တွေးမိတွေးရာ တွေးမိပြန်တယ်လေ။

ခင္ခAugust 22, 20121min14019

တွေးမိတွေးရာ တွေးမိပြန်တယ်လေ။

မနက်ရုံးလာရင်းနဲ့ ရုံးအတူလုပ်တဲ့ ဝန်ထမ်းတယောက်ရဲ့ သားလေး ရက် ( ၁၀ဝ )ပြည့် အမည်ပေးကင်မွန်းတပ် အလှုဖိတ်ထားလို့ ဝင်ပြီးတော့ ခင်ခ တစ်ယောက် နံနက်စာအလွတ်( ကိုယ့်ဖာသာဝယ်မစားရတော့ဘူးပေါ့) းအားပေးခဲ့တယ်လေ။ သူတို့ဧည့်ခံကျွေးတဲ့ကြာဇံချက်လေးက ပူပူနွေးနွေး ရာသီဥတုက ခပ်အေးအေးနဲ့ သောက်လို့ ကောင်းပေါ့ဗျာ။ လက်ဗလာကြည်ဘဲတော့ သွားတာမဟုတ်ပါဘူး ကလေးအတွက် လက်ဆောင်လေး တော့ယူသွား ဖြစ်တာပေါ့။ အဲဒီမှာ ကြာဇံချက်ကို အရသာခံစားပြီး အိမ်ရှင်တွေကိုနုတ်ဆက် အပြန်ခရီးမှာတော့ အတွေးတွေ တွေးတတ် တဲ့ ခင်ခ တယောက် တွေးမိတွေးရာ   တွေးမိပြန်ရောလေ။

တွေးမိတွေးရာ တွေးမိလိုက်ပုံက အခုကလေး လေးက ဘဝအတွက် သူ့အမည်ဟာ ဘယ်သူပါလို့ သတ်မှတ်ပေးလိုက် ကြတဲ့ အမည်ပေးကင်မွန်တပ်ပေါ့၊ များသောအားဖြင့် အတော်များများကတော့ ငယ်စဉ်က ပေးလိုက်တဲ့ အမည်နဲ့ဘဲ ဆုံးပါးတဲ့အထိ သုံးစွဲ အသုံးပြုသွား ကြတာများပါတယ်။ တစ်ချို့တော့ ရှိတာပေါ့လေ အကြောင်းကိစ္စရှိလို့ အမည်ပြောင်း လုပ်ကြတာပေါ့။ ဒါကတော့ အနည်းစုပါ။

