မျက်ဖြေလင်္ကာ

ကြောင်လေးAugust 23, 20121min22115

သူဂျီးတစ်ယောက်၊ ကောင်းဖို့ရောက်မူ

ရွာသူား များမှာ၊ မျက်စေ့ပြာကာ

ဓမ္မတာတည်း။       ။

ပီစီခန်းထက်၊ ဗို့မြှင့်စက်ခံ

ယူပီအက်(စ်)ရံလျှက်၊ (မပျော်)စံရိပ်ငြိမ်

စိတ်ပိန်စရာ၊ ဤအခါကား

စီအာ(ရ်)တီခေါ်၊ ဖန်သားပေါ်ထက်

ခဏတက်သည့်၊ အင်တာနက်ပမာ

မသက်သာတည်း။        ။

မကြင်နာညား၊ ငါ့အားလှည့်ပတ်

သူညစ်ပတ်ကြောင့်၊ မလွတ်ကြမ္မာ

သုံးစရာတို့၊ မှန်စွာခိုင်ကြည်

မတည်မမြဲ၊ ပျက်ပဲပျက်နိုင်

ပြင်မနိုင်စွာ၊ ကွန်ပျူတာတည်း။    ။

ရှိခိုးကော်ရော်၊ ပူဇော်အကျွန်

ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်

အင်တာနက်၌၊ မကြိုက်သသူ

တုံ့မယူလို၊ မပြန်ဆိုသည်

ချိန်မှန်ဖတ်ရေး၊ အကျွန်တွေး၍

အပြေးရောက်လာ၊ ဤသည်ရွာကို

အာခံအနှောင့်၊ ငါ့အကောင့်တည်း…….။          ။

 

 

အားလုံးကို

ခင်မင်လေးစားစွာဖြင့်

အနန ္တသူရိယ ကြောင်လေး။

15 comments

  • surmi

    August 23, 2012 at 2:46 pm

    အနန္ဒသူရိယကြောင်လေးအား အပြစ်အားလုံးမှလွတ်စေ
    တောင်စွယ်နေကွယ်သူသတ်ကုန်းမှပြန်ခေါ်လာပြီး မူလရာထူး၌တည်စေ

    ပုံ
    ဂျလေဘီသည်ဘုရင်ကြီး ဆာမိ

    • နွေဦး

      August 24, 2012 at 4:32 pm

      လက်လွန်သွားပြီဖြစ်ကြောင်းပါဘုရား….

  • လေပြေ ရိုင်း

    August 23, 2012 at 3:06 pm

    မျက်ဖြေ
    သက်သေ
    ရက်တွေ
    ဆက်နေ
    တက်လေ
    ဂဇက်မြေ
    အလုပ်တွေ
    ဖျတ်စေ။…

    အကိုပေတို့ စပ်သလို ကဗျာလေးတွေကိုအားကျလို့ စပ်ဆိုကြည့်တာ…ဟီး…(ရှက်နေ)

  • YE YINT HLAING

    August 23, 2012 at 6:33 pm

    ကိုကြောင်လေးရေ— ဖတ်သွားတယ်ဗျို့ ! အချိန်မရလို့ ခပ်တိုတိုပဲ မန့်သွားတယ်ဗျာ !

  • kotun winlatt

    August 23, 2012 at 6:41 pm

    အင်းးးး
    ကြေးလောင်..ကြောင်လေးးး
    မျက်ဖြေလင်္ကာလေးနဲ့ ရှေးပြောင် ရှောင်မပြေးပဲ
    ရွာထဲမှာ လှည့်ပတ်သွားလာနိုင်ပါစေ…

  • မဟာရာဇာ အံစာတုံး

    August 23, 2012 at 7:42 pm

    ကြောင်လေး တစ်ယောက်
    ကောင်းဖို့ ရောက်မူ
    အနော်က ပေးသွား ..
    အဲ .. ၁၅ ကျပ် ယူသွားပါသဗျား ..
    အဟိ .. 😀

