၂၀၀၈ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ

kaiFebruary 7, 20101min1151

၂၀၀၈ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ တွင်ရုပ်ရှင်ဇာတ်ကားကြီး ၁၂ကားမှ ထူးချွန်သူအနုပညာရှင်များကိုဆုများ ချီးမြှင့်ခဲ့သည်။

အကယ်ဒမီဆုများမှာ အောက်ပါအတိုင်း ဖြစ်သည်။
အကောင်းဆုံး ဇာတ်ကားဆု – အများနှင့်မသက်ဆိုင်သောသူ (မျက်ခြယ် ရုပ်ရှင်နှင့်ဗီဒီယို ထုတ်လုပ်ရေး)
အကောင်းဆုံး ဒါရိုက်တာဆု – ညီညီထွန်းလွင် (အများနှင့် မသက်ဆိုင်သောသူ)
အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု – ခန့်စည်သူ (အများနှင့် မသက်ဆိုင်သောသူ)
အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု – မို့မို့မြင့်အောင် (မြင့်မိုရ်ထက်က သရဖူ)
အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု – ရဲအောင် (အကယ်ဒမီရှော့)
အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု – ခင်မို့မို့အေး (အများနှင့် မသက်ဆိုင်သောသူ)
အကောင်းဆုံး ဓာတ်ပုံဆု – သန်းညွန့်- ပန်းသာ (ကြိုးတန်း)

ဓါတ်ပုံဆုရသော ကြိုးတန်းဇာတ်ကားမှာ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ် မြန်မာ့ရုပ်ရှင်ပွဲတော်တွင် ပြသခဲ့ဖူးသည်။ ပရိသတ်အမျာစုက ကြိုးတန်းဇတ်ကားကို အကောင်းဆုံးဇတ်ကားဆုမှန်းထားသော်လည်း ဆင်းရဲသားအခြေခံဇတ်ကားဖြစ်သဖြင့် မြန်မာ့ရုပ်ရှင်၏ ပေါ်လစီသစ်အရ ဆုမရနိုင်ခြင်းဖြစ်သူဟု ထင်ကြေးပေးသူများလည်းရှိပေသည်။
အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုခန့်စည်သူသည် ယခုဆုကို အနုပညာသက်တမ်းတလျောက်  ပထမဆုံးသော အကယ်ဒမီဆုအနေဖြင့် ရရှိခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံတွင်နှစ်ရှည်လများစွာ နေထိုင်ခဲ့ပြီးမှ မြန်မာပြည်ပြန်ကာ ရုပ်ရှင်လောကထဲသို ့ဝင်ရောက်ခဲ့သူဖြစ်သည်။
မို့မို့မြင်အောင်သည် ယခုဆုကို အနုပညာသက်တမ်း တလျောက် ငါးဆုမြောက်အကယ်ဒမီအဖြစ် ဆွတ်ခူးရရှိသွားခဲ့ခြင်းလည်းဖြစ်ပါသည်။  အကယ်ဒမီ မို့မို့မြင့်အောင်သည် ၁၉၈၄ခုနှစ် တွင် နှလုံးသားမြို့တော် ဇာတ်ကားဖြင့် ဇာတ်ပို့ဆု၊ ၁၉၈၉ခု နှစ်တွင် ခပ်စိမ်းစိမ်းနေပါ့မယ် ဇာတ်ကားဖြင့် ဇာတ်ဆောင်ဆု၊ ၁၉၉၁ ခု နှစ်တွင် သမီးနှင့်အမေများ ဇာတ်ကားဖြင့်ဇာတ်ဆောင်ဆု၊ ၁၉၉၄ ခုနှစ် တွင် မသုဓမ္မစာရီဇာတ်ကားဖြင့် ဇာတ်ဆောင်ဆုများ ရရှိထားခဲ့သည်။
ယခုနှစ်၏ အလွန်ထူးခြားသော အချက်မှာ တီဗီမှ တိုက်ရိုက်ထုတ်လွှင့်ပြသစဉ်အတွင်း အလွန်များပြားသော ကြော်ငြာများ ကြားဝင်ပြသခြင်းဖြစ်ကြောင်း ပရိသတ်အများစုကပြောပါသည်။

ဓါတ်ပုံများကို အောက်ပါ ဝက်ဘ်ဆိုက်တွင် သွားရောက်ကြည့်ရှု နိုင်သည်။
http://www.planet.com.mm/academy2008/snapshot.cfm
ဆုပေးပွဲကို မြန်မာ့ရုပ်မြင်ငသံကြားမှလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာ အဆိုပါ ဗီဒီယိုကို အောက်ပါဝက်ဘ်ဆိုက်တွင်ကြည့်နိုင်သည်ဟု သိရသော်လည်း ယခုအချိန်အထိ မမြင်ရသေးပါ။

http://www.mmtube.tv/free/

One comment

  • cum min

    June 25, 2012 at 2:21 pm

    ဟာဘယ်သူမှ မမနန့်ထားဘူးဘဲ..
    နာတောပွပြီးကွ…
    10

Leave a Reply