“ ဘာဖြစ်လို့ အကြောင်းအရာ မသိကြတာလဲ ”

“ ဒီ ကန်တော့ချိုးရကြသူတွေက စနစ်တကျ အသင်ကြားခံရပြီး ရလာကြတာ မဟုတ်ပဲ အသက်(၅)နှစ်မတိုင်ခင်က မိဘ၊ ဘိုးဘွားတို့ဆီက နှုတ်တိုက်သင်ကြားရာက ရလာကြတာတွေ ဖြစ်လို့ပဲ ”

“ အဲဒီ နှုတ်တိုက် သင်ပေးသူက ရှင်းပြတာလည်း လုပ်ရမှာပေါ့ ”

“ သူတို့ကလည်း ရှင်းပြလောက်အောင် မသိကြသူတွေပဲ ”

“ ဘာဖြစ်လို့ ရှင်းမပြနိုင်ကြတာလဲ ”

“ သူတို့လည်း ဒီလိုပဲ သူတို့မိဘ၊ ဘိုးဘွားတွေဆီက နှုတ်တိုက်သင်ရာက ရလာ တာဖြစ်လို့ပဲ ”

“ သူတို့ဟာ ဆရာသမားဆည်းကပ်တာ မရှိကြဘူးလား ”

“ ရှိတာပေါ့ ”

“ ဆရာသမားတွေက ကန်တော့ချိုးထဲက အကြောင်းအရာတွေ မဆုံးမကြဖူး လား”

“ သူတို့ကလည်း ငယ်ငယ်က ရလာခဲ့ကြတဲ့အတိုင်း သူ့စာက ပေါ်လွင်ပြီးသားပဲ လို့ ဆိုပြီး အဲဒီလို သိတာ မဖြစ်ရသေးတဲ့ အကြောင်းအရာပါတာတွေပဲ သင်ကြတာပဲ ”

“ စာနဲ့ ရေးပြတာတွေ မရှိဘူးလား ”

“ ဋီကာတွေ ဒီပနီတွေရှိတယ် ကြားဖူးတာပဲ ”

“ ဒီဘက်ခေတ်မှာလည်း မြန်မာစာအရေးကောင်းကောင်းနဲ့ ရေးတာ တွေ့ရပါ တယ် ”

“ ဟုတ်တယ်”

“ ဘာဖြစ်လို့လဲ ”

“ သူတို့လည်း မိဘဆီက ရခဲ့တာထက် ပိုလွင်တဲ့ အသိအဖြစ်၊ လိုရင်းကို မပြကြ တာတွေ့ရလို့ပဲ ”

“ ဘယ်လိုပြလို့လဲ ”

“ ရတနာတွေဟာ ပြစ်မှားရင် သိပ်ကြီး အပြစ်ကြီးလို့ ကန်တော့ရတယ် ဆိုတာမျိုး ပြောထားတာ တွေ့ရလို့ပဲ ”

“ အဲဒါ မမှန်လို့လား ”

“ ဟုတ်တယ် ”

“ ဒီလိုဆိုတော့ သူတို့ဖွင့်တာ သူတို့ မိဘဆီက ရခဲ့တာထက် ဘာမှ မပိုဘူးလား”

“ ဒီလိုတော့ မဟုတ်ဘူး၊ ဒါပေမဲ့ လိုရင်းမရောက်တာတော့ မရောက်တာပဲ”

“ ဘာတွေဖွင့်လို့လဲ ”

“ သြကာသဆိုတာ ဘယ်လိုအနက်ရှိတယ်၊ အပါယ်တွေ၊ ကပ်တွေ၊ ရပ်ပြစ်၊ ရန်သူ၊ ဝိပတ္တိ၊ ဗျဝန တွေဟာ ဘာတွေဖြစ်တယ်ဆိုတာက မိဘဆီက မရပဲ ကြီးမှ အဲဒါတွေ ဖွင့် ပြတာပေါ့ ”

“ အဲဒါတွေက ကန်တော့ချိုးမှာ အရေးမပါဘူးလား ”

“ ဟုတ်တယ် ”

“ ဘာဖြစ်လို့ အဲဒါတွေက အရေးမပါတာလဲ ”

“ လုပ်ရမဲ့အပိုင်းက စသကားလုံး၊ ဖြစ်ရမဲ့အပိုင်းက စကားလုံး လို့ ရှိရာမှာ ဘယ် ဟာ အရးကြီးတာလဲ ”

