မျက်ကန်းမျိုးချစ် နှင့် မျက်လုံးမြင်သော မျိုးချစ်

မုေယာAugust 22, 20121min935

မျက်ကန်းမျိုးချစ် နှင့် မျက်လုံးမြင်သော မျိုးချစ်

(၁)မျိုးချစ်ဟူသည်..။

ကိုယ့်လူမျိုးကို ကိုယ်ချစ်သောသူသည် မျိုးချစ်ဖြစ်သည်။ ကိုယ့်လူမျိုးမှ
ကိုယ်မချစ်လျှင် မည်သူက လာချစ်မည်နည်း။ ဘိုးဘွားဘီဘင် လက်ထက် ကတည်းက
ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြေ

သာ အမျိုးဂုဏ် ဆွေဂုဏ်
ကိုထိန်းသိမ်းစောင့်ရှောက်လျှက် လူအားဖြင့် ဖြစ်စေ။ စိတ်
အားဖြင့်ဖြစ်စေငွေအားဖြင့်ဖြစ်စေ မိမိတတ်နိုင်သည့် ဖက်က မိမိအမျိုးအတွက်
လုပ်ကိုင်ဆောင်ရွက်လျှက်ရှိကြသူတိုင်းသည် မျိုးချစ်ပုဂ္ဂိုလ် များဖြစ်
ကြပါသည်။

(၂) မျက်ကန်းမျိုးချစ် နှင့် အစွန်းရောက်ခြင်း

ဘာကြောင့် ဖြစ်မှန်းမသိသော ပြဿနာကို အရင် သိအောင်မကြိုးစား၊
မိမိအမျိုးကို ထိရုံဖြင့် မိမိအမျိုးမှ အမှန် အားလုံးအမှားဟူ၍
ယူဆနေသောသူများ။မိမိ လူမျိုးအကြောင်း၊ မိမိဘာသာအကြောင်း ကိုသာ
လေ့လာထားပြီး တစ်ခြားမည်သည့် လူမျိုးဘာသာ ကိုမှ မလေ့လာ
လေ့လာရကောင်းမှန်းလည်းမသိ၊။စိတ်လည်းမဝင်စား။မိမိလူမျိုးပြောတာမှ အမှန်၊
တစ်ခြားလူမျိုးပြောတာအားလုံးအမှားဟု ယူဆသော သူများ။
တစ်ကိုယ်ကောင်းဆန်ပြီး တစ်ဖက်သတ်ဆန်သော ကိုယ့်ဖက်ကို ယက်သော သူများ။
သတင်းအချက်အလက်ရယူရာတွင် တစ်ဖက် တည်းဆီက သတင်းကို သာ ရယူလျှက် သူတပါး၏
ခံစားချက်ကို လျစ်လျူရှု ၊ တစ်ခြားလူအားလုံးကို အပြစ်မြင် ၊ ခွဲခြားဆက်ဆံ
၊ ဝေဖန်၊ပုတ်ချ ကဲ့ရဲ့ သူများ။ အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲလျှက်
လူမျိုးခြားရဲ့ ကိုးကွယ်ယုံကြည်မှု နှင့် ခံယူချက် အယူဝါဒ အားလုံးကို
ကန့်သတ် ပိတ်ဆို့ ရှုံ ့ ချသော သူများ။ လူမျိုးခြားတို့ယုံကြည်ကိုးကွယ်မှု
နှင့်ဆိုင်သော အဆောက်အဦး ရုပ်တု ဆင်းတု အမှတ်အသားများကို ဖျက်စီး ပြီး
ထိုသို့ လုပ်ခြင်းအတွက်လည်း ဂုဏ်ယူဝံ့ ကြွားတတ်သူများ။
နည်းလမ်းအမျိုးမျိုးဖြင့် လိမ်လည်လှည့်ဖြား၍ လူမျိုးခြားတို့
ပျက်စီးရာပျက်စီးကြောင်းကို သာ အချိန်ရှိသ၍ကြံစည် နေသူများ သူအားလုံးသည်
မျက်ကန်းမျိုးချစ်များဖြစ်ကြပါသည်။

