မှတ်ဉာဏ်နှင့် တွေးတော ဆင်ခြင်ဉာဏ်…

Ko out of...August 22, 20121min914

– လူတွေဟာ နေ့စဉ်နဲ့ အမျှအလုပ်လုပ်နေကြရပါတယ်…အဲဒီလိုအလုပ်လုပ်တဲ့ အခါ…

သူများလုပ်ခိုင်းတဲ့ အတိုင်း သတွေမတိမ်း ပုံသေကားချပ်လိုသတ်မှတ်ပြီး လုပ်ရတာမျိုး

ဋ္ဌာနတိုင်းလိုလို မှာရှိပါတယ်…အဲဒီလိုလူမျိုးကို.. မှတ်ဉာဏ်တခုတည်းကိုသာ အသုံးပြု

သူများ လို့ပြောရင် ရမယ်ထင်တယ်….

– တချို့ကျတော့…သူများခိုင်းတဲ့ အတိုင်း.လုပ်ကြည့်လိုက်တယ်…လုပ်ကြည့်လိုက်လို့

ပြဿနာတွေ အဆင်မပြေမှုတွေများလာပြီး ဆိုရင်…ပြောင်းလုပ်ချင်တဲ့ စိတ်ရှိတယ်..

အဲဒီလိုလူမျိုးကို…စဉ်းစာဆင်ခြင်ဉာဏ်ရှိတဲ့ လူလို့ခေါ်ရင်ရမယ် ထင်တယ်…

ဒို့မြန်မာနိုင်ငံက လူတွေက မိဘဆရာ သမားရဲ့ စကားဆိုရင်..သတွေမတိမ်းလိုက်နာရမယ်..

လိုက်မနာတဲ့ လူတွေဆိုရင်…ငရဲကြီးမယ်…ဒုက္ခရောက်မယ်..ဝဋ်လည်မယ် စသည်ဖြင့်

အမျိုးမျိုး ခြိမ်းခြောက်တာကြားရတော့..ဒါက..ကလေးတွေရဲ့ ဆင်ခြင်တွေးခေါ်တတ်ဖို့

ဉာဏ်ကို..အညွှတ်ချိုးလိုက်တာဘဲ လို့မြင်ပါတယ်…

ဒါကြောင့် “ဟားဘတ်ကယ်ဆင်” က ဒီလိုဆိုထားတာရှိတယ်…လူတစ်ယောက်သည် လုပ်ရိုးလုပ်စဉ် အလုပ်ကိုသာ လုပ်နေသမျှလည်းကောင်း၊လွယ်ကူသောလုပ်ငန်း ကလေးနှင့်သာ ကျေနပ်နေလျှင်လည်းကောင်း…သူ့အဖို့မှတ်ဉာဏ်ကိုသာ အသုံးပြုရန် လိုအပ်ပေသည်..(Learning)…

်သို့ရာတွင်အရေးကြီးသေားဆုံးဖြတ်ချမည်ဆိုလျှင် သော်လည်းကောင်း..
ပြဿနာသစ် တစ်ရပ်ကို ဖြေရှင်းရတော့မည်ဆိုရင်…သူ့အဖို့ မှတ်ဉာဏ်နှင့် မလုံလောက်ပေ..တွေးတော ဆင်ခြင်ဉာဏ်နှင့် ဆိုင်သောဦးနှောက် ကိုသုံးရန်လိုအပ်သည်…(Education)…

ယခုလို သတင်းတွေ

အလျှံပယ် ပေါနေတဲ့ ခေတ်ကြီးမှာ…ကိုယ်ပိုင်ဉာဏ် မရှိထားဘူးဆိုရင် ပတ်ဝန်းကျင်ရဲ့

ဝါးမျိုခြင်း၊ သိမ်းသွင်းခြင်းကို ကောင်းကောင်း အသုံးချခံရပါ လိမ့်မယ်…

ဒီလိုပြောတာ ပတ်ဝန်းကျင်၊ မိဘဆရားသမားတွေကို စော်ကား ခိုင်းတာမဟုတ်ပါဘူး..

ပတ်ဝန်းကျင်တွေရဲ့ အသံကို ပထမအနေနဲ့…နားထောင်ဖို့ လိုပါတယ်..ပြီးရင် သတင်း မဟုတ်ဘဲ အတင်း ဖြစ်နေရင် အကျိုးမရှိတာဘဲ များပါလိမ့်မယ်…

ဒုတိယ အဆင့် ကတော့ ရွှေးချယ်မှု မှန်ကန်ဖို့ လိုပါတယ်..ဒီရွှေးချယ်မှုဟာ…ကိုယ်ပိုင်

ဉာဏ်ရဲ့ အစပျိုးခြင်းဘဲ…

ဒါကြောင့် နားထောင်ခြင်းဆိုတာ…အကုန်လုံးဆောင်ရွက်ခြင်း မဖြစ်နိုင်ပါဘူး…မှန်၏..

