ … ဖွီး… နံလိုက်တာ.. အံမာလေးတော်။
    အရွက်စားကြည့်တော ခါးပြန်ရော။ ဒါပေမဲ့ ကိုရင့် အကြံပေးချက်ကို အထူးလေးစားစွာ
    ဖြင့် အရွက် ထပ်စားကြည့်မယ်နော်။
    ———————– 🙂
    ကိုထွန်းဝင်းလတ်ရေ..
    ဧကန ္တ သွေးတိုးရှိလို့လား။
    တီချာလည်း ငါးပိရည်မတည့် အဖွဲ့ထဲမှာပါပါတယ်။ ခရမ်းချဉ်သီးချက်နဲ့ တို့စားလေ။
    ———————– 🙂
    ကိုခ ရေ..
    ဟုတ်ပါ့နော်။ ဘယ်အချက်ကိုမှ ပရိတ်သတ်က လက်မခံဘူး။
    ညွန့်တတ်သူ၊ နှမ်းဖြူးတတ်သူ၊ လူပေါ်လူဇော်လုပ်သူ၊ ဆရာကြီးလုပ်သူ၊
    နငယ်အမြီးလာတတ်သူ၊ ဘုန်းကြီးရှေ့ကသွားပစေဟေ့ လို့ ဝင်လျှာရှည်တတ်သူ၊
    ဘယ်သူ့ကိုမှ လက်မခံချင်ကြဘူးနော်။
    ———————– 🙂
    ရွှေအိရေ..
    အရွက်ညွန့်သလို အညွန့်တလူလူတက်နေတဲ့
    တိမ်ညွန်ကိုတက်စားတဲ့ နဂါးဆိုတာ ငယ်ငယ်တုန်းက
    တကယ်ရှိတယ်မှတ်ခဲ့တာဗျ။
    ———————– 🙂

    မေတ္တာဖြင့်
    TTNU.

  • မဟာရာဇာ အံစာတုံး

    August 22, 2012 at 6:04 pm

    တီချယ်ကြီး အညွှန့်ကြောင်းပြောတော့ ..
    အနော့်ရဲ့ နာမည်အရင်းကို ပြေးပြီး အမှတ်ရလိုက်မိတယ်ဂျ ..
    ဘာတဲ့ ..
    “စိန်ပလိန် တိန်ဗြောင် မောင်မောင်ညွန့်” တဲ့ ခည .. အဟီးးးး :mrgreen:
    နောက်ထာပါ ခင်ဗျာ ..

  • padonmar

    August 22, 2012 at 6:51 pm

    တီချာကြီးရှင့်
    တစ်ချိန်ကတော့ ညွန့် ၂ ညွန့်ဟာ ဦးခင်ညွန့်နဲ့ သာသနာရေးဝန်ကြီးလုပ်ခဲ့တဲ့ (ကျမတို့ me three လို့ ပြောင်စရာ ဖြစ်ခဲ့တဲ့ ဥိးမျိုးညွန့်ပါ၊သူရာထူးရှိတုံးကတော့ သူ့ကို မကြိုက်ပါဘူး။ဒါပေမယ့် သူအနားယူပြီးမှ ထုတ်ခဲ့တဲ့ ဘာသာရေးဆိုင်ရာ မှတ်စုလေးတွေ သူစုဆောင်းထားတာ ထွက်လာတော့ သူ့ကို အမှတ်ပေးမိပါတယ်။
    သူနဲ့ပြောင်းပြန်ကတော့ ဦးခင်ညွန့်ကိုပါ။ ရာထူးရှိစဉ်က သူ့ရဲ့ လုပ်ရည်ကိုင်ရည်ကို ကြည့်ပြီး ထက်မြက်တယ်လို့ မနှစ်သက်လှသော်လည်း ချီးကျူးမိ၊အထဲရောက်တော့ သနားမိ၊ဒါပေမယ့် ထွက်လာတော့ မာယာတွေပါတယ်ထင်လို့ မကြိုက်တော့ပါဘူး)ကိုယ်ပိုင်ခံစားချက်ပါ။
    ………
    အညွန့်ဆိုလို့ အညွန့်ကျိုးတယ်။အညွန့်ချိုးခံရတယ်ဆိုတာ နည်းနည်းများလွဲနေသလားလို့။
    အပင်တွေ စိုက်လာမိတော့ တစ်ချို့အပင်က အညွန့်ကျိုးရင် သေတယ်၊တစ်ချို့အပင်တွေက ခေါင်ညွန့်လေးချိုးပေးမှ အခက်အလက်ဝေဖြာတာရှိတယ်၊ ပင်စည်အားနဲ့ အကိုင်းအားမျှတပြီး လေဒဏ်မိုးဒဏ်ခံနိုင်တာရှိတယ် ဆိုတော့ ပင်ကိုယ်ဓာတ်ခံ ပေါ်မှာပဲ တည်မယ်လို့ ယူဆမိပါတယ်ရှင့်။
    ……………..
    တစ်ထပ်ထဲကွမ်းလည်း လူတော်ပါပဲရှင့်။