ကျွန်တော်ကျတော့အဲလိုဟုတ်ပြန်ဘူး ဂေဖတ်ရွာထဲဝင်တော့ မဝင်တတ်ဝင်တတ်နဲ့ဝင်လိုက်တော့ ပိုစ့်လည်းရေးတင်ရော Khin Kha လို့ဖော်ညွှန်းပါရောဗျာ။ အဲဒီတော့ ကွန့်မန်ရေးတဲ့သူတွေက မခင်ခရေ လို့ရေးကြပါလေရော။ အဲလိုရေးခဲ့လို့ စိတ်မဆိုးမိတဲ့အပြင် ကိုယ့်အဖြစ်ကိုကြည့်ပြီး ရီမိတယ်။ ဒါပေမယ့် ရေးချင်တဲ့စိတ်အရ ပိုစ့် ၄ ခုလောက်ထိရေးခဲ့ပေမယ့် Khin Kha နဲ့ဘဲမို့ မခင်ခလို့ ဆိုသူကဆိုကြတာကို ကျွန်တော်ကလည်း မခင်ခ မဟုတ်ပါဘူး ကိုခင်ခ ပါလို့ပြန်မန့်ပေါ့။ ဒါနဲ့ဘဲ နောက်ပိုစ့်တွေကျ စဆုံးတဲ့ အောက်ပါ ဖတ်ရှု့သူအပေါင်းကျေးဇူးပါ ကိုခင်ခ လို့ ရေးထိုးခဲ့ရတာပေါ့။ ဒါနဲ့ဘဲ ဘယ်လိုပြင်ရင်ရမလဲ လေ့လာမေးပြီးတော့ Khin Kha ကို Ko Khin Kha လို့ပြောင်းခဲ့ရပြန်ပေါ့။ ရွာထဲကတစ်ယောက် ကတောင် အမည်ပြောင်းကင်မွန်းတပ် ဘယ်တော့လဲလို့ နောက်ပြီးကွန့်ခဲ့သေးတယ်လေ။ ဒါပေမယ့် Ko Khin Kha လို့ ပြောင်းရသွားတဲ့အတွက် ပျော်ခဲ့ရတာတော့ မမေ့နိုင်ဘူးဗျာ။ ကွန့်မန်ပေးကြသူတွေကလည်း ကိုခင်ခရေ ဆိုပြီးရေးဖြစ် ခဲ့ကြတာပေါ့။ အဲဒီလိုနဲ့ ကျွန်တော်ရဲ့ ၄ရ ခုမြောက်ပိုစ့်မှာ ကျွန်တော်အသက်အရွယ် သိခွင့် ရသွားတဲ့ ရွာသူ၊ရွာသားတွေက ခုတော့ ဒီလိုခေါ်ကြပြန်တယ်လေ အန်ကယ်ခင်ခ ၊ လေး ခင်ခ၊ ဦးခင်ခ၊ ဦးဦး ခ၊ လေးလေး ခ စသည်ဖြင့်ပေါ့။ ပိုစ့်မှာတော Ko Khin Kha ဆိုပေမဲ့ အဲလိုခေါ်လာ ပြောဆိုရေးတော့လည်း ကိုယ့်အရွယ်နဲ့လိုက်လျောညီသမို့ ကျေနပ် လို့ပေါ့ဗျာ။ အဲဒီလိုရှိနေရင်း မနေ့က နေ့လည်လောက်မှာ မသမာသူလူတစ်စုရဲ့ တိုက်ခိုက်မှု့ကြောင့် Ko Khin Kha မှာ Hacked AttacK ဖြစ်ပါ လေရောဗျာ။ ဒါနဲ့ဘဲ အရေးပေါ် ပြောင်းလဲကုသ မှု့တွေလုပ်လိုက် ရတာဗျာ ကော်နက်ရှင်ကလည်း ညနေပိုင်းသိပ်မကောင်း တော့ တော်တော်ကိုလိုက်လုပ်ရတာ ည ရ နာရီခွဲ ဝန်းကျင်လောက်မှ ကုသပြောင်းမှု့တွေပြီး လို့ ပြန်လည်နလံ ထူလာတဲ့ Ko Khin Kha နေရာမှာ မြန်မာဘာသာဖြင့် ကို ခင်ခ လို့ပြောင်းလဲလိုက်ပြန်ရောဗျာ။ ရွာထဲ ရောက်လာတဲ့ ကိုခင်ခရဲ့ အပြောင်း အလဲတွေပေါ့ဗျာ။ အဲဒီလို ဂေဇတ်၊ အီးမေး ၊ ဖေ့ဘုတ်တွေ ပြန်စစ် Data တွေပြောင်း လုပ်နေတုံး စိတ်ထဲလည်း တွေးလိုက်မိတာလေးတစ်ခုက အကယ်လို့များ Hacked Attack ကြောင့် Ko Khin Kha အကောင့်သုံးမရ ဆုံးခဲ့မယ်ဆိုရင် နောက်တစ်ခါရွာထဲပြန်ဝင်ပြီး အဲဒီဝင်တဲ့ရွာသား၏ ပထမဆုံးပိုစ့်မှာ Ko Khin Kha ရဲ့ ဈာပနအခန်းအနားကျင်းပပုံကို ရေးမယ်ပေါ့။ ဒါပေမယ့် သူကြီး၊ အရီးလတ် တို့ကျေးဇူးကြောင့် ခုတော့ ကို ခင်ခ ပိုစ့်တွေ ဆက်ရေးခွင့်လေးရနေလို့ ပိတိလေး ဆက်ဖြစ်မိတာပေါ့ဗျာ ပြီးတော့ ကျွန်တော်သံယောဇဉ်ရှိတဲ့ဂေဇတ်ရွာနဲ့လည်းမခွဲရ သေးဘူးပေါ့လေ။