မှား၏..သင့်၏..မသင့်၏ကို ဝေဖန်ပိုင်းခြားဖို့ပါ…ကိုယ်ပိုင်ဉာဏ်ဖြင့် လွတ်မြောက်မှု

အဆင့်ဆင့် သို့ တက်လှမ်းနိုင်ကြပါစေ…

4 comments

  • ကိုရင်မောင်

    August 22, 2012 at 11:05 am

    လူတွေဟာ စာများများဖတ်ဘို့လိုသလို
    ပါတ်ဝန်းကျင်ရဲ့အတွေ့အကြုံကိုအမြဲစူစမ်းနေဘို့လိုပါတယ်
    နောင်တချိန်မှာ ဒီအတွေ့အကြုံတွေဟာ ကိုယ့်အတွက်
    အသုံးတည့်လာတာတွေ ကြုံလာရတာပါဘဲ ….
    ဆက်စပ်တွေးတောတတ်လာတဲ့ ပညာတွေ ဟာ
    အတန်းကျောင်းနဲ့မဆိုင်ဘဲ ပြင်ပစူစမ်းမှု့တွေကနေလဲ ရနိုင်ပါတယ်
    ကိုအောဖေါ့ရေ…….

  • Ko out of...

    August 22, 2012 at 4:07 pm

    နောက် “ဟားဘတ်ကယ်ဆင်” ကစဉ်းစာဉာဏ်နဲ့ မှတ်ဉာဏ်ကို..ကားရှေ့မီး၊နောက်မီး နဲ့လည်း ဥပမာ ပေးထားတာ ကို ဆက်လက်ဖေါ်ပြပါရစေ…

    မော်တော်ကား အသီးသီးတွင်..ရှေ့ခေါင်းမီးHead light ၊နောက်မီးနီ အသီးသီးရှိကြတယ်..
    ထို့အတူသင့်တွင်လည်း ရှေ့မီးနောက်မီး ရှိနေကြသည်…သင့်တွင်ရှိသောမီးရောင်များ အကြောင်းကို စဉ်းစားသင့်တယ်…

    လူတစ်ယောက်၏ရှေ့မီးဆိုသည်မှာ…သူ့ဦးနှောက်၏တွေးတောကြံစည် တတ်သော ရှေ့ဖက် အစိတ်အပိုင်း ဖြစ်ပြီး..နောက်မီးမှာ..မှတ်တတ်သောနောက်ဘက် အစိတ်အပိုင်း ဖြစ်သည်..

    လူတစ်ယောက်သည်…တကယ်တွေးတောသည့် အခါတိုင်း အနာဂတ်ကာလနှင့်သာ ပတ်သက်သဖြင့်
    တစုံတရာကို မှတ်မိခြင်း၊သတိရခြင်းသည်…အတိတ်ကာလနှင့် သာပတ်သက်လေသည်..

    အတွေးသမားမည်သည်…ရှေ့တူရူကိုသာကြည့်လေ့ရှိပြီး…လူကြီးသူမ စကားကို သတိရသောသူတို့
    သည်…နောက်ကြောင်းကိုသာပြန်ကြည့်လေ့ရှိသည်…

    တိုးတက်နေသော ခေါင်းဆောင်တို့သည်ကား…အစဉ်သဖြင့် ရှေ့မီး လင်းထားသောလူမျိုးများဖြစ်ပေသည်..

    သန်းပေါင်းများစွာသော လူတို့မှာ…နောက်မီးသာရှိသောကြောင့် ပိုးစုန်းကြူးနှင့် တူကြသည်…

    အတိတ်ကို ဘာမှအသုံးမကျဘူးလို့ ဆိုလိုခြင်းမဟုတ်ပါ..အတိတ်က သင်ခန်းစာကို မှန်မှန်ကန် သုံးသပ်ဆင်ခြင်တတ်ရင် အနာဂတ်မှာ… ပြဿနာ ဆိုတာ အဖြစ်နည်းတယ်…သို့သော်မှန်ကန်တဲ့ သမိုင်း
    ဖြစ်ဖို့တော့လိုတယ်….သမိုင်းအမှန်ကို နောက်ကလူတွေ သိမှာစိုးလို့သမိုင်းကို ကပြောင်းကပြန်လုပ်ပြန်ရင်လည်း…ဖြစ်နိုင်မဖြစ်နိုင်ဆိုတဲ့ စဉ်းစားဉာဏ်ဆိုတာ သုံးဖို့လိုအပ်ပါတယ်…

  • si tone

    August 22, 2012 at 4:57 pm

    တကယ်ဆိုရင်….. လူတွေတော်တော်များများ ဦးနှောက်ကို အလုပ်လုပ်ပေးဖို့လိုတယ်လိုထင်တယ်….
    အဲဒါမှ ဦးနှောက်ဖွ့ြံဖိုးမှာနော်……………………..

Leave a Reply