    • ကြောင်လေး

      August 23, 2012 at 1:43 pm

      “တစ်ချို့အပင်တွေက ခေါင်ညွန့်လေးချိုးပေးမှ အခက်အလက်ဝေဖြာတာရှိတယ်၊ ”
      အဲဒါနဲ့ ပတ်သက်တဲ့ဇတ်လမ်းလေးတစ်ပုဒ်ရေးဖို့စဉ်းစားနေတာကြာပြီ၊ မရေးဖြစ်သေးဘူး အန်တီရေ

  • TTNU

    August 22, 2012 at 10:02 pm

    မောင်အံစာရေ…
    “စိန်ပလိန် တိန်ဗြောင် မောင်မောင်ညွန့်” ရေ…
    ပွင့်ဦးသီချင်းဆိုတဲ့ အဆိုတော်မောင်မောင်ညွန့်လိုအသံကောင်းတယ်ပေါ့။
    ————————— 🙂
    ပဒုမ္မာရေ…
    အညွန့်နှစ်ညွန့် နှိုင်းယှဉ်ပြသွားတာကောင်းတယ်။
    ကွက်ကွက်ကွင်းကွင်းပါပဲ။

    ပြီးတော့ အညွန့်ကျိုးတယ်ဆိုရင် ဘဝမှာ ရှေ့ဆက်တက်ဖို့ လမ်းပျောက်သလို
    ဖြစ်ကြရပြီး၊ အညွန့်ချိုးခံရတာကတော့ Passive Voice လို့ မြင်ပါတယ်။ 😛

    ( ခေါင်ညွန့်လေးချိုးပေးမှ အခက်အလက်ဝေဖြာတာရှိတယ်၊ ပင်စည်အားနဲ့ အကိုင်းအားမျှတပြီး လေဒဏ်မိုးဒဏ်ခံနိုင်တာရှိတယ်)
    ဒီအိုင်ဒီယာလေးကြိုက်တယ်။ ချိုးပေးသူ ပန်းပျိုးသူရဲ့စေတနာနဲ့ ပညာကြောင့်လို့
    ထပ်ထည့်ပါရစေ။
    ——————————— 🙂

  • အော်အခုရက် သီချင်းတွေဓါတ်ပုံတွေနဲ့အလုပ်ရှုပ်နေတော့ အတော်လေးကိုနောက်ကျသွားပါလား။
    ဒါပေမယ့် ကျနော်ကသူများစာကို မန်းတဲ့နေရာမှာ နောက်ကျနေကျလူဆိုတော့သိပ်တော့မထူးဆန်းဘူးထင်ပါ။