အဲဒီလို အတွေးနဲ့ကားလေးစီးပြီး ရုံးလာနေတုံး အလှုခံဌာနတစ်ခုရှေ့က ဖြတ်သွားတုံး ဖွင့်ထားတဲ့ သီချင်းလေး ကြားလိုက်မိတာက

( xxx မေရင်မာပါသည် မြရင်မာပါသည် xxxxx မေးကြသည် မြန်းကြသည် XXX ရေးသားသောစာတွေ xxxx အရပ်က လာကြသည် xxxx အင်မတန် ကျေးဇူးတင်ပါသည် xxx အလွန်တရာကျေးဇူးတင်ပါသည် xxx တုံးကျော်မရဲ့ xx မရဲ့ xx လေပါတီ xxxxx )။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကို ခင်ခ။

19 comments

  • ကို ခင်ခ

    August 22, 2012 at 11:35 am

    သူကြီး နဲ့ အရီးရေး ပိုစ့်လေးရေးပြီး စိတ်ထဲမရဲတရဲနဲ့ တင်လိုက်တာပါနော်။

  • YE YINT HLAING

    August 22, 2012 at 11:52 am

    “လေပါတီရယ် — ပေတစ်ရာမှီ လျှောက်ကြရင်ဖြင့် — မြင်သလောက်ပြလိုက်ချင်ပါသည် — ” လေပါတီ မမြရင် သီချင်းတွေ.လိုက်တော့ လူရွှင်တော်တွေဆိုနေ ဟာသလုပ်နေတဲ့ အပိုဒ်လေးသတိရသွားတယ် ။ ကိုခင်ခ ရဲ့ အတွေးအရေးလေးတွေက အစီရရီ အစဉ်တကျ နဲ့မို့ဖတ်လို့ကောင်းပါတယ် ။ဆက်ရေးပါဦး ! အမြဲတမ်း ဖတ်ရှုအားပေးနေပါတယ် ။

  • kotun winlatt

    August 22, 2012 at 2:32 pm

    ကျနော်ရော ဘယ်လိုခေါ်ရမလဲ..မောင်ခင်ခလို့ ခေါ်ရမလားး????
    ဦးးးခင်ခလို့ ခေါ်ရမလားးး????? လေးးးခင်ခလို့ ခေါ်ရမလားးးး????
    အန်ကယ်ခင်ခလို့ ခေါ်ရမလားးးးး?????
    ဒီလိုတွေးးးနေမိတုန်းးးး လမ်းကဖြတ်သွားတဲ့ ထီသည်ဖွင့်သွားတဲ့ သီချင်းလေးက
    “နည်းနည်းလေးတော့ လွဲနေမယ်…လွဲလွဲလေးပဲကောင်းပါတယ်………….,,,,,,”

  • ကို ခင်ခ

    August 22, 2012 at 2:45 pm

    ပထမမြောက်ကွန့်မန် ပေးသူ YE YINT HLAING ရေ ဆက်ရေးပါ့မယ့် ခုတော့ နလန်ထကစမို့ပါ။
    နဂရ ရေ တခါတုံးကပေါ့ဗျာ။ အဲဒီတုံးက မတွေးမိခဲ့ဘူး မခင်ခ နဲ့ အမှတ်တရပိုစ့်ရေးခဲ့ရမှာကို။
    kotun winlatt ရေ မည်သို့ပင်ခေါ်စေကာမူ——–။ ခင်ခ ကတော့ ခင်ခ ပါဘဲ။