(၃) မျက်စိမြင်သောမျိုးချစ်များ နှင့် တိုင်းပြည် တိုးတက်ရေး

မျက်စိမြင်သောမျိုးချစ်များကို နိုင်ငံတိုင်းက လိုလားကြပါသည်။
အမျိုးသားရေးပြယုဂ်အဖြစ်လည်းကောင်း။ တိုင်းပြည် တစ်ခု အတွက် ယုံကြည်
ကိုးစားစရာ။ လူမျိုးတစ်မျိုး၊နိုင်ငံတစ်ခုအတွက် သင်္ကေတ တစ်ခုအဖြစ်
မျိုးချစ်များကို သမိုင်းစာမျက်နှာများတွင် ကျွန်တော်တို့ရေးထိုးမှတ်
တမ်းတင်ကြပါသည်။ထိုသူတို့သည် ဗဟုသုတလည်းရှိကြပေသည်။ စာဖတ်လည်းများကြသည်။
လေ့လာမှုအားကောင်းလှသည်။ လူထဲတွင် ဝင်ဆံ့ လျက် လူချစ်လူခင်လည်းပေါလှသည်။
ကိုယ့်ကိုကိုယ်နှိမ်ချသလောက် အမျိုးသားရေးတွင် စိတ်ဓါတ်ပြင်းထန်ကြသည်။ (
ဂျာနယ်ကျော် ဦချစ်မောင်
ဗိုလ်ချုပ်အောင်ဆန်း၊သခင်ကိုယ်တော်မှိုုင်း၊စသည်…။)ထိုသူတို့သည်
အမျိုးသားရေးမလုပ်ခဲ့သော်၊ လူမျိုးနှင့် တို်င်းပြည်အတွက် အလုပ်မလုပ်ခဲ့
သော် ယနေ့ကျွန်တော်တို့ သမိုင်းစာမျက်နှာများတွင် သူတို့ကို
မြင်နိုင်စရာအကြောင်းမရှိပါ။ မိမိလူမျိ်ုးဘာသာအတွက် ဟူ၍
အသက်စွန့်ကြိုးပမ်း ခဲ့ ကြသော သူရဲကောင်းများစွာကို
ထိုလူမျိုးနှင့်တိုင်းပြည်က မှတ်တမ်းတင် လေးစားဂုဏ်ပြုရပါသည်။