    အညွန့်နဲ့ပါတ်သက်လို့ပြောရင်လူငယ်ဆိုတာကတော့ အညွန့်တလူလူပေါ့။
    ကျနော်လို ပျိုတာတွေကုန်သွားပြီဖြစ်တဲ့ လူအိုလူဟောင်းများကတော့
    “ခင်ဗျားအတွေးတွေက ခေတ်နောက်ကျနေပါပြီဗျာ”ဆိုပြီးဘေးဖယ်ခံနေရတဲ့
    အညွန့်တုံးနေသူနဲ့တူလာသလိုုလို။
    ဲအဲတော့ အခုအရွယ်အပိုင်းမှာ ဘေးဖယ်နေတာများပါတယ်မာမီရေ။
    ဒါကတော့ ကိုယ့်အတွေးဆိုတော့ သူများနဲ့တူချင်မယ် ပေါ့နော်။

    • TTNU

      August 22, 2012 at 11:39 pm

      ကိုပေါက်ရေ.. နောက်ကျပေမဲ့ အရွက်တွေဝေနေတဲ့
      စိမ်းစိမ်းစိုစို တောရိပ်ညိုပါဟဲ့။ အလို … အညွန့်တွေကလည်း
      သံမဏိအညွန့်တွေပါလား။ 🙄

  • Ma Ei

    August 23, 2012 at 12:01 pm

    တီချာရေ…
    တီချာရဲ့စာနဲ့ Comment တွေဖတ်ပြီး
    အညွန့် နဲ့ပတ်သက်လို့ စကားညွှန်း
    အတော်များကြောင်း သိခဲ့ရပါတယ်…
    စားစရာအညွန့်တွေကိုတော့ ပိုကြိုက်မိပါတယ်…

  • nandar aung

    August 24, 2012 at 1:44 pm

    တီချယ်ရေ မနေ့ကတော့ ထမင်းဆိုင်မှာ ဘူးညွန့်နဲ့ငပိရည်နဲ့စားခဲ့ပါတယ်..
    ဗိုက်ဆာလိုက်တာ….ဂွီဂွီ

  • casper

    August 24, 2012 at 3:19 pm

    နှစ်ညွန့်ပေါင်းလို့မှကျပ်မပြည့်ဆိုတဲ့ ကိုဇာဂနာကြီးစကားလေး ကြားယောင်မိပါသေး။

  • အလင်းဆက်

    August 24, 2012 at 9:18 pm

    တီတီနုရေ..
    တားတားကိုလည်း.. အလင်းညွှန် ့ လိ ု့ ခေါ်မှာလား..ခည ။

  • TTNU

    August 24, 2012 at 10:01 pm

    မအိရေ…
    တီချာတို့ မှော်ဇာမှာနေတုန်းက အိမ်နောက်ဖေးလယ်ကွင်းထဲမှာ စပါးတွေရိတ်ပြီးချိန်
    ရိုးပြတ်ထုံးတွေပုံထားချိန် ကန်သင်းရိုးတစ်လျှောက်မှာ ကောက်ရိုးနွယ်တို့၊ လယ်ကန်စွန်းညွန့်တို့
    လိုက်ခူးခဲ့ကြတာခုထိမြင်ယောင်နေမိတယ်။ အနွယ်လေးတွေ အညွန့်လေးတွေခူးပြီးညနေခင်း
    နေညိုချိန် အိမ်ပြန်ရောက်ရင် ငါးပိရည်နဲ့ မြုပ်တို့ရတဲ့ အရသာ မေ့ရက်စရာမရှိပါကွယ်။
    ———————– 🙂
    နန္ဒာအောင်ရေ..
    လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်နော်။
    ———————- 🙂
    Casper ရေ…
    အညွန့် အများကြီးနော်။
    ———————- 🙂
    အလင်းဆက်ရေ…
    အညွန့်တလူလူတက်စေချင်လို့ အလင်းလူလို့ ခေါ်မယ်လေ။
    ——————— 🙂
    မေတ္တာဖြင့်
    TTNU.

  • အလင်းဆက်

    August 25, 2012 at 7:23 pm

    အလင်းလူ…တဲ ့။ နာမည်လေး.က ချစ်စရာလေး..
    ကျေးဇူး..ပါဗျာ..
    😀

Leave a Reply