  • မောင်ပေ

    August 22, 2012 at 3:38 pm

    ဘိုးခင်ခ
    မနိုးခင်ထ
    သိုးရင်မလှ
    ကြိုးပြင်ည
    မိုးမြင်မှ
    ပျိုးပင်လှ

  • ကို ခင်ခ

    August 22, 2012 at 3:55 pm

    မစ်စတာပေရေ “ဘိုး´´လောက်တော့မလုပ်နဲ့ အုံးလေဗျာ။ နည်းနည်းလေးတော့ လျော့ပါအုံးနော်။
    ဘိုး ဖြစ်မှာကြောက်လို့ မျက်မှန်တောင် မတတ်ရဲအောင်ဖြစ်တော့မယ်ဗျာ။

  • Shwe Ei

    August 22, 2012 at 4:49 pm

    ကျမလဲ MG အကောင့်ဝင်လို့မရတုန်းက အတော်သွေးပျက်သွားတာ အန်ကယ်ခရေ။ ပါ့စ်ဝါ့ဒ် ပြောင်းပီး ဝင်တာလဲ သုံးလေးခါလောက်ထိအဆင်မပြေတော့ အကိုဂျီး ဖက်ကတ်ကို တနေကုန်ထိုင် နားပူနေတာ။ နောက်တနေ့မှပါ့စ်ဝ့်ဒ် ပြောင်းပီး ပြန်ဝင်ကြည့်လိုက်တော့ အဆင်ပြေသွားလို့ ပျော်လိုက်တာ တကယ်ဘာဘဲ။ အော် ချစ်တာ ချစ်တာ 🙂

    • မဟာရာဇာ အံစာတုံး

      August 22, 2012 at 6:08 pm

      ဘု ..
      ဘု …
      ဘုဂိုလဲဟင်င် .. 🙄
      ခြစ်ဒယ်ဆိုလို့ .. အဟီးးး

      • အရီးခင်လတ်

        August 22, 2012 at 9:28 pm

        ရွာ ကို လို့ ဆိုလိုမှန်း အရှင်းကြီးပါဟယ်။ 😆

      • Shwe Ei

        August 23, 2012 at 4:51 pm

        အော် ဘုန်းဘုန်းအံတယောက်သမာဓိ ပျက်ရှာပါရောလား။ ခိခိ။ တလွဲမတွေးပါနဲ့ အရီးလတ်ပြောတဲ့ အတိုင်းပါဘဲ။ 😉

  • အရီးခင်လတ်

    August 22, 2012 at 9:27 pm

    ကျွန်မ ကိုတော့ ကိုခင်လတ် လို့ ခေါ်ဘူးတာရှိတယ်။ 😛

    ကျွန်မကတော့ ကျွန်မတို့ Site ကို ဟက် ခံရတာ မဟုတ်ဘဲ ကိုခင်ခ ရဲ့ Password ကို တစ်ယောက်ယောက်က တနည်း နဲ့သိသွားပြီး ဝင်ခဲ့တာလို့ ထင်ပါတယ်။

    ကိုခင်ခ စာတွေက ဖတ်ကောင်းတာမို့ ကျွန်မတို့ အမြဲ အားပေးနေပါတယ်။ 🙂

  • TTNU

    August 22, 2012 at 10:13 pm

    ကိုခ ရေ…
    တီချာလည်း အစကရှင့်ကို မခင်ခမှတ်တာလေ။
    ကိုခင်ခ မှန်းသိတော့ ကိုခင်ရေ..လို့ခေါ်ရင်လည်း တီချာ့အဖေ့နာမည်ကွဲ့။
    ကိုခရေ..လို့ခေါ်ရင်လည်း ခရေပန်းလိုလိုဖြစ်ပြန်ရော။
    သဟာကြောင့် ကိုခ( space bar နှစ်ချက်) ရေ.. လို့ခေါ်ရပါတယ်။ 😀

  • သမာဓိ

    August 22, 2012 at 10:46 pm

    ဪ….ဒေါ်ခင်ခ.. ဒေါ်ခင်ခ
    ဆုံးသွားတဲ့ ကျွန်တော့်အဒေါ်ကိုသတိရမိသွားလို့ပါဗျာ..