“ လုပ်ရမဲ့စကားက မလွဲဖို့ အရေးကြီးတာပေါ့။ ဖြစ်ရမဲ့ စကားလုံးကတော့ မသိ လည်း အရေးမကြီးဘူးပေါ့၊ သူဟာသူ ဖြစ်မှာပဲ ဖြစ်လို့ပေါ့ ”

“ ဟုတ်တယ် ”

“ သြကာသကန်တော့ချိုးမှာ လုပ်ရမဲ့အပိုင်း၊ ဖြစ်ရမဲ့အပိုင်းလို့ နှစ်ပိုင်းရှိတာလား ”

“ ဟုတ်တာပေါ့ ”

“ ‘ကန်တော့ပါ၏ အရှင်ဘုရား’ အထိနဲ့ နောက်ပိုင်းလို့ ခွဲရမှာလို့ ထင်ပါတယ်၊ အဲဒါ ဟုတ်ပါသလား ”

“ ဟုတ်တယ် ”

“ လုပ်ရမဲ့ အပိုင်းထဲက စကားလုံးတွေက သူ့ဟာနဲ့သူ အဓိပ္ပာယ်ပေါ်ပြီးသား ရှိ တယ် မဟုတ်ဘူးလား ”

“ အဲဒီလိုပဲ ထင်ကြတာပဲ ”

“ အဲဒီလို မဟုတ်လို့လား ”

“ အဲဒီစကားလုံးတွေရဲ့ အရ တွေကောက်ကြည့်မှ သိရမှာပဲ ”

“ အဲဒီထဲမှာ အရ ကောက်စရာ စကားလုံးက ဘယ်လောက်ပါလို့လဲ ”

“ အားလုံးလောက်ပဲ။ ရေတွက်ကြည့်ပေါ့ ”

“ မသိတဲ့ စကားလုံးပဲ ရေတွက်ရမှာလား ”

“ ဒါပေါ့ ”

“ တစ်လုံးမှ မသိတာ မရှိဘူး ထင်တာပဲ ”

“ အဲဒီလိုပဲ ဖြစ်ရမှာပဲ ”

“ ဘာဖြစ်လို့လဲ ”

“ သမားစဉ်က အဲဒီလိုပဲ ကျထားလို့ပေါ့ ”

“ အဲဒါက ဘာကို ပြောတာလဲ ”

“ ရှေးအစဉ်လာကျ ဖြစ်တယ်လို့ ဆိုတာပဲ ”

“ အဲဒါဆိုရင် မသိတာ မရှိဘူး မဟုတ်လား ”

“ မဟုတ်ဘူး ”

“ ရှေးအခါက အမှန်သိကြမယ် မဟုတ်ဘူးလား ”

“ ဒီလို ဘယ်မှာ ပြောလို့ရမလဲ ”

“ ဘာဖြစ်လို့လဲ ”

“ အဲဒီ ရှေးအခါထက်၊ ရှေးကျတဲ့ အခါက မသိတဲ့ အမွေပေးတာကို ယူခဲ့တယ်ဆို ရင် ဘယ်လိုပြောမလဲ ”

“ အဲဒီလိုဆိုရင်တော့ ဟုတ်တာပဲ ”

“ ဒါပဲပေါ့ ”

“ အဲဒီ ရှေးအခါထက် ရှေးကျတဲ့အခါကို ဘယ်သူသိနိုင်မှာလဲ ”

“ ဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲ ”

“ အဲဒါမျိုး သမိုင်းမှာ ရှိလို့လား ”

“ ရှိကြောင်းကြားဖူးတာ မှုန်ဝါးဝါးပေါ့။ ရှိတော့ ရှိတယ် ”

“ အဲဒါ ပြောပါအုံး ”

“ ကွန်ဖြူးရှပ်ဟာ သူ့မတိုင်မီ နှစ်ထောင်ချီကြာခဲ့တဲ့ဆီက အမွေကိုရခဲ့ပြီး သူ့ဝါဒ ကို ဆောက်ခဲ့ပေမဲ့ နောက်တရုပ်ပညာရှင်ကြီး တစ်ဦးကတော့ ကွန်ဖြူးရှပ်ကို အမွေ ပေးခဲ့သူထက် နှစ်ထောင်ချီ ရှေးကျတဲ့ သူဆီက အမွေကိုယူပြီး ဝါဒတစ်ခုကို ထူထောင် ခဲ့တယ်လို့ သိရတယ် ”