  • aye.kk

    August 23, 2012 at 7:56 pm

    ကြောင်လေး,…ရေ။
    ကြောင်လေးရဲ ့အတွေး…
    ကြောင်လေးရဲ ့အရေး…
    ဖတ်ရသူရဲ ့ဘဝင်မှာနှလုံးရွှင်ပြုံးအေး။

  • မောင်ပေ

    August 23, 2012 at 8:06 pm

    သယ်…..
    သည်ကြောင်ဝေးပူလေး ကို
    တောင်စွယ်နေကွယ်မှာ
    မသေမချင်း
    တစ်ဖက်မော်ဒယ်၅ယောက်စီနဲ ့
    ဘီယာတိုက်စေဗျား
    ဘုံ
    သဂျီးရဲ ့အမိန် ့မရပဲ
    ယူပေးသူ
    မောင်ပေ

    • ကြောင်လေး

      August 23, 2012 at 8:14 pm

      ဦးပေ# အဘကအသက်ထောက်လာပြီ ၊မော်ဒယ်တစ်ဖက်တစ်ယောက်ဆိုတော်လောက်ပါပြီကွယ်။
      ဘီယာက ဗိုက်ပြည့်တယ်၊ ဝီလေးပဲသောက်ချင်တယ်။ ဒါပေမဲ့ ဝါထွက်မှ။

  • ကြောင်လေး

    August 23, 2012 at 8:12 pm

    ကိုဆာမိရေ #အချိန်မီပါစေလို့ ဆုတောင်းနေပါတယ်။
    လေပြေရိုင်း# ဦးကြောင်တို့ ဦးပေတို့မန့်တာတွေကိုမပြတ်လေ့လာပြီးအတုခိုးပေါ့။
    ကိုရဲရင့် # ဘယ်လိုမန့်မန့် ကျေးကျေးပါ။
    ကိုထွန်းဝင်းလတ်# ရွာထဲအမြဲဝင်နေကြောင်းပါ။
    မဟာရာဂျာ # သူများကိုပေးရင် ကိုယ်လဲရတာပဲလေ။
    အေးကေကေ# နှလုံးပဲ ရှိလို့ပေါ့၊ သုံးလုံးရှိရင် သုံးလုံးရွှင်ပြုံးအေးစေလိုပါကြောင်း။

  • နေဝန်းနီ

    August 23, 2012 at 9:23 pm

    အနန ္တသူရိယ အမတ်သာ လာဖတ်ကြည့်မိလို့ကတော့ ဟာရေးးးး ငါရေးမိတာမှားပါတယ်လို့ များ ပြောပြီးနောက်ဂျွမိးပစ်သွားမလားမသိဘူး….။ သူကြီးက နျပ်စက်တာမဟုတ်ပါဘူးကွယ်…။ ဗမာပြည် အင်တာနက်လိုင်းတွေက ကို ၆သုံးမကျလို့ပါ…။

  • casper

    August 24, 2012 at 3:06 pm

    ခေတ်သစ်အနန ္တသူရိယ အမတ်ကြောင်လေးအသက်ရာကျော်ရှည်ပြီး ဒီလိုစာမျိုးများများရေးနိုင်ပါစေ။

  • မိုးတိမ်

    August 24, 2012 at 9:51 pm

    ဟုတ်ပါ့ဗျာ အင်တာနက် ပါချီပါချက်နဲ့ အားတဲ့အချိန်လေးတွေကို ဒီဆိုဒ်မှာပဲ ရင်းနှီးထားတာပါ။
    အခြားဆိုဒ်တွေတောင် သိပ်မရောက်တော့ဘူး။စိတ်ပိန်စရာ အင်တာနက်ကမ္ဘာပေါ့ဗျာ။

  • surmi

    September 2, 2012 at 9:24 am

    ဖိတ်စာဗျို ့
    ၄ ရက်နေ ့ည ၉ နာရီနောက်ပိုင်း
    အပျင်းပြေ ပွဲကြည် ့ဖို ့ပါ

  • zarlay

    September 2, 2012 at 3:20 pm

    ဖတ်သွားတယ်နော်။ သတင်းကိုပြောတာ

Leave a Reply