(၄) မျိုးချစ်စိတ်ရှိခြင်းသည် အပြစ်လော။သို့တည်းမဟုတ် အမြင်ကျဉ်းမြောင်းခြင်းလော
Globalization ခေတ်ကြီးထဲတွင် လူမျိုးဘာသာတစ်ခုတည်းအတွက် အလုပ်မလုပ်ကြဘဲ
လူသားအားလုံးအတွက်အလုပ်လုပ်ကြရန်.. တစ်ချို ့ ခေတ်ပညာတတ်လူများက
နိုးဆော်ကြပါသည်။ လူသားအားလုံးသည် လူသားများပင်ဖြစ်ပြီး
အားလုံးကောင်ကျိုးအတွက် အလုပ်လုပ် ကြရန် ၎င်းတို့က ဆိုသည်။ ထိုသူတို့က
မျိုးချစ်များကိုလည်း ဝေဖန်သည်။ အမြင်ကျဉ်းသူများ အစွန်းရောက်သူများ။
ဖက်စစ်များ ၊ နာဇီများ။ စသည်ဖြင့် ပုတ်ခတ်လေ့ရှိကြပါသည်။ သူတို့က
မျက်ကန်းမျိုးချစ်နှင့် မျက်စိမြင်သော မျိုးချစ်ကို ခွဲ၍ မမြင်ဘဲ
မျိုးချစ်ဟု ဆိုတိုင်း အစွန်းရောက် ပြီး အမြင်ကျဉ်းမြောင်းသူ
အဆင့်အတန်းနိမ့်ကျ သူ အဖြစ် မြင်ကြသည်။ သဘောထားသေးသိမ်သူများအဖြစ် ပင်
စွတ်စွဲသူများ ပင်ရှိပါသည်။
သို့သော်၎င်းတို့ စိတ်ကူးယဉ်အိပ်မက် မက်နေသော တစ်က မ
္ဘာလုံးကောင်းကျိုးကိုလုပ်ဆောင်နေသူများမှာကမ္ဘာပေါ်တွင် ထောင်ဂဏန်း
မျှပင်မပြည့်သောလူများလောက်သာ ရှိသည်ကို မူ ၎င်းတို့ သတိမေ့လျက်ရှိကြသည်။
ထိုသို့ လူသားအားလုံးအတွက် ရည်ရွယ်ပြီး အလုပ်လုပ်နေသူများကို မူ
ပိုမို၍လေးစားစရာကောင်းသည်ကိုမူ လူတိုင်းလက်ခံပါသည်။ ( ထို့ကြောင့်လည်း
နိုဗယ် ဆိုပေးကြခြင်းဖြစ်ပါသည်။ ..ဥပမာ..မာသာထရီဇာ ) ။
ကမ ္ဘာပေါ်တွင် လူသားသန်းပေါင်း ၇၀၀ဝ ကျော်ပြီဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုသည်။
မည်သည့် ဘာသာဝင်များသည် ဘာသာဝင် အားလုံးအတွက် ဟူ၍ ဦးတည်ချက်ထား၍
လုပ်ဆောင်နေကြသနည်း။ သက်ဆိုင်ရာ မိမိတို့ ဘာသာအယူဝါဒ
ထွန်းကားပြန့်ပွားအောင်သာလျှင် ကြိုးပမ်းအားထုတ်လျှက် ရှိကြပါသည်။
သို့သော် သဘာဝဘေးအန ္တရယ် များကြုံလာလျှင် မူ
ကူညီပံ့ပိုးပေးမှုများတော့ရှိကြပါသည်။ ၎င်းကလည်း ကုလ သမ ဂ္ဂ၏ လူမျိုးဘာသာ
မခွဲခြားဘဲ ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ခြင်းကြောင့်သာဖြစ်သည်။
သို့ပင်ဆိုလင့်ကစား ကုလအဖွဲဝင် ဘာသာတူများက သူတို့ဘာသာဝင်လူမျိုးများကို
သာ အဓိက ထား၍ စားနပ်ရိက္ခာနှင့် အကူအညီထောက်ပံ့ပစ္စည်းများ ဘက်လိုက်
ပေးဝေမှုများ ရှိတတ်ကြောင်း
ကျွန်တော်တို့သိရပါသည်။သို့ဆိုလျှင်…လူသားအားလုံးအတွက် ဟူ၍
စိတ်ကူးယဉ်နေကြသူများ ၏ အိပ်မက် သည် နောင်နှစ်ပေါင်း များစွာအထိ
အကောင်အထည်ပေါ်လာမည် မဟုတ်သည်မှာ သေချာပါသည်။
ဂျပန်လူမျိုးတို့သည် ဂျပန်အတွက်
ကြိုးစားအားထုတ်သည်။ဂျပန်လူမျိုးဖြစ်ရသည်ကို ဂုဏ်ယူသည်။ ဂျပန်တို့သည်
ဂျပန် လူမျိုးကိုသာ အချစ်ဆုံးဟူသည်ကို မည်သူက ငြင်းမည်နည်း။ ဗမာသည်
လူမျိုးတစ်မျိုးဖြစ်သည်။ ဗမာတို့သည် ဗမာလူမျိုးကို ချစ်သည်။ ဤကိစ္စသည်
ဘာမှ အငြင်းပွားဖွယ်မဟုတ်သလ်ို အပြစ်တင်သင့်သည် အရာလည်းမဟုတ်ချေ။ (
လူမျိုးရေးအကြောင်းပြပြီး မဟုတ်တာလုပ်စားနေကြသော သူများမှ လွဲ၍ )။
လူတို့သည် မိမိကိုယ်ကိုအချစ်ဆုံးဖြစ်သည် ဟု ဆိုသည်။ ပြီးလျှင် မိမိ၏
မိသားစု။ပြီးလျှင် မိမိ၏ ဆွေမျိုးညာတကာ၊ပြီးလျှင် မိမိလူမျိုး၊ဘာသာ ၊
သာသနာ ၊တိုင်းရင်းသား၊တိုင်းပြည် ၊နိုင်ငံ စသည်ဖြင့် အဆင့်ဆင့် ချစ်လာ
ဦးစားပေးလာကြရာ မိမိတို့ဗမာ တို့သည် လည်း ထို့အတူပင်ဖြစ်သည်။ သို့သော်
ဗမာတို့သည် တစ်ခါတစ်ရံ မိမိအသတ်ထက် မိမိလူမျိ်ုးကို ပိုချစ်တတ်ကြပါသည်။ (
အရေးကြုံလာလျှင် သွေးစည်း တတ်ကြသည်။ ) တစ်ခြားလူမျိုးများလည်း
ထိုကဲ့သို့ရှိပါလိမ့်မည်။
၎င်းကိုလည်း မှားသည်ဟု ဆို၍မရချေ။ အကြောင်းမှာ မိမိတို့ အသက်အိုးအိမ်
စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်မှာ မိမိတို့တာဝန်ဖြစ် သကဲ့သို့။
မိမိတို့ လူမျိုးပပျောက်မသွားအောင် ထိန်းသိမ်းရန်တာဝန်ရှိသည်မဟုတ်ပါလား။
( ကွန်မြူနစ်များပင်လျှင် …ဘာသာတရားကို ဦးစားမပေးသော်လည်း
လူမျိုးကိုတော့ ဦးစားပေးတတ်ကြသေးသည်။

(၅) နိဂုံး

မျိုးချစ်ခြင်းကို လိုအပ်သည်ဟု ယူဆ ထားသူများအဖို့ အမှန်တကယ်
မျိုးချစ်ရာရောက်အောင်လည်း စံနစ်တကျ လုပ်ဆောင်ကြရန်လိုအပ် ပါသည်။မိမိတို့
ပြုမူပြောဆိုလိုက်သော စကားနှင့် အပြောအဆိုများသည်
မည်သူတစ်ဦးတစ်ယောက်ကိုမျှ အကျိုးမုရှိစေ ပါမူ ရှောင်ကြဉ် သင့်ပါသည်။
သို့သော် မျိုးချစ်သည် ဟု ကိုယ့်ကို ကိုယ်ခံယူထား သော်လည်း ဘာမှ
မလုပ်သောသူများကို လည်း မျိုးချစ်စာရင်းတွင် ထည့်တွက်၍ မရချေ။
သို့ဆိုလျှင် ဘာလုပ်နိုင်သနည်း။
Strategic approach ( ဗျူဟာကျကျ ချဉ်းကပ်နည်း)ဖြင့် အမျိုးကို
ချစ်ကြောင်း အမျိုးကို တန်ဖိုးထားကြောင်း ၊ အမျိုးကို
လာရောက်ထိပါးစော်ကားခြင်းကို လုံးဝ လက်မခံကြောင်း။ နည်းမျိုးစုံဖြင့်
ပြဖို့လိုပါသည်။

(က) သတိပေး သတင်းဖြန့်ဝေခြင်း ( awareness on the information )

မိမိတို့လူမျိုးများကို အန ္တရာယ်ကျရောက်စေနိုင်သော။ မိမိတို့
လူမျိုးများကို တိုက်ခိုက်နေသော ၊ မိမိတို့ ပျက်စီးရာ ပျက်စီးကြောင်း
ကြံစည်တွေးတောနေမှု ဟူသမျှကို ဖော်ထုတ်ပြီး ( သက်သေ နှင့် တကွ ) ဖော်ထုတ်
သတင်းမျှဝေသင့်ပါသည်။

(ခ) လူမျိုးတူအချင်းချင်း စည်းလုံးခြင်း ( Solidarity of racism )

အရေးကြုံမှ သွေးစည်းသည်ထက် အချိန်မရွေးသွေးစည်းနေဖို့လိုအပ်ပါသည်။
ဤသည်မှာ မဟုတ်တာကို လုပ်ဖို့ တက်ညီလက်ညီ အားပေးရန်
ပြောဆိုနေသည်မဟုတ်သည်ကို မူ သတိထားသင့်ပါသည်။ မည်သည့်အချိန်နေရာ တွင်မဆို
ညီညွတ်နေခြင်းအားဖြင့် မည်သည့် ပြင်ပ ပယောဂ မျှ
ဝင်ရောက်နှောင့်ယှက်နိုင်လိမ့်မည် မဟုတ်ချေ။

(ဂ)အချင်းချင်းငြင်းခုန်နေမှုကို ရှောင်ရှားခြင်း ( avoid of arguing each other )

လူမျိုးခြားများ၏ အစီအစဉ်အစိတ်အပိုင်းတစ်ခုဖြစ်သော သွေးခွဲမှုတွင်
ဘာသာမတူသော လူမျိုးအချင်းချင်းအကြား၌ ဖြစ်စေ။ တိုင်းရင်းသား
အချင်းချင်းအထင်အမြင်လွဲမှားမှု တိုးပွားလာခြင်းကိုဖြစ်စေ အားပေးသော
သတင်းများ အချက်အလက်များတွင် ငြင်းခုန်နေခြင်ဖြင့် မည်သူတစ်ဦးတစ်ယောက်
ကိုမျှ အကျိုးမရှိဘဲ ငြင်းခုန်နေခြင်းဖြင့် သံသယ တိုးပွားလာပြီး
တိုင်းပြည်ဆုတ်ယုတ် ခြင်းသာအဖတ်တင်ပါလိမ့်မည်။

(ဃ)ကိုယ့်လူမျိ်ုးဂုဏ်ကို ကိုယ်တိုင်မြှင့်တင်ခြင်း ( improving the dignity)

မိမိတို့မြေပေါ်တွင်နေထိုင်သော ဘယ်လူမျိုးခြားကို မဆို မိမိတို့သည်
အောက်တန်းကျသော ၊ ယုတ်ညံ့သော၊ တစ်ဖက်သတ် ဆန်သော၊
အစွန်းရောက်သော၊လူမျိုးဘာသာအယူဝါဒ
မဟုတ်ကြောင်းသိစေရန်ကြိုးစားအားထုတ်ရမည်။ ထိုသူတို့နှင့် အယူဝါဒ
ယဉ်ကျေးမှု ကွဲပြားခြင်း ကြောင့် အတူတူနေထိုင်စားသောက်ကြရန်
မဖြစ်နိုင်သော်လည်း တတ်နိုင်သမျှ သဘောထားကြီးကြောင်းကို ပြသနိုင်ရမည်။
သို့မှသာ ပြဿနာ ဖြစ်ပါက မိမိတို့ အားနာ၍ အလျှော့ပေးထားသည်ကို
အလိုက်ကန်းဆိုးမသိ ရောင့်တက်၍ မိမိတို့ိကို စော်ကားလာခြင်းဖြစ်ကြောင်း
နိုင်ငံတကာ မျက်နှာစာတွင်ပေါ်လွင်လာပါလိမ့်မည်။

(င) နိုးကြားခြင်းနှင့် ပါဝင် ပတ်သက်ခြင်း( alert and participation)

မိမိတို့လူမျိုးများဖြင့်ဖြစ်နေသောမည်သည့်ပြဿနာမျိုးများကို မဆို
အရင်းအမြစ်မှ စ၍ လေ့လာပြီး အမြဲမပျက် သတိထားလျှက် ကန့်ကွက် စရာရှိလျှင်
အလျှင်အမြန်ကန့်ကွပ်ခြင်း၊မိမိဆန္ဒကို မိမိ၏ ကွန်ယက်များမှ တစ်ဆင့်
ထင်ဟတ်စေခြင်း။ကြေငြာချက်ထုတ်ခြင်း။ငြိမ်းချမ်းသောနည်းဖြင့် ဆန္ဒကို
ဖော်ထုတ်ပြသခြင်း။ အစည်းအဝေးများတွင် ပါဝင်ခြင်း။ မိမိတတ်နိုင် သည့်
ဖက်မှ ကူညီစောင့်ရှောက်ခြင်း။ အလှူငွေထည့်ဝင်ခြင်း။ စသော
နည်းမျိုးစုံဖြင့် မိမိတို့သည် အမျိုးကို ချစ်သူများဖြစ်ကြောင်း
အမျိုးကို လည်းစောင့်ရှောက်လိုသူများဖြစ်ကြောင်း ၊ တရားမျှတ မှုကို လည်း
လိုလားသူများဖြစ်ကြောင်း ဖော်ပြသင့်ပါသည်။

5 comments

  • kai

    August 23, 2012 at 12:30 am

    So are you ready to take the test? Remember that there’s no right, wrong or ideal response. It’s simply a measure of attitudes and inevitable human contradictions to provide a more integrated definition of where people and parties are really at.

    Click following url to start.
    http://www.politicalcompass.org/test

  • ကြောင်ကြီး

    August 23, 2012 at 9:59 am

    ကျုပ်လည်း မျိုးချစ်ပါပဲ။ ကြောင်၊ ကျား၊ ခြင်္သေ့၊ ကျားသစ်၊ တောကြောင် ကြောင်မျိုးနွယ်မှန်သမျှ အကုန်ချစ်တယ်။ လူထဲမှာဆိုရင်တော့ ကြေးမုံဂျီးကို အခြစ်ချင်ဆုံးပဲ….

  • ရွှေရိုး (ရွှေမန်း-ဒိုင်အို)

    August 23, 2012 at 2:48 pm

    ကောင်းပါတယ်ဗျာ…ဒါပေမယ့် ကျနော်ကတော့ အမျိုးထိရင် သိထားတာမှန်သမျှပျောက်သွားအောင်ဒေါသထွက်တယ်။လက်တုံ ့ပြန်ချင်တယ်….
    ကျနော်ကဗမာပေမယ့် တိုင်းရင်းသား၁၃၅မျိုးလုံးချစ်တယ်…ကျန်တဲ ့လူမျိုးတွေတော့ Sorryပဲ…

  • awra-cho

    August 24, 2012 at 11:14 am

    မန်းလေး စာရေးဆရာတွေ ပြောတယ်လေ၊ မြို့ကို ချစ်မှ နောက် မျိုးကိုချစ်လာမှာ။ တို့က မြို့ ချစ်တာမှ မြို့ ထဲက ကောင်မလေးတွေ အကုန်ပါတယ်။ တရုပ်တွေ ရှေ့ဆုံးကပဲ

Leave a Reply