“ ကွန်ဖြူးရှပ်က နှစ် နှစ်ထောင့်ငါးရာ၊ သူ့ကိုအမွေပေးသူက နှစ်သုံးလေးထောင်၊ အဲဒီထက် ရှေးကျတာဆိုတော့ ငါးထောင်ကျော်ဖြစ်မှာပေါ့ ”

“ ဖြစ်စရာပဲ ”

“ တရုပ်က ရှေးကျလှပြီဆိုတော့ မဖြစ်နိုင်ဘူးလို့ ပြောလို့ မရဘူးပေါ့ ”

“ သမိုင်းဆိုတာ ရှိပေမဲ့ အဲဒါကို ကန့်ကွက်နိုင်တဲ့ အထောက်အထားကို ခိုင်ခိုင်မာ မာ ပြနိုင်ရင် အဲဒီသမိုင်းဟာ ပြောင်းရမှာပဲ မဟုတ်လား ”

“ ရှေးက မှန်နန်းရာဇဝင်မှာ ရေးထားတဲ့ ပုဂံသမိုင်းထဲက အချက်တစ်ချို့ကို ပုဂံ ကျောက်စာက ပျက်ပြယ်စေခဲ့တာ ဖတ်ရဘူးပါတယ် ”

“ မှန်နန်းရာဇဝင်မှာလာတဲ့ စကားဟာ ရှေးစကားဖြစ်ပေမဲ့ အဲဒီရှေးစကားထက် ရှေးကျတဲ့ စကားက ပုဂံကျောက်စာစကား ဖြစ်နေတာကြောင့်ပဲ ”

“ ရှေးက အမှန်ပြသူတွေ ရယူရအောင် အမွေပေးခဲ့ကြတဲ့ ရှေးအခါကလူတွေ ထက် ပိုပြီးရှေးကျတဲ့သူက ဘယ်သူလဲ ”

“ ဟုတ်ပြီ။ အဲဒီလို မေးရမှာပဲ ”

“ ကိုယ့်ကို အခုအသိမျိုးသိအောင် အသိပေးခဲ့တဲ့ ဆရာကြီးမှာ ဆရာနှုတ်ခမ်း သပ်ထားတာ မဖြစ်ဖို့ဆိုရင် ဒီလိုပဲ မေးရမှာဖြစ်လို့ပဲ ”

“ အဲဒီ ဆရာကြီးရဲ့ အသိပေးချက်က မှန်နေမလားမှ မသိတာပဲ ”

“ အဲဒီလို မသိတာပဲ ဆိုတာကိုက သံသယ စကားပဲ ”

“ ဟုတ်တော့ ဟုတ်တာပေါ့ ”

“ သံသယမွေးထားတာဟာ အလုပ်မှာ အနှောက်အယှက်ဖြစ်ပါတယ် ”

“ အဲဒီ ဆရာကြီးနဲ့ ဆရာကြီးကို အမွေပေးလိုက်ကြသူတွေနဲ့ ကိုယ်နဲ့က နှစ်ပေါင်း ရာစု နှစ်ဆယ်နီးနီးလောက် ခြားနေတာဆိုတော့ ဒီလိုပဲ မနေလို့ ဘယ်လိုနေ မလဲပေါ့ ”

“ ဒီလိုပဲ လွယ်လွယ်ပြောရင်တော့ ဒီသံသယ အဖြေက မထွက်နိုင်မှာပဲ ”

“ လွယ်လွယ်နေတာမဖြစ်အောင် ဘာလုပ်ရမှာလဲ ”

“ အခုခေတ်မှာ ညွှန်ပြတာတွေ ရှိကြပါတယ် ”

“ ဘာတွေလဲ ”

“ စာ တစ်ခုကို ဖတ်သူဟာ စာထဲက အကြောင်းအရာသိတာနဲ့ မပြီးပဲ စာရေး သူကိုပါ လှမ်းဖတ်ရမယ်။ ဘယ်ခေတ်က ရေးခဲ့တာလဲ၊ အဲဒီခေတ်က ဘာတွေဖြစ် နေသလဲ၊ အစစတွေပါ လေ့လာဖို့ပေါ့ ”

“ ဒေသကလည်း ခြား၊ လူမျိုးကလည်းခြား၊ ပြောစကားကလည်း ခြား၊ အဲဒါတွေ ကလည်း ကာလခြားတာထဲ ထပ်ဆင့်နေတာဆိုတော့ ဘယ်လေ့လာနိုင်ပါ့မလဲ ”