  • ကို ခင်ခ

    August 23, 2012 at 9:44 am

    အရီးပြောတာဖြစ်နိုင်ပါတယ်။ အရင်က ဂျီတော့သုံးတဲ့ မေးလိပ်စာနဲ့ ပိုစ့်မေးလိပ်စာ တူနေပြီး password လည်းတူမို့ သတိလွတ်သွားတဲ့အချိန်ဖြစ်သွားတာလေ။ အခုတော့ အားလုံးပြောင်းလဲ ပြင်ဆင်ထားပြီးပါပြီ။

  • ကြည်ဆောင်း

    August 23, 2012 at 9:45 am

    ကြည်ဆောင်းလဲ အစက အမျိုးသမီးဘဲထင်မိတာပါ နောက်တော့လဲ စာတွေဖတ်ရင်း ကွန်မန့်တွေဖတ်ရင်းသိသွားတာပါဘဲ
    ကြည်ဆောင်းကိုလဲ အများစုက ကိုကြည်ဆောင်းဘဲထင်ကြတယ်လေ..
    တခုရှိတာက ကြည်ဆောင်းလဲ အပြင်မှာ ကိုယ့်နာမည်ကို လွဲခေါ်ရင်စိတ်ဆိုးမိပေမဲ့
    ဒီဂေဇက်ထဲ မှာကျတော့ ကျား/မ လွဲနေတာကိုစိတ်မဆိုးဘဲ ရီဘဲရီမိတယ်
    ဖြေရှင်းချက်လဲမပေးမိဘူး ကြည်ဆောင်းကစာလဲမရေးဘဲ စာဖတ်သူသက်သက် ဖြစ်တာရယ် ကွန်မန့်လောက်ဘဲရေးတာဆိုတော့ရှင်းစရာလဲ မလိုလို့လေ..
    ကိုခင်ခစာတွေကိုအမြဲဖတ်သူပါ …
    ကွန်မန့်တွေကတော့တစ်ခါတစ်လေမှသာပေးနိုင်သူပါ..

  • manawphyulay

    August 23, 2012 at 10:22 am

    အရင်တစ်ခါ ဆာမိလိုပေါ့ ကိုယ့်နာမည်ကို ဘာနာမည်ပြောင်းရမှန်းမသိဖြစ်ခဲ့ကြသလိုပဲ။
    ဂေဇက်ထဲဝင်တဲ့သူအတော်များများ ဒီလိုလေးတွေ အဖြစ်များတယ်နော်။ ခုလို မြန်မာလိုပြောင်းလိုက်ပြန်တော့
    ခင်ရင်ခပြီး မခင်ရင်မခတာတော့ မဟုတ်လောက်ဘူးထင်ပါတယ်နော်…:P

    နောက်ဆို ဘဘခလို့ ခေါ်မည်ဖြစ်ပါကြောင်း….

    လေးစားစွာဖြင့်
    မောင်ဂီတို့ပြောတဲ့
    စိတ်ဖွေးပိစိ

  • ကို ခင်ခ

    August 23, 2012 at 2:44 pm

    ကိုကြည်ဆောင်ရေ စာတွေအားပေးပြီးဖတ်တာသိရလို့ကျေးဇူးပါ။
    မနှောရေ ခင်ရင်ခပြီး မခင်ရင်မခတာလို့ တွေးလည်းတွေးတတ်ပါပေ့ကွယ်။

  • အလင်းဆက်

    August 24, 2012 at 9:24 pm

    ကော်ပီ ယူ သွားပါတယ် ခည ။ အခု ဖတ်ဖို ့မအားတော့လို ့။..
    အားမှ ပြန်ဖတ်မယ်နော့
    🙂

Leave a Reply