“ ဟုတ်ပ့ါ။ ဒီလိုနဲ့ ဒီလောက် အမှားကြာလာတာ ဖြစ်မှာပဲ ”

“ အမှားကြာရင် အမှန်ဖြစ်တယ်ဆိုတဲ့ စကားရှိတော့ အမှန်တော့ ရောက်လာမှာ ပေါ့ ”

“ အမှားကို အမှန်လို့ မှတ်ယူသွားကြတာကို အဲဒီ စကားပုံကပြောတာနဲ့ ကြားတာနဲ့ အမှန်ကို ရောက်မလာနိုင်ဘူး ”

“ ဒီလိုဆိုတော့ ခက်လှပါလား ”

“ ပုဂံကျောက်စာတွေ မဖြစ်ခင်က ပုဂံရာဇဝင်ဟာ မှန်နန်းရာဇဝင် ရေးတာ အတိုင်း သိခဲ့ရပေမဲ့ ပုဂံကျောက်စာပြီး နောက်မှာတော့ မှန်နန်းကပြောတဲ့ ရာဇဝင် အတိုင်း သိဖို့ မဟုတ်တော့ဘူး မဟုတ်လား ”

“ အခုအသိကို အသိပေးနေတဲ့ ဆရာကြီးနဲ့ အဲဒီဆရာကြီးကို အမွေပေး လိုက်ကြ သူတွေ ပြောတာလောက်နဲ့ တင်းတိမ်မနေပဲ ပုဂံကျောက်စာလို လက်ရင်းစာကို ပြန်ဖတ် ကြရမှာပေါ့ ”

“ အဲဒါတွေ ဖတ်နေကြတယ် မဟုတ်လား ”

“ မဖတ်ကြဘူး ပြောရမယ် ”

“ အခုခေတ် အသိရှာသူတွေက ဘာလုပ်နေကြတာလဲ ”

“ ရှေးက အသိရှာတဲ့ လူတွေလိုပဲ လုပ်နေကြတယ် ”

“ အဲဒီ သူတွေက ဘာလုပ်နေကြလို့လဲ ”

“ အခုသိနေတဲ့ အသိကိုပေးနေတဲ့ ဆရာကြီးပြောတာတွေကို နားလည်အောင် လုပ်နေကြတာပဲ ”

“ အဲဒါ လွဲတာပဲ ”

“ ပုဂံရာဇဝင်ကို ပုဂံကျောက်စာထက် တိကျအောင် ပြောနိုင်သူ မရှိနိုင်တာပဲ ”

“ ပုဂံကျောက်စာလိုပဲ လက်ရင်းကျတဲ့ စာတွေက မဖတ်တတ်စရာ ဖြစ်နေလို့ လား ”

“ စကားပြောကို ပီနေအောင် ပြောထားတာတွေပဲ၊ ပညာရှင်သုံး စကားနဲ့ ပြော တာမဟုတ်ပဲ အရပ်သားနားလည်အောင် ပြောထားတဲ့ စကားတွေပဲ ”

“ အဲဒါတွေဖတ်ရင် ဇဝေဇဝါဖြစ်စရာ ဘာမှ မရှိဘူးလား ”

“ မရှိဘူး ”

“ အဲဒါတွေရှိပြီးတာကို အခုသိနေတဲ့ အသိကို ပေးနေတဲ့ဆရာကြီးက ဘာပြော စရာရှိလို့ ပြောနေတာလဲ ”

“ အဲဒါ မေးစရာပဲ ”

“ အဲဒီအမေးကို ဖြေပါအုံး  ”

“ အဲဒီ ဆရာကြီးနဲ့ အဲဒီဆရာကြီးကို အသိပေးခဲ့ကြတဲ့ ဆရာတွေက ပုဂံကျောက် စာလို အရင်စာတွေကို သိစရာမှာ မလွယ်ဘူးလို့ ထင်ကြလို့ပေါ့ ”

“ အဲဒါတွေက ဇဝေဇဝါဖြစ်စရာ မရှိပဲ ဘယ်လိုကြောင့် သိဖို့မလွယ်ဘူး ထင်ရတာ လဲ ”

“ အဲဒါလည်း မေးစရာဖြစ်တာပဲ ”

“ အံ့အားသင့်မနေပါနဲ့။ ပြောပေးပါ ”

“ သူတို့အနေနဲ့ ဇဝေဇဝါဖြစ်နေကြလို့ပေါ့ ”

“ သူတို့က ရှင်းနေတာကို ရှုပ်တယ်လို့ ဘယ်ကြောင့် ဖြစ်ရတာလဲ ”

“ သူတို့က အရှုပ်ထဲကနေ ကြည့်နေကြလို့ပေါ့ ”

“ သူတို့က ဘယ့်ကြောင့် အရှုပ်ထဲ ရောက်နေကြတာလဲ ”

“ ဖြတ်လမ်းလိုက်ကြသူတွေ ဖြစ်လို့ပေါ့ ”

“ အဲဒါ နားလည်အောင် ရှင်းပါအုံး ”

“ ဥပမာပြောမှ အထင်အရှားဖြစ်မယ် ”

“ ပြောပါ ”

“ လောကမှာ ခပ်တုံးတုံး လူတစ်ယောက်ဟာ စာသင်တာမှာ အက္ခရာတွေ အား လုံး သိတဲ့အဖြစ်ရောက်တော့ စာအုပ်၊ ပေအုပ်တွေဖတ်တယ်။ အဲဒါတွေထဲမှာ သူမသိ တဲ့ အက္ခရာ ရှာမတွေ့တော့ ဒီစာအုပ်တွေအားလုံးဟာ ငါဖတ်တတ်တာတွေပဲလို့ သူသိ တာဟာ ဖြတ်လမ်းပဲ ”

“ဘိတ်တုံးကျတဲ့ အသိပဲ ”

“ သူသိတာ မှားတယ်ပြောမလား ”

“ မမှားပေမဲ့ ဟုတ်မှ မဟုတ်တာပဲ ”

“ လွယ်ကော မလွယ်ဘူးလား ”

“ လွယ်ပေမဲ့ အသုံးမှ ဘာမှ မကျတာပဲ ”

“ သူတို့လည်း ဘာမှ အသုံးမကျတာကို မသိတာ မဟုတ်ပါဘူး ”

“ သိရင် ဘာမှ အသုံးမကျတာကို စွန့်လွှတ်ပါလား ”

“ ဘာမှ အသုံးမကျတာသိတာက စွန့်လွှတ်စရာမဟုတ်ဘူးလို့ သူတို့က သိနေကြ ယုံမက သိပ်အသုံးကျတယ်လို့အထိ သိနေကြလို့ပေါ့ ”

“ ဘာမှ အသုံးမကျတာကို ဘယ်လို အသုံးချမှာလဲ ”

“ အလိုငြိမ်းဖို့အတွက် အသုံးချဖို့ အသုံးကျတယ်လို့ပဲ ”

“ အဲဒီလိုကြီး တဲ့လား ”

“ လွယ်ကလွယ်၊ အသုံးကလည်း ငြိမ်းချမ်းတဲ့အထိ အပြီးတိုင်ကျဆိုတော့ အဲဒါ ဟာ သူတို့ရဲ့ အနှစ်ဥစ္စာ၊ အဲဒါဟာ သူတို့ရဲ့ အလင်းရောင်အစစ်လို့ မှတ်ယူကြတော့ တာပဲ ”

“ ဒီလိုဆိုတော့ သူတို့ဟာ သိပ်မိုက်သွားကြပြီပဲ ”

“ ဒီတော့ ပုဂံကျောက်စာထဲက စကားတွေလို အရင်းကျတဲ့စကားတွေကို သူတို့ အနေနဲ့ ဇဝေဇဝါတွေချည်း ဖြစ်တော့တာပေါ့ ”

“ ဟုတ်ပြီပေါ့ ”

“ ဘယ်လိုဟုတ်တာ တွေ့ရလို့လဲ ”

“ အက္ခရာတွေပဲ ဖတ်တတ်သူအနေနဲ့ အဲဒီအက္ခရာတွေနဲ့ ရေးထားတာတွေရဲ့ အ ကြောင်းအရာတွေဟာ အားလုံးအသိခက်တာတွေချည်း ဖြစ်ရမှာ မလွဲပဲ မဟုတ်လား ”

“ အင်းပေါ့ ”

“ ပုဂံကျောက်စာထဲက စကားတွေလို အရင်းကျတဲ့ စကားတွေက ဖြတ်လမ်း ဆရာ တွေလက်ထဲမှာ ကိုင်ထားခံရတာဟာ အခုသိနေတဲ့ အသိတွေပေးနေတဲ့ ဆရာ ကြီးရဲ့ ရှေး ဘယ်လောက်ကလဲ ”

“ ရာစု ငါးခု ကျော်လောက်ကပဲ ”

“ သူတို့ကလည်း ဖြတ်လမ်းစာ သိပေးတာတွေ မလုပ်ကြဘူးလား ”

“ ဘယ်နေကြမှာလဲ ”

“ ဘယ်လောက်များသလဲ ”

“ အများကြီးပဲ ”

“ အရင်းကျတဲ့ စကားတွေကို သူတို့က မှတ်တမ်းတင်ကြတယ်လို့ ကြားဘူး တယ်။ အဲဒါ ဟုတ်သလား ”

“ ဟုတ်တယ် ”

“ အဲဒီထဲပဲ ဖြတ်လမ်းစကားတွေပါနေမလားပဲ ”

“ မကင်းနိုင်ဘူးပေါ့ ”

“ ပုဂံကျောက်စာထဲက စကားလို အရင်းစကားလား၊ ဖြတ်လမ်းစကားလား ခွဲခြား ဖို့တောင် အခက်ဖြစ်စရာပဲ ”

“ နည်းမရှိရင်တော့ မလွယ်တာပဲ ”

“ မတူတဲ့ စကားနှစ်ခုဖြစ်တဲ့အတွက် ခွဲတတ်ရင်တော့ ကွဲရမှာ ဟုတ်ပါတယ် ”

“ ရွှေနဲ့ပြဒါး ရောနေတာလိုပေါ့၊ ခွဲတတ်ရင် လုံးဝ ကွဲပါတယ် ”

“ အခုခေတ်မှာ ဒီစကားတွေ လေ့လာကြသူတွေဟာ တဖက်ကမ်းရောက် ပေါက်ကြသူတွေ အများကြီးရှိနေတာပဲ ဒါကို ဘာဖြစ်လို့ မကွဲကြတာလဲ ”

“ ဒီလိုဖြစ်တာ အကြောင်းနှစ်ချက်ရှိတယ် ”

“ ပဋ္ဌမအကြောင်း ပြောပါအုံး ”

“ အရင်စကားပြောသူကို သူတို့က အကြွင်းမဲ့ အလေးထားကြတယ် ”

“ ဒါ သဘာဝကျတာပေါ့ ”

“ ဒါပေမဲ့ ပြောရတာ ခက်ပါတယ် ”

“ ဘာဖြစ်သလဲ ”

“ အဲဒီစကား ပြောသူက ဖြတ်လမ်းအသိပေးတဲ့ သူတွေက ဖြတ်လမ်းနဲ့ ညီညွှတ် အောင် ပုံဖော်ခံထားရသူ ဖြစ်နေတယ် ”

“ မလွယ်ပါလား ”

“ ဟုတ်တယ် ”

“ အရင်စကား ပြောသူရဲ့ ရုပ်ပုံလွှာ မပီတော့ဘူးလား ”

“ မပီတော့တာ မဟုတ်ဘူး၊ မပေါ်ကို မပေါ်တော့တာပဲ ”

“ ဘယ်လို ပုံဖော်ထားခံရလို့လဲ ”

“ ဟိန္ဒူဘာသာက ဗိသျှနုအဖြစ်လို ပုံဖော်ထားခံရလို့ပဲ ”

“ အရင်းစကားထဲမှာ ဗိသျှနုပြောတာတွေနဲ့ ဖြောင့်ဖြောင့်ဆန့်ကျင်တာတွေ မပါ ဘူးလား ”

“ အဲဒါတွေကိုလဲ ဗိသျှနုနဲ့ မဆန့်ကျင်အောင် ဖြတ်လမ်းအသိပေးသူတွေက အားလုံး အသိပေးပြီးကြပြီ ”

“ ဒါကို အကြွင်းမဲ့ လေးစားပြီဆိုတော့ မလွယ်တော့တာပေါ့ ”

“ ဒါက ပဌမတစ်ချက်ပဲ ရှိသေးတယ် ”

“ ဆက်ပြောပါအုံး ”

“ ဒီအကြောင်းအရာ လေ့လာဖို့ တာဝန်ရှိသူတွေလေ့လာကြတာက မမှန်ကြဘူး ”

“ ဘယ်လို လေ့လာလို့လဲ ”

About မောင်မိုးပြာ

has written 14 post in this Website..

   Send